ကိုသန်းလွင် – ဟောင်ကောင် နိုင်ငံ၏အနာဂါတ်ရေး

August 9, 2017

Photo – NY Times

ကိုသန်းလွင် – ဟောင်ကောင် နိုင်ငံ၏အနာဂါတ်ရေး
(မိုးမခ) သြဂုတ် ၉၊ ၂၀၁၇

(၁)

လွန်ခဲ့သော အနှစ် ၂၀ ဟောင်ကောင်ကို အင်္ဂလိပ်တို့ကပြန်ပေးစဉ်ကမူ ဟောင်ကောင်သည် တရုတ်လူမျိုးတို့၏ အားကျဘွယ်နေရာတခုဖြစ်နေခဲ့ပါသည်၊ တရုတ်ပြည် တနေ့ခေတ်မှီလာလျင် ဟောင်ကောင်လိုဖြစ်ရမည်ဟု ယူဆခဲ့ကြပါသည်၊ ထိုစဉ်ကမူ ချမ်းသာကြွယ်ဝသော၊ ခေတ်မှီသော နိုင်ငံ၏ ဥပဒေကအရာရာ၏အထက်မှာရှိရ မည်ဟုဆိုခဲ့ကြပါသည်။

တချိန်ကတရုတ်ပြည်၏ ဗဟိုဦးစီးစနစ်၏အောက်ဝယ် တာရှည်ခံပါမည်လောဟု သံသယဖြစ်ခဲ့ရပါသည်၊ မည်သို့ ပင် တရုတ်ပြည်ကြီးက တသွေးတသံတမိန့်ဖြင့် အုပ်ချုပ်သည်ဆိုစေ ဟောင်ကောင်သည် မိမိ၏ စနစ်နှင့်ဝါဒကို ထိမ်းသိမ်းထားနိုင်ခဲ့ကြပါသည်။

ရထားများ အချိန်မှန်စွာပြေးဆွဲနေကြပါသည် ရာဇ၀တ်မှုနှင့် ဥပဒေချိုးဖေါက်မှုများမှာ လျော့နည်းခဲ့ပါသည်၊ ကောင်းကင်ယံးမှာမိုးပျံတိုက်ကြီးတွေ ပျံဝဲနေခဲ့ကြပါသည်၊ ထိုအရာများသည် မှန်ကန်နေဆဲဖြစ်ပါသည်၊ ယခု အနှစ် ၂၀ ပြည့်ချိန်သည် ဟောင်ကောင်နိုင်ငံ၏ ပီကင်းကို ကိုယ်စားပြုသော ခေါင်းဆောင်မှုနှင့် ဒီမိုကရေစီ ဘက်တော်သားများ၏ ရင်ဆိုင်တိုက်ပွဲသည် ဆက်လက်တိုက်ပွဲဖြစ်လျက် ရှိနေပါသည်၊ ပြဿနာဖြစ်ရသည်မှာ မပြီးဆုံးနိုင်သော အိမ်နေရာ ပြဿနာ၊ အဖြေရာရန်ခက်နေသော Education system နှင့် ရှေ့မဆက်နိုင်သေး သော မီးရထားလိုင်း ပြဿနာများဖြစ်ပါသည်။

ထိုပြဿနာများကြောင့် ဟောင်ကောင်သည်တရုတ်တို့၏စံပြမြို့တော်ဖြစ်မလာဘဲ ပြဿနာမှာ လိပ်ခဲတင်းလင်း ရှေ့တိုးရန်ခက်သောပြဿနာမြို့ကြီး ဖြစ်နေပါတော့သည်၊ ပီကင်းအနေဖြင့်၎င်း ဒီမိုကရေစီ၏ ရန်သူများ ဟုမြင် သည် ဒီမိုကရေစီဘက်တော်သားများ အဖို့မှာလည်း အာဏာရှင်တို့၏ ၀င်ရောက်စွက်ဖက်နှောက်ယှက်မှုဟု မြင် နေသည်။

ထို့ကြောင့်အနှစ် ၂၀ပြည်ုအခမ်းအနားသိုကျင်းပရန်ရောက်ရှိလာသော တရုပ်ခေါင်းဆောင်ကြီးကို ကြိုဆိုရာတွင် ပြည်သူတို့၌ပြောစရာစကားမရှိဘဲဖြစ်နေသည်၊ အောင်ပွဲများကို ကျင်းပသောအသံက တိတ်ဆိတ်နေသည်၊ သဘောထားကွဲလွဲသောအသံတွေဆူညံနေသည်၊ ဟောင်ကောင်ကျွန်းကို ဒီမိုကရေစီပေးပါဟုပြော ရမလိုဖြစ် နေသည်၊

