ကျော်ထင် – တမတ်

December 22, 2017

– တမတ်
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၇

(တစ်)

ပိုက်ဆံရယ်လို့ သိသိမှတ်မှတ်နဲ့ သုံးတတ်တဲ့အချိန်တုန်းက အငယ်ဆုံးပိုက်ဆံဟာ ငါးပြားပဲ။အကြီးဆုံးပိုက်ဆံ က တစ်ရာကျပ်။ဒီ ၁၀၀ ကျပ်တန်က ဦးကောင်းလက်မှတ်ပါတဲ့ ဒေါင်းတံဆိပ် ၁၀၀ တန်တော့ မဟုတ်တော့ဘူး။ ၁၉၆၅ ခုနှစ်မှာ ကြေညာချက် ၄၈ နဲ့ ပြန်ထုတ်ဝေခဲ့တဲ့ ပိုက်ဆံ။၁၉၈၅ မှာတော့ ဒီ ၁၀၀ တန်လည်း ၅၀ တန်၊၂၀ တန်တွေနဲ့ အတူ တရားဝင်သုံးစွဲလို့  မရတော့တဲ့ ပိုက်ဆံတွေ ဖြစ်သွားပြန်တယ်။

ဒီပိုက်`ဆံတွေ သုံးလို့ ရတုန်းက အနုဆုပ်လေးတွေကို ငါးပြားဖိုး ငါးလုံးနဲ့ ဝယ်ခဲ့ဖူးသေးတယ်။အနုဆုပ်ဆိုတာ က ဗမာ့မုန့် ပဲသရေစာထဲက တမျိုးပါ။ဆန်လှော်မှုန့် ဖြစ်ဖြစ်၊ကုလားပဲမှုန့် ဖြစ်ဖြစ်ကို ထန်းလျက်၊သကြားတမျိုး မျိုးနဲ့  ရောပြီး ဆုပ်ထားတဲ့မုန့် ။ကျနော် သိပ်ကြိုက်ခဲ့တဲ့မုန့် စာရင်းထဲမှာ ပါတဲ့မုန့် လို့ လည်း ပြောလို့ ရတယ်။ အိမ်ကပေးတဲ့မုန့် ဖိုးနဲ့  အံကိုက်တဲ့မုန့် လို့ လည်း ပြောနိုင်တယ်။

နောက်ထပ်အံကိုက်တဲ့မုန့် က မရမ်းသီးခြမ်းလေးတွေကို ထန်းလျက်နဲ့ ယိုပြီး ငရုပ်မှုန့် စပ်စပ်နဲ့ ရောနယ်ထား တဲ့ မရမ်းပြားတုတ်ထိုးလေးတွေ။သူ့ ကိုခေါ်တဲ့ အခေါ်အဝေါ်မျိုးပြပစ္စည်းက ကင်။တကင်ကို မရမ်းပြား သုံးပြား ပါတယ်။ငါးပြားပဲ ပေးရတယ်။ငန်တယ်၊ချဉ်တယ်၊စပ်တယ်။ဒါပေမယ့် ကျနော့်ပါးစပ်မှာတော့ အဲ့ဒီ့ချဉ်ငန်စပ်တွေ နဲ့  အဟပ်မိနေတယ်။အနုဆုပ် ငါးပြားဖိုးနဲ့ မရမ်းကင်တကင်ဟာ နေ့ လယ်နေ့ ခင်းတွေမှာ အဖိုးကြီးဆိုင်ကနေ ၀ယ်စားနေကျ ကျနော့်ရဲ့မူပိုင်သရေစာတွေလေ။ဆယ်ပြားဖိုးနဲ့  ကျနော် ပွဲတိုးခဲ့ရတယ်။

နောက်တော့ အနုဆုပ်လေးတွေလည်း ငါးပြားဖိုး သုံးလုံးဖြစ်။နောက် တလုံး ငါးပြားဖြစ်နဲ့ ဈေးတွေ တက်သွား တယ်။ကျနော်လည်း သူငယ်တန်းကနေ သုံးတန်း၊လေးတန်းဖြစ်လာတယ်။အိမ်ကလည်း ကျနော့်ကို မုန့် ဖိုးတိုး ပေးလာတယ်။တိုးပေးတဲ့ပိုက်ဆံက တမတ်တဲ့။မတ်စေ့လေးဖြစ်ချင်ဖြစ်။ဆယ်ပြားစေ့ နှစ်စေ့နဲ့ ငါးပြားစေ့ တစေ့ ဖြစ်ချင်ဖြစ်။ဘယ်လိုပဲပေးပေး တမတ်ပြည့်အောင်တော့ ပေးတယ်။

