မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး – အပိုင်း (၆)

August 17, 2017

မောင်မောင်စိုး ● ပြည်နယ် ဘင်္ဂါလီအရေး – အပိုင်း (၆)
(မိုးမခ) သြဂတ်စ် ၁၇၊ ၂၀၁၇

● ၂ဝ၁၂ ခုနှစ် ရခိုင် ဘင်္ဂါလီအရေးအခင်း
၂ဝ၁၂ ခုနှစ် ရခိုင် ဘင်္ဂါလီအရေးအခင်းသည် ၂ဝ၁၂ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ၌ ရခိုင်အမျိုးသမီးငယ် မသီတာထွေး မုဒိန်းကျင့်သတ်ဖြတ်ခံရခြင်း ၂ဝ၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့တွင် မွတ်စလင် ၁ဝ ဦးအား လူတစုက သတ်ဖြတ်လက်စားချေခြင်းမှစတင်သည်ဟု ဆိုကြသည်။  ထိုဖြစ်စဉ်အား အစိုးရ၏ ကိုင် တွယ်မှု အားနည်းခြင်းကြောင့် သို့မဟုတ် ပြဿနာဖန်တီးလိုသူ အစွန်းရောက်လူတစုက ဖန်တီးခြင်းကြောင့်ဟုလည်း ဆိုကြ သည်။  ထိုသို့ဆိုနိုင်သည့် အကြောင်းအချက်များလည်း ရှိပါသည်။  သို့သော် တကယ်တမ်းဆိုရလျင် တကယ်ပြဿနာမှာ နှစ်ပေါင်းများစွာရှိနေသည့် ရခိုင်ပြည်နယ်ရှိ ပြဿနာအား မှန်ကန်စွာဖြေရှင်းခြင်းမရှိဘဲ ပြဿနာမရှိသကဲ့သို့ ထား ခဲ့ခြင်း၏ အကျိုးဆက်ဖြစ်သည်ဟုဆိုရပါမည်။  ပြဿနာဖန်တီးသူတို့က မည်သို့ ဖန်တီးချင်သည်ဖြစ်စေ မူရင်းရေခံမြေခံမရှိ ဘဲ ပြဿနာကြီး ပေါ်ပေါက်လာနိုင်ခြင်းမရှိပေ။

ထို့ကြောင့်လည်း လူသောင်းချီသေဆုံးခဲ့သည့် ၁၉၄၂ ခုနှစ် ရခိုင် ဘင်္ဂါလီအရေးအခင်းအပြီး နှစ်ပေါင်း ၇ဝ အကြာတွင် ကြီး မားသည့် ဒုတိယအကြိမ် ရခိုင်ဘင်္ဂါလီအရေးအခင်းဖြစ်ပေါ်လာခဲ့သည်။  ထို့ပြင် ဤပြဿနာသည်နိုင်ငံတကာက အာရုံစိုက် သည့် ပြဿနာလည်းဖြစ်လာခဲ့သည်။  ကြာမြင့်စွာပစ်ထားခဲ့၍ ရောဂါရင့်မှကုသရသည့် အခြေအနေမျိုးလည်းဖြစ်နေပေ တော့သည်။

ကျောက်နီမော်နှင့် တောင်ကုတ်ပြဿနာများပေါ်ထွက်လာသည့် ရက်ပိုင်းအတွင်း ဘင်္ဂါလီမွတ်စလင်များ အများစုနေထိုင် သည့် မောင်တောမြို့၌ ၂ဝ၁၂ ဇွန်လ ၈ ရက် သောကြာနေ့တွင် နေ့ဝတ်ပြုဆုတောင်းပွဲအပြီး ဗလီအတွင်းမှ ထွက်လာသော ထောင်နှင့်ချီသော ဘင်္ဂါလီ မွတ်စလင်များသည် တုတ်ဒါးလက်နက်စွဲကိုင်၍ ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များနှင့်နေအိမ် အဆောက်အုံများ ဗုဒ္ဓဘာသာ ဘာသာရေးအဆောက်အအုံများကို တိုက်ခိုက်ကြတော့သည်။  ဤသို့မောင်တော၌ ဆူပူအုံ ကြွမှုသည် ကျောက်နီမော်နှင့်တောင်ကုတ်အရေးကြောင့်သက်သက် ပေါ်လာသည်ဟု ယူဆ၍မရပေ။ အဘယ်ကြောင့် ဆိုသော် ဤသို့ပြဿနာများမရှိမီ ၁၉၈၈ ခုနှစ်ကလည်း တကြိမ်ဖြစ်ဘူးခဲ့၍ ဖြစ်သည်။

၁၉၈၈ ခုနှစ် မေလ ၁၃ ရက်နေ့ည ၇ နာရီခန့်တွင် ဘင်္ဂါလီမွတ်စလင်လူဦးရေ ၅ဝဝဝဝ ခန့်သည် မောင်တောမြို့အား ဝိုင်း၍ ကြွေးကြော်သံများဟစ်ကြွေး၍ ဆူပူမှုဖြစ်ပွားခဲ့သည်။ နေအိမ်အချို့ နှင့် ဘုန်းကြီးကျောင်းတကျောင်းအား ဖျက်ဆီးမှု ပြုခဲ့ သည်။ မြို့တွင်း ရဲတပ်ဖွဲ့နှင့်ထိမ်းသိမ်းရန် မလွယ်ကူခဲ့ပေ။ မြို့အားဝိုင်းထားစဉ် ဖုန်းလိုင်းများပါဖြတ်တောက်ထားခဲ့၍ မြို့ နှင့် ၄ မိုင်အကွာရှိ လုံထိန်းတပ်ဖွဲ့သို့ ကားဖြင့်ဖေါက်ထွက်ပြီး အကူအညီရယူပြီး လုံထိန်းတပ်ဖွဲ့ရောက်လာမှပင်အခြေအနေ ထိမ်းသိမ်းနိုင်ပြီး မနက်မိုးမလင်းမီ ဘင်္ဂါလီမွတ်စလင်များ လူစုခွဲသွားကြသည်။ ဤအခြေအနေသည် ရခိုင်ပြည်နယ်အခြား နေရာများတွင် မည့်သည့်အဖြစ်အပျက်များမှမရှိဘဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဤလှုပ်ရှားမှုနောက်ကွယ်တွင် RSO ခေါ် ရို ဟင်ဂျာသွေး စည်းညီညွတ်ရေးအဖွဲ့ကကြိုးကိုင်နေသည်ဟု ယူဆကြသည်။  ထိုလုပ်ဆောင်ချက်အား ရဲတို့အား မကျေနပ်၍ ဆန္ဒပြသည်ဟူ၍ ရှင်းလင်းမှုများရှိသော်လည်း ညဘက်လူအင်အားအများအပြားနှင့် မြို့အားဝိုင်းခြင်းသည် သာမန်ဆန္ဒပြမှု မျိုးတော့မဟုတ်ပေ။ သို့သော် ၁၉၈၈ ခုနှစ်တွင် ပြည်တွင်း၌လည်း နိုင်ငံရေးအကြပ်အတည်းဖြစ်ပေါ်နေရာ ဤကိစ္စအား ပြည်တွင်းမှရော နိုင်ငံတကာကပါ အာရုံမစိုက်မိပေ။

သို့ဖြစ်ရာ ၂ဝ၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ မောင်တောဆူပူမှုသည် ကျောက်နီမော် တောင်ကုတ်ပြဿနာတို့ကြောင့် ရှောင် တခင်ပေါ်လာသည့်ပြသနာမဟုတ် ရေရှည်အမြစ်တွယ်နေသည့်ပြဿနာကြောင့်ဖြစ်သည်။ အခွင့်အခါကောင်းတွင် ပြန် လည် ပေါ်လာသည့်ပြဿနာဖြစ်သည်။  မောင်တောဆူပူမှု အတွင်း မြို့တွင်းရှိ အိမ်များ ဈေးဆိုင်များ ဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရသကဲ့သို့ မောင်တောမြို့ အနောက်တောင်ဖက်ရှိ ရခိုင်တိုင်းရင်းသားကျေးရွာ ၁ဝ ရွာခန့် မီးရှို့ဖျက်ဆီးခံ လိုက်ရ သည်။

ထို့နောက် ၂ဝ၁၂ ဇွန်လ ၉ ရက်နေ့တွင် စစ်တွေမြို့၌ ဆူပူမှုဖြစ်သည်။ နေအိမ်များ ရပ်ကွက်များ ရွာများအပြန်အလှန် မီးရှို့ ဖျက်ဆီးကြတော့သည်။ ထို့နောက်မငြိမ်သက်မှုများမှာ အောက်တိုဘာလအထိ ဖြစ်ပွားသည်။  ကျောက်ဖြူမြို့တွင် အောက် တိုဘာလ ၂၂ ရက်နေ့တွင်ဖြစ်ပွားသည်။  အပြန်အလှန်တိုက်ခိုက်မှုများကြားတွင် မီးလောင်ပျက်စီးမှု များ သေကြေဒဏ်ရာရမှု များ များပြားခဲ့သည်။  စစ်တွေ ကျောက်ဖြူရှိ ဘင်္ဂါလီတို့၏အိမ်များ ဗလီများ အဖျက်ခံခဲ့ရသကဲ့သို့ ရခိုင်တို့၏အိမ်များ ဘုန်း ကြီးကျောင်းများလည်း ဖျက်ဆီးခံခဲရသည်။  သို့ဖြစ်ရာ ၂ဝ၁၂ ရခိုင် ဘင်္ဂါလီ အရေးအခင်းသည် ဇွန်လမှ အောက်တိုဘာလအထိ ၅ လတာကြာမြင့်ခဲ့ပြီး ဆုံးရှုံးပျက်စီး သေကြေဒဏ်ရာရမှု များစွာဖြစ်ပွားခဲ့သည်။  ဒုက္ခသည်စခန်းများစွာ ပေါ်ပေါက်ခဲ့သည်။  အပြန်အလှန်စွပ်စွဲမှု များစွာပေါ်ခဲ့သည်။  မီးအား မည်သူက စရှို့သည်မည်သူက စတင်တိုက်ခိုက်သည်ဆိုသည်တို့ အပြန်အ လှန် ငြင်းခုံခဲ့ကြသည်။ အပြန်အလှန်ယုံကြည်မှု ပျက်ပြားသွားသည်ကတော့ အသေအချာဖြစ်သည်။

ယခုအချိန်တွင် ရခိုင်ဒုက္ခသည်စခန်းများကို ပြန်လည်နေရာချ ပေးနိုင်ပြီဖြစ်သော်လည်း ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်စခန်းများ ကို ပြန်လည်နေရာချပေးနိုင်ခြင်း မရှိသေးပါ။

● အနီးခေတ် ဘင်္ဂါလီမွတ်စလင်တို့၏ ပုန်ကန်ထကြွမှုများ
၁၉၈၈ ခုနှစ်မေလ မောင်တောမြို့ အား ဝိုင်းပြီး မကြာမီ ၁၉၉၄ ခုနှစ်တွင် RSO ခေါ် ဘင်္ဂါလီမွတ်စလင် လက်နက်ကိုင်အဖွဲ့ အင်အား ၁၂ဝ ခန့်သည် ပင်လယ်ရေကြောင်းလမ်းမှ မောင်တောမြို့နယ်တွင်းသို့ ဝင်ရောက်လာခဲ့သည်။ ၁၉၉၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ညတွင် မောင်တောမြို့ နေရာ ၁၂ နေရာ ဗုံးများခွဲရာ ဗုံး ၉ လုံးပေါက်ကွဲသည်။ မပေါက်ကွဲသော ဗုံး ၃ လုံးအား အာဏာပိုင်များက သိမ်းဆီးရမိခဲ့သည်။ ထိုနေ့ညတွင် RSO အင်အား ၈ဝ ခန့်က မောင်တောတောင်ပိုင်းသို့လည်းကောင်း၊ အင်အား ၄ဝ ခန့်က မြောက်ပိုင်းသို့လည်းကောင်း ဝင်ရောက်ခဲ့သည်။

မောင်တောတောင်ပိုင်းသို့ဝင်ရောက်သည့် RSO များ ကျောက်ပန်းဒူရွာ ဇေယျဝတီရွာတို့ကို တိုက်ခိုက်ခဲ့သည်။  မြောက်ပိုင်း သို့ဝင်သော RSO များက ရွှေတောင်ရွာအား တိုက်ခိုက်ခဲ့သည်။  ထိုနောက် တပ်မတော်က ဝင်ရောက်ရှင်းလင်းရာ ရက် ၂ဝ ခန့်အတွင်း RSO ၅၈ ဦးသေဆုံး၍ လက်နက်ခဲယမ်းများသိမ်းဆည်းရမိကာ ဗုံးထောင်ရာတွင် ပါဝင်သူ ၈ ဦးအား ဖမ်းဆီးရမိခဲ့ သည်။  RSO လှုပ်ရှားမှု အရေးနိမ့်သွားခဲ့သည်။

၂ဝ၁၂ အရေးအခင်းများအပြီး ၄ နှစ်အကြာ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် နောက်တကြိမ် အစိုးရ နယ်ခြားစောင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့သည်။  မောင်တောမြို့နယ်အတွင်းရှိ အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်ရှိရာ ကျီးကန်းပြင်စခန်း၊ ငါးခူရစခန်းနှင့် ကိုးတန်ကောက်စခန်းတို့ကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။  အဆိုပါ အောက်တိုဘာတလအတွင်း ရဲတပ်ဖွဲ့မှ ၉ ဦးကျဆုံး တပ်မတော်က ၅ ဦးကျဆုံးကာ လက်နက် ၄၈ လက် ဆုံးရှုံးခဲ့သည်။  ဘင်္ဂါလီမွတ်စလင်လက်နက်ကိုင်များဖက်ကလည်း ၃၄ ဦးသေပြီး ၄၉ ဦး ဖမ်းဆီးခံခဲ့ရသည်။

ထိုမှစ၍ မောင်တောဒေသတွင်း၌ လက်နက်ကိုင်တိုက်ခိုက်မှုနှင့် မတည်ငြိမ်မှုများဖြစ်ပွားခဲ့သည်။ ၂ဝ၁၆ ခုနှစ်ကုန်ပိုင်းတွင် အစိုးရနှင့်တပ်ကအခြေအနေကို ပြန်လည်ထိမ်းချုပ်နိုင်ခဲ့သည်။ လက်ရှိ မောင်တောနယ်အတွင်း ဘင်္ဂါလီမွတ်စလင်တို့၏ လက် နက်ကိုင် လှုပ်ရှားမှုကို အကာမူ မူဂျာဟစ်ဒင်အဖွဲ့က ဦးဆောင်နေသည်ဟု ဆိုသည်။ တိုက်ပွဲများအတွင်း RSO တံ ဆိပ်များ အလံများကိုလည်း တွေ့ရသည်ဟု ဆိုသည်။

လတ်တလောတွင် တိုက်ခိုက်မှုများငြိမ်သက်နေသော်လည်း လှုပ်ရှားမှုများရှိနေဆဲဖြစ်သည်။  ၂ဝ၁၇ မေလ ၃၁ ရက်နေ့က မောင်တောမြို့နယ်ချောင်းကုလားမြောက်ကျေးရွာမှ မော်လဝီဆရာတယောက်အိမ်တွင် လမ်းလျှောက်စကားပြောစက် အ လုံး ၄ဝ သိမ်းဆည်းရမိပြီး လူကမူ ထွက်ပြေးလွတ်မြောက်နေသည်ဟု ဆိုသည်။ ထို့ပြင် ၂ဝ၁၆ အောက်တိုဘာ ၉ ရက်မှ မေလကုန်အထိ အရပ်သား ၃ဝ သေဆုံး ၂၂ ပျောက်ဆုံး စုစုပေါင်း ၅၂ ဦးထိရှိပြီဖြစ်သည်။ အစိုးရအုပ်ချုပ်ရေးပိုင်းနှင့် နီး စပ်သော ဘင်္ဂါလီမွတ်စလင်လူကြီးများ ကျေးရွာအုပ်ချုပ်ရေးမှူးများ သေဆုံးသည့်အထဲတွင် ဆက်တိုက်လိုပါဝင်လာသည်ကို တွေ့ရသည်။

