သန်းမြင့်ဦး ● လွတ်လပ်ရေးနေ့ (သို့မဟုတ်) နှစ် ၇၀ တိုင် စစ်ဒဏ်ခံနေရသည့်နိုင်ငံ

January 3, 2018

● လွတ်လပ်ရေးနေ့ (သို့မဟုတ်) နှစ် ၇၀ တိုင် စစ်ဒဏ်ခံနေရသည့်နိုင်ငံ
(မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၁၈

သူ့ဖေ့ဘုတ်ခ်က ယူပါသည်။

မြန်မာနိုင်ငံသည် ဗြိတိသျှဓနသဟာယအဖွဲ့တွင်မပါဝင်ပဲ လွတ်လပ်သောနိုင်ငံတစ်ခုဖြစ်လာသည်မှာ မနက်ဖြန်ဆိုလျှင် နှစ် ပေါင်း ၇၀ တိတိရှိပြီဖြစ်သည်။

(English Below)

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ပါလီမန်အဆောက်အဦရှေ့ရှိ အတွင်းဝန်ရုံးကွက်လပ်၌ ပထမဆုံးအကြိမ်အဖြစ် ယူနီယံဂျက်အလံကိုဖြုတ်ချကာ သမ္မတနိုင်ငံအလံသစ်ကို လွှင့်တင်ခဲ့သည်။ အလံတင်သည့် အခမ်း အနားတွင် အစီအစဉ်တစ်ခုအနေဖြင့် လွတ်လပ်ရေးယူရမည့်အချိန်ကို တွက်ချက်ပေးသည့်ပုဏ္ဏားများက ခရုသင်းများမှုတ်ကြ သည်။ နောက်ပိုင်းအစီအစဉ်များမှာ လွှတ်တော်တွင်ဖြစ်ပြီး၊ သမ္မတသစ် ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်နှင့်အတူ ဝန်ကြီး ချုပ်သစ် သခင်နုနှင့်ဝန်ကြီးများ ကျမ်းသစ္စာကျိန်ဆိုကြသည်။

နံနက် ၆ နာရီ မိနစ် ၃၀ တွင် နောက်ထပ်အခမ်းအနားတစ်ခုကို ဆက်လက်ကျင်းပရာ ဤတစ်ကြိမ်တွင်မူ အစိုးရအဖွဲ့ရုံး၌ ဖြစ်ပြီး စဝ်ရွှေသိုက်နှင့် မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင်ခံ ဆာဟူးဘရန့်စ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့ကို ပူးတွဲစစ်ဆေးကြသည်။ ထို့နောက်တွင် ဆာဟူးဘရန့်စ်သည် သင်္ဘောဖြင့်ပြန်လည်ထွက်ခွာသွားခဲ့ကာ နှစ်ပေါင်း ၁၂၀ ကျော်ကြာခဲ့သည့် ဗြိတိသျှအုပ် ချုပ်မှုကို အဆုံးသတ်ခဲ့သည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိလာခဲ့ခြင်းမှာ အိန္ဒိယက လွတ်လပ်ရေးရရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ ၁၉၄၅ ခုနှစ် ဗြိတိန် နိုင်ငံရွေးကောက်ပွဲတွင် လေဘာပါတီက အပြတ်အသတ်အနိုင်ရခဲ့သည်။ လေဘာပါတီခေါင်းဆောင်ဖြစ်သူ ကလီမင့် အက်တလီသည် ဝန်ကြီးချုပ်ဖြစ်လာခဲ့ရာ ၎င်းသည် အိန္ဒိယ (နှင့် မြန်မာနိုင်ငံ) ၏ လွတ်လပ်ရေး ကို ကာလရှည်ကြာကတည်းက ထောက်ခံသူဖြစ်သည်။ ၁၉၄၆ ခုနှစ်နှောင်းပိုင်း၊ ဗြိတိန်၏ “အစိုးရအဖွဲ့မျှော်မှန်းချက်စီမံကိန်း” (Cabinet Mission Plan) (ထိုစီမံကိန်းအရ အိန္ဒိယကိုပေါင်းစည်းထားရန်) အောင်မြင်မှုမရှိခဲ့ပြီးနောက် အက်တလီ၏အစိုးရသည် ဘာတွေကို ကြုံတွေ့ ရသည်ဖြစ်စေ၊ ၁၉၄၈ ဇွန်လထက်နောက်မကျပဲ အိန္ဒိယကို လွတ်လပ်ရေးပေးရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယနိုင်ငံကို နိုင်ငံနှစ်ခုအဖြစ်ခွဲထုတ်ရန်ပါဝင်သည့် အဖွဲ့အားလုံးကသဘောတူကြရာ လွတ်လပ်သော “ပါကစ္စတန်နိုင်ငံ” ထွက်ပေါ်လာသည်။ သြဂုတ်လတွင် အိန္ဒိယနှင့်ပါကစ္စတန်တို့သည် လွတ်လပ်သောနိုင်ငံများဖြစ်လာကြသည်။ နောက်ပိုင်း ရက်သတ္တပတ်များတွင် နိုင်ငံနှစ်ခုခွဲထုတ်လိုက်ခြင်းနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုဖြစ်ပွားရာ အနည်းဆုံး လူငါးသိန်းခန့် သေဆုံးခဲ့သည်။ ၁၉၄၇ ခုနှစ်နှောင်းပိုင်းတွင် ပထမ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

ဗြိတိသျှတို့အတွက် အိန္ဒိယကိုလွတ်လပ်ရေးပေးပြီးသည့်နောက်တွင်တော့ မြန်မာနိုင်ငံကို ဆက်လက်ထိန်းချုပ်ထားရန် မလို အပ်တော့ပေ။ ဗြိတိန်၏ ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ၏မဟာဗျူဟာအရ အရေးပါမှုသည် ယခုအခါ အနည်းအကျဉ်း သာရှိတော့သည်ကို သဘောတူခဲ့သည်။ ထိုနည်းတူပင် သီဟိုဠ်နိုင်ငံသည်လည်း ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သည်။

ထိုအချိန်တွင် မြန်မာ့လွတ်လပ်ရေးဇာတ်ကြောင်းထက် ပိုမိုကြီးမားသည့် အဖြစ်အပျက်များထွက်ပေါ်လာသည့်အချိန်ဖြစ် သည်။ မြန်မာနိုင်ငံနှင့်ကပ်ရက် တရုတ်နိုင်ငံတွင် ပြည်တွင်းစစ်တစ်ခုဖြစ်ရန် အရှိန်အပြည့်ယူလျက်ရှိသည်။ ၁၉၄၆ ခုနှစ် ဇူလိုင်လတွင် ချန်ကေရှိတ်လက်အောက်မှ အမျိုးသားရေးအင်အားစုများသည် မြောက်ပိုင်းမှကွန်မြူနစ်များ၏နေရာများကို အကြီးစားထိုးစစ်ဆင်မှုပြုလုပ်ခဲ့သည်။ နောက်ပိုင်းဆက်လက်ဖြစ်ပွားသော တိုက်ပွဲများကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ အနည်းဆုံးလူ ၂ သန်းခန့် ရှိခဲ့သည်။ ၁၉၄၇-၄၈ ဆောင်းကာလအလွန်တွင် မော်စီတုန်းလက်အောက်ခံ ကွန်မြူနစ်များသည် တရုတ်နိုင်ငံမြောက်ပိုင်းကို သိမ်းပိုက်နိုင်ခဲ့သည်။ ၁၉၄၉ ခု နှစ် အောက်တိုဘာလတွင် မော်စီတုန်းသည် ဘဲဂျင်း၌ “ပြည်သူ့ သမ္မတနိုင်ငံ” သစ်တစ်ခုကို တရားဝင်ကြေညာနိုင်ခဲ့သည်။

“စစ်အေးတိုက်ပွဲ” သစ်သည် ကမ္ဘာကြီးကိုစိတ်ပိုင်းလျက်ရှိရာ ကမ္ဘာ့တိုက်ကြီးတိုင်းတွင် ပဋိပက္ခများရှိနေသည်။ အရှေ့ ဥရောပတွင် ဆိုဗီယက်၏ခြိမ်းခြောက်မှုက အချက်ပေးခေါင်းလောင်းမြည်လာခြင်းကြောင့် သမ္မတထရူးမင်းသည် အင်အားအ လွန်မကြီးလာစေရန် နိုင်ငံတစ်ခု၏ အာဏာကို အကန့်အသတ်ပြုသည့် မူဝါဒ (policy of containment) ကို ကြေညာခဲ့သည်။ ၁၉၄၇ ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂက ပါလက်စတိုင်းကို စိတ်ပိုင်းလိုက်ရာ ၁၉၄၈ ခုနှစ်၌ အစ္စရေးနိုင်ငံထွက်ပေါ် လာစေပြီး ပထမ အာရပ်-အစ္စရေးစစ်ပွဲစတင်ဖြစ်ပွားခဲ့သည်။ ဂရိနိုင်ငံမှ ပြည်တွင်းစစ်သည်လည်း အရှိန်မြင့်လျက်ရှိသည်။ ဥရောပတလွှားတွင် မြို့ကြီးများသည် ဒုတိယကမ္ဘာ စစ်၏အပျက်အစီးမှ ပြန်လည်ရုန်းထွက်စအချိန်ဖြစ်သည်။

ထိုအချိန်က မြန်မာနိုင်ငံမှအဖြစ်အပျက်များသည် ကမ္ဘာ့ဇာတ်ခုံတွင် လူအများ၏ အာရုံကျမည့်အရေးပါမှု မရှိခဲ့ပေ။ သို့သော် လည်း သူ့ပြဿနာနှင့်သူတော့ ရှိနေခဲ့သည်။ ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးတော့မည်ဆိုသည်ကို ၁၉၄၆ ခုနှစ် အစောပိုင်းတွင် ရှင်းရှင်းလင်းလင်းသိလာရသော်လည်း လွတ်လပ်ရေးကို မည်သို့သောပုံစံဖြင့် မည်သည့် အချိန်တွင်ပေးမည်ဆိုသည်မှာမူ သေချာရေရာမှုမရှိသေးