ပြည်သစ်ဟန် ● ငါတို့တင်​​ဝေးတာ မဟုတ်​ပါ

December 20, 2017

● ငါတို့တင်​​ဝေးတာ မဟုတ်​ပါ
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၇

ငါတို့တင်​​ဝေးတာ မဟုတ်​ပါ
ပဲခူးနဲ့တညင်​လည်း​ဝေးတာပဲ
နယူး​ယောခ်​နဲ့တိုင်​​ပေလည်း ​ဝေးတာပဲ
ကောင်းကင်​နဲ့​မြေကြီးလည်း ​ဝေးတာပဲ

ငါတို့တင်​​ဝေးတာ မဟုတ်​ပါ
ပလက်​​ဖောင်း​ပေါ်က က​လေးငယ်​​တွေနဲ့ အီဖယ်​​မျှော်​စင်​ကြီးလည်း ​ဝေးတာပဲ
ကျူး​ကျော်​တဲထဲက ထမင်းဝိုင်း​လေးနဲ့ လွှတ်​​တော်​ထဲက စားပွဲဝိုင်း​တွေလည်း ​ဝေးတာပဲ
ပင်​လယ်​ထဲက​ကျောက်​​ဆောင်​နဲ့ အနုပညာပြခန်းထဲက လက်​ရာ​တွေလည်း ​ဝေးတာပဲ

ငါတို့တင်​​ဝေးတာမဟုတ်​ပါ
ဘာ​နေဗျူးကမြက်​ခင်းပြင်​နဲ့ သုဝဏ္ဏက မြက်​ခင်းပြင်​လည်း​ ​ဝေးတာပဲ
သစ်​ရွက်​အဖျား​လေး​တွေနဲ့ ​ရေ​သောက်​မြစ်​​တွေလည်း​ ဝေးတာပဲ
မင်းနှုတ်​ခမ်းတွဲ​လောင်း​လေးနဲ့ နှင်းရည်​စက်​​လေး​တွေလည်း ​ဝေးတာပဲ။

ငါတို့တင်​​ဝေးတာ မဟုတ်​ပါ
အခုကဗျာအစနဲ့ အဆုံးလည်း ​ဝေးတာပဲ
ငါတို့​တွေ​ဝေးနိုင်​တာပဲ
ဝေး​နေနိုင်​ခြင်းက နီး​နေနိုင်​ခြင်းတမျိုးပါပဲ။

ပြည်​သစ်​ဟန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်