မောင်လူရေး – အဆိပ်စားများ

December 27, 2017

မောင်လူရေး – အဆိပ်စားများ

(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၇တစ်ထုပ်လောက်ဖြန်းလိုက်တာနဲ့ မူးလဲသွားတာ။ ကျဲရင်း ရှူမိတဲ့အချိန်ဖြစ်ပေါ့။ ဒီရက်ပိုင်း ဆေးရုံကို တော်တော် ရောက်လာကြတယ်။ မရောက်ဘဲ ချက်ချင်း သေသွားတာလဲ ရှိတယ်။

ညွှန်းထားတာက တစ်ဧကကို ၇ ထုပ်။ ဒါပေမယ့် အာ့လောက် မကြဲဘူး။ 1 kg ကို မြေဆီ 5 kg နဲ့ရောမယ်ဆိုရင် 6 kg ဖြစ်သွားတာ။ ပွားလိုက်တာပေါ့လေ။ အဲဒီမှာ ကျဲတဲ့အချိန် ပိုကြာသွားတယ်။ မြေဆီနဲ့ မွှေလိုက်တော့ သူက ရောပြီးတော့ အဆိပ်ငွေ့တွေ ဖြစ်သွားတာပေါ့။ ပုလဲဆို ပိုဆိုးတယ်။ သုံးထုပ်ဆို သုံးထုပ်ကျဲတာက ဘာမှ မကြာဘူး။ မြေဆီနဲ့ ရောတဲ့အခါကျတော့ အဆိပ်က ပိုများလာတာပေါ့။ ပိဿာနဲ့ ပြောမယ်ဆိုရင် ၆ ပိဿာ၊ ၇ ပိဿာပေါ့။ မြေဆီတစ်ဝက်လောက်နဲ့ ရောမယ်ဆိုရင် ၁၅ ပိဿာလောက် ဖြစ်သွားတာ။ တစ်ထုပ်ကြဲလို့ ၁၅ မိနစ်၊ မိနစ် ၂၀ ဆို၊ အရောက တနာရီလောက်ပိုကြာတာပေါ့။

ဒီကောင်က ပုံမှန်တော့ အနံ့မရှိဘူး။ ဈေးကွက်ထဲမှာတော့ အနံ့ပါတာများတယ်။ ဈေးသက်သာလို့လို့လည်း ပြောလို့ရတယ်။ 3ဂျီလို့ ပြောပေမယ့် အစစ်တော့ မဟုတ်ဘူး။ တရုတ်က လာတဲ့ဟာတွေကိုး။ ဒါပေမယ့် ပြီးခဲ့တဲ့ ဦးသိန်းစိန်ခေတ်တုန်းက ဗမာစာပါရင် မှတ်ပုံတင်ရှိတယ်ဆိုပြီး ဗမာလိုရေးကြတယ်။ တကယ်တမ်းတော့ မှတ်ပုံတင် မရှိဘူး။ ခုနောက်ပိုင်း ကြပ်လိုက်တော့ ဈေးကွက်ထဲက ပျောက်သွားတာတွေက မှတ်ပုံတင်မရှိဘူး။ ကုမ္ပဏီတွေက လုပ်တာ။ စိုက်ပျိုးရေးပိုင်းက အောက်လူတွေကလည်း ဗမာစာပါရင်ကို မှတ်ပုံတင်ရှိပြီ ထင်နေကြတာ။ ရောင်းတာကလည်း ကုမ္ပဏီကြီးတွေဆိုတော့ ယုံကြတာပေါ့။