အဲ့ဒီ့တုန်းက သူငယ်ချင်းတွေက ငါးမူး၊တစ်ကျပ် ရကြတာရှိတယ်။ကျနော်ကတော့ ရှစ်တန်းအထိ အဲ့ဒီ့တမတ် ပဲ။တမတ်ဟာ ကျနော့်ဘ၀မှာ တော်တော်သက်ဆိုးရှည်ခဲ့တယ်။အဲ့ဒီ့တမတ်နဲ့  ကျောင်းဈေးတန်း ပတ်ခဲ့ရတယ်။ တမတ်နဲ့ ဘာရသလဲဆိုရင် ဆီးထုပ်ဝယ်ရင် ဆီးထုပ် တထုပ်ရတယ်။မုန့် လုံးကြီးကြော်ဝယ်မယ်ဆိုရင် တလုံးရ တယ်။အဲ့ဒီ့အကြော်က ထန်းလျက်နဲ့ အုန်းခြစ်သားတွေကို ယိုပြီး အစာသွပ်ကြော်ထားတဲ့အကြော်လုံးပါ။ကန်နား ကျောင်းဘေး မီးသတ်ဌာနက ၀န်ထမ်းမိသားစုထဲက တစုက ကြော်ရောင်းတာ။သန့် ရှင်းတယ်။စားလို့  အလွန် ကောင်းတယ်။

ဒါပေမယ့် ဘယ်လောက်ကောင်းကောင်း နေ့ တိုင်း မစားချင်ဘူး။ကြာတော့ ရိုးလာတယ်။ဒီတော့ တခြားဟာ တွေ စားချင်လာတယ်။ဒါပေမယ့် ကျနော့်တမတ်က ဘာရနိုင်သလဲ။ကျောင်းဈေးတန်းမှာ တင့်လွင်တို့ အမေ ရောင်းတဲ့ ထမင်းလုံးသုပ် ပန်းနီရောင်လေးကို မုန့် ဟင်းခါးဟင်းရည်လေးနဲ့ တွဲသောက်ပြီး စားချင်တယ်။ဒါပေ မယ့် ဒီအသုပ်က တပွဲ ငါးမူး။ငါးမူးဆိုတာက ပြားငါးဆယ်ကို ပြောတာ။ကျ နော့် တမတ်ဆိုတာက နှစ်ဆယ့်ငါး ပြား။ကျနော်ပါတာထက် နှစ်ဆဖြစ်နေလို့ ထမင်းသုပ်နား မကပ် နိုင်ခဲ့ဘူး။တရုတ်မုန့် ဓားလှီးကိတ်နဲ့  ပဲမုန့် တွေ ကလည်း သုံးဆယ့်ငါးပြားဆိုတော့ လက်လှမ်း မမှီပြန်ဘူး။ဆယ်ပြားလိုနေသေးတယ်။

တမတ်နဲ့ ဝယ်စားနိုင်တာတွေက ပေါက်ပန်းလေးဆယ်နိုင်တယ်။ခပ်ခြာခြာမုန့် တွေပဲ ၀ယ်လို့ ရတယ်။တမတ် တန်ဖိုးက ကျောင်းဈေးတန်းမှာ တန်းမရှိတော့ဘူး။တန်ဖိုးနိမ့်နေပြီ။အရုပ်လေးတွေ ထည့်ထားတဲ့ ဆီးမှုန့် မှိုတက် လောက်ပဲ ရတယ်။ဆီးမှုန့် ထဲမှာ အရုပ်လေးတွေ ထည့်ပေးထားတယ်။တခါတလေ အရုပ်လိုချင်တဲ့အခါမျိုးမှာ တော့ ဆီးမှုန့် မှိုတက်ထုပ်တွေ ၀ယ်ရတာပါပဲ။

