မောင်စွမ်းရည် – နယူးယောက်လမ်းဘေးက ဟင်းသီးဟင်းရွက်များ

December 9, 2017
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မောင်စွမ်းရည် – နယူးယောက်လမ်းဘေးက ဟင်းသီးဟင်းရွက်များ
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၇

နယူးယောက်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်ဆုံးတန်း က မြို့ကြိးတစ်မြို့ပါ။ ဒီမြို့ကြီးရဲ့ မြို့နယ်ခေါ်တဲ့ ရပ်ကွက်ကြီးတစ်ခု ထဲမှာ ကျွန်တော်နေပါတယ်။ ”ကွင်း” မြို့နယ်တဲ့ (Queens) မြန်မာ လို ဘုရင်မမြို့နယ်ခေါ်မလားဘဲ။ လမ်းမကြီးတွေရဲ့ဘေးမှာရော၊ လမ်းမကြီးတွေရဲ့နောက်က ရပ်ကွက်ထဲက လမ်းမတွေမှာရော အိမ် တိုင်းရှေ့မှာဖြစ်ဖြစ်၊ နောက်မှာဖြစ်ဖြစ်၊ ဘေးတစ်ဖက်တစ်ချက်မှာ ဖြစ်ဖြစ် မြေကွက်လပ်ရှိတဲ့နေရာမှာ ဟင်းသီးဟင်းရွက်နဲ့ပန်းပင် မျိုးစုံစိုက်ထားတတ်ပါတယ်။ အိမ်တွေရဲ့အပြင်လမ်းဘေးမြေကွက် လပ်တွေမှာတော့ အလေ့ကျအပင်တွေ ပေါက်နေတတ်ပါတယ်။ (လူမျိုးကတော့ တရုတ်၊ ကုလား)။

နယူးယောက်လမ်းဘေးမှာပေါက်နေတဲ့ အပင်တွေက ကျွန်တော်တို့ဗမာပြည်မှာပေါက်တဲ့အပင်တွေနဲ့ အတူတူပါပဲ။ ကျွန်တော်တို့ဆီမှာ မမြင်ဖူးတဲ့အပင်မျိုး နယူးယောက်မှာမရှိပါ။ အပင်ကြီးတွေကတော့ ဗမာပြည်မှာမရှိတဲ့ အပင်မျိုးတွေပါ။ အညာ မှာ ကုက္ကိုပင်၊ တမာပင်၊ မန်ကျည်းပင်၊ လက်ပံပင်၊ တယ်ပင်စတဲ့ အပင်တွေရှိပါတယ်။ အပင်ကြီးတွေကို ခုတ်ခွင့်မရှိပါ။ နယူးယောက်မှာ စစ်တပ်၊ ရဲတပ်၊ မြူနီစီပယ်တို့ဟာ တခြားစီပါ။ မြို့ထဲက သစ်ပင်ကိစ္စ၊ မြို့ပြအုပ်ချုပ်ရေးမြူနီစီပယ်ရဲ့တာဝန်ပါ။ ရန်ကုန် ပညာရေးတက္ကသိုလ်ထဲမှာ နှစ်ရှည်ပင်ဖြစ်တဲ့ လက်ပံပင်ကြီးကပင် ပြည်လမ်းဘေးမှာကပ်ပြီး အသံလွှင့်ရုံးမျက်နှာချင်းဆိုင်မှာရှိခဲ့ဖူး တယ်။ လက်ပံပင်ကြီးကိုခိုပြီး အသံလွှင်ရုံကို လောင်ချာနဲ့ပစ်မှာစိုးလို့ တဲ့ စစ်တပ်က ခုတ်လှဲပစ်ခဲ့ပါတယ်။ သစ်တစ်ပင်ခုတ် အချုပ်သုံးလ ရှိပေမဲ့ သူတို့တစ်တောလုံးခုတ်ပြီး ရောင်းချစားသောက်နေခဲ့ကြတာ မဟုတ်လား။ ထားပါတော့။ လမ်းဘေးပင်ဆက်ကြရအောင်။