ကျနော်တို့တုန်းကဆို ၁၀ တန်လောက် ရောင်းပစ်တာ မှတ်ပုံတင်ပြီးသားဆိုပြီး။ ပွားရောင်းတာ။ တခြားနိုင်ငံက သင်္ဘောနဲ့လာရင် စစ်တယ်။ တရုတ်ကဝင်ရင် ဒီအတိုင်းဘဲ။ ဂိတ်မှာလဲ မစစ်ဘူး။ မန္တလေးမှာလဲ မစစ်ဘူး။ သင်္ဘောနဲ့ပို့တဲ့သူတွေက ဒီပစ္စည်းတွေထုတ်ဖို့ စာရိုက်တင်ရတာအပြင် နေပြည်တော်ကိုလည်း သွားအကြောင်းကြားတာက တစ်ပတ် ၁၀ ရက်ကြာတယ်။ အချိန်က အဲလောက်မရဘူး။ တရားဝင်လာတဲ့ သူတွေအတွက်တော့ ကြပ်တယ်။ အာ့တော့ အောက်လိုင်းဘဲ လုပ်လိုက်ရမလားဆိုတဲ့ အတွေးဝင်လာတယ်။ အောက်လိုင်းက ပိုလွယ်တယ်လေ။ အမြတ်လဲ ပိုရတယ်။
ခုဟာက တစ်ခုလောက်မှားလိုက်တာနဲ့ သိမ်းပစ်လိုက်တာ။ အများကြီး နစ်နာတယ်။ တစ်ခုက သက်တမ်းလွန်သွားရင် ဒဏ်ကြေးဘဲ ဆောင်သင့်တာကို နှစ်နှစ်ပြန်စလုပ်ခိုင်းတယ်။ သက်တမ်းကို ဖျက်တယ်။ ပြန်သက်တမ်းရဖို့ စောင့်ခိုင်းတာက နှစ်နှစ်လောက် ကြာတယ်။ အာ့အတွင်းမှာ ရောက်လာတဲ့ ပစ္စည်းတွေကို သိမ်းတယ်။ ဟိုဘက်ကို ပြန်ပို့လို့လည်း မရဘူး။ သွင်းတဲ့ကုန် မှတ်တမ်းတင်ရတာကို ပြောတာ။ ကုန်ပစ္စည်းတွေ သက်တမ်းကုန်သွားတဲ့အတွက် ထုတ်လို့မရဘူး။ ပြန်ပို့လည်း မရဘူး။ စိတ်ညစ်အောင် လုပ်ထားတယ်။
အဓိက ကတော့ စိုက်ပျိုးရေး သီးသန့်မသွားဘဲနဲ့ ကုမ္ပဏီကြီးတွေရဲ့ မဲဆွယ်မှုပါတယ်။ သူတို့ ရပ်တည်ဖို့အတွက် လုပ်ကြတယ်။ တကယ်အမှန်အကန်တွေ လာရင် အရည်အသွေးက ယှဉ်လို့မရဘူး။ဒီဆေးတွေက လယ်ထဲချရင် အကောင်ပလောင်တွေ အကုန်သေတယ်။ မြွေတွေတောင် သေတယ်။ ပြတ်တောင်ထွက်တယ်။ အာ့ဆေးဖြန်းထားတဲ့ လယ်ကွက်ထဲက ရေတွေကလဲ အန္တရာယ်ရှိတယ်။ ရွာတွေမှာကစ ရေသန့်ဘူး ယူရတယ်။ ငယ်ငယ်တုန်းကဆို တောထဲကရေ ခပ်သောက်လိုက်တာဘဲ။ ခုဆို မသောက်ရဲဘူး။ သောက်လို့မရမှန်းသိတော့ အကုန် ရေသန့်ဗူး သယ် ကြတယ်။ သေတာကတော့ ဖြန်းတာများရင် အနီးအနား ပျံတဲ့ငှက်တောင် ပြုတ်ကျသေတယ်။ ပက်တဲ့ကောင်တွေကလည်း ထိတာဘဲ။ အချိန်နှေးတာ မြန်တာဘဲ ရှိမယ်။ ကြဲတဲ့သူတွေထိတယ်။ ဘေးနားက ဖြတ်သွားတဲ့သူတွေလည်း ရှူမိရင် ထိတယ်။ ကျနော်တို့ဆို နောက်တစ်လလောက် နေရင် ရွာတွေ သိပ် မသွားတော့ဘူး။ ဆေးဖြန်းချိန်လေ။

