မောင်စွမ်းရည် – ပန်းချီဆရာ ကာတွန်းဆရာ ”ထွန်းလှိုင်”

November 17, 2017

မောင်စွမ်းရည် – ပန်းချီဆရာ ကာတွန်းဆရာ ”ထွန်းလှိုင်”
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၇

မျက်မှောက်ခေတ် ပန်းချီကာတွန်းလောကမှာ ”ထွန်းလှိုင်” ဆိုတဲ့အမည်ကိုကြားဖူး၊ သိဖူးသူ အလွန်နည်းခဲ့ပါပြီး ပြောပ လောက်အောင် ပုံတွေမဆွဲဖူးလို့ မကျန်ရစ်လို့ လူသိနည်းတာ ဖြစ် မှာပေါ့လို့ ပြောလို့မဖြစ်ပါ။ သူ့လက်ရာပန်းချီသရုပ်ဖော် စာအုပ် တစ်အုပ်မှာ ၁၉၅၁ ခုနှစ်က ပထမဆုံး စာပေဗိမာန် စာပဒေသာဆု ရခဲ့တဲ့ စာအုပ်စင်မှာ မရှိမဖြစ်ထားရှိရတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါ တယ်။ သရုပ်ဖော်ရောင်စုံပုံတွေကလည်း နည်းနည်းနောနော မဟုတ်ပါ။ စာအုပ်တစ်ဝက်မက ပုံတွေနဲ့ပြည့်နေတဲ့ စာအုပ်ပါ။ ကိုယ်တိုင်ရေးဆွဲတာတွေပါ။

စာအုပ်ရဲ့အမည်က ”ဆင်ယင်ထုံးဖွဲ့မှု” တဲ့ ”ဆင်ယင်” တယ် ဆိုတာက အဝတ်အထည် ဝတ်ဆင်မှုကိုဆိုလိုတာဖြစ်ပြီး ”ထုံးဖွဲ့” တယ်ဆိုတာက ဆံကေသာဖြီးသင်ထုံးဖွဲ့မှုကို ဆိုလိုတာဖြစ်ပါတယ်။ မြန်မာနိုင်ငံသမိုင်းခေတ်အဆက်ဆက် ယောက်ျား၊ မိန်းမ၊ ပျိုပျို အိုအိုတို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဆံပင်ထုံးဖွဲ့ပြင်ဆင်မှုများ အကြောင်းကို သမိုင်းအထောက်အထား စာပေ၊ ပန်းချီ၊ ဓာတ်ပုံ များနဲ့ဝေဝေဆာဆာ စုဆောင်းပြုစုရေးသားထားတဲ့ ကျမ်းငယ် တစ် ဆူဖြစ်ပါတယ်။ စာအုပ်ကို ရေးသားပြုစုသူက ””တဲ့။ အဓိပ္ပာယ်က စစ်ကိုင်းမြို့သားလို့ဆိုလိုတာဖြစ်ပါတယ်။ နာမည်ရင်း က မောင်ထွန်းလှိုင်တဲ့။ ရဟန်းဘဝကို ဂျပန်ခေတ်မှာ ခံယူတော့ ဦးသောဘိတဘွဲ့ကို ခံယူပါတယ်။

”ရွှေကိုင်းသား”ကလောင်ဘွဲ့ခံ၊ ဦးသောဘိတပဉ္စင်းဘွဲ့ခံမောင် ထွန်းလှိုင်ကို စစ်ကိုင်မြို့ ”တကောင်းရပ်”မှာ မြန်မာဆေးဆရာကြီး ဦးအုံ၊ ဒေါ်မြတို့က ခရစ်နှစ် ၁၉၁၂ မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ တကောင်းရပ်ဆိုတာ စာရေးဆရာကြီးမဟာဆွေနဲ့ ဇေယျာမောင် (မန်းတက္ကသိုလ်ကျောင်းအုပ်ကြီး) တို့ မွေးဖွားနေထိုင်ခဲ့တဲ့ရပ်ကွက် ပါ။ အဘိုးကမိုးတာဝန်ထောက်ဖြစ်ပြီး ပေပုရပိုက်စာပေအမွေတွေ ထားခဲ့လို့ ငယ်စဉ်ကတည်းက စာပေမွေ့လျော်သူဖြစ်ခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမခြောက်ယောက်ရှိတဲ့အနက် မောင်ထွန်းလှိုင်က လေးယောက်မြောက်သားလတ်ဖြစ်ပါတယ်။ အစ်ကိုအကြီးဆုံးဦး ဘထွန်းက ဇာတ်မင်းသားကြီး၊ အစ်ကိုနံပါတ်၃၊ ဦးထွန်းကညိုချော ဘွဲ့ခံစာရေးဆရာ၊ မောင်ထွန်းလှိုင်အောက် အမှတ်စဉ် နံပါတ်၅ နှမဖြစ်သူမသိန်းရင်ရဲ့ ခင်ပွန်းက ဆရာအတတ်သင်ကောလိပ် လက်မှုပညာနည်းပြဆရာ ဦးဘသန်းဖြစ်ပါတယ်။ ဦးဘသန်းဆီက ပန်းချီနဲ့ဓာတ်ပုံပညာသင်ယူခဲ့ရပါတယ်။ ညီအငယ်ဆုံး ကိုထွန်းမြိုင် ကလည်း ပန်းချီနဲ့တံဆိပ်ထုအလုပ်ကိုလုပ်သူပါ။ ဒါကြောင့် မောင် ထွန်းလှိုင်ဟာ မျိုးရိုးအရ စာပေနဲ့အနုပညာမျိုးရိုးဖြစ်ပါတယ်။

ခေတ်ပညာအနေနဲ့တော့ ငွေကြေးမတတ်နိုင်လို့တဲ့၊ သတ္တမ တန်းအောင်ရုံပဲသင်ခဲ့ရပါတယ်။ ဆရာဦးဘသန်းဆီက အသက်မွေး ဝမ်းကျောင်းပန်းချီပညာနဲ့ ဓာတ်ပုံပညာအပြင် ဗေဒင်ပညာနဲ့ နက္ခတ်ကြည့်နည်းပညာများကိုပါ သင်ယူခဲ့ဖူးပါတယ်။ ၁၉၂၈ ခုနှစ် မှာ သတ္တမတန်းအောင်ခဲ့ပြီးနောက် ၁၉၃ဝ မှာ ပျဉ်းမနားမြို့က တစ်နှစ်သင်၊ ယောက်ျားလေးနော်မန်ကျောင်းက မူလတန်းဆရာ ဖြစ်ကို အောင်မြင်ခဲ့ပေမဲ့ တပည့်ကျောင်းသားများကို မျက်နှာမူပြီး စာသင်ရမှာ အလွန်ရှက်တတ်လို့ ကျောင်းဆရာမလုပ်ဖြစ်ဘဲ ကံအားလျော်စွာရရှိတဲ့ ကမ္ဗည်းကျောက်စာရုံး (ရှေးဟောင်းသုတေ သန) ဌာနမှ ပန်းချီဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ကမ္ဗည်းကျောက်စာဌာနဟာ အင်္ဂလိပ်အစိုးရက မန္တလေးမှာ အသစ်ဖွင့်လှစ်တည်ထောင်တဲ့ ရှေးဟောင်းသုတေသနဌာနပါ။ ပန်းချီပန်းပုစတဲ့ မြန်မာ့ရိုးရာပန်းဆယ်မျိုး အနုပညာရပ်များကို ကူးယူမှတ်တမ်းတင်ခြင်း၊ ကျောက်စာများကို ဖတ်ရှုမှတ်တမ်းတင် ခြင်း၊ ဘုရားပုထိုးများကို ဓာတ်ပုံရိုက်၊ ပုံစံထုတ်၊ ပန္နက်ပုံကူးခြင်း စတဲ့အလုပ်များကို လုပ်ရပါတယ်။ ကျောက်စာဝန်ခေါ် ညွှန်ကြား ရေးမှူးတွေ အဆက်ဆက်ကတော့ ပြင်သစ်လူမျိုး ချားလ်စ်ဒူရွိုင် ဇယ်၊ ဦးမြ၊ ဦးလူဖေဝင်းတို့ဖြစ်ပြီး သူတို့လက်အောက်မှာ ၁၉၃၁ ခုနှစ်က ၁၉၄၂ ခုနှစ်အထိ၊ နှစ်ပေါင်း ၁ဝ နှစ်မျှအမှုထမ်းခဲ့ပါတယ်။ ကမ္ပည်းကျောက်စာဌာနမှာ ဘုရားပုထိုးတွေရဲ့ပုံကို ပန္နက်ပုံ၊ ဘေး မြတ်ပုံစာသည် ထုတ်ရာကူးနေပါတယ်။ နံရံဆေးရေးပန်းချီပုံများ ကိုလည်း ကူးရပါတယ်။ ဒီပညာတွေကို မူလက ပိသုကာဖြစ်တဲ့ ဦးမြက လက်ထက်သင်ကြားပေးတဲ့အပြင် ကျောက်စာ ပျူစာ ဖတ်နည်းများကိုလည်း သင်ကြားပေးပါသေးတယ်။

