ကျော်နိုင် – စည်ပင်ဥပဒေ (အကြံပြုချက် – ၂)

November 28, 2017

 

– စည်ပင်ဥပဒေ (အကြံပြုချက် – ၂)
(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၇

စည်ပင်ဥပဒေ (ဂျင်းနံပါတ် – ၂) (ပူးတွဲပါ ပထမ ဓါတ်ပုံ) အတွက် အကြံပြုချက်ဖြစ်ပါတယ်။ ဥပဒေမူကြမ်းထဲက ဂျင်းတွေကို ဖေါ်ပြလို့ မပြီးသေးပါဘူး။ မသင့်တော်ဘူးလို့ ဝေဖန်ထောက်ပြထားတာတွေအတွက် အကြံပြုချက်တွေ အရင်ရေးရင် ပိုကောင်းမယ်ထင်လို့ ရေးနေတာပါ။

စည်ပင်ဥပဒေမူကြမ်းဟာ ပြည်သူတွေအတွက်တင်မဟုတ်ဘဲ အစိုးရအဖွဲ့ကိုလည်း ဂျင်းထဲ့ထားတာပါဘဲ။ ဥပဒေမူကြမ်းရေးသူတွေရဲ့ စိတ်စေတနာ အရင်းခံကို မသိရပေမယ့် ဒီဥပဒေကြမ်းကို အတည်ပြုပြီးမှ ပြည်သူကို ထုတ်ပြန်ကြေငြာမယ်ဆိုရင် အစိုးရအဖွဲ့တော်တော်လေး ဝေဖန်တိုက်ခိုက်ခံရနိုင်ပါတယ်။ ကျွန်တော့်ရဲ့ ပုဂ္ဂလိကအမြင်ကို ပြောရမယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD အခြေအနေဆိုးတွေရင်ဆိုင်ရအောင် ရည်ရွယ်ပြီးတော့များ ဒီဥပဒေကြမ်းကို ရေးခဲ့လေသလားလို့ သံသယ ဖြစ်မိပါတယ်။

ဥပဒေကြမ်းထဲမှာ ခွင့်ပြုထားတဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေကို ဖြုတ်သင့်ပါတယ်။ မြို့တော်စည်ပင်ကို အာဏာပိုင်အဖွဲ့အနေနဲ့ အာဏာတွေ အပ်နှင်းချင်ရင် စီးပွားရေးလုပ်ပိုင်ခွင့်တွေ မယူပါနဲ့။ အာဏာနဲ့ စီးပွားရေးလုပ်ပိုင်ခွင့်ဟာ တွဲစားရင် အဆိပ်အတောက်ဖြစ်ပါတယ်။

မြို့တော်စည်ပင်ကို စီးပွားရေးလုပ်ခွင့်တွေ မပေးဘူးဆိုရင် “အမည်နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်” အခန်းထဲက ပုဒ်မ (၁၀) ကို လုံးဝ ဖြုတ်ပြစ်ရပါမယ်။ (ပူးတွဲပါ ဒုတိယ ဓါတ်ပုံကို ကြည့်ပါ)


ပုဒ်မ (၂၇) က “စီးပွားရေး အဖွဲ့အစည်းများ” ဆိုတဲ့ စာသားကို ဖြုတ်ပြစ်ရပါမယ်။ (ပူးတွဲပါ တတိယ ဓါတ်ပုံ)

ပုဒ်မ (၂၇)၊ ပုဒ်မခွဲ (ဂ) “စီးပွားရေးအဖွဲ့အစည်းများ” ကို ဖြုတ်ပြစ်ရပါမယ်။ ဥပဒေကြမ်းထဲမှာ စည်ပင်ကို လုပ်ကိုင်ခွင့်ပြုထားတဲ့ စီးပွားရေးလုပ်ငန်းတွေပါ။ ခေါင်းစဉ် (၄) မျိုးဘဲ လုပ်ခွင့်ပြုထားတယ် ထင်ရပေမယ့် နံပါတ် (၄) ခေါင်းစဉ်က “အခြားစီးပွားရေး လုပ်ငန်းများ” လို့ရေးထားတော့ အကုန်လုပ်ခွင့်ပြုထားတာပါဘဲ။ (ပူးတွဲပါ စတုတ္တဓါတ်ပုံ)

ပုဒ်ပ (၃၂) မှာ “စီးပွားရေး အဖွဲ့အစည်းများ” ဆိုတဲ့စာသား ဖြုတ်ပြစ်ရပါမယ်။ (ပူးတွဲပါ ပဉ္စမ ဓါတ်ပုံ)


ပုဒ်မ (၃၂)၊ ပုဒ်မခွဲ (ဠ) “စီးပွားရေးအဖွဲ့အစည်းများ” ကို ဖြုတ်ပြစ်ရပါမယ်။ (ပူးတွဲပါ ဆဌမ ဓါတ်ပုံ)


ပုဒ်မ (၅၇) တစ်ခုလုံးကို ဖြုတ်ပြစ်ရပါမယ်။ အဲ့ဒီပုဒ်မအရဆို စည်ပင်က ဘဏ္ဏငွေရှာပြီး အိမ်ရာစီမံကိန်းလုပ်၊ စည်ပင်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်မယ့် စီးပွားရေးအဖွဲ့အစည်းကဆောက်၊ ပြည်သူ့ဘဏ္ဏာအတွက် တော်တော်ကြီး အန္တရာယ်များပါတယ်။ (ပူးတွဲပါ သတ္တမဓါတ်ပုံ)


ပုဒ်မ ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၄ နဲ့ ၁၅၅ တို့ကို ပြင်ရ၊ ဖြုတ်ရပါ့မယ်။ ဘယ်လို ပြင်ရဖြုတ်ရမယ်ဆိုတာ နောက် post မှာ ရေးပါ့မယ်။ (ပူးတွဲပါ ဆဌမ ဓါတ်ပုံ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ

One Response to ကျော်နိုင် – စည်ပင်ဥပဒေ (အကြံပြုချက် – ၂)

  1. Zarni Gyi on November 28, 2017 at 11:22 am

    စည်ပင်က လုပ်တဲ့ စီးပွားရေုးလုပ်ငန်းများ ဖြုတ်ထားဖို့.. သင့်ပါတယ်။ စည်ပင်ရဲ့ ဆောက်လုပ်ရေးမှာ အိမ်ယာ၊ အပမ်းဖြေစခန်း၊ ၀န်ဆောင်မှု .. ဒါတွေအားလုံးကို ၂နှစ်အတွင်း အများပိုင်ကုမဏီ လုပ်ပစ်ရပါမယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments