မျိုးတေဇာမောင် ● ခင်ဗျားစိတ်ကူးနဲ့ရူးနေတဲ့ကိစ္စ အခြေအနေဘယ်လိုလဲ

October 12, 2017

● ခင်ဗျားစိတ်ကူးနဲ့ရူးနေတဲ့ကိစ္စ အခြေအနေဘယ်လိုလဲ
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၇

(၁)
ဘီယာခွက်နှုတ်ခမ်းမှာလျှံကျနေတဲ့
ဘီယာအမြုပ်တွေကို လျှာနဲ့သပ်ပြီး
ဘီယာတစ်မော့ မော့ချလိုက်သူဟာ
ကျနော်ဖြစ်ပြီး၊ အဲ့ဒီ့အချိန်မှာ
ကျနော်ဟာ ကော့ဘ်ဘဇားက ဒုက္ခသည်စခန်းမှာ
ဘုရားဝတ်ပြုနေပြန်တယ်
ဗိုက်ထဲ တကျုတ်ကျုတ်မြည်တဲ့ ဆာလောင်မှုနဲ့
အမြည်းပန်းကန်ထဲကအသားတဖတ်ကို
ကျနော်တူနဲ့ညှပ်ယူပြီး ဝါးတယ်
ကမ္ဘာကြီးဟာ ပန်းစကြာင်္မှန်ပြောင်းထဲမှာ
သဏ္ဌာန်မျိုးစုံပန်းပွင့်တွေ
ငတ်တာနဲ့ပျော်တာဟာ
ပြောင်းတဲ့အခါတစ်ထပ်တည်းတခါလေကျပြန်ရော
ခွဲခြားမရ၊ခြေဖဝါးတွေဟာ မြက်ထဲ၊ရေထဲမှာနစ်လို့
တကယ်လှပတဲ့အရာတွေဟာ
အမြင်မခံကြဘူး၊ အလှအပကိုမြင်ဖို့
ဟော့ဒီ့ မျက်လုံးတွေနဲ့ မလုံလောက်ဘူး
ရေခဲပြင်ရဲ့အလွန်မှာ သမုဒ္ဒရာ
သမုဒ္ဒရာရဲ့အလွန်က ကန္တာရရဲ့ ဟိုတဘက်မှာ
ပိန်လှီနေတဲ့ ဠင်းတတကောင်
မိုဒယ်ထိုင်နေတာအဲ့ဒာကြီးကို
နိုင်ငံတကာက ပန်းချီကျော်တွေနဲ့
ဓာတ်ပုံဆရာအကျော်အမော်တွေ
အလုအယက် ရေးကြ၊ ရိုက်ကြ။

(၂)
ကျနော့်အတွက်
ဘီယာလက်ကျန် နည်းနည်းရှိသေးတယ်။

(၃)
ခဏနေရင် မိုးရွာချင်ရွာမယ်
ရွာချင်မှ ရွာမယ်။

(၄)
ကျနော်ဟာ ကျနော်မဟုတ်ရင်
ကျနော်ဖြစ်ချင်တာ
တိဘက်မှာပေါက်ဖွားတဲ့ တီကောင်တကောင်။

မျိုးတေဇာမောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်