နယူးယောက်ကလမ်းဘေးတွေမှာ ဗမာပြည်မှာပေါက်သလို ပဲ မြူရွက်ပင်၊ ဟင်းနုနွယ်ပင်၊ ပိုးစာပင်တို့ကို အများဆုံးတွေ့ရပါ တယ်။ ပိုးစာပင်အရွက်ဝိုင်းရော၊ လက်ခြားရော နှစ်မျိုးတွေ့ရပါ တယ်။ ဗမာပြည်မှာတော့ မန္တလေးကနေ မေမြို့အတက် တောင်ကုန်းတွေပေါ်မှာ တွေ့ရပါတယ်။ အဲဒီမှာပိုးမွေးတာကို ကျွန်တော်တို့ ကျောင်းသားဘဝက လေ့လာခဲ့ရဖူးပါတယ်။ ဗမာပြည်တခြား အပူပိုင်းဒေသတွေမှာတော့ ပိုးစာပင်တွေမတွေ့ရဘူးပေါ့။ နယူးယောက်မှာ အပူပိုင်းပေါက်တဲ့ ဟင်းရွက်ပင်တွေ တွေ့ရပေမဲ့ အပင်ကြီးတွေကတော့ ပန်းသီးပင်၊ ထင်းရူးမျိုးများနဲ့ ချယ်ရီပင်တွေ မေမြို့မှာပေါက် သလိုပေါက်ပါတယ်။

နယူးယောက်လမ်းဘေးမှာ အပေါ်ဆုံးကတော့ မြူရွက်တွေ ပါပဲ။ တချို့မြန်မာတွေခူးပြီး သုပ်စားကြပါတယ်။ ဘုန်းကြီးကျောင်း ဆွမ်းဟင်းခွက်မှာတောင် ပါဖူးပါတယ်။ ဗမာပြည်မှာတော့ ခုလို ရာသီမှာ အညာက ယာခင်းတွေ၊ ယာခင်းဘောင်တွေပေါ်မှာပေါ ပါတယ်။ ဝါခင်း၊ မြေပဲခင်းတွေထဲမှာ ပေါင်းပင်အဖြစ်တွေ့ရလို့ နုတ်ပစ်ရပါတယ်။ တချို့က မြူရွက်ဟာ ပြဒါးပါတယ်။ ပြဒါးထွက် တယ်စသဖြင့် ပြောသံကြားဖူးပေမဲ့ ခုအထိ ဘာပြောမှန်းနားမလည်ပါ။ ပြဒါးဓာတ်ပါတာလား ဘာလား သေချာမသိပါ။

ဒီမှာ ပိုးစာပင်တွေကတော့ တမင်စိုက်ထားတာရော အလေ့ကျရောပေါက်ပါတယ်။ လူ့ခါးစောင်း၊ လူတရပ်၊ လူ့လက်ခုပ်တဖောင် စသည်ဖြင် မြင့်ပါတယ်။ ဒီအပင်တွေက တမာပင်၊ ထနောင်း ပင်တွေလောက်မြင့်ပါတယ်။ ခါးစောင်းလောက်အပင်လေးတွေက ရွက်နုလေးတွေကို ခူးပြီးဗမာတွေက ဟင်းချိုချက်ကြပါတယ်။ အပင်မြင့်ကြီးတွေမှာတော့ အသီးသီးပါတယ်။ တချို့က စထရော ဘယ်ရီသီးလောက်ကြီးပါတယ်။ အမေရိကန်တွေစားမစားမသိပါ။ ကျွန်တော်တို့ကတော့စားပါတယ်။

ခုလို ဇွန်၊ ဇူလိုင်မှာတော့ သူတို့အိမ်ပတ်လည်ရှိသမျှ မြေကွက်လပ်တွေမှာ ဟင်းသီးဟင်းရွက်ပင်တွေ စတင်စိုက်ပျိုးနေပါပြီ။ အထူးစိုက်ပျိုးကြတာကတော့ ဗူးပင်နဲ့၊ ဖရုံပင်တွေပါပဲ။ ပဲလင်းမြွေ တွေလည်းစိုက်ပါတယ်။ ဘူးဖရုံများကို ဘယ်လိုချက်ပြုတ်စားကြ တယ်မသိပါ။ ကြီးရင့်လာရင်တော့ ပလပ်စတစ်ကြိုးတွေနဲ့သိုင်းပြီး စင်ပေါ်မှာ တွဲလောင်းဆွဲထားကြတာတွေ့ရပါပြီ။ အလွန်ကြည့် ကောင်းပါတယ်။ ပဲသီးတောင့်ရှည်၊ ပဲယွန်း၊ ပဲပြားတွေလည်းစိုက် ကြပါတယ်။ စင်မထိုးပါဘူး။ မြေပြင်ပေါ်မှာပဲတွေ့ရပြီး ခြံစည်းရိုး တွေမှာတွဲလောင်းတွေ့ရနိုင်ပါတယ်။ ဟင်းရွက်ပင်ကတော့ ဟင်းနု နွယ်အရွက်ကြီးပင် ခရမ်းရောင်၊ အစိမ်းရောင်စသည်တွေကို မြင်အောင်လုပ်ပြီး စိုက်ထားကြတာများ သွားရည်ယိုစရာပါပဲ။ ခရမ်းချည် နဲ့ငရုတ်ပင်အမျိုးမျိုးလည်းစိုက်ကြပါတယ်။