ဦးမြလက်ထက်မှာ ပုဂံမြို့ဟောင်း၊ မြင်းကပါရပ်ရှိ၊ အပယ် ရတနာ ဘုရားထဲက နံရံပန်းချီကားများကို အဓိကထားကူးယူခဲ့ရဖူး ပါတယ်။ ဘုရားစေတီများက ပန်းချီ၊ ပန်းပုများကိုသာမက ယွန်း ထည်များ၊ ခြေတော်ရာများမှစလို့ ပန်းဆယ်မျိုးအနုပညာ ပန်းပု၊ ပန်းရံ၊ ပန်းတော့၊ ပန်းတမော့၊ ပန်းယွန်း၊ ပန်းဖွယ်စတဲ့ ပုံများကို လည်း ကူးယူမှတ်တမ်းတင်ခဲ့ရပါတယ်။ ကူးယူရာမှာ ခုခေတ်လို စက်လှေကား၊ လျှပ်စစ်မီး၊ ပုံကူးစက္ကူစတာတွေမရှိသေးလို့ ဝါးလှေ ကားတို့၊ ဖယောင်းတိုင်မီးတိုနဲ့ ကြုံသလိုကူးယူခဲ့ရတာတွေ လုပ်ခဲ့ ရရှာပါတယ်။ ရှေးဟောင်းသုတေသနဌာနဆိုတာ ပေါ်ခါစမို့ ဘာလုပ်မှန်းမသိဘဲ သိုက်တူးသမားတွေ၊ ထင်မတ်လို့ အရပ်သား တွေက ရန်မူတာခံကြရပြီး ပုလိပ်(ရဲ) အစောင့်အရှောက်နဲ့တောင် အလုပ်လုပ်ခဲ့ရဖူးပါတယ်။

ရှေးဟောင်းသုတေသနဌာန (ကမ္ပည်းကျောက်စာဌာန) အရာရှိတွေ၊ ဝန်ထမ်းတွေက စာပေသမားတွေဖြစ်ကြလို့ ဆရာများ ထံက စာပေများလည်း လေ့လာဆည်းပူးခွင့်ကို မောင်ထွန်းလှိုင်ကံ ကောင်းထောက်မစွာ ရရှိခဲ့ပါတယ်။ ဦးမြဦး ၊ လူဖေဝင်းတို့က အလုပ် ပညာရော စာပေပညာတွေပါ သင်ပေးခဲ့လို့ တက္ကသိုလ်က သင်ခဲ့ ရတဲ့ ဘွဲ့ရသမိုင်းပညာရှင်တွေထက် မြန်မာသမိုင်း၊ မြန်မာမှု၊ မြန်မာ့ ဓလေ့ လေ့လာမှုမှာ ထွန်းပေါက်ခဲ့ပါတယ်။ ရွှေတိုင်းသား၊ ဦးသောဘိတ အနေနဲ့ပြုစုခဲ့တဲ့ စာအုပ်၊ စာပေများကဝိဇ္ဇာ၊ မဟာဝိဇ္ဇာနဲ့ပါရဂူသုတေသီများအထိ လက်စွဲပြုဖတ်ရှုကိုးကားရတဲ့ စာပေတွေဖြစ် လာခဲ့ပါပြီ။ စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေခြင်းမပြုရသေးတာတွေ လည်းအများကြီးပါ။

ရွှေကိုင်းသား မောင်ထွန်းလှိုင်ဟာ ပန်းချီပညာရှုထောင့်က ပြောရရင် ပထမဦးဆုံး မြန်မာ့ရိုးရာပန်းချီအနုပညာရှင်လို့ ပြောနိုင် မယ် ယူဆပါတယ်။ သူရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကိုက ရှေးဟောင်းပန်းချီ၊ ပန်းပု၊ ပန်းရန်၊ ပန်းတော့၊ ပန်းတမော့စတဲ့ ပန်း ၁ဝ မျိုးအနုပညာတွေကို ကူးယူမှတ်တမ်းတင်ရတဲ့အလုပ်ဆို တော့ တချို့ပုံတွေကို မူရင်းပုံနဲ့တူအောင် အလွတ်ပြန်ဆွဲနိုင်သည် အထိ ရှေးရိုးမြန်မာပန်းချီကို နိုင်နင်းခဲ့ပါတယ်။ ဓာတ်ပုံပညာမှာ လည်း ကိုလိုနီခေတ်က ဈေးအပေါဆုံး ”ဘရောင်နီကင်မရာ”ကိုသာ သုံးနိုင်သူဖြစ်ပေမဲ့ မြန်မာနိုင်ငံတွင်သာမက ပြည်ပဓာတ်ပုံပြိုင်ပွဲ တွေမှာပါ ကိုယ်တိုင်ရိုက်၊ ကိုယ်တိုင်ကူးဆေးပြီး ပြိုင်ပွဲဝင်ခဲ့ရာမှာ အဆင့်မြင့်ဓာတ်ပုံပညာဆုတွေလည်း ရခဲ့ဖူးသူဖြစ်လာခဲ့ပါတယ်။

စာပေစတင်ရေးသားတာကတော့ ၁၉၃၂ လောက်မှာဖြစ်ပါ တယ်။ ရတနာပုံလှိုင်ခင်အေး ကလောင်အမည်နဲ့ ”သူရိယရုပ်ရုံ သတင်း”မှာ သမိုင်းရာဇဝင်ဆောင်းပါးတွေ စတင်ရေးသားရာက ကလောင်သွေးဖြစ်ခဲ့ပါတယ်။ ရတနာပုံလှိုင်ခင်အေးအမည်နဲ့ပဲ သူရိယမဂ္ဂဇင်း”မှာလည်း ဆက်လက်ကလောင်သွေးခဲ့ပါတယ်။ ”ရွှေ ကိုင်းသား”ကလောင်အမည်ကိုတော့ ၁၉၃၆ မှာ ကြီးပွားရေး မဂ္ဂဇင်းက စပြီးအသုံးပြုရေးသားခဲ့ပါတယ်။ ကြီးပွားရေးဆိုတာ နောင်အခါလူထုဦးလှဖြစ်လာတဲ့ ကြီးပွားရေးမောင်လှတည်းဖြတ် ထုတ်ဝေတဲ့မဂ္ဂဇင်းဖြစ်ပါတယ်။ ကြီးပွားရေးမှာ ဦးလှနဲ့ခင်မင်ရင်း နှီးလာပြီးနောက် ”ထွန်းလှိုင်” အမည်ရင်းနဲ့ ကာတွန်းပုံများရေးဆွဲ ခံဖူးတာကိုလည်း တွေ့ရဖူးပါတယ်။ ကျွန်တော် မူလတန်းကျောင်း သားအရွယ်လောက်က ကြီးပွားရေးမဂ္ဂဇင်းမှာပါတဲ့ ”ထွန်းလှိုင်” ရဲ့ ဟစ်တလာကာရီလေးသွားပုံကို ကူးဆွဲခဲ့ဖူးပါတယ်။ မျက်ခုံး တစ်ဖက်မှာ ဆံပင်အုပ်ပြီး၊ နှာတံအောက်ခြေမှာ နှုတ်ခမ်းမွေးဖုတ် စုပေးပါတဲ့ ဟစ်တလာရဲ့ပုံကို ဒီနေ့အထိ ပြန်ဆွဲနိုင်ပါသေးတယ်။

ကြီးပွားရေးမဂ္ဂဇင်းမှာ သမိုင်းရာဇဝင်ရေးရာဆောင်းပါးတွေ ကိုရေးရင်း ဦးလှ၊ ဒေါ်အမာတို့နဲ့ ရင်းနှီးခင်မင်လာခဲ့ပါတယ်။ နောင် အခါ လူထုသတင်းစာလူထုဂျာနယ်၊ မန္တလေးဟံသာဝတီသတင်း စာ (ဦးဝင်းတင်အယ်ဒီတာလုပ်တဲ့အခါ) ဆက်လက်ရေးသားပါ တယ်။ ကြီးပွားရေးမဂ္ဂဇင်းမှာ ကျွန်တော့်အဖို့ မျက်စိကျစရာ ဖြစ်တာကတော့ ကောက်စိုက်သီချင်း ဗုံကြီးသံများဖြစ်ပါတယ်။ ”ရွှေဘိုဗုံကြီးသံများ”လို့လည်းခေါ်ပါတယ်။ ကျွန်တော်ရွှေဘိုခရိုင် ကန့်ဆည်မြို့မှာ ကျောင်းဆရာလုပ်တုန်းက ဗုကြီးသံတွေ ဆက် လက်စုဆောင်းပြီး လူထုသတင်းစာမှာ ဖော်ပြခဲ့သော ရွှေကိုင်းသားရဲ့အမွေခံအလုပ်ပါပဲ။ ကြီးပွားရေးမှာပါခဲ့တဲ့ ဗုံကြီးသံနဲ့ စာရေး ဆရာအသင်းစာစဉ်တစ်ခုအဖြစ် ”လယ်ကွင်းထဲက လူထုတေး”ဆို တဲ့ စာအုပ်ကလေးတစ်အုပ်ထုတ်ခဲ့ဖူးပါတယ်။ ကျွန်တော်ဟာ ဒီနေ့ အထိ ဗုံကြီးသံတွေ စုဆောင်းရာမှာ အများဆုံးစုဆောင်းသူဖြစ်သည်အထိ စုဆောင်းခဲ့တာဟာ ကြီးပွားရေးမဂ္ဂဇင်းရွှေကိုင်းသား ရဲ့ အမွေခံတာဖြစ်တဲ့အပြင် ဒီနေ့အထိ ကာတွန်းရုပ်ကလေးတွေ ကို ကူးဆွဲလို့မဆုံးဖြစ်နေတာဟာလည်း ကြီးပွားရေးက ”ထွန်းလှိုင်” ရဲ့အမွေကိုခံတာဖြစ်ကြောင်း သတိပြုမိလို့ ဒီဆောင်းပါးကို ရေး လိုက်တာပါ။

ကျွန်တော်ဟာ ကာတွန်းဆရာတိုင်းနဲ့ခင်ပါတယ်။ ကာတွန်း ဝင်းအောင်ဆိုရင် မန္တလေးသားဖြစ်တဲ့အပြင် ရန်ကုန်မှာလည်း တစ် ရပ်တည်းလိုနေခဲ့သူဖြစ်လို့ ညီလေးတစ်ယောက်လို ခင်မင်ရင်းနှီး ပါတယ်။ သူက ကာတွန်းသမိုင်းဆိုပါတော့ ကာတွန်းဆရာတွေ အကြောင်းကိုစုပြီး စာအုပ်ကလေးရေးပါတယ်။ မန္တလေးက ဝင်းဖေ၊ ပေါ်ဦးသက်တို့အကြောင်းကို နောက်တစ်အုပ်မှာ ရေးမယ်လို့ ဆိုပါတယ်။ သူနဲ့ရင်းနှီးမယ်မထင်တဲ့”ထွန်းလှိုင်အကြောင်းကို သိ သမျှရေးလိုက်တာပါ။ သူတို့ရည်ညွှန်းရင်း ဆရာတော်ရွှေကိုင်းသား အလွမ်းပြေရေးမိတာပါ။

ထွန်းလှိုင်ဆိုတဲ့ ကာတွန်းဆရာဟာ ဘယ်သူလဲ၊ ဘယ်လို လူလဲ ဆိုတာလည်း လူငယ်တွေ သိရအောင်ရေးတာပါ။ ကြီးပွား ရေးမှာရေးဆွဲခဲ့တဲ့ ကာတွန်းဆရာပါ။ ကြီးပွားရေးဟာ ဦးဘဂျမ်း ရဲ့ လက်ရာကာတွန်းများကိုလည်း ကြီးပွားရေးမှာ ဖော်ပြခဲ့ပြီး မြန်မာစာအုပ်သမိုင်းမှာ ပထမဦးဆုံးကာတွန်းစာအုပ်ကို ကိုပြူး၊ မပြုံးကာတွန်းပေါင်းချုပ်စာအုပ်ငယ်ငယ်နဲ့ မော်ကွန်းထိုးခဲ့ပြီး လူထု ဝင်းဖေကာတွန်းစာအုပ်များကိုလည်း ဒီဘက်ခေတ်မှာ ထုတ်ခဲ့ဖူး ပါတယ်။ ရွှေကိုင်းသားနဲ့ဦးလှဒေါ်အမာတို့က မောင်နှမအရင်းလို ခင်ပါတယ်။ ဒေါ်ဒေါ်ဒေါ်အမာနဲ့ ဦးသောဘိတတို့ဟာ နောင် ဘဝတွေမှာ မောင်နှမတော်ရပါစေသားလို့ နှစ်ဦးလုံးက ဆုပန်ခဲ့ ကြဖူးပါတယ်။ တစ်သက်လုံး စာပေအနုပညာတာဝန်တွေကို အတူ ထမ်းဆောင်သွားခဲ့ကြပါတယ်။

ရွှေကိုင်းသားစာပေဗိမာန်ဆုရတဲ့ ဆင်ယင်ထုံးဖွဲ့မှုကျမ်းဟာ လူထုတိုက်ထုတ်တာပါ။ ရွှေကိုင်းသားဟာ လူထုတိုက်ကထုတ်တဲ့ သခင်ကိုယ်တော်မှိုင်း၊ ဦးလှ၊ ဒေါ်အမာတို့ရဲ့ စာအုပ်များကိုလည်း တည်းဖြတ်အမှာစာတွေ ရေးနိုင်လောက်အောင် စာပေအဆင့် အကုန်းမြင့်သူကဦးပါ။ ဒါကြောင့် ဒေါ်အမာက ရွှေကိုင်းသားကို ကြိုးစားဖွဲ့အောင်မြင်သူလို့ မှတ်ချက်ချခဲ့ဖူးပါတယ်။ ဆရာတော် ဟာ စစ်ကိုင်းတောင် အနုရဒ္ဓါချောင်မှာ တစ်ပါးတည်းဧကစာကျင့် ခဲ့ပါတယ်။ ဓားပြတွေရိုက်တာခံရလို့ ဒဏ်ရာအနာတရဖြစ်တာနဲ့ အသက်တိုခဲ့ရတာဖြစ်ပါတယ်။ လယ်တီဦးကာဝိဒခေါ် ”ကဝိဘာရီ ကီ” ကျမ်းပြုဆရာတော် (ပုပ္ပားဦးကျော်ရင်)လည်း ဓားပြတွေသက် လို့ အသက်ဆုံးရှုံးခဲ့ရတာပါ။ နှမျောမဆုံးပါ။

ပထမဦးဆုံး မြန်မာ့ရိုးရာပန်းချီဆရာရွှေကိုင်းသား ကြီးပွား ရေးမဂ္ဂဇင်း ကာတွန်းဆရာ ကိုထွန်းလှိုင် နိဗ္ဗာန်မရောက်မီကြာ ကာလမှာ ဘဝဆက်တိုင်း ပန်းချီအနုပညာရှင်စာရေးဆရာဖြစ်ပါ စေသတည်း။ သူတို့ဆုတောင်းသလို ဘဝဆက်တိုင်း လူထုမောင်နှံ နဲ့အတူ စာပေအနုပညာအကျိုး ထမ်းရွက်နိုင်ကြပါစေသတည်း။

မောင်စွမ်းရည်
၂ဝ၁၇၊ အောက်တိုဘာ ၁၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်