ဒေါက်တာခင်မောင်ဝင်း (သချာင်္) – လောက၏အဖြေကို သင်္ချာနည်းဖြင့် ရှာခဲ့သော သမိုင်း

October 24, 2017

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – လောက၏အဖြေကို သင်္ချာနည်းဖြင့် ရှာခဲ့သော သမိုင်း
(အတွေးအမြင်မဂ္ဂဇင်း၊ အမှတ်စဉ် ၉၁) မိုးမခ၊ အောက်တိုဘာ ၂၄၊ ၂၀၁၇

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ဝ လောက်က အိန္ဒိယနိုင်ငံတွင် ပညာရှိကြီးတစ်ဦးသည် လူငယ်များကို ဉာဏ်စမ်းတစ်ခု မေးနေသည်။ ထိုဉာဏ်စမ်းကို မမေးမီ အဝတ်တစ်ခုကို ထက်ဝက်ဆုတ်၍ ပြသည်။ ရရှိလာသော တစ်ဝက်ကို နောက်ထပ်တစ်ဝက် ဆုတ်လိုက်သည်။ ဤနည်းအတိုင်း တစ်ဝက် တစ်ဝက် ဆုတ်ပြသည်။

ဤသို့ဆုတ်ပြရင်းမေးလိုက်သည်မှာ ”ဒီလိုပဲ အခုလို စုတ်ပြဲသွားရင် နောက်ဆုံးဘာရမလဲ” ဟု ဖြစ်သည်။

လူငယ်တစ်ဦးက မဖြေရဲဖြေရဲဖြင့် ဖြေလိုက်သည်။ ”နောက်ဆုံး အဝတ်စအသေးဆုံးလေး ရမှာပေါ့”

”အေး … ဟုတ်တော့ ဟုတ်တယ်။ အဲဒီအဝတ်စကလေးကို နောက်ထပ်ဆုတ်လိုက်ရင်ကောကွာ” ဟု ဆက်မေးသည်။

”ပိုသေးတဲ့ အဝတ်စကလေး ရမှာပေါ့”

”ဟုတ်တယ်လေ။ ဒါပေမဲ့ နောက်ဆုံး ဘာရမလဲ။ အသုံးကော ရှိပါ့မလားကွာ”

”ဒါတော့ ကျွန်တော်လည်း မသိတော့ဘူး”

”ဟုတ်တယ်။ ဒီမေးခွန်းကို ဖြေဖို့မလွယ်တာအမှန်ပဲ။ ငါထင်တာတော့ ဘယ်လောက်သေးတဲ့ အပိုင်းကလေးပဲရရ ထပ်ပိုင်းနိုင်မှာပဲ ထင်တယ်”

သင်္ချာနည်းဖြင့် ဤပြဿနာကို လေ့လာကြည့်ပါက မည်မျှသေးသောအရာကိုမဆို နောက်ထပ်ပိုသေးငယ်အောင် ပိုင်းနိုင်လိမ့်မည်ဟူသော အယူအဆသည် မှန်လိမ့်မည်ဟု  ထင်စရာဖြစ်နေသည်။

ဤကဲ့သို့ တွက်ကြည့်နိုင်သည်။

တစ်ကို တူညီသောနှစ်ပိုင်းပိုင်းလျှင် 1/2 ရသည်။ 1/2 ကို နောက်ထပ် နှစ်နဲ့စားသော် 1/4 ရသည်။ 1/4 ကို နှစ်နဲ့ထပ်စားလျှင် 1/8 ရသည်။ ဤနည်း အတိုင်း ဆယ်ကြိမ်အထိပိုင်းလျှင် 1/1024 ရသည်။
အကယ်၍ အကြိမ်နှစ်ဆယ်အထိပိုင်းလျှင် 1/1048576 ရသည်။

သင်္ချာနည်းဖြင့် မည်မျှသေးငယ်သော သုညမဟုတ်သည့် ဂဏန်းများကိုမဆို ပိုငယ်သွားအောင် ထက်ဝက်ပိုင်းသွားနိုင်သည်။ အဆုံးမရှိအောင် ထက်ဝက်ပိုင်းသွားနိုင်သည်။ သို့သော် သင်္ချာနည်းဖြင့် ဤသို့ပြုလုပ်နိုင်တိုင်း လက်တွေ့အရာဝတ္ထုများကို မဆုံးမရှိ ပိုင်းသွားနိုင်ပါ့မလား။

ဤမေးခွန်း၏အဖြေကို ဂရိ (Greek) နိုင်ငံရှိ ရှေးပညာရှိကြီးများသည် ကြိုးစား၍ရှာကြသည်။
ဂရိဒဿနပညာရှင် ဒီမိုခရစ်တပ် (Democritus, 460 B.C.) က ဤသို့ဆိုသည်။

”ကျွန်တော်ထင်တာကတော့ ဘယ်အရာဝတ္ထုကိုပဲဖြစ်ဖြစ် ထပ်ကာထပ်ကာ ပိုင်းသွားရင် နောက်ဆုံးတော့
မပိုင်းနိုင်တော့ဘဲ အရာဝတ္ထုတစ်ခုခုကို ရလိမ့်မယ်။ အဲဒါကို အက်တမ် (actom) လို့ ခေါ်တယ်”

ဂရိဘာသာစကားတွင် အက်တမ်ဟူသောဝေါဟာရသည် အသေးငယ်ဆုံးဖြစ်၍ နောက်ထပ်ခွဲစိတ်၍ မရသော အရာဝတ္ထုဟု အဓိပ္ပာယ်ရသည်။

ခရစ်နှစ် ၁၅၀ဝ နောက်ပိုင်းတွင် ရူပဗေဒပညာရှင်များ၊ ဓာတုဗေဒ ပညာရှင်များနှင့် ဒဿနပညာရှင်များသည် အရာဝတ္ထုများ တည်ဆောက်ထားပုံ သဘာဝနှင့် ပတ်သက်၍ စူးစမ်းရှာဖွေကြပြန်သည်။

ခရစ်နှစ် ၁၈၁၀ ခုနှစ်တွင်

အင်္ဂလိပ်လူမျိုး ဂျွန်ဒယ်လတွန် (John Delton) နှင့်


အီတလီလူမျိုး အာဘိုဂရေးတိုး (Avogrado) တို့သည် အက်တမ်အကြောင်းနှင့်ပတ်သက်သော အချက်အလက်သစ်များကို တွေ့ရှိခဲ့သည်။ သင်္ချာတိုးတက်မှုတို့သည် တစ်လမ်းစီသွားနေကြဆဲ ဖြစ်သည်။

၁၈၃၀ ခုနှစ်တွင် နောင်အခါ အက်တမ်ဆိုင်ရာသဘောတရားနှင့် သင်္ချာသဘောတရားတို့ ဆုံစည်းပေးမည့် အုပ်စုသီအိုရီ (Group Theory) အမည်ရှိသော သင်္ချာဘာသာသစ်တစ်ခု ပေါ်ပေါက်လာသည်။


ထိုဘာသာရပ် ကို တီထွင်သူမှာ ပြင်သစ်လူမျိုး ဂါလွာ (Galois, 1811-1832) ဖြစ်သည်။ သူသည် အသတ်မခံရမီညတွင် (၃၁) မျက်နှာရှိသော စာတမ်းတစ်စောင်ကို ရေးသားပြုစုခဲ့သည်။ ထိုစာတမ်းပါအချက်အလက်များကို နောက်ပိုင်း သင်္ချာပညာရှင်များသည် နှစ်ပေါင်းများစွာကြာအောင် ခဲခဲယဉ်းယဉ်း အဓိပ္ပာယ်ဖော်ခဲ့ကြရသည်။

နှစ်ဆယ်ရာစုနှစ်အစလောက်တွင် ပလင့်၏ သီအိုရီ (Plank’s Theory) သည် ခေတ်သစ် အက်တမ်ဆိုင်ရာ သီအိုရီကို များစွာအကျိုးပြုခဲ့ ပြန်သည်။


ပလင့်၏သီအိုရီကိုတီထွင်သူ ဂျာမန်လူမျိုး မက်(စ်)ပလင့်  (Mark Plank, ၁၈၅၈-၁၉၄၇) သည် ရူပဗေဒပညာရှင်ဖြစ်သော်လည်း သူ့တစ်သက်တွင် လက်တွေ့စမ်းသပ်မှုတစ်ခုသာ လုပ်ဖူးသည်ဟု ဆိုသည်။ သူသည် အခြေခံအားဖြင့် လက်တွေ့သိပံ္ပပညာကို ဦးစားမပေးဘဲ သင်္ချာပညာနှင့် သိပ္ပံအတွေးအခေါ် သီအိုရီပိုင်းကို ဦးစားပေးသောကြောင့်ဖြစ်သည်။


၁၉၁၃ ခုနှစ်တွင် ဒိန်းလူမျိုး နီး(လ်)ဘိုး Niel Bohr (၁၈၈၅- ၁၉၆၂) သည် အက်တမ်၏တည်ဆောက်ပုံကို ရှေးဦးစွာဖော်ပြနိုင်ခဲ့သည်။ သူ၏ဖော်ပြချက်အရ အက်တမ်၏ပုံသဏ္ဌာန်သည် စကြဝဠာတည်ဆောက်ပုံ
နှင့် အလွန်ဆင်တူလေသည်။ အလယ်တွင် နေနှင့်ပမာတူသော နယူးကလိယပ် (nucleus) ခေါ်သောအရာရှိသည်။ ထိုနယူးကလိယပ်ကို အီလက်ထရွန် (electron) ဟုခေါ်သော အမှုန်ကလေးများ လှည့်ပတ်နေပုံမှာ နေကို ကမ္ဘာ နှင့် ဂြိုဟ်များ လှည့်ပတ်နေသည့်အလားပမာ ဖြစ်လေသည်။