ထို့ပြင် မေလအတွင်း ဗုံးပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီးသေဆုံးရာတွင် ပါကစ္စတန်နိုင်ငံသား ၂ ဦးပါဝင်သည်ကို တွေ့ရ သည်။  လက်ရှိ ဘင်္ဂါလီမွတ်စလင်တို့၏ လက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံတကာအကြမ်းဖက်အဖွဲ့စည်းများ နှင့် ဆက်စပ်နေကြသည်။

ဗိုလ်နေဝင်းအာဏာသိမ်းပြီး ၁၉၆၃ ခုနှစ် မတရားသင်းကြေညာရာတွင် ရိုဟင်ဂျာအမည်တပ်ထားသော အဖွဲ့အစည်းအားလုံး ပါသွားသည်။  ရိုဟင်ဂျာကျောင်းသားသမဂ္ဂခေါင်းဆောင် မိုဟာမက် ဂျဖါ ဟာဘစ် Mohammad Jafar Habib အပါအဝင် တက်ကြွလှုပ်ရှားသူများက မြေအောက်ရောက်သွားကြပြီး ၁၉၆၃ မေလတွင် ရိုဟင်ဂျာလွတ်လပ်ရေးတပ်ဖွဲ့ Rohingya Independence Force RIF ကိုစတင်ဖွဲ့စည်းရာ အစောဆုံး ရိုဟင်ဂျာအမည်ခံ သူပုန်အဖွဲ့ဖြစ်လာခဲ့သည်။  ၁၉၆၁ ခုနှစ် မူ ဂျာဟစ်ဒင်များ အဆုံးသတ်သွားပြီး ပြန်လည်ပေါ်လာသော သူပုန်အဖွဲ့ဟု ဆိုရမည်။ ၁၉၇၄ ခုနှစ်တွင် ထိုအဖွဲ့သည် Rohingya Patriotic Front RPF ဟုဖြစ်လာသော်လည်း ရခိုင်တွင် မလှုပ်ရှားနိုင်ဘဲ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းတွင် အခြေ ပြုလှုပ်ရှားခဲ့သည်။

၁၉၇၈ ခုနှစ် မြန်မာနိုင်ငံတွင်း နေထိုင်သူများအား စစ်ဆေးရန် နဂါးမင်းစစ်ဆင်ရေးပြုလုပ်သည့်အခါ ဘင်္ဂါလီ ၂၅ဝဝဝဝ ခန့် ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသောအခါ နိုင်ငံတကာ၏ အာရုံစိုက်မှုရရှိပြီး ဆော်ဒီအာရေဗျ၏အကူအညီ စတင်ရရှိခဲ့သည်။

ထိုသို့နိုင်ငံတကာအထောက်ပံ့များရလာသောအခါ ပို၍ စစ်သွေးကြွသော အစိတ်အပိုင်းများသည် RPF မှ ခွဲထွက်ပြီး RSO ကို ထူထောင်ခဲ့ကြသည်။  ပို၍တင်းကြပ်သော ဘာသာရေးစည်းကမ်းများကြောင့် ကမ္ဘာ့မွတ်စလင်အသိုင်းအဝိုင်းရှိ အလား တူအဖွဲ့များ၏ ထောက်ခံမှု ရခဲ့သည်။  ဘင်္ဂလားဒေ့ရှ် အာဖဂန် မလေးရှား ကက်ရှမီးယားတို့မှ အဖွဲ့များ၏ ထောက်ခံမှု ရ လာပြီး ဘင်္ဂလားဒေ့ရှ် Ukhia ရှိ RSO စခန်းများတွင် အာဖဂန်နည်းပြများကို တွေ့လာရပြီး RSO ၁ဝဝ ခန့်မှာလည်း အာဖဂန် သို့သင်တန်းသွားတက်ခဲ့သည်။ ၁၉၉၄ တွင် ရခိုင်သို့ RSO တို့ဝင်ရောက်ခဲ့သော်လည်း အရေးနိမ့်ခဲ့သည်။

