ကိုသန်းလွင် ● ဂျာမနီမှ သိပ္ပံ

October 11, 2017

ကိုသန်းလွင် ● ဂျာမနီမှ သိပ္ပံ
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၇

(၁)
ဂျာမနီမှ သုတေသနလုပ်သူ မည်သူ့ကိုဘဲမေးမေး အဘယ့်ကြောင့်ဂျာမန်တို့၏ ‘သုတေသနလုပ်ငန်းများ အောင် မြင်ရပါ သလဲ’ ဟုမေးလျင် အင်ဂျလာမာကယ် (Angela Merkel) ကြောင့်ဟုပင် ဖြေကြပါလိမ့်မည်။ ကမ္ဘာ့အာဏာ အရှိဆုံး အမျိုးသမီးများတွင် တစ်ဦးအပါအ၀င်ဖြစ်သော ဂျာမနီ ချန်စဲလာ (Chencellar) သည် အရှေ့ဂျာမနီမှ ရူပဗေဒပညာရှင် ဘ၀ ကို မမေ့သူဖြစ်သည်။

(၂)
တစ်ကမ္ဘာလုံးက စီးပွားရေးကပ်ဆိုက်နေချိန်တွင်ဂျာမနီအစိုးရသည် နှစ်စဉ်သိပ္ပံနှင့် သုတေသနဆိုင်ရာဘတ်ဂျက်ကို အမြဲ ထာဝစဉ်တိုးမြှင့်၍သာ သုံးခဲ့ပါသည်။ တက္ကသိုလ်အချင်းချင်းယှဉ်ပြိုင်ရေးကို အမြဲဦးစားပေးပြီး တစ်ဦးနှင့် တစ်ဦး ပူးပေါင်း ဆောင်ရွက်ရေးကို မြှင့်တင်စေပါသည်။  စွမ်းအင်အသစ် အသုံးပြုရေး၊ ရာသီဥတုထိမ်းသိမ်းရေး ကဏ္ဍများတွင် ကမ္ဘာကြီးကို ဦးဆောင်မှုပေးနိုင်ခဲ့ပါသည်။ အခြေခံသိပ္ပံ ကိုဦးစားပေး၍ အခြားကဏ္ဍများအပေါ်တွင် အကျိုးသက်ရောက်စေ ခဲ့ပါသည်။

နိုင်ငံခြားပညာရှင်ပေါင်းများစွာက ဂျာမနီကို မိမိတို့ သုတေသနလုပ်ကိုင်ရာ နိုင်ငံအဖြစ် ရွေးချယ်ကြသည်။ အမေရိကန် နှင့်အင်္ဂလန်စသော နိုင်ငံများနှင့်စာလျင် ဂျာမနီတွင် နေထိုင်ရသည်မှာ ယုန်နှင့်လိပ်အပြေးပြိုင်သကဲ့သို့ ဂျာမနီသည်နှေး သော်လည်း သေချာပိုင်ပိုင်နိုင်နိုင် သုတေသနလုပ်နိုင်သည့် တည်ငြိမ်မှုရှိသော နိုင်ငံဖြစ်သည်။ ယခုရွေးကောက်ပွဲတွင်လည်း မာကယ်ကပင် အနိုင်ရပြီးဖြစ်ရာ ဂျာမနီ၏ သိပ္ပံနှင့်ပတ်သက်၍ လုပ်ငန်းများကိုထိမ်းသိမ်းထားနိုင်ပါလိမ်မည်။

ဂျာမနီသည်အရည်အသွေးကောင်း မွန်လှသော  (machine Tools) များထုတ်လုပ်ရာ၊ တခါဝယ်မိလျင် တသက်လုံးသုံး ရမည့် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်သူနိုင်ငံအဖြစ်ထင်ရှားသည်။ ဂျာမနီသည် သိပ္ပံနှင့်ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း အမြစ်စွဲလျက်ရှိပါသည်။

ဂျာမနီသည် ၂၀ရာစု မုန်တိုင်းများမထန်ခင်တုန်းက ကမ္ဘာကို ဦးဆောင်နိုင်ခဲ့သော နိုင်ငံဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံ များစွာက လေးစားခဲ့ရသောနိုင်ငံဖြစ်ပါသည်။ ယောက်ျားများဦးဆောင်သော၊ တင်းကြပ်သော စည်းစနစ်များနှင့် ဂျာမနီ၏ အတတ်ပညာမှာကြံ့ကြံ့ခိုင်လျက်ပင်ရှိပါသည်။ အမေရိကန်ကဲ့သို့သော စက်မှုထိပ်တန်းနိုင်ငံ များ အနေဖြင့် ဂျာမနီမှ သိပ္ပံဆိုင်ရာ ဆုံးဖြတ်ချက်များ ဘတ်ဂျက်ရေးရာကိစ္စများကို လိုက်နာနိုင်လျင် ပို၍ကောင်း မည်ဟု လူအများက ပြောနေကြပါသည်။

ဂျာမနီနိုင်ငံ၏ ခေတ်မှီသိပ္ပံဆိုင်ရာ ဥပဒေများကို လွန်ခဲ့သောရာစုနှစ်ခုကျော်က ဟမ်းဘို့ (wilhelm Von Hamboldt) က ချမှတ်ထားခဲ့ပါသည်။ ဥပမာ တက္ကသိုလ်မှ ပါမောက္ခများသည် စာသင်ကြားရုံသာမက သုတေ သနလုပ်ဆောင်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရမည်ဟု နည်းလမ်းချမှတ်ခဲ့သည်။ သူ့ဖီလိုဆိုဖီဖြစ်သော ပညာရေးကိစ္စများကို ဆောင်ရွက်သူသည် နိုင်ငံရေးနှင့် ဘာသာရေးအစွဲအလန်း ကင်းစင်ရမည်ဟူသော ၀ါဒမှာလည်း ခေတ်မှီလှပါသည်။ ဟမ်းဘို့ ၏ အယူအဆများ သည် အရိုးစွဲနေပြီဖြစ်ရာ ဂျာမန်တို့၏ DNA ထဲတွင် ပါဝင်လျက်ရှိသည်ဟုပင် ပြောနိုင်ပေသည်။

ထို့ကြောင်းလည်း တိုင်းပြည်၏ ဘတ်ဂျက်ရေးရာကိစ္စများတွင် အကြပ်အတည်းပေါ်လာတိုင်းလည်း သိပ္ပံနှင့် သုတေသန ဆိုင်ရာလုပ်ငန်းများအတွက် ငွေကြေးကို အထိခိုက်မခံခဲ့ပေ။

အဒေါ့ဟစ်တလာ (Aldof Hitler) တန်ခိုးကြီးထွားခဲ့စဉ်က ဂျာမန်သိပ္ပံသည် အဆင့်နိမ့်ကျခဲ့ပြီး တိုင်းပြည်သည်လည်း ကံဆိုးမိုးမှောင်ကျခဲ့ရပြီး ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဤအဖြစ်ကို မျက်ဝါးထင်ထင်မြင်ခဲ့ကြပြီး ဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် အရှေ့နှင့်အနောက်ဂျာမနီ နှစ်နိုင်ငံ ကွဲသွားခဲ့သည်။ ကွဲပြားသည့်သိပ္ပံဆိုင်ရာ အဆောက်အဦးနှစ်ခုကို သီးခြားစီ တည်ထောင်ခဲ့ကြသည်။

အနောက်ဂျာမနီက ဒီမိုကရေစီနိုင်ငံအဖြစ် Art and Science သည် လွတ်လပ်ရမည်။ အာဏာကို ဗဟိုကချုပ် ကိုင်ခြင်း၊ အလွဲသုံးစားလုပ်ခြင်း၊ စသည်တို့ကို မဖြစ်အောင် ရှောင်ရှားခဲ့ကြသည်။ ဖက်ဒရယ်စနစ်ကို ထူထောင် ပြီး တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ယဉ်ကျေးမှု၊ သိပ္ပံနှင့်ပညာရေးဆိုင်ရာကိစ္စများကို လွတ်လပ်စွာ ကျင့်သုံး လုပ်ဆောင်ခဲ့ကြသည်။ ဤစနစ်ကြောင့် ဆိုးကျိုးများရှိသလို ကောင်းကျိုးများလည်း ရှိခဲ့ကြသည်။

ကွန်မြူနစ်အရှေ့ဂျာမနီ (DDR) တွင်မူ သုတေသနလုပ်ငန်းများကို ဗဟိုကဦးစီးချုပ်ကိုင်ထားသည်။ နိုင်ငံ၏ ချွတ်ချုံကျမှုနှင့်အတူ သုတေသနလုပ်ငန်းများမှာ အနောက်နိုင်ငံများနှင့် မဆက်စပ်မိဘဲ အထီးကျန်ဖြစ်ခဲ့သည်။

မာကယ် သည် ဤစနစ်ကြီးအောက်မှ ၁၉၇၈ခုနှစ်တွင် လိုက်ဗဇစ် (Leipzig) ရှိ ကားလမတ်အင်စလီကျု မှ ရူပဗေဒ ဘွဲ့ကို ရရှိခဲ့သည်။ ထို့နောက် ဘာလင်ရှိ (Physical Chemistry) ဌာနသို့ ၀င်ရောက်အမှုထမ်းဆောင်ခဲ့ သည်။ သူ၏ဒုတိယယောက်ျားဖြစ်လာမည့် ဆော့ဆာ (Joachim Saucer) နှင့်တွေ့ခဲ့ကြသည်။ အရှေ့ဂျာမနီတွင် သူ၏ PhD စာတမ်းမှာ ( What is the Socialist Lifestyle ) ဟူ၍ ဖြစ်သည်။

၁၉၉၀ တွင်ဂျာမနီနှစ်နိုင်ငံပေါင်းစည်းမိသောအခါ အရှေ့ဂျာမနီမှသိပ္ပံပညာရှင်များ၏ အရည်အသွေးကိုစစ်ဆေး ဆုံးဖြတ်ခဲ့ကြသည်။ သိပ္ပံပညာရှင်များစွာ အလုပ်ပြုတ်သူပြုတ် ဖြစ်ကုန်သော်လည်း ဆော့ဆာ မှာ ဘာလင်ရှိ ဟမ်းဘို့ တက္ကသိုလ်သို့ ပြောင်းရွှေ့ရမည်ဟု အမိန့်ကျလာသည်။ မာကယ်အဖို့ နိုင်ငံရေးအယူအဆ မပြင်းထန် သည်မှန်သော်လည်း Christian Demoratic Union (CDU) ပါတီဝင်ဖြစ်ခါ ရာထူးအဆင့်ဆင့်တိုးမြှင့်ခဲ့သည်။ ပဌမဆုံးအမျိုးသမီး ချန်စဲလာ အဖြစ် ၂၀၀၅တွင် စတင်အရွေးခံရသည်။ သူသည် ၂၀၀၉၊ ၂၀၁၃၊ ၂၀၁၇ တို့တွင် ဆက်တိုက်အနိုင်ရရှိခဲ့သည်။ ဂျာမနီတွင် ခေါင်းဆောင် တစ်ဦးအတွက် ဘယ်နှစ်ကြိမ်သာ အရွေးခံရမည် ဆို သော ကန့်သတ်ချက်မရှိပါ။

သူ့အနေဖြင့် အခြေခံသုတေသနလုပ်ငန်းကို ဘယ်သောအခါမှ မေ့မထားပါဘူးဟုပြောသည်။

ဂျာမနီနိုင်ငံ၏ သုတေသနလုပ်ငန်းများကို တက္ကသိုလ်များနှင့် အဖွဲ့အစည်းလေးခု က ဦးဆောင်ကြသည်။

မက်ပလန့် အစည်းအရုံး ( Max Plank Society ) ၁၉၄၈ ခုနှစ်တွင် ထူထောင်သည်။ အခြေခံသိပ္ပံဆိုင်ရာ သုတေသနဌာန ၈၁ ခုကိုတာဝန်ခံရသည်။၊ သူတို့၏သုတေသနဆိုင်ရာအကြီးအကဲများသည် မိမိဖါသာကိုယ်ပိုင် ဘတ်ဂျတ်ကို စီမံခန့်ခွဲပိုင်ခွင့် ပေးထားသည်။ ဒါရိုက်တာတစ်ယောက်အနေဖြင့် တနှစ်တွင် ယူရိုငွေ ၃ သန်း (အမေရိကန် ဒေါ်လာ၂.၄ သန်း) ရရှိသည်။ အဓိက သိပ္ပံဆိုင်ရာ ပစ္စည်းကရိယာများ ၀ယ်ယူခြင်း မပါဝင်ပေ။

ထို့အပြင် (Apply Research) ကို အဓိကထားသည့် Joseph VM Fraunhofer (၁၇၈၇- ၁၈၂၆) ကို ဂုဏ်ပြု၍ ဖွဲ့စည်းထားသော အဖွဲ့အစည်း ၊ ဟာမင်ဟမ်းဟော့ (Herman Helmholt) (၁၈၉၁-၁၈၉၄) ၏ အမည်ကိုယူ၍ ဖွဲ့စည်းထားသောအဖွဲ့နှင့် ( ottfried Leibniz ) ( ၁၆၄၆- ၁၇၁၆ ) မှာ အခြားသိပ္ပံဆိုင်ရာ အဖွဲ့အစည်းများကို စုပေါင်း၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဂျာမန်နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးမှာ အနောက်ဂျာမနီအစိုးရအပေါ် တာဝန်ကျရောက်ခဲ့သည်။ ကုန်ကျ စားရိပ်မှာ မသက်သာလှပေ၊ သို့သော်လည်း ၂၀၁၅ ခုနှစ် အထိ သိပ္ပံအဆောက်အဦးဆိုင်ရာအတွက် ထောက်ပံ့ ငွေမှာ လျှော့မသွားပေ၊၊ ၁၉၄၉ ခုနှစ်ကတည်းက သဘောတူထားသကဲ့သို့ အစိုးရသည် တိုင်းအစိုးရများနှင့် ပူးပေါင်းကာ တက္ကသိုလ်ပေါင်း ၁၁၀ ကို သုတေသနအတွက် ကုန်ကျငွေများကို ထောက်ပံ့လျက်ရှိသည်။

မာကယ်မတိုင်မှီ ယခင်အစိုးရလက်ထက် ၁၉၉၉ ခုနှစ်က ပြဌာန်းလိုက်သော ဥပဒေအရ တိုင်းဒေသများသည် မိမိတို့ တက္ကသိုလ်အရေးကို ကို မိမိဖါသာ ဖန်တီးပိုင်ခွင့်၊ ဘတ်ဂျတ်ကို ကိုယ်တိုင်သုံးစွဲပိုင်ခွင့်၊ နှင့် မိမိ တက္ကသိုလ် အတွက် ၀န်ထမ်းများခန့်ပိုင်ခွင့်တို့ကို အောက်ခြေသို့ချပေးသည်။ မာကယ်ချန်စဲလာဖြစ်လာသည် နှင့် မိမိနှင့် စိတ်တူကိုယ်တူ သူ့မိတ်ဆွေ Annelte Shavam ကို ပညာရေးနှင့် သုတေသန၀န်ကြီးအဖြစ် ခန့်အပ် ပြီး စီမံလုပ်ဆောင်ခဲ့သည်။ ယခုအချိန်အထိ ရံပုံငွေ ၆၄.၆ ဘီလီယံအထိ သုတေသနလုပ်ငန်းရပ်များထဲသို့ ထည့်သွင်းပြီးဖြစ်သည်။