(၂)

ဟောင်ကောင်သည် ဗြိတိသျှတို့ရှိစဉ်က အိမ်အဆောက်အဦးများကို တလုံးပြီးတလုံးဆောက်ခဲ့ကြသည်၊ ဗြိတိသျှတို့ထွက်သွားကတည်းက အိမ်ဆောက်ရေးလုပ်းငန်းတွေမှာ ရပ်တန့်ကုန်သည်၊ နယူးရော့နှင့် လန်ဒန်ပြီး လျင် ဟောင်ကောင်မှာ ကမ္ဘာ့တတိယအကြီးဆုံး ငွေကြေးဆိုင်ရာဌာနဖြစ်သည်၊ သို့သော်ဟောင်ကောင်တွင် အဆင့်မှီသောပြတိုက်မရှိ၊ လွန်ခဲ့သော ၁၅ နှစ်ခန့်ကစခဲ့သည့် ပရောဂျက်မှာ အစိုးရ၏ထောက်ပံ့မှု့ရန်ပုံငွေ ထောက်ပံ့မှုမပြည့် စုံသဖြင့် ရပ်ဆိုင်းခဲ့ရသည်၊ ကလေးများအတွက် ပညာရေးကိစ္စရပ်များ မှာလည်း ရန်ပုံငွေ မလောက်ငသည့်ပြဿနာနှင့်ပင် ရပ်တန့်နေခဲ့ရသည်။

ဟောင်ကောင်သည် မပြည့်စုံသော်လည်း ပစ်ထားရန်ခက်ခဲသော နိုင်ငံဖြစ်သည့် မြို့နေလူထု ၇.၄ သန်းမှာ မြို့တော်ကြီးကို မပြစ်ရက်နိုင်အောင် ဖြစ်နေကြသည်။

ဟောင်ကောင် လေဆိပ်မှာ ဗြိတိသျှတို့ဆောက်လုပ်သွားသော လေဆိပ်ဖြစ်သည်၊ ဗြိတိသျှတို့ဆောက် သွား သော Court system မှာလည်းလက်ရာမပျက်ကျန်ရစ်သည်၊ ထိုစနစ်ကပင် လွတ်လပ်သောသတင်း ဖြန့်ချိရေး ရေးနှင့်လွတ်လပ်သော လူနေမှုစနစ်ကို ထိန်းသိမ်းထားနိုင်သည်။

ဗြိတိသျှတို့ပြန်သွားစဉ်က ဟောင်ကောင်ကို One country two system အတိုင်းဖြစ်စေရမည်ဟုသတ်မှတ် ထားခဲ့ပါသည်၊ ခေါင်းဆောင်ကြီး တိန့်ရှောင်ပင် နှင့် မာဂရက်သက်ချာတို့၏အစီအမံဖြစ်သည်၊ သို့သော်လည်း ဟောင်ကောင်ကျွန်း၏ အရေးကိစ္စများတွင် တရုတ်ကွန်မြူနစ်ပါတီ၏တဖြေးဖြေး ပါဝင် စွက်ဖက်မှုများကြောင့် ထိုအယူအဆမှာ တဖြေးဖြေးမှေးမှိန်လာသည်။

၂၀၁၄ ခုနှစ်က ဟောင်ကောင်ကျွန်း၏ Chief Executive ရွေးချယ်ရာတွင် ကိုယ်စားလှယ်ကို ပြည်မကြီးအလို ကျသာ ရွေးချယ်ရမည်ဟု အမိန့်ချမှတ်ခဲ့သည်၊ ထိုအချက်ကို မကျေနပ်သဖြင့် ဟောင်ကောင်သားများက တခဲနက်ဆန္ဒပြခဲ့ကြပါသည်၊ Umbrella movent ခေါ် ထီးလှုပ်ရှားမှုမှာ ဟောင်ကောင်မြို့ကို ရက်သတ္တပတ် ၁၁ ပတ်ကြာအောင် ဒီမိုကရေစီရေး လှုပ်ရှားမှုများဖြင့်လွမ်းမိုး ထားခဲ့သည်ကို မမေ့နိုင်ကြသေးပါ၊