ဘင်္ဂါလီမွတ်စလင်များထဲမှ အလယ်အလတ်ကျသောသူများသည် Arakan Rohingya Islamic Front ARIF ဟူ၍ ဖွဲ့စည်း ခဲ့သည်။  RPF လက်ကျန်နှင့် RSO များထွက်ပြေးလားသူများနှင့်ဖွဲ့စည်းခဲ့သော်လည်း အင်အားကြီးထွားမလာဘဲ ဘင်္ဂလား ဒေ့ရှ်တွင်လည်း ခြေကုပ်ကောင်းစွာမရခဲ့ဟု ဆိုပါသည်။  ၁၉၉၈ ခုနှစ်တွင် Arankan Rohingya National Organization အာရကန်ရိုဟင်ဂျာအမျိုးသားအဖွဲ့ဖြစ်လာပြီး အလယ်အလတ်အယူဝါဒကိုဖေါ်ပြ၍ စစ်တကောင်းနှင့် ကော့ဘဇားတွင် ပြည်ပြေးအဖြစ် ရပ်တည်ခဲ့ကြသည်။ သို့သော် နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်အစိုးရက နယ်စပ်ကို ပို၍ထိမ်းချုပ်လာပြီးသည့် နောက်ပိုင်း ထိုအဖွဲ့များသည် သိပ်အလုပ်မဖြစ်တော့ဟု၍လည်း ဆိုကြသည်။

သို့သော် ရခိုင်ရှိ ဘင်္ဂါလီမွတ်စလင်များထဲမှ တက်ကြွသူများသည် နောက်ပိုင်း၌ မလေးရှားဖီလစ်ပိုင် အင်ဒိုနီးရှားတို့ရှိ မွတ် စလင်စစ်သွေးကြွများနှင့် အဆက်အစပ်ပိုရှိလာသည်။  ထိုပြင် ပို၍တက်ကြွသည့် မျိုးဆက်တခု ထွက်ပေါ်လာသည်ဟု သုံး သပ်ကြသည်။  ၂ဝ၁၄ ခုနှစ် ဖေဖဝါရီနှင့်မေလကလည်း အသေအပျောက်များသော တိုက်ခိုက်မှုများပြုလုပ်ခဲ့သော်လည်း ပြည်တွင်းမီဒီယာများတွင် ဖေါ်ပြခြင်းမရှိဟုဆိုပါသည်။ နောက်တဖန် ၂ဝ၁၆ခုနှစ် အောက်တိုဘာမှစ၍ ထပ်မံတိုက်ခိုက်မှု များပေါ်လာသည်။

အဆိုပါစစ်သွေးကြွများအား ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နယ်စပ်များတွင် လေ့ကျင့်ပေးနေကြသည်။ ဖိလစ်ပိုင် မလေးရှား အင်ဒိုနီးရှားမှ အကြမ်းဖက်အဖွဲ့များနှင့် အဆက်အသွယ်ရှိကြသည်။  လက်ရှိလှုပ်ရှားမှု နောက်ကွယ်မှ အဓိကခေါင်းဆောင်မှ ရခိုင်ပြည်နယ်မှမိဘများမှ ပါကစ္စတန်နိုင်ငံတွင် ဖွားမြင်သူ Abdus Qadoos Burmi ဟူ၍လည်း ဆိုကြသည်။  ယခုအချိန်ထိ စစ်သွေးကြွ မည်မျှရှိသည်။ မည်သို့လက်နက်တပ်ဆင်ထားသည်။ မည်သူကခေါင်းဆောင်ဖြစ်၍ မည်သည့်အဖွဲ့အစည်းဖြစ်သည်ဆိုသည်တို့မှာ ယခုအချိန်ထိ ရှင်းရှင်းလင်လင်းမရှိသေးပါ။  အမည်အမျိုးမျိုးခေါ်ဝေါ်သုံးစွဲနေကြဆဲဖြစ်သည်ဟု မြန်မာ့အရေးကျွမ်းကျင်သူတဦးဖြစ်သူ ဘာတေးလင်နာက သုံးသပ်ဖေါ်ပြထားပါသည်။