အိမ်ရောက်တော့ ခေါင်းအုံးစွပ်ဟောင်းပိတ်ဖြူစကို ပိတ်ကားအဖြစ်ထောင်တယ်။ပုဆိုးတွေနဲ့ ယိုင်ပတ် ပတ်ပြီး ရုံလုပ်လိုက်တယ်။ ၀င်ကြေးက ပလတ်စတစ်ဟောင်း ငါးအိပ်။ဆီးထုပ်ထဲကပါတဲ့ အရုပ်တွေကို ဖယောင်းတိုင်မီး ဆလိုက်လုပ်ပြီး ရုပ်ရှင်ပြလိုက်တယ်။အိမ်နားက သူငယ်ချင်းတွေ လာကြည့်ကြတယ်။နန်းသိမ်း၊ချမ်းငြိမ်း ညီအစ် ကိုရယ်။အောင်ခိုင်၊ဇော်လတ် ညီအစ်ကိုရယ်။အိမ်ရှေ့ က တေဇမောင်မောင်တို့ ညီအစ်ကိုရယ်။ရလာတဲ့ ပလတ် စတစ်အိပ်တွေကို စုပြီး နေ့ ခင်းဘက်လာတဲ့ ပလတ်စတစ်တွေ၊ပုလင်းတွေ၊ဒန်အိုးဒန်ခွက်အဟောင်းတွေ အ သစ်နဲ့ အဟောင်း လဲတယ်၊၀ယ်တယ်ဆိုတဲ့အသည်ကြီးဆီမှာ ပဲလှော်တို့ မရွေးတို့ နဲ့ လဲစားကြတယ်။

ကျနော်ရတဲ့ တမတ်ဟာ နောက်ထပ် ဘာဝယ်လို့ ရသေးသလဲဆိုရင် ရာသီစာတွေ ၀ယ်လို့ ရတယ်။သရက် သီးတို့ ၊စောင်းလျားသီးတို့ ကို ဆေးသကြားစိမ်ထားပြီး ဆားငရုပ်မှုန့် နဲ့  တို့ စားရတဲ့ ၀မ်းနူးစာ၊ရင်ကျပ်စာ၊အန္တ ရာယ်စာတွေတော့ ၀ယ်လို့ ရတယ်။အဲ့ဒါတွေကတော့ ဆယ့်ငါးပြားဖိုးလည်း ရတယ်။ဆယ်ပြားဖိုးလည်း ဖြစ် တယ်။ငါးပြားဖိုးဆိုရင်တောင် ပြန်မလွှတ်ဘူး။အင်ဖက်လေး၊ဗာဒံရွက်လေးနဲ့ ထုပ်ပေးလိုက်တာပဲလေ။

ငါးပြား၊ဆယ်ပြားတန် အုန်းကပ်စေး ရှိပေမယ့်စားပြီးရင် သွားကိုက်တတ်လို့  စားရမှာ လန့် တယ်။မြန်မာစာ ဆရာမကြီး လုပ်ရောင်းတဲ့အုန်းယိုက ကောင်းလွန်းတော့ တထုပ်တည်းနဲ့ စားမ၀ဘူး။ကွမ်းသီးလုံးလောက်ကို တမတ်ဆိုတော့ ၂ ထုပ်၊၃ ထုပ် လောက်မှ အာသာပြေတယ်။ဒါပေမယ့် ကျနော်ပါတာက တမတ်လေ။အာ မထိ၊ လျှာမမိ တထုပ်စာပဲ ရတာကို။

ဒီတမတ်နဲ့  ကျောင်းဈေးတန်း ပတ်ပေမယ့် ဘာမှ ဟုတ်ဟုတ်ဟပ်ဟပ် ၀ယ်မဖြစ်ပါဘူး။မျက်နှာငယ်ရတယ်။ တခါတလေ သူငယ်ချင်းတွေက တင့်လွင်တို့ အမေဆိုင် ၀င်ထိုင်ရင် ကျနော်က ငွေတမတ်တည်းပါတာမို့  မထိုင် ဘူး။ကျော်ထွက်လာပြီး ဆီးထုပ်တထုပ် ၀ယ်ချင်ဝယ်။ရေခဲချောင်း ဆယ်ပြားတန်၊ဆယ့်ငါးပြားတန် ၀ယ်ချင်ဝယ်။ ဒါမှမဟုတ် တမတ်နဲ့ ရတဲ့ သံပုရာပေါင်း ၀ယ်ချင်ဝယ်တယ်။ဒါကလွဲပြီးလည်း ဘာမှ ရွေးချယ်စရာ မရှိဘူးလေ။ ငွေတမတ်ရဲ့ပေးချက်က အဲ့ဒါအကုန်ပဲ။ရှေ့ ဆက်သွားလို့ မရဘူး။

သိပ်ကို စားချင်လွန်းတဲ့ ဖော့ဓားလှီးရေခဲချောင်းကလည်း သုံးဆယ့်ငါးပြားဆိုတော့ ငေးကြည့် ရုံပဲ တတ်နိုင် ခဲ့ တယ်။ရေခဲချောင်းရဲ့အပေါ်မှာ တင်နေတဲ့ နို့ သားအမြှုပ်ဖြူဖြူဖွေးဖွေးတွေကို လွေးလို့ သာ စုပ်ချင်တော့တာပဲ။ သိပ်ကိုစားချင်တဲ့စိတ်ဖြစ်လာတဲ့အခါမျိုးမှာတော့ နှုတ်၏စွန့် စားခြင်းတွေကို လုပ်ခဲ့ပါတယ်။ဒါပေမယ့်လည်း အ ဟောသိကံပါပဲ။ဖော့ဓားလှီးကို တမတ်ဖိုး မရောင်းဘူးလား မေးမိတယ်။နည်းနည်းလျှော့လှီးပြီး ရောင်းပေးပါ လားပြောမိတယ်။

မကိုက်လို့ ပါ ကလေးရယ်တဲ့။ဦးလေးတို့ က အဲ့ဒီလို လျှော့လှီးပြီး ရောင်းလိုက်ရင် ကျန်နေတဲ့ အပိုင်းက တ တုံးစာမဖြစ်တော့ဘဲ စကောစကဖြစ်ပြီး ရှုံးတယ်တဲ့။ကျနော့်ကို သနားမလား အောက်မေ့ပြီး ဈေးဆစ်မိပါတယ်။ သူတို့ ကို ပြန်စာနာရမယ့်ကိန်းဖြစ်လာတယ်။ဒါနဲ့ ပဲ သံပုရာပေါင်းပဲ ပေးပါတော့ဆိုပြီး သံပုရာပေါင်းပဲ ၀ယ်စုပ်ခဲ့ရ တာမျိုးလည်း ရှိခဲ့တယ်။

တမတ်ဟာ ၀ယ်ချင်တာ ၀ယ်မရ။စားချင်တာ စားမရနဲ့ လေ။အိမ်ကပေးတဲ့တမတ်ဟာ ကျောင်းဈေးမှာ ဘာမှ သုံးစား မရတာကို အိမ်က မသိရှာဘူး။ဒါမှ မဟုတ် သိသိနဲ့ ပဲ မတတ်နိုင်တဲ့အဆုံး ငါ့သားရယ် ဒါလောက်ပဲ ယူ ဦးဆိုပြီး ပေးတာလည်း ဖြစ်တန်ကောင်းရဲ့။ကျနော်တို့ က မောင်နှမ လေးယောက်ဆိုတော့ အဖေ၊အမေတို့  ဘက်က ကြည့်ရင်လည်း ပေးရတဲ့မုန့် ဖိုးတွေက မနည်းဘူးလေ။ဒါကလည်း ခုမှ တွေးကြည့်မိတာပါ။

အဲ့ဒီ့တုန်းကတော့ တန်ဖိုးအကန့် အသတ်နဲ့ သုံးနေရတဲ့တမတ်ကို မယူချင်တော့ဘူး။ပိုပေးဖို့ လည်း မတောင်း ဆိုချင်ဘူး။ဒါကြောင့်ပဲ ကိုးတန်းရောက်တော့ အိမ်ကပေးတဲ့ မုန့် ဖိုးတမတ်ကို မယူတော့ဘူး။တမတ်ဆိုတာ ဖော့ ဓားလှီးရေခဲချောင်းတောင် စားလို့ မရတာ။လက်ဖက်ရည်သောက်ချင်လာတဲ့၊သံလမ်းဂိတ်ကြော် စားချင်လာတဲ့ အရွယ်မှာ တမတ်က ဘယ်မှာသွားသုံးမှာလဲ။သုံးမရမယ့်အတူ အိမ်ကိုလည်း ၀န်မပိုရအောင် မုန့် ဖိုးတမတ်ကို ကျနော် မယူတော့ဘူး။ငြင်းပစ်လိုက်တယ်။တမတ်မရှိတော့ကော ဘာဖြစ်သေးလဲ။ဘာမှ မဖြစ်ပါဘူး။

(နှစ်)

ဒါပေမယ့် ၈ တန်းအထိကတော့ ဒီတမတ်ကို ယူခဲ့ပါသေးတယ်။တမတ်နဲ့ ပဲ ၀ယ်စားနိုင်သလောက်လေးတွေ ၀ယ်စားရင်းနဲ့ မူလတန်း၊အလယ်တန်းကျောင်းသားဘ၀တွေကို ဖြတ်သန်းခဲ့ရတယ်။တခါတလေတော့လည်း အ မေက ငါးပြား ပိုပေးလို့ ပြားသုံးဆယ်နဲ့ ကျောင်းသွားခဲ့တာတော့ရှိပါတယ်။ဒါမျိုးက ရှားရှားပါးပါးပါ။အိမ်မှာ မာလ ကာသီးနဲ့ လိုင်းမကြူးသီးတွေ ဖြိုင်ဖြိုင်သီးမှ ရတတ်တာမျိုးပါ။မာလကာသီးနဲ့ လိုင်းမကြူးသီးတွေကို ဗန်းထဲ ထည့်ပြီးအိမ်ရှေ့ မှာ ခွေးခြေခုံလေးပေါ်တင်ပြီး ရောင်းတယ်။အဲ့ဒီ့ကရတဲ့ ပိုက်ဆံနဲ့ ကျနော်တို့ မောင်နှမတတွေ ကို မုန့် ဖိုးပြန်ပေးတယ်။

အမက ကျနော့်ထက် ၂ နှစ်ကြီးတယ်။ညီက ကျနော့်အောက် ၂ နှစ်ငယ်တယ်။အားလုံး ကန်နားကျောင်းမှာပဲ တက်ကြတယ်။ကျနော် ၇ တန်းအရောက်မှာ အမက ကျောင်းပြောင်းသွားရတယ်။သူက ၉ တန် ဖြစ်သွားတော့ အထက်တန်းရှိတဲ့ အမှတ်(၁) အထက်တန်းကျောင်းဆီ ပြောင်းသွားတာ။နဂိုကတည်းက ကသီတာ အမ ကျောင်းပြောင်းတော့ ပိုပြီး ဗျာများကုန်တယ်။ကန်နားကျောင်းတက်တုန်းက ခြေကျင်သွားကြတာဆိုတော့ ပြ ဿနာ မရှိဘူး။ကျောင်းကလည်း နီးတယ်။

အမှတ်(၁)ကျောင်းကျတော့ ဝေးသွားပြီ။ခြေကျင် မရတော့ဘူး။စက် ဘီးနဲ့ သွားဖို့ ကျတော့ မ၀ယ်နိုင်တာ ရယ်၊အမက မစီးရဲတာရယ်ကြောင့် အဲ့ဒီ့အစီအစဉ် အထ မမြောက်ခဲ့ဘူး။ဒါကြောင့်ပဲ အိမ်ရှေ့ ကဖြတ်သွားတဲ့ သစ်ထုတ်လုပ်ရေးဌာနက ကျောင်းကြိုပို့ ကားကို စီးခွင့်ပေးဖို့  အကူအညီတောင်း ရတယ်။အဲ့ဒီ့မှာ အပေးအယူ လုပ်ကြတယ်။ကားသမားက စီးခွင့်ပေးတယ်။အမေတို့ က ပိုက်ဆံပေးတယ်။

အဲ့ဒီလို ငွေ အထွက်များလာတော့ ကျနော်တို့ မုန့် ဖိုးကို အတော်ရုန်းရမှာပေါ့။အစ်ကိုကလည်း မိတ္ထီလာဒေသ ကောလိပ်တက်နေပြန်ဆိုတော့ အဖေ ရတဲ့ လစာလေး ၁၇၅ ကျပ်ဟာ ကျနော့်တမတ်ကို ဘယ်လိုလုပ် ပရိုမိုး ရှင်း (promotion ) လုပ်နိုင်ပါ့မလဲ။ဆင်းရဲတွင်းအကြောင်းပြချက်နဲ့ ပဲ တမတ်ခေတ်ဟာ သက်ဆိုးရှည်နေခဲ့တာ။ ငွေတမတ် သက်ဆိုးရှည်နေသမျှ ကျောင်းဈေးတန်းမှာ ကျနော် မျက်နှာငယ်ခဲ့ရတယ်။သူငယ်ချင်းတွေ အလယ် သိမ်ငယ်ခဲ့ရတယ်။

ဖော့ဓားလှီးရေခဲချောင်းကို ဖမ်းလုစားခဲ့ရတဲ့အခြေအနေအထိ တွေ့ ကြုံခဲ့ရဖူးတယ်။ဒါကို ပြန်တွေးကြည့်တိုင်း နိမ့်ပါးတဲ့ ခံစားမှုတမျိုးကို ခံစားနေရဆဲပဲဖြစ်တယ်။ခေတ်ကို၊စနစ်ကို ရင်နာနေဆဲပဲလည်း ဖြစ်တယ်။ခေတ်ဆိုး စ နစ်ဆိုးရဲ့သားကောင်ဖြစ်နေရတဲ့ အညတရတွေရဲ့ ဘ၀ကို ယူကြုံးမရလည်းဖြစ်ရတယ်။တကယ်တော့ ဒီအညတ ရတွေဟာ ကစားပွဲတခုက မုန့် ကျွတ်တွေလိုပါပဲ။အိမ်ပြည့်ရုံ ဖြည့်ရတဲ့ အိမ်ဖြည့်တွေပါပဲ။

(သုံး)

ကျောင်းရှေ့ လမ်းရဲ့ဘေး၊ ဘယ်ညာမှာ မုန့် ဆိုင်တန်းတွေရှိနေတာ။အဲ့ဒီ့အထဲမှာ ရေခဲချောင်းသည်တွေလည်း အပါအ၀င်ပါပဲ။ရေခဲချောင်းသည်တွေက ရေခဲချောင်းစက်ကြီးနှစ်စက်ကနေ ယူရောင်းကြတာ။ရွှေနှင်းဆီစက်နဲ့ ၊ ဒို့ ကျောင်းသားစက်တွေ။ရေခဲစက်ပိုင်ရှင်တွေ ပြိုင်၊မပြိုင်တော့ မသိပါဘူး။လမ်းလျှောက်ပုံးထမ်း ရေခဲချောင်း သည်တွေကတော့ အပြိုင်အဆိုင် ရောင်းနေကြတာပါပဲ။

ဖော့ဓားလှီးတချောင်းကို တမတ်နဲ့ ဈေးဆစ်တာ၊ မရတဲ့ပုံးထမ်းသည်တွေဟာ အပြိုင်စိတ်ကြောင့် မမျှော်လင့် တာတွေ လုပ်ကြတယ်။အဲ့ဒီ့နေ့ က ငွေတမတ်နဲ့ ကျောင်းလာတဲ့ကျနော် အံ့သြစရာတွေ ကြုံရတယ်။ကျောင်းဆီ ရောက်ရောက်ချင်း ကျောင်းလမ်းမပေါ်က ပုံးထမ်းသည်တွေရဲ့ ဖော့ဓားလှီးတွေ တမတ် တမတ်နဲ့ အော်သံကို ရွှေနှင်းဆီဘက်ကနေ စကြားလိုက်ရတယ်။ကျနော်ပျော်သွားတယ်။

အိပ်ကပ်ထောင့်နား ကပ်နေတဲ့ ပိုက်ဆံတမတ်ကို စမ်းကိုင်ရင် မင်း အသုံးတည့်ပြီ။တမတ်နဲ့ ဖော့ဓားလှီး စား ခွင့်ရပြီလို့ စိတ်ထဲမြည်တမ်းလိုက်တယ်။ရွှေနှင်းဆီသည်တွေဘက် ခြေလှမ်းရွှေ့ ဖို့ ကျနော် ပြင်လိုက်တာ။ပြားနှစ် ဆယ်၊ပြားနှစ်ဆယ် ဖော့ဓားလှီးတွေ ပြားနှစ်ဆယ်လို့  ဒို့ ကျောင်းသားဘက်က အော်သံထွက်လာတယ်။ကျနော့် ခြေလှမ်းတွေ လမ်းခုလပ်မှာ တန့် သွားတယ်။

ရွှေနှင်းဆီက ဖော့ဓားလှီးတွေ ဆယ့်ငါးပြား၊ဆယ့်ငါးပြားလို့ အော်လိုက်တာကိုး။အဲ့ဒီ့မှာ ဒို့ ကျောင်းသားက လည်း ဆယ်ပြား၊ ဆယ်ပြား အော်ပြန်တယ်။ရွှေနှင်းဆီက ငါးပြားငါးပြားဖြစ်သွားတယ်။အဲ့ဒါအပြီးမှာတော့ တဖက်နဲ့ တဖက် ရေခဲချောင်းတွေနဲ့ ပစ်ပေါက်ကြတာ။ကျနော်တို့ ခေါင်းပေါ်က၊ကျနော်တို့ ရှေ့ က၊ကျနော်တို့  နောက်ကျောက၊ကျနော်တို့ ကြားထဲက နေရာစုံကနေ ရေခဲချောင်းမျိုးစုံဟာ ပလူတွေ ပျံနေသလိုပါပဲ။တချို့  ကျောင်းသားတွေက အဲ့ဒီ့ရေခဲပျံပလူတွေကို လိုက်ဖမ်းကြတယ်။ရန်ပွဲနဲ့ ပျော်ပွဲဟာ သဟဇာတဖြစ်မှန်းမသိ ဖြစ် သွားတယ်။

အဲ့ဒီလိုအခြေအနေမျိုးမှာ ဖော့ဓားလှီးကြီး၊ရွှေဝါဆပ်ပြာတပိုင်းစာလောက်ရှိတဲ့ အတောင့်ကြီးဟာ ကျနော့်ရင် ဘတ်ကို လာမှန်ပြီးတော့ ပိုင်းပဲ့သွားတာ။ကျနော်လည်း ပိုင်းကျိုးသွားတဲ့ ဖော့ဓားလှီးအပိုင်းအပဲ့တွေကို ကပျာ ကယာနဲ့ လိုက်ဖမ်းလိုက်တာ ၃၅ ပြားတန် နှစ်တုံးစာလောက်အပဲ့တုံးကို ဖမ်းမိလိုက်တယ်။ပျော်လိုက်တာ။ဘယ် ပြောကောင်းမလဲ။ရေငတ်နေတုန်း မြစ်ထဲကျတာကိုး။စားရကံကြုံတော့ နှုတ်ခမ်းဖျား ပျားရည်စုတာကိုး။

အင်္ကျီနဲ့ ဘောင်းဘီ ပေစွန်းသွားလို့ အမေဆူမှာကို သိနေပေမယ့် တမတ်နဲ့ ဝယ် မစားနိုင်တဲ့ ဖော့ဓားလှီး ကို စားလိုက်ရလို့  ပျော်တဲ့အပျော်က ပိုနေတယ်။ဒါပေမယ့် ဒါကို တယောက်တည်း မစားပါဘူး။သူငယ်ချင်းတိုးနိုင် ကိုပါ ကျွေးလိုက်တယ်။ဒီကောင်လည်း ၀ယ်မစားနိုင်တဲ့ကောင်။တမတ်သမား ဘ၀တူတွေ။သူ့ အဖေက ရဲတပ် သားအိုကြီး။ သေနပ်ကို အိမ်သာအပြင်မှာထောင်ပြီး အိမ်သာတက်နေတုန်း၊ထောင်ဖောက်ပြေးတဲ့ အကျဉ်းသား က ကိုယ်လွတ် ရုန်းမပြေးဘဲ အိမ်သာရှေ့ တွေ့ တဲ့သေနပ်ပါ မ သွားလို့ အပြစ်ပေးခံထားရတဲ့ ရဲအိုကြီး။သားသ မီးတွေ မွေးထား လိုက်တာလည်း အများကြီးပဲ။အဲ့ဒီ့ရဲအိုကြီးရဲ့သား တိုးနိုင်နဲ့ တယောက်တ၀က် စားပစ်လိုက် တယ်။

ဒီကောင်က ကောင်းလိုက်တာကွာ တဲ့။

(လေး)

တကယ်တော့ တမတ်ဟာ ငယ်ဘ၀တလျှောက်လုံး လွှမ်းမိုးခဲ့သလို မနှစ်ကလည်း တမတ်နဲ့ ပတ်သက်လိုက် ရပါသေးတယ်။အဖေ ဆုံးတုန်းကပါ။အဖေ့ ရုပ်အလောင်းကို ရေခဲတိုက်မှာ သွားထုတ်ယူတော့ တမတ်နဲ့ ပတ် သက်ခဲ့တာ။အဖေ့ ရေခဲသေတ္တာအမှတ်က (၁၁)။ဒါကို (၁၂)နဲ့ မှားပြီး၊(၁၂)က အလောင်းထဲထည့်ရမယ့် ပိုက်ဆံ တမတ်ကို အဖေ့ ပါးစပ်ထဲ ထည့်ပစ်လိုက်တာ။အဲ့ဒီလိုထည့်တာကို ကျနော်တို့ လည်း မမြင်လိုက်ဘူး။(၁၂)က လူတွေလည်း မတွေ့ လိုက်ကြဘူး။ကျနော်တို့ အအေးခန်းထဲ မရောက်ခင် ထည့်လိုက်ကြတာ။

အလောင်းကို နာရေးကားပေါ်တင်မယ်လုပ်ခါမှ (၁၂)က အလောင်းပိုင်ရှင်က တမတ်ထည့်လိုက်ပြီလားလို့  မေးတာကို ၀န်ထမ်းက ထည့်လိုက်တယ်လေ(၁၁)မှာ ကျနော်ကိုယ်တိုင် သေသေချာချာထည့်လိုက်တာလို့ ဖြေ တော့မှ ဟာ-(၁၁) မှာ ထည့်ရမှာ မဟုတ်ဘူးလေ(၁၂)မှာ ထည့်ရမှာ ဆိုပြီးတော့ ပြဿနာကပေါ်လာတာ။ပိုက် ဆံတမတ်က ကျနော့်အဖေ ပါးစပ်ထဲရောက်နေပြီ။

ဒါကို ပြန်ထုပ်ပေးဖို့ ကျနော့်အဖေ့ပါးစပ်ကို ဖြဲနေတော့မှ ကျနော်က သိတာ။ကျနော်က ပါးစပ်ဖြဲတာတွေ မလုပ်စေချင်လို့ တားတယ်။ထားလိုက်ပါ၊နောက်ထပ် ရှာထည့်လိုက်ပါ ၀င်ပြောမိတယ်။တမတ်က ရှား တယ်။ပြန်ရှာဖို့ မလွယ်ဘူး လို့ တဘက်က ပိုင်ရှင်က ၀င်ပြောတယ်။ရင်ခွဲရုံဝန်ထမ်းက သူ့ နမော်နမဲ့နိုင်မှု အ တွက် အဖေ့ပါးစပ်ကို ဖြဲပြီး တမတ်ကို ထုတ်နေပြန်တယ်။တမတ်က ထုတ်မရဘူး။သွားအတွင်းထဲကို ထည့် ပစ်တာဖြစ်မယ်။အဲ့ဒါကို ပြန်ယူ ဖို့ အဖေ့ပါးစပ်ကို အတင်းလှန်နေတာ။မြင် မကောင်းတော့ဘူး။ဟေ့လူတွေ ရပ် တော့ -ကျနော် ခပ်ကျယ်ကျယ်၊ခပ်မာမာ အော်လိုက်တယ်။အဲ့ကျမှ တဘက်အလောင်းပိုင်ရှင်ထဲက တ ယောက်က ထားလိုက်ပါတော့ဗျာ။တမတ် မရလည်း တခြား ပိုက်ဆံထည့်တာပေါ့ တဲ့။

သူတို့ ထဲက တယောက်ကပဲ တမတ်မဟုတ်လည်း ဖြစ်တယ် မဟုတ်လား လို့ မေးတယ်။ ခပ်ကြီးကြီး တ ယောက်က ဖြစ်ပါတယ်။တမတ်မရှိလည်း ဖြစ်ပါတယ် ဆိုပြီးဖြေတာ။အဲ့ကျမှ ပြဿနာက ပြီးတော့တယ်။သူတို့  လည်း သူတို့ အလောင်းသူတို့ ယူ၊ကျနော်တို့ လည်း အဖေ့အလောင်းကို သယ်လာ။ကူးတို့ ခ တမတ်ကို အဖေ့ ကံကြောင့် ရလိုက်တာတဲ့။ဦးလေးတယောက်က မှတ်ချက်ချတာပါ။အဲ့ဒီ့တမတ်ကြောင့်ပဲ ကျနော်တို့ ကလည်း နောက်ထပ် ကူးတို့ ခ ထပ်ထည့် မပေးမိကြတော့ဘူး။

ဒါကို ခုမှ ပြန်တွေးနေမိပြန်တယ်။တမတ်နဲ့ ခေတ်ဟာ လိုက်လျောညီထွေမှ ဖြစ်ရဲ့လားလို့ ။အဖေ ဖြေသွား ပေးနိုင်ရင်ကောင်းမယ်။

ကျော်ထင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်