ယခုဟောင်ကောင်၏တာဝန်ခံ အသစ် (Chief Exactive) ကို Ms Carry Lam အား ရွေးချယ်ခဲ့ကြသည်၊ ပီကင်း ၏ထောက်ခံမှုအရ ပီကင်းရွေးချယ်ပေးသော ကိုယ်စားလှယ်အဖြစ်ယူဆကြသည်၊ လူ ၁၂၀၀ ပါဝင်သော ကော်မတီက ရွေးချယ်ခဲ့ခြင်းဖြစ်သည်၊ ကော်မတီအဟောင်းမှာ ပီကင်း၏သြ၀ါဒအတိုင်း ပြည်သူ့ဆန္ဒလည်း မပျက်ရအောင် ဆောင်ရွက်ကြရခြင်းဖြစ်ပြီး ၄င်း၏ကော်မတီရှင်နှစ်ဦးမှာ ခြစားမှုများဖြင့် တရားစွဲခံရသည်။

ဥပဒေပြုအဖွဲ့တစ်ခုလုံးမှာ လူ ၇၀ ခန့်ဖြင့်ဖွဲ့စည်းရပြီး ၄င်းတို့၏တ၀က်ခန့်မှာ ပီကင်းကိုသြဇာခံသည့်ပါတီမှ လူများဖြင့်ဖွဲ့စည်းထားသည်၊ ကျန်တ၀က်မှာ ဒီမိုကရေစီအရေး လှုပ်ရှားသူများပါဝင်သဖြင့် ဆုံးဖြတ်ရန်ကိစ္စ ပေါ်တိုင်း အကြပ်ရိုက်နေကြသည်ကများသည်၊ ဒီမိုကရေစီအုပ်စုကို လူကြီးများအစား တက်ကြွသော လူငယ် များဖြင့် ဖွဲ့စည်းထားသည်။

အဖွဲ့ဝင်သုံးဦးက သဘောမတူပါက မည်သည့်လုပ်ငန်းကိုမဆို ကြန့်ကြာအောင်လုပ်ထားနိုင်သဖြင့် အရေးကြီး သော လုပ်ငန်းမှန်သမျှ လုပ်ငန်းဆက်လက်မလုပ်နိုင်လောက်အောင် တားနိုင်သည်၊ ဥပမာ ဆိပ်ကမ်းကိုသန့် ရှင်းရေးကိစ္စမျိုးကိုပင်လျှင် နှောင့်နှေးအောင် ဆောင်ရွက်လာကြသည်၊ ဘက် ၂ ဘက်လုံးက အလုပ်ဖြစ်အောင် နိုင်ငံရေးအပြောင်းအလဲဖြစ် အုပ်ချုပ်စေချင်ကြသည်၊ သို့သော် အဖြေက ရှာမတွေ့ဘဲဖြစ်နေသည်။

ဒီမိုကရေစီဘက်ကတောင်းဆိုသည်မှာ မဲဆန္ဒရှင်တစ်ဦးလျှင်မဲတစ်ပြားပေးနိုင်ရေးပင် ဖြစ်သည်၊ တခါက ၁၀ နှစ်အတွင်း ထိုအခွင့်အရေးကိုရမည်ဟုဆိုကာ၂၀၀၇ ခုနှစ်ကပေးရန်ရှိသော ထိုအခွင့်အရေးမှာ ဖြစ်မလာခဲ့ပေ။ မိမိဖါသာစိတ်ကြိုက်ကိုယ်စားလှယ်ကို ရွေးကောက် တင်မြှောက်နိုင်ရေးမှာအပြောလွယ်သလောက် အလုပ်က ခက်ခဲနေသည်။

ဟောင်ကောင်သည် တရုတ်ပြည်မကြီးနှင့်ပြန်တွဲပြီးမှ ပြည်ကြီးမှ တရုတ်လူမျိုး တစ်သန်းခန့်သည် ပြောင်းရွှေ့ လာခဲ့ကြပြီးဖြစ်သည်၊ သို့သော် သူတို့၏ စီးပွားရေးအပေါ်ပါဝင်ပက်သက်မှုမှာ လက်ရှိလူများကိုဆိုးကျိုးများ သာဖြစ်စေခဲ့သည်၊