၂ဝ၁၇ ဇွန်လအတွင်း မြန်မာအစိုးရ၏ သတင်းထုတ်ပြန်ချက်များအရ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အား Aqua Mul Mujahidin ခေါ် AMM အဖွဲ့က ဦးဆောင်ခြင်းဖြစ်ပြီး ၎င်းအဖွဲ့အပြင် Rohinja National Security Committee အဖွဲ့လည်း ရှိခဲ့သည်ဟု ဆိုပါသည်။  ထို ၂ ဖွဲ့ပေါင်း၍ Arakan Rohigya Salvation Army ARSA အား ၂ဝ၁၇ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး စစ်ရေးတာဝန်ခံမှာ Aqua Mul Mujahidin AMM မှ ဟာဘစ်ဒူဟာ ဖြစ်သည်ဟုဆိုသည်။ ၂ဝ၁၇ ခုနှစ် ဇွန်လအတွင်း မယူတောင်တန်းပေါ်ရှိ ARSA စခန်းတခုအား တပ်မတော်က ရှင်းလင်း နိုင်ခဲ့သည်ဟု ဆိုသည်။  ထို့အပြင် ထို ARSA အဖွဲ့သည် ကျေးရွာ ဆယ်အိမ်မှူး ရာအိမ်မှူး စာကြည့်တိုက်မှူး များအပါ အဝင် အရပ်သား ၃၄ ဦးအားသတ်ဖြတ်ပြီး ၂၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အစိုးရက တရားဝင်ထုတ်ပြန်ထား ပါသည်။

သေချာသည်မှာ လက်ရှိမောင်တောဒေသတွင် လှုပ်ရှားနေသောအဖွဲ့များသည် နိုင်ငံတကာ အစ္စလမ် စစ်သွေးကြွများ ISIS စသည်တို့နှင့် အဆက်အသွယ်ရှိသည်က သေချာသလောက်ဖြစ်သည်။  ထို့ကြောင့်လည်း ၂ဝ၁၆ ခုနှစ်မောင်တောဖြစ်စဉ်အား ကြည့်၍ Jane’s defence စာစောင်က ၂ဝ၁၇ ခုနှစ်တွင် အကြမ်းဖက်မှုများ ပိုဆိုးလာနိုင်သည်ဟု သုံးသပ်သည်။  ဖီလစ်ပိုင် မာရဝီမြို့တိုက်ခိုက်မှု ထိုင်းတောင်ပိုင်းတိုက်ခိုက်မှုများကြောင့် အရှေ့တောင်အာရှတွင် မွတ်စလင်စစ်သွေးကြွတို့၏ တိုက် ခိုက်မှု ပိုလာနိုင်သည်ဟု သုံးသပ်နေကြသည်။

၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်း မောင်တောတိုက်ခိုက်မှုဖြစ်စဉ်တွင် အထူးသတိထားရမည်မှာ နိုင်ငံတကာ အစ္စလမ်မစ် အစွန်း ရောက်အကြမ်းဖက်သမားများနှင့် ဆက်နွယ်မှုဟု ဆိုသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

(ဧရာဝတီ မြန်မာပိုင်း၌ ဇူလိုင် ၂၅၊ ၂၀၁၇ ရက်နေ့က ဖော်ပြပြီးဖြစ်သည်။)

 

Photo credit : Getty Images


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်