လွန်ခဲ့သောနှစ်ပေါင်းတစ်ရာလောက်က ဂါလွာ တီထွင်ခဲ့သော အုပ်စုသီအိုရီကို အက်တမ်ဆိုင်ရာသီအိုရီတွင် နှစ်ဆယ်ရာစုနှစ်တွင် ကောင်းစွာသုံးနိုင်ခဲ့သည်။ ရှေးဦးစွာ အသုံးပြုနိုင်သူများမှာ


အီတလီလူမျိုး အင်ရီကို ဖယ်မီ (Enrico Fermi, ၁၉၀၁-၁၉၅၄) နှင့်


ပေါ(လ်)ဒီရပ် (Paul Dirac) (၁၉၀၁- ) တို့ ဖြစ်ကြသည်။ ထို့နောက် နီး(လ်)ဘိုးနှင့် အခြားရူပဗေဒပညာ
ရှင်များလည်း အလားတူသင်္ချာကို အက်တမ်ဆိုင်ရသီအိုရီတွင် သုံးလာကြသည်။

ယနေ့အခြေအနေမှာ လောကကြီး၏အဖြေကိုရှာရာတွင် အထောက်အကူပြုနေသော ဘာသာရပ်နှစ်ခု ရှိသည်။ ၎င်းတို့မှာ အမှုန်ရူပဗေဒ (particle physics) နှင့် ကော(စ်)မော်လော်ဂျီ (cosmology) တို့ ဖြစ်ကြသည်။ အမှုန်ရူပဗေဒသည် အရာဝတ္ထုအားလုံးကို ပြုလုပ်ထားသော အငယ်ဆုံး အမှုန်ကလေးများကို ရှာဖွေသော ဘာသာရပ်ဖြစ်သည်။ ကော(စ်)မော်လော်ဂျီမှာ ကျွန်ုပ်တို့လက်လှမ်းမီသလောက် လောကတွင် အကြီးဆုံးသောအရာ ဖြစ်သည့် စကြဝဠာကြီး၏ မွေးဖွားရာအစနှင့် ပြောင်းလဲနေပုံကို လေ့လာသော ဘာသာရပ်ဖြစ်သည်။

ထို့ကြောင့် လောက၏ တည်ဆောက်ပုံကို သိပ္ပံပညာရှင်များ၊ ဒဿနပညာရှင်များနှင့် သင်္ချာပညာရှင်များ ရှာဖွေခဲ့ကြသောသမိုင်းကို ပြန်ကြည့်သော် ဤသို့တွေ့ရ၏။

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ဝ လောက်က အဝတ်တစ်စကို အပိုင်းပိုင်းဆုတ်ပြပြီး ”ဒီလိုပဲ အခုလို စုတ်ပြဲသွားရင် နောက်ဆုံး ဘာရမလဲ” ဟုမေးရာကစခဲ့သည်။

ထိုမှတစ်ဆင့် ဒီမိုခရစ်တပ်၏ အက်တမ်ဟူသောအတွေးအခေါ် ဖြစ်လာသည်။ ထို့နောက် ၁၈၁၀ ခုနှစ်လောက်က ဂျွန်ဒယ်လတွန်နှင့် အဘိုဂရေတိုတို့၏ လေ့လာချက်များ၊ ဂါလွာ၏ သင်္ချာတီထွင်မှု၊ မက်(စ်)ပလင့်၏ သင်္ချာနှင့် ရူပဗေဒသီအိုရီများ၊ နီး(လ်)ဘိုး၏ အက်တမ်တည်ဆောက်ပုံ ရှင်း
လင်းချက်၊ ဖယ်မီနှင့် ဒီရပ်တို့၏ သင်္ချာနှင့် ရူပဗေဒနယ်ပယ်တွင် အသုံးပြုပုံ များ ရှိခဲ့သည်။ ယခုနောက်ဆုံးတွင် အမှုန်ရူပဗေဒနှင့် ကော့(စ်)မော်လော်ဂျီတို့ကိုသုံး၍ လောကအဖြေရှာခြင်းတို့ ဖြစ်ပေါ်လာသည်။

အတွေးးအမြင် စာစဉ်(၉၁)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်, ဒေါက်တာခင်မောင်ဝင်း (သချာင်္)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်