မောင်မောင်ငြိမ်းအေး – ရဲရင့်နှင်းဆီ

October 2, 2017

Graphic – Than Htay Maung

 

မောင်မောင်ငြိမ်းအေး – ရဲရင့်နှင်းဆီ

(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၇

အောက်စဖို့စ်ဟာ
အောက်စလွတ်သွားခဲ့ပြီ။တစ်လွဲဆံပင်ကောင်းအတွေးအခေါ်တွေနောက်
ကယောင်ချောက်ချားလိုက်
သံကိုသံဖျက် သံချေးတက်သလို
တက္ကသိုလ်ကို တက္ကသိုလ်ကဖျက်
အောက်စဖို့စ်နာမည်ပျက်ခဲ့ပြီ။

ရဲရင့်နှင်းဆီဟာ
အောက်စဖို့စ်ခန်းမမှာပွင့်မှ
ရနံ့မွှေးကြိုင်လှပလာခဲ့တာမဟုတ်ပေဘူး
အာဏာရူးတွေရဲ့လှံစွပ်ရှေ့
မျက်နှာချင်းဆိုင်တေ့ရပ်
အာဏာရှင်စနစ်ကိုတစ်ခန်းရပ်အောင်
နှိပ်စက်သတ်ဖြတ်ခြင်းတွေကို
နှစ်များစွာကျော်ဖြတ်ပြီးတဲ့နောက်မှာမှ
ကမ္ဘာတစ်ခွင်ကြိုင်လှောက်လာတာဖြစ်တယ်။

ရဲရင့်နှင်းဆီတစ်ပွင့်
သူ့ဂုဏ်နဲ့သူ ဝင့်ပြီးမှ
အောက်စဖို့စ်ကထိုးစိုက်
ဂုဏ်ယူလိုက်ချင်တာမဟုတ်လား
စိန်နားကပ်အရောင်နဲ့
ပါးပြောင်ချင်တာမဟုတ်လား။

ဒီ နှင်းဆီနီနီတစ်ပွင့်
ပြည်သူ့ယုံကြည်မှုမှာ
ထာဝဇဉ်ပွင့်လန်း
ဂုဏ်သိက္ခာတွေ
ကမ္ဘာကိုလွှမ်းနေမှတော့
အောက်စဖို့စ်ခန်းမထဲကဖြုတ်လိုက်ရုံနဲ့
ရနံ့ကုန်သွားမယ်ထင်နေသလား
ကမ္ဘာသူကမ္ဘာသားတွေနဲ့
မြန်မာပြည်သူတွေရဲ့ရင်ထဲ
စွဲစွဲမြဲမြဲချိတ်ဆွဲရှင်သန်
အောင်ပွဲခံမွှေးကြိုင်လှပနေမှာအမှန်ပါ။

အောက်စဖို့စ်ဟာ
အောက်စလွတ်သွားခဲ့ပြီလေ။ ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်