အပြည်ပြည်ဆိုင်ရာကုမ္မဏီများ၊ ဘဏ်ကြီးများက ပြည်ကြီးတရုတ်များကို ရှာဖွေခန့်အပ်ခဲ့သည်၊ ဟောင်ကောင် တရုတ်များမှာ ကန်တုန် စကားကို ပြောကြပြီး ပြည်ကြီးတရုတ်တို့မှာ မန်ဒရင်း (Mendrin) ကို ဦးစားပေး ပြောဆိုကြသည်၊ ထိုဘာသာရပ်ပြသနာများက စာသင်ကြားရေးကလေးများကို ပြသနာတက်စေတော့သည်၊ အကျိုးရလဒ်မှာ အနှစ် ၂၀ အတွင်း အင်္ဂလိပ်နှင့် မန်ဒရင်း တွင် ညံ့ကြသော ဘွဲ့ရလူငယ်အများအပြားမွေး ထုတ်ပေးခဲ့သည်။

သို့သော် ပီကင်းက ကန်တုန် ဘာသာကို အများသုံးအဖြစ်စေလို၊ Westen influcence ကိုဖယ်ရှားလိုသည့် သဘောဟူ၍လည်းယူဆကြသည်။

တဖန်ပြည်ကြီးတရုတ်ပြည်မှလာသောသူများက ဟောင်ကောင်မှ အိမ်ခြံမြေဈေးကို တက်အောင်လုပ်သည်ဟု ယူဆကြသည်၊ ကားရပ်စရာနေရာတစ်ခုကို ဒေါ်လာ ၆၆၄,၀၀၀ ပေးရသည်အထိ ဖြစ်ခဲ့ရသည်၊ သူတို့သည် တရုတ်ပြည်တွင်းမှငွေကို အပြင်ကိုသယ်ယူ၍ ရင်းနှီးကြခြင်းဖြင့် ဈေးကွက်များမှာ ကမောက်ကမဖြစ်ကုန် ရသည်၊ အနေတော်ချမ်းသာသူများမှာ သူတို့နေရာပျောက်ကုန်ရသည်။

ပြဿနာကို ပို၍ရှုပ်ထွေးစေသောအချက်မှာ ဟောင်ကောင်မြောက်ပိုင်းတွင် အိမ်ယာအသစ်ဆောက်လုပ်ခြင်းကို သဘောမတူနိုင်ကြသော အချက်ပင်ဖြစ်သည်၊ တယောက်တွင်လိုအင်ဆန္ဒကတစ်မျိုးဖြစ်နေကြပြီး ဤပြဿနာ မှာ Law Suit များဖြင့် လုံးလည်လိုက်နေသည်။

ရထားလမ်းဖောက်ရန်ရွေးချယ်ထားသော ၁၆ မိုင်ရှည်လျားသော လမ်းကြောင်းမှာလည်း နေရာမရနိုင် သော ကြောင့် မြေအောက်ရထားလမ်းပြေးရန် စဉ်းစားရသည်၊ မြေအောက်ဖောက်ရမည်ဖြစ်၍ ဈေးက တက်သွား တော့ရာ အစိုးရအဖို့အကြပ်ရိုက်နေသည် ရွာတစ်ခုကို နေရာမှဖယ်ပေးရမည်ဖြစ်သဖြင့် နိုင်ငံရေးသမားများဖြင့် ရှုတ်ထွေးနေလေသည်၊ တရုတ်ပြည်မကြီးတွင် Bullet Train များဥဒဟိုပြေးနေကြပြီးဟောင်ကောင်ကျွန်းတွင် ခေတ်မှီရထား မရှိသေးသည်မှာ သဘာဝမကျအောင်ဖြစ်နေသည်၊

တချို့ကလည်း ဤမျှပြသနာရှုတ်ထွေးများပြားသော ဟောင်ကောင်ကို စွန့်ခွာရန် ကြိုးစားလာကြသည်၊ အများ ကြိုက်သောနေရာတစ်ခုမှာထိုင်ဝမ်နိုင်ငံဖြစ်သည်၊ တရုတ်လူမျိုးများပင်နေထိုင်ပြီး အဓိက တရုတ်ပြည်မှလူအများ က ဗိုလ်မကျနိုင်သောနေရာဖြစ်သည်၊ ထို့အပြင်ဟောင်ကောင်ကဲ့သို့ မြေဈေးမကြီးသဖြင့် အခြေချနေထိုင် ရန် သင့်တော်သော နေရာတစ်ခုဖြစ်သည်။

