မျိုးတေဇာမောင် ● နဇီးမ် ဟစ်က်မတ်က် – Nazim Hikmet ( Turkey , 1902)

October 20, 2017

● နဇီးမ် ဟစ်က်မတ်က် 

Nazim Hikmet ( Turkey , 1902)
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၇

တူရကီ ကဗျာဆရာကြီး နဇီးမ် ဟစ်က်မတ်က် ကို ၁၉၀၂ ၊ဇန်နဝါရီလ ၁၅ ရက်နေ့ ထိုစဉ်က အော်တိုမန်အင်ပါယာပိုင်နက်ထဲက Salonikaမှာ ဖွားမြင်တယ်။ အခုတော့အဲ့ဒီဒေသ ဟာဂရိနိုင်ငံထဲမှာပါ။ နဇမ်းဟောမခ်ရဲ့ဖခင်ဟာ အော်တိမန်အင်ပါယာ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းတစ်ယောက်ဖြစ်ပြီး အဖိုးဖြစ်သူကတော့ကဗျာဆရာတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။အသက် ၁၇နှစ်လောက်ကတည်းက သူဟာကဗျာရေးနေပါပြီ။

အီစတန်ဘူလ်မြို့တော်မှာကြီးပြင်းခဲ့တဲ့ နဇီးမ် ဟစ်က်မတ်က် ဟာ ပထမကမ္ဘာစစ်ကြီးပြီးနောက်တူရကီကိုမဟာမိတ်တွေသိမ်းပိုက်လိုက်တဲ့အခါ ဆိုဗီယက်​ ယူနီယံမော်စကိုမြို့တော်ကိုထွက်ခွာသွားပြီးတက္ကသိုလ်ပညာဆည်းပူးခဲ့တယ်။မော်စကို မှာနေထိုင်တုန်း ကဗျာဆရာ၊စာရေးဆရာများစွာနဲ့မိတ်ဆွေဖြစ်ခဲ့တယ်။

၁၉၂၄ တူရကီလွတ်လပ်ရေးရတော့တူရကီကိုပြန်လာခဲ့တယ်။ လက်ဝဲမဂ္ဂဇင်းတစ်စောင်ကို ထုတ်ဝေတာကြောင့်တူရကီအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းခံရပေမယ့်ထွက်ပြေးလွတ်မြောက်ပြီး ရုရှမှာနေထိုင်ရင်း ပြဇာတ်တွေ၊ကဗျာတွေဆက်လက်ရေးသားတယ်။

၁၉၂၈မှာအထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့တူရကီကိုပြန်လာခွင့်ရခဲ့တယ်။ ၁၉၅၁မှာတော့တူရကီကွန်မြူနစ်ပါတီဝင်ဖြစ်သူကဗျာဆရာ  နဇီးမ် ဟစ်က်မတ်က် ဟာကာလကြာရှည်ထောင်သွင်းအကျဉ်းချခံရပြီး နောက်ဆုံးအကြိမ်တူရကီနေထွက်ခွာခဲ့တယ်။ လွယ်လွယ်ကူကူ လွတ်မြောက်ခဲ့တာတော့မဟုတ်ပါဘူး။ ပီကာဆို၊ ပေါလ်ရော်ဘင်ဆန်၊ ယန်းပေါဆာထ် စတဲ့ကမ္ဘာကျော် အနုပညာရှင်တွေကဝိုင်းဝန်းတောင်းဆိုကြတဲ့အပြင်သူကိုယ်တိုင်အစာငတ်ခံဆန္ဒပြပြီးမှ လွတ်မြောက်ခဲ့တာပါ။နောက်ပိုင်းဆိုဗီယက်မှာ နေထိုင်ပြီး အသက် ၆၁ နှစ်အရွယ်၊ ၁၉၆၃ ဇွန်လ ၃ ရက်နေ့ ရုရှမှာကွယ်လွန်ပါတယ်။

အကျဉ်းထောင်က လွတ်မြောက်ပြီးနောက်

အိပ်ယာကနိုးတော့
ခင်ဗျားဘယ်ရောက်နေတာလဲ
အိမ်မှာပါလား
နိုးနေနေ၊ အိပ်ပျော်နေနေ
ကိုယ့်အိမ်ကိုယ့်ယာဆိုတာ ကျင့်သားရပြီးသား။
အကျဉ်းထောင်ထဲက ဆယ့်သုံးနှစ်ဆိုတာ
မူးယစ်ဆေးဝါးထက်ပိုတဲ့ ထုံထိုင်းမှုကိုဖြစ်စေတယ်
အခု ခင်ဗျားဘေးမှာ ဘယ်သူလှဲလျောင်းနေသလဲ
အထီးကျန်မှု မဟုတ်၊ ခင်ဗျားဇနီး
ကောင်းကင်တမန်တစ်ပါးရဲ့ အိပ်စက်ခြင်းလို
ကျန်းမာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး။
အခုဘာယ်အချိန်ရှိပြီလဲ
ရှစ်နာရီ
ဒါဆို ညနေစောင်းထိ
ခင်ဗျားအန္တရာယ်ကင်းနေဆဲဆိုတဲ့သဘော
ဒါဟာလည်း
ရဲဆိုတာ
နေ့ခင်းကြောင်တောင်
အိမ်ထဲဝင်စီးနင်းလေ့မရှိလို့သာ
ခင်ဗျား အန္တရာယ် ကင်းနေတာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဘာသာပြန်ကဏ္ဍ, လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)