ယခင် အစိုးရက တက္ကသိုလ်များကို ကိုင်လှုပ်လိုက်သော ဥပဒေကို ပြဌာန်းခဲ့သည်။ တက္ကသိုလ်များမှာ ဓလေ့ထုံးစံအရ အတူတူပင်ဖြစ်သည်။ ‘ Excellence Initive 2015 ‘အရ အစိုးရ၏ ရံပုံငွေကိုယှဉ်ပြိုင်ယူ ကြရသည်။ ထိုယှဉ်ပြိုင်မှုတွင် သုတေသနအဆင့်အတန်း၊ ကျောင်းသားများ၏ ဘွဲ့ရမှု၊ အခြား Cluster Excellence ခေါ် သုတေသနလုပ်ငန်းများတွင် အခြားအဖွဲ့အစည်းများနှင့် စုပေါင်းလုပ်ဆောင်နိုင်မှုများကိုကြည့်၍ အဆင့်အတန်း ခွဲခြားလိုက်သည်။ ထိုတက္ကသိုလ်များထဲမှ ထွက်ပေါ်လာသော တက္ကသိုလ်ကို Elite school ဟုခေါ်ပြီး ယခုအချိန် အထိ ကျောင်း ၁၄ ကျောင်းကို ရွေးချယ်ပြီးဖြစ်သည်။

မာကယ်နှင့် ၀န်ကြီးများက ဆရာများလစာတိုးမြှင့်ပေးရေးကို ဆောင်ရွက်ခဲ့သည်။ World class အဆင့် တက္ကသိုလ် ၂၀၀ တွင် ဂျာမနီတက္ကသိုလ်များမှာ ၂၀၀၅ ခုနှစ်က ကျောင်း ၉ ခုသာပါခဲ့ရာမှကျောင်း ၂၂ ကျောင်း အထိတိုးမြှင့်လာခဲ့သည်။ ဂျာမနီတက္ကသိုလ်တစ်ခုမှာ excellence စနစ်တွင် ဆုများရရှိ ခဲ့ပြီး အဆင့် ၆၁ ရှိခဲ့ရာမှ  အဆင့် ၃၀ ဖြစ်လာခဲ့သည်။ ဂျာမနီတက္ကသိုလ်များမှာ ၂၀၀၅ ခုနှစ်နှင့် စာသော်မမှတ်မိ နိုင်လောက်အောင် ပြောင်းလဲခဲ့ပြီဖြစ်သည်။

နိုင်ငံခြားသားဝန်ထမ်းများ အချိုးအစားမှာ ၂၀၀၅ ခုနှစ်တွင် ၉.၃ % ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၁၂.၅ % အထိ တိုးတက် လာခဲ့သည်။ ဂျာမနီမှရေးသော စာတမ်းများအခြေအနေမှာ ရည်ညွှန်းရသော စာတမ်းများ ထိပ်တန်း ၁၀ % တွင် ပါဝင်လာခဲ့သည်။ အမေရိကန်မှရေးသော စာတမ်းများထက် အဆင့်မြင့်သည်။

(၃)
မာကယ်က မဲဆွယ်ပွဲတွင် သိပ္ပံဆိုင်ရာဘတ်ဂျတ်သည်နှစ်စဉ် ၄ % မျှ တိုးတက်စေရမည်ဟု ကတိပြုထားသည်။ နေ့စဉ် ခရီးမသွားရဘူးဆိုလျင် ဟမ်းဘို့ တက္ကသိုလ်အနီးရှိ အိမ်သို့ ပြန်လေ့ရှိသည်။ သူ့ယောင်္ကျားရှိရာ နေအိမ်သို့ ပြန်ခြင်းမှာ  အရင်းအမြစ် (Root) ဆီသို့ပြန်ခြင်းလည်းဖြစ်ပါသည်။ သူမသည် သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ရန် ဘာတွေလုပ်ရမည်။ သုတေသနလုပ်ငန်းအတွက်ဘာတွေလိုသည်ဆိုသည်ကိုသိပြီးဖြစ်ပါသည်။

ကိုသန်းလွင်
Ref: Germany Secret to Scientific Excellent , Allism Abbott ….Nature 7.September.2017.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, ရသဆောင်းပါးစုံ

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

ဒီလို ကြော်ငြာချင်သလား

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်