(၃)

လွန်ခဲ့သောသုံးနှစ်က တရုတ်ပြည်ကြီးမှ ဟောင်ကောင်အတွက်အရေးကြီးသော ဆုံးဖြတ်ချက်ဖြစ်သော အုပ်ချုပ်သူ ရွေးချယ်ခြင်းကို ပီကင်းက အလျော့မပေးခဲ့ချေ၊ ထိုစဉ်က မစ္စတာရှီ၈ှင်ပင်း (Xi Jinping) သမ္မတ ဖြစ်သည်မှာ နှစ်နှစ်သာရှိသေးသည်၊ ဟောင်ကောင်သားတို့ကတရုတ်ခေါင်းဆောင်သည် ဒီမိုကရေစီ အပြည့် အ၀ပေးလိမ့်မည်ဟု မျှော်လင့်မိ ခဲ့ကြသည်။

ယနေ့ခေတ်တွင် မစ္စတာရှီ ခေါင်းဆောင်ဖြစ်လာသည်မှာ ၅ နှစ်ရှိလာနေပြီဖြစ်သည်၊ သူ၏လုပ်ပုံကိုင်ပုံများကို မြင်ကြရသဖြင့် ဟောင်ကောင်သားတို့၏ ဒီမိုကရေစီရေးမျှော်လင့်ချက်မှာ ပျက်ပြယ်သွားကြရပြီဖြစ်သည်။

ယနေ့တွေ့မြင်နေကြရသည်မှာ ဟောင်ကောင်သည် မက်ကာအိုနိုင်ငံကဲ့သို့များ ဖြစ်လာမည်လားဟုပင် ဖြစ် သည်၊ တချိန်ကပေါ်တူဂီကိုလိုနီ မက်ကာအိုသည် တရုတ်ပြည်၏ Gambling hub ဖြစ်သည်၊ မက်ကာအို သည် တရုတ်ပြည်မကြီးမှစကားကို တသဝေမတိမ်းနားထောင်သည်၊ ခြစားမှုက နာမည်ကြီးသည်၊ ပြစ်မှုများကို စနစ် တကျ ကျုးလွန်ကြသည်၊၊ အလုပ်သမားရေးရာများနှင့်၊ တခြားလွတ်လပ် သော အဖွဲ့အစည်း များမှာလည်း နေရာမရကြပေ၊ တရုတ်တို့၏အလိုကျ နေသည်၊ ဟောင်ကောင်မှ တရုတ်အများအပြားက နိုင်ငံမှထွက်ခွါ သွား လိုကြခြင်းမှာ ပြည်ကြီး တရုတ်တို့ကမက်ကာအို ကဲ့သို့ဖြစ်အောင်ကျိုးစားနေသည် ဟုအထင်ရောက် ကြသော ကြေင့်ဖြစ်သည်

လွန်ခဲ့သော စနေနေ့ ( ၁-၇-၁၇) က ဟောင်ကောင်အုပ်ချုပ်ရေးမှုအသစ် ဖြစ်လာသော ကယ်ရီလင်း ကပြော ကြားရာတွင်ြ့ပုပြင်ပြောင်းလဲရေးကိုမမျှော်ဘို့ ကိုသာပြောကြားသွားခဲ့သည်၊ တရုတ်ပြည်နှင့်ရင်းနှီးညီညွတ်စွာ နေထိုင်ဘို့ကိုသာဦးစားပေးကြရမည်ဟုဆိုသည်၊ တရုတ်ပြည်နှင့် ပိုမို ချစ်ကြည်စွာနေရေးဆိုသည်မှာ ဒီမိုကရေစီ ရေးကို မေ့လိုက်ကြဘို့ရည်ရွယ်ရင်းဖြစ်သဖြင့် ဤစကားများသည် ပြည်သူအများကမျှော်လင့်ကြသော စကားမျိုး မဟုတ်ကြပေ၊

ကိုသန်းလွင်

Ref: Fading Of a Model City, By Kaith Bradsher New YorkTimes, 30 June 2017


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, နိုင်ငံတကာရေးရာ

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်