နယူးယောက်မှာ စပျစ်ပင်ကြီးတွေကိုလည်း နှစ်ရှည်စင်ထိုး စိုက်ထားကြတာတွေ့ရပါတယ်။ တချို့ပင်စည်တွေက လက်မောင်း လက်ဖျံလောက်တုတ်ကြပါတယ်။ အသီးတွေသီးလာပြီဆိုရင် အသီးစိမ်းလေးတွေကစပြီး ရွမ်းမှည့်ကြသည့်အထိ ကြည့်ရတာက ကြက်သရေရှိလှပါတယ်။ အပင်စိုက်သူများကတော့ ကလေးလူ ကြီးဘယ်သူမှ ခူးကာခြွေတာ မတွေ့ရပါဘူး။ ကျွန်တော်တို့ဗမာ တွေကတော့ သီးကင်း စပျစ်သီးစိမ်းကလေးများကို ငရုတ်သီးစိမ်း ကြက်သွန်ဖြူတို့နဲ့ထောင်းစားကြပါတယ်။ သရက်ကင်း၊ မရမ်းသီးကင်းလေးများနဲ့အရသာတူပါတယ်။ ခြံစည်းရိုးအပြင်ဘက်ထွက် လာလို့ကတော့ ဗမာတွေက ခိုးတယ်လို့ ယူဆပုံမရပါ။ စပျစ်သီး တွေ မှည့်ရွဲနေကြပြီဆိုရင်တော့ အခိုင်လိုက်ခူးလို့ မသင့်လျော်တော့ ပါ။ အလှကြည့်ရုံပါပဲ။ ပိုင်ရှင်ကလည်း မခူးပါ။ ကြွေရင် ဘာသီး သီးကြွေကြွေ မကောက်မစားကြပါ။ ဈေးကပဲ ဝယ်စားလေ့ရှိပါတယ်။ ကလေးရော လူကြီးပါ မစားကြလို့ ဘေးကကြည့်ပြီး အားမလို အားမရ ဖြစ်ရပါတယ်။

ရောင်းတမ်းစပျစ်သီးတွေကတော့ မြို့ပြင်မှာ တမျှော်တခေါ် ကျယ်တဲ့စိုက်ခင်းကြီးတွေနဲ့ စိုက်ကြတာပါ။ ခါးလောက် ရင်စို့ လောက်မြင့်တဲ့ တိုင်လေးတွေထောင်ပြီး စိုက်ထားကြဟန်တူပါ တယ်။ ကားလမ်းပေါ်က သွားရင်းလာရင်း ငေးမောကြည့်ဖူးတာပါ။ ပန်းသီးပင်တွေလည်း အလားတူပဲ တမျှော်တခေါ်စိုက်ခင်းစိုက် ကွက်တွေနဲ့ စိုက်ကြတာပါ။ ပန်းသီကို သူတို့ခြံဝင်ဝယ်ရင် ငါးဒေါ်လာဖိုးလောက်ဝယ်ရင် လူတစ်ယောက် မသယ်နိုင်အောင်ပေးပါ တယ်။ ခြံမှာ ခူးစားတာကလည်း တစ်လုံးထက် ပိုမစားနိုင်ပါဘူး။ ဒီလိုပဲ လမ်းသွားရင်း ကားရပ်ပြီး ခူးသူ ခူးကြတာပါပဲ။ ဒီလိုလုပ်တာ လည်း ဗမာတွေပဲလုပ်ကြတာတွေ့ဖူးပါတယ်။

လမ်းဘေး အိမ်ခြံဝင်းလေးများမှာ စပယ်၊ ကြက်ရုံး၊ မြတ်လေးပန်းများလည်း စိုက်ထားကြပါတယ်။ ခြံစည်းရိုးပေါ်မှာ ထွက်ပြီး ပွင့်နေလို့ကတော့ ဒို့ဗမာများရဲ့လက်ချက်နဲ့မလွတ်ပါ။ ဒါပေမဲ့ ပိုင်ရှင်များက ခူးတာမတွေ့ရပါ။ ချယ်ရီပင်လို ပင်လုံးကျွတ်ပွင့်တဲ့ ပန်းပင်တွေလည်းမြင်ရပါတယ်။ အဝေးကကြည့်ရင် စစ်ကိုင်း တောင်က စကားပွင့်တွေလိုထင်ရပါတယ်။ အပင်ကမြင့်ပါတယ်။ အေးတဲ့ရာသီပွင့်တဲ့ပန်းတွေဟာ ရှမ်းပြည်၊ တောင်ကြီးမှာလိုပဲ မမွှေးကြပါ။

