ဘုန်းသက်ပိုင် ● ဝင်ပေါက်

September 21, 2017

● ဝင်ပေါက်
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၇

ကိုယ်ပိုင်ရူးသွပ်မှုနဲ့ပဲ
တံခါးဖွင့်ခဲ့ပေါ့
ပင်လယ်ဆီ၊
ခြေလှမ်းတွေ
တစ်ချက်ချင်းနင်းဖြတ်
ဗော်လ်တဲလ်ယားရဲ့ချောက်နက်ထဲ
တွေဝေစိတ်နဲ့ နစ်ဆင်းလိုက်တော့
အရာအားလုံး ပကတိ
ငြိမ်သက်
အိပ်မက်တွေလည်း
ပန်းလိုပွင့်လို့။

အဲဒီမှာ
အချိန်ကာလမဲ့ဟင်းလင်းပြင်တခုရယ်
လူကြိုက်နည်းသွားတဲ့အနာဂတ်ရယ်
အတူတူရှိနေကြရဲ့၊
တံခါးကိုဖွင့်ခဲ့ပေါ့၊

အဲဒီမှာ
ကျိန်ဆိုခံထားရတဲ့ နေ့တွေ၊
အဲဒီမှာ
စိန့်ဟယ်လင်နာကျွန်းရောက် နပိုလျံရဲ့
ခြောက်အိပ်မက်တွေ၊

အဲဒီမှာ
ရောင်းမထွက်တော့တဲ့ စိတ်ကူးတွေနဲ့
ကမာကြီးကို (အလုအယက်)
မျှားနေကြတာ၊

အဲဒီမှာ
အထူးပြုလုပ်ချက်တွေနဲ့
ကိုယ့်ကိုယ်ကိုတပ်ဆင်နေတာကြတာ၊
တံခါးကိုဖွင့်ခဲ့ပေါ့
အဆက်စပ်မဲ့ဆက်စပ်မှုတွေက
အသက်ဓာတ်ကိုလှိုက်စားသွားကြ
ကော်ဖီတခွက်လောက်တော့
အရသာရှိချင်သေးတဲ့ဘဝမှာ
ငြင်းဆန်လောင်မြိုက်မှုတွေနဲ့ပဲ
တံခါးကိုဖွင့်ခဲ့ပေါ့၊

အဲဒီမှာ
မှားယွင်းမှု၊ အဘိဓမ္မာနဲ့
သေခြင်းတရားရဲ့ အေးစက်စက်နှုတ်ခမ်းတစုံ၊

အဲဒီမှာ
နေ့စဉ်အတွင်းစစ်ပွဲတွေ
ပြာပုံထဲက သူရဲကောင်းဝါဒတွေ
ဘ၀တခုလုံးပေးခဲ့ကြရတဲ့
ကိုယ်ပိုင်ယဉ်ကျေးမှုတွေ၊
တံခါးကိုဖွင့်ခဲ့ပေါ့၊

အဲဒီမှာ
စစ်တုရင်သမားတစ်ယောက်ရဲ့
လေးထောင့်စပ်စပ် ကမ္ဘာလေးတစ်ခု၊

အဲဒီမှာ
နေဝင်သွားပေမယ့် လှဆဲ
မြို့ပျက်ကလေးရဲ့ဂီတ၊

အဲဒီမှာ
ကျောတခင်းစာလောက်နဲ့
ဘဝကိုရောင့်ရဲနေကြလို့၊
တဘဝလုံးကျွံဝင်သွားပြီးကာမှ
ဒဏ်ရာနဲ့အရှုံးကို(ယုံအောင်)
ဖွဲ့နွဲ့ရမလား၊
နာကျင်မှုတွေနဲ့ပဲ
အသက်ရှင်မွေးမြူခိုက်
ဘဝရဲ့သေချာမှုတခုလို
တံခါးကိုဖွင့်ခဲ့ပေါ့၊

အဲဒီမှာ (သူ့အတွက်)
ချစ်သူတွေမရှိ
အနုပညာမှော်သားတွေမရှိ
သတင်းကြေညာချက်တွေမရှိ
လောကပါလတရားမရှိ
ကမ္ဘာကြီးကို လှမ်းမျှော်ကြည့်ဖို့ရာ
ပြတင်းပေါက်ငယ်ပင်မရှိ၊

အဲဒီမှာ
နေညိုချိန်တွေဆို
သူ့ကိုမျှော်နေမယ့်
ကောင်မလေးကိုလွမ်းတဲ့
ကောင်လေးတယောက်ရယ်
သူ့အိမ်ကို ခဏခဏအလည်ပြန်တတ်တဲ့
သူ့အိပ်မက်လေးရယ်
ကမ္ဘာတပတ်ပတ်ဖို့
သူ့ကမ်းကခွာသွားတဲ့
သူ့စိတ်ကူးသင်္ဘောတစင်းရယ်
သူ့ကို နှုတ်ဆက်စကားဆိုဖို့စောင့်နေတဲ့
သူ့ ထွက်သက်ငွေ့ငွေ့လေးရယ်

အဲဒီမှာ
အတူတူရှိနေကြပေါ့၊
လရောင်ရဲ့ညှို့ငင်မှုမှာ
မုန်တိုင်းကလည်း အစွမ်းကုန်
ညွတ်တွားလို့
လေပြေနဲ့ လှိုင်းကြက်ခွပ်လေးတွေက
အထီးကျန် ငြိမ်ဆိတ်ညထဲ
ကြေကွဲဖွယ်ဂီတကို
လွှင့်ထုတ်နေကြပေါ့၊

တလောကလုံး အိပ်စက်နေဆဲ
အိပ်တန်းကြောင်+သူတယောက်သာ
သူ့ကြောင့် အိပ်ရေးပျက်သွားရှာတဲ့
လမင်းလေးကို
ငေးမောတောင်းပန်ရင်း
အကောင်းဆုံး ရွေးချယ်ခွင့်တခုနဲ့ပဲ
တံခါးကိုဖွင့်လိုက်တော့

အဲဒီမှာ
မအိပ်ဖြစ်တဲ့ညဟာ
အလွမ်းနဲ့ထွေယစ်
မြစ်နဲ့အတူ စီးဆင်းခဲ့ပြီ
ပင်လယ်ဆီ။ ။

ဘုန်းသက်ပိုင်
၂၈.၉. ၉၇


+ အိပ်တန်းကြောင် စကားလုံးကို (ကို) နွေလယ်နေဆီမှ ယူပါသည်။

မိုးမခ အတွဲ ၄၊ အမှတ် ၇၊ ဇူလိုင် ၂ဝ၁၇ ထုတ်မဂ္ဂဇင်းမှ ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်