စိုက်တဲ့ရက်ကနေ ရက် ၉၀ လောက်မှ ဖြန်းရမှာ။ အဲဒါကို ကြိုဖျန်းကြတာ။ မဖြန်းလဲ ဘာမှ မဖြစ်ဘူး။ ပုံမှန်ဆို ရက် ၉၀ လောက်မှ ဖြန်းတာ။ အဓိက ဖြစ်တာက စစ်ပိုးရှိတယ်။ ဖြုတ်ရှိတယ်။ အာ့တော့ စစ်ပိုးကို ကြောက်လို့ လုပ်တာ။ စစ်ပိုးက ကျတော့ ကျတယ်။ တစ်ပင်တည်း ကျတာလောက်ကတော့ ကြောက်စရာမလိုဘူး။ အပင်များမှသာ ကြောက်ရတာ။

 နောက်ပြီး ပိုးကျဖို့ဆိုတာ အခြေအနေ သုံးရပ် ရှိတယ်။ ရာသီဥတု၊ ပိုးရယ်၊ လက်ခံတဲ့အပင်ရယ်။ ရာသီဥတုက အေးသွားရင် မကျဘူး။ သုံးခုထဲက တစ်ခု ပျက်ရင် ဘာမှမဖြစ်ဘူး။ သုံးခုစလုံးညီရင်သာ အခင်းပျက်တာ။ တကယ်တော့ အနှံထွက်တဲ့အချိန်ရောက်မှ ကျမှာလေ။ အာ့ဒါကို နားမလည်တာ။ အာ့ဒါကို ကြောက်ပြီးတော့ ဖြန်းတာ။ အရင်နှစ်က ပိုးကျပြီး အထွက်ကျထားတာလည်း ပါတာပေါ့လေ။ နောက်တစ်နှစ်ဖြစ်လို့ မရတော့ဘူးဆိုပြီး ဆေးတအားဖြန်းတာ။ ခုကတည်းက ဖြန်းရင် မိတ်ဆွေပိုးလေးတွေ ပုစဉ်းတွေ၊ ပင့်ကူ၊ နဂျီကောင်လေးတွေက သေသွားတာ။
သူတို့တွေရှိရင် သိပ်ပြီး ပိုးမကျနိုင်ဘူး။ သူတို့တွေက သေသွားတော့ ပိုးကျတာ လွယ်တာပေါ့။ ရန်သူပိုးတွေပေါ့ ဖြုတ်တို့ ဘာတို့ပေါ့။ သူတို့တွေရှိတဲ့ နေရာလေးတွေက ဆေးရောက်ဖို့ ခက်တယ်။ မိတ်ဆွေပိုးလေးတွေကတော့ မြင်သာတဲ့ နေရာမှာ နေကြတော့ သေလွယ်တယ်။ ဖြုတ်တွေက အနည်းဆုံး ဆေးနှစ်ခါဖြန်းမှ ဒါတောင် ဆေးမတိုးရင် သွားပြီ။ အာ့ပြဿနာရှိတယ်။
 ပေါင်းလှည်းကုန်းကဆို အနည်းဆုံး ဆေးကို ၁၂ ကြိမ်ဖြန်းပြီးမှ ရိတ်ရတဲ့အဖြစ်။ ၁၂ ကြိမ်၊ ၁၅ ကြိမ်။ စိုးရိမ်တဲ့ အခြေရောက်နေပြီ။ ခုတော့ အထွက်တိုးတော့ ပျော်နေကြသေးတာပေါ့။ နိုင်ငံခြားက ပစ္စည်း၊ အရည်အသွေးကောင်းတွေ သုံးရင်တော့ ၁၅ ရက်တစ်ခါလောက်ဖြန်းပြီး နောက်ထပ်ဖြန်းမယ်ဆိုရင်လဲ အကောင်တွေက လျော့သွားတယ်။ ဒီလိုဆေးတွေရှိနေရင်လည်း ခုလိုဆေးတွေ ဘယ်သုံးတော့မလဲ။ ဒါကို ကုမ္ပဏီတွေက သိတယ်။ သိပေမယ့် မလုပ်ကြဘူး။ပိုးသတ်ဆေးတွေက လူတွေကို အာရုံကြောနဲ့ ပက်သက်တာမျိုး၊ မလှုပ်ချင်တာမျိုး၊ စားချင်စိတ် ပျောက်တာမျိုးပေါ့။ ခုကတော့ ထိသေလည်း သုံးတယ်။ အဆိပ်ငွေ့လည်း သုံးတယ်။ ထိသေကတော့ ထိမှ သေမှာ။ အဆိပ်ငွေ့က ကျတော့ လေထဲမှာ ပျံ့နေတာ။ လယ်ကွင်းတွေနဲ့ နီးတဲ့သူတွေ ခံရတယ်။ ရွာထဲ မစိုက်နဲ့လို့ ပြောတယ်။ ဒါပေမယ့် စိုက်ကြတယ်။ ရမည်းသင်းက စပျစ်ခြံဆိုရင် ရွာထဲမှာဘဲ။ တစ်နေ့ကို ဆေးနှစ်ခါလောက် ဖြန်းရတာ။

ဆေးဖြန်းလို့ဆိုပြီး အလုပ်သမားတွေကိုလဲ ပိုမပေးဘူး။ အန္တရာယ်များမှန်းသိလည်း စားဝတ်နေရေးအရ လုပ်ကြရတာပေါ့။ ကာကွယ်မှုလေးတွေတော့ လုပ်သင့်တာပေါ့။ နိုင်ငံခြားတွေဆိုလည်း သုံးမှာဘဲလေ။ လက်အိတ်တို့ ဘာတို့ပေါ့။ ဒီမှာတော့ အာ့ဒါတွေ သွားပြောရင် လှောင်ခံရမှာပေါ့။ သူတို့ကို သူတို့ အဆိပ်ပြီးတယ် ထင်နေကြတာပေါ့။ တကယ်တမ်းတော့ ဘာကိုင်ကိုင် လက်အိတ်နဲ့ ကိုင်ရမယ်။ ဝတ်စုံတွေရှိတယ်။ ဆေးမတိုးတဲ့ အရာလေးတွေရှိတယ်။ အာ့ဒါဆိုရင် ကြောက်စရာမလိုဘူး။ မသုံးတာက ခက်တာ။

လယ်ကွက်တွေထဲ ဆင်းတဲ့သူတွေလဲ ဖြစ်တာဘဲ။ ချက်ချင်း မသေတာဘဲ ရှိတယ်။ ကျနော်တို့ရွာမှာတောင် ဆုံးသွားတာ။ အနာရှိနေတာရယ် ဆေးက အရေပြားပေါ်ထိတာနဲ့ သေသွားတာ။ မီသိုမှိုင်း(methomyn)ဆိုတဲ့ ဆေးတော်တော်သုံး ကြတယ်။ သူက ပြင်းတယ်။ ဒါပေမယ့် အနံ့မရဘူး။ အာ့တော့ လူတွေက သူတို့ထဲ ဝင်မှန်းလဲ မသိကြဘူး။ အာ့ကောင်က တကမ္ဘာလုံးက ပိတ်ထားတယ်။ ဒါပေမယ့် တရုတ်မှာ အာ့ဆေးတွေ ရှိတယ်။ ဒီမှာလည်း ဝင်တယ်။ အောက်ပိုင်းက တအားသုံးတယ်။ မှောင်ခိုတွေပဲပေါ့။ တရုတ်ဘက်မှာ အာ့စက်ရုံ နှစ်ရုံ ရှိတယ်လို့ ကြားတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာတော့ ban ထားတယ်။ နောက်ဆေးတစ်မျိုးရှိတယ်။ သူများနိုင်ငံမှာ မသုံးပေမယ့် ကျနော်တို့ဆီမှာ တအားရောင်းရတယ်။ ရေနေ သတ္တဝါတွေ သေတယ်။ ငါးဖော်တဲ့သူတွေဆို သိတယ် အာ့ဆေးက။ ငါးဖော်မယ်ဆို ညလောက်ကတည်းက နည်းနည်းလေးထည့်ထားလိုက်တာဘဲ။ မနက်ကျရင် ပေါ်လာတဲ့ ငါးတွေ ဆယ်လိုက်ရုံဘဲ။ အရင်ကတော့ သုံးတယ်။ ခုတော့လည်း ပြောလို့တော့ မရဘူးပေါ့။ ရေထဲရှိတာ အကုန်သေတယ်။

ဘာဆေးဘဲသုံးသုံး အရေပြားပေါ်ရှိတဲ့ အနာထဲ စိမ့်ဝင်သွားရင် သေသွားတာဘဲ။ ဆရာဝန် မမှီဘူး။ ဆရာဝန်ကို အပြစ်ပြောကြသေးတယ်။ ဆေးဖြန်းရင် ဘယ်လောက်တောင့်တဲ့သူဖြစ်ဖြစ် ၁၀ ပုံးကျော်အောင် ဘယ်သူမှ မဖြန်းနိုင်ဘူး။ ဆေးခန်းပြေးကြ ရတာဘဲ။ တစ်ချို့ဆို ဖြန်းလိုက် အကြောဆေးသွင်းလိုက်လုပ်ပြီး ဖြန်းကြတာဘဲ။ ၈ ပုံး၊ ၉ ပုံးလောက် ဖြန်းပြီး ဖြန်းတဲ့သူ မနိုင်တော့မှန်းသိရင် ဆေးခန်းပြေး အကြောဆေးသွင်းခိုင်းတော့ တာဘဲ။ ခင်ဗျားတို့ ဆေးမှူးက မတားဘူးလားဆိုတော့ ဟောဗျာ သူက ပိုက်ဆံရနေတာ ဘယ်တားမလဲတဲ့။ သူက ပိုတောင် ကြိုက်သေးတယ်။ ကိုယ်တောင် ဘာပြောရမှန်း မသိဘူး။

တောင်သူတွေက အဆိပ်တွေနဲ့ ကစားနေရတာပေါ့။ တောင်သူလည်း အဆိပ်တွေနဲ့ကစား၊ ကျနော်တို့လည်း အဆိပ်တွေနဲ့ စားနေရတာဘဲ။ ပြဿနာကတော့ တအားကြောက်ဖို့ ကောင်းတယ်။ ကိုယ်ကိုယ်တိုင် စိုက်ကြတော့တာဘဲ။ တခြားနိုင်ငံတွေဆို မြေမရှိတော့ ဝရံတာမှာဘဲ စိုက်စားကြတာဘဲ။ ဟိုတစ်လောက ကျနော် သွားတက်တဲ့ သင်တန်းဆိုရင် မလေးရှားက ကောင်လေးတွေ ပါတယ်။ နေပုံထိုင်ပုံက gipsy လိုဘဲ။ ဒါပေမယ့် တင်ပြသွားတဲ့ idea က မိုက်တယ်။ သူတို့က မုန့်ညှင်းစိုက်ခင်းပေါ့။ သူတို့အတွေးက တိုက်ခန်းတွေမှာ စိုက်ချင်တာ။ စိုက်ပျိုးရေးအခြေခံလည်း သိပ်မရှိဘူး။ ပျိုးတောင် မပျိုးတတ်ဘူး။ သူတို့က ငါးမွေးတယ်။ အပင်စိုက်တယ်။ တိုက်ခန်းလေးထဲမှာပေါ့။ ကိုယ့်ဆီကတော့ မြေပေါတာကို မစိုက်ကြတာ။ သူတို့က ပြဿနာက ဘာလဲဆိုတော့ တိုက်ခန်းသေးသေးလေးထဲမှာ ငါးမွေးတော့ အညှီနံ့ ထွက်တယ်။ မထွက်အောင် အနံ့ပျောက်တဲ့ ဆေးလေးတွေကို ရေထဲကို ထည့်လိုက်တော့ အနံ့ပျောက်သွားတယ်ပေါ့။ ကျနော်တို့ဆီကတော့ သူလည်း မစိုက်ဖြစ်ဘူး။ ကိုယ်လည်း မစိုက်ဖြစ်ဘူး။ စားစရာပေါလား ဆိုတော့လည်း သိပ်မရှိဘူး။ သူများနိုင်ငံဆို ပေါတယ်။ ရွေးချယ်စရာ ပေါတယ်။ သူတို့ဆီက စနစ်ကလည်း မိုက်တယ်။

ဈေးဧရိယာက ဧက၂၅၀ လောက်ကျယ်တယ်။ လက်မှတ်ပါရင် ရောင်းလို့ရတယ်။ ကားတွေလည်း ဝင်လို့ရအောင် လုပ်ထားတယ်။ အသီးအနှံတွေလည်း အစုံရတယ်။ ဓာတ်ခွဲခန်းတွေလည်း ရှိတယ်။ အသီးအနှံတွေကို စစ်တယ်။ ဓာတ်ကြွင်းများလို့ အန္တရာယ်ရှိတယ်ဆိုရင် အာ့တောင်သူကို မှတ်လိုက်တယ်။ ၂၄ နာရီ မီးလင်းတယ်။ လာရောင်းလို့ရတယ်။ အခန်းခလည်း သိပ်မယူဘူး။ မှတ်လိုက်တဲ့ တောင်သူကို နောက်တစ်ခါ ဒါတွေလာရောင်းရင် ဖမ်းမှာ။ သူ့ရပ်ကွက်လူကြီးကိုလည်း အကြောင်းကြားတယ်။ သူကလည်း ပြန်စစ်တယ်။ ဘာလို့ အာ့လိုလုပ်လည်းဆိုတော့ ကျောင်းတွေ၊ ဟိုတယ်တွေ၊ ဆေးရုံကလူတွေ ဝယ်ကြတယ်။ သူတို့တွေ အစာအဆိပ်သင့်လို့ မရဘူး။ နိုင်ငံခြားသားတွေ တစ်ခုခု ဖြစ်သွားရင် သူတို့နိုင်ငံရဲ့ ဝင်ငွေကျမှာဆိုတော့ စစ်တယ်ပေါ့။

 အာ့ဈေးက Bangkok နားလေးမှာ ရှိတယ်။ အရှေ့တောင်အာရှမှာ အကြီးဆုံးထဲ ပါတယ် ပြောတယ်။ ကုန်စိမ်းဈေးဘဲ။ ရည်ရွယ်ချက်လည်း ကောင်းတာကို။ သူတို့ဆီမှာ စားရတာက ဒီကထက်တော့ လုံခြုံမှု ရှိတာပေါ့။ ဒီကတော့ မနက်ဖြန် အဖူးဖူးမယ်ဆိုလဲ ဒီနေ့ဖြန်းကြတာဘဲ။ အဆိပ်သင့်မှန်းလည်း သိတယ်။ စားကြရတာဘဲ။ အဓိက ကတော့ စေတနာ မပါတာပေါ့။ ကျနော်ဆို အသီးအရွက် မစားလို့မှ မရတာ။ အူလမ်းကြောင်းမှာ ဖြစ်တဲ့ ရောဂါဆိုတော့ အသီးအရွက်စားရတယ်။ အသီးအရွက်စားရင် နေကောင်းတယ်။ မစားရင် နေလို့မကောင်းဘူး။ သိသာတယ်။ ရှောင်လို့လည်းမရဘူး။ ရောဂါဖြစ်မှာလည်း သိတယ်။organic ဆိုတာ တကယ်တမ်းတော့ မဖြစ်နိုင်ဘူး။ နောက်ပိုင်း organic က နည်းနည်း မှိန်သွားပြီ။ မဖြစ်နိုင်မှန်း သိသွားပြီ။ ဂျပန်ဆို organic ပို့လို့မရဘူး။ သူ့နိုင်ငံက စိုက်ရင်တော့ မပြောတတ်ဘူး။ organic လို့ပြောလိုက်တာနဲ့ ပိုးတော့ ပါမှာဘဲလေ။ အာ့တွေကြောင့် GAP (Growth Agricultural Practice) တောင်းဆိုတယ်။ ပိုးသတ်ဆေးသုံးလို့ရတယ်။ အတိုင်းအတာနဲ့တော့ သုံးရတယ်။ အာ့ဒါတွေလည်း ထွက်နေပြီ။ ဒါတွေကို ထုတ်ပြီးတော့ လုပ်ပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ဒါပေမယ့် အာ့လို GAP ဖြစ်ဖို့တောင် မလွယ်ဘူး။ အကုန်စစ်ရတယ်။ GAP မှာ ဆေးတဲ့ ရေကအစ ရေသန့်ဖြစ်ဖို့လိုတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မိုးမခကို ပေးတဲ့စာ, မောင်လူရေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်