နှင်းဆီ၊ ဂန္ဓမာ၊ သစ္စာပန်းဆိုတာတွေလည်း နွေဦးမှာ ဝေဝေဆာဆာပွင့်နေကြတာ ကြည်နူးဖွယ်မြင်နိုင်ပါတယ်။ နှင်းဆီခြုံတွေက တောင်ကြီးမှာလို အလေ့ကျပင်တွေလည်းရှိပါတယ်။ ခြောက် လက်မနှင်းဆီဆိုတာတွေလည်းရှိပါတယ်။ ဆူးမပါတဲ့နှင်းဆီပင်လို အပင်ကနေကပ်ပွင့်နေတဲ့ နှင်းဆီပွင့်ကြီးတွေနဲ့ တူတာတွေလည်း အများကြီးပါ။ ဒီရာသီမှာ လမ်းလျှောက်ရတာ ပန်းမျိုးစုံနဲ့မို့ အမြန် လျှောက်လို့မရနိုင်ပါ။

တချို့ခြံတွေထဲမှာ ရင်စို့လောက် လက်ခုပ်တဖောင်လောက် မြင့်တဲ့ ခတ္တာပင်များအခိုင်လိုက်ပွင့်နေတာ တွေ့မြင်ရတော့ ဦးလေး လူထုဦးလှ ဘုရားတင်လေ့ရှိတဲ့ ပန်းအဖြစ်နဲ့ တစ်ခါတလေရပ်ပြီး ဂါရဝပြုမိပါတယ်။ ဦးလေးကိုလည်း လွမ်းရင်းပေါ့။ ဦးလေးလူထု ဦးလှလောက် ဘုရားတရားကြည်ညိုသူမတွေ့ဖူးပါ။ ဦးလေးရဲ့ ဘုရားစင်လောက်ကြီးတဲ့ ဘုရားစင်ကို တခြားမှာ ဘယ်မှာမှမတွေ့ ရဘူးပါ။

နယူးယောက်မှာ ခတ္တာပင်၊ ခတ္တာပန်းတွေမြင်ရတော့ ဦးလေး ကိုသတိရသလို၊ စပျစ်ပင်စင်ကြီးတွေမြင်ရတော့လည်း ကျွန်တော် ဖခင်ကြီးကို သတိရမိပါတယ်။ မြင်းခြံမြို့နယ်လို အညာဒေသမှာ အညာသားတွေမမြင်ဖူးတဲ့ စပျစ်ပင်စင်ကြီးကို ရွာကအိမ်ခြံဝင်းထဲ မှာပဲ စိုက်ပျိုးခဲ့ဖူးပါတယ်။ ပိသာ ၅ဝ လောက်များ သီးခဲ့တယ်ထင် ပါရဲ့။ မန္တလေးကို ယူသွားပြီး ဆရာကြီးရွှေဥဒေါင်းကို ကန်တော့ခဲ့ ဖူးပါတယ်။ ဟင်းရွက်တွေမြင်ရင်တော့ အမေနဲ့တကွ ဟင်းရွက်တွေ အတူခူးခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတစ်တွေကိုရော၊ သူငယ်ချင်းတွေကိုရော သတိရမိပါတယ်။ နယူးယောက်မှာ လက်ပံပွင့် ကြွေ ကောက်တာနဲ့ ဆီးသီးကောက်တာကိုတော့ မတွေ့မကြုံရပါ။ ဒါပေမဲ့ ရွာမှာ ဟင်းရွက်တွေခူးတာဟာ လက်ပံပင်၊ ဆီးပင်တွေနား မှာ ခူးခဲ့ကြတာမို့ လက်ပံပင်၊ ဆီးပင်တွေလည်း လွမ်းပါရဲ့။

”လက်ပံပွင့်ချိန် ခွေးရူးချိန်”ဆိုတဲ့ စကားလေးကိုလည်း လက်ပံပွင့်ချိန်တိုင်း ကြားနေကြဆိုတော့ သတိထားပြီး သွားရလာပါတယ်။ နယူးယောက်မှာတော့ ခွေးရူးမရှိ လူရူးကတော့ ပေါသလား မမေးနဲ့။ ဗမာပြည်မှာတော့ ခုအချိန်ခွေးတွေ ရူးနေကြပြီပေါ့နော်။ သတိသာ ထားကြပေတော့။

မောင်စွမ်းရည် (၂ဝ၁၇၊ ဇူလိုင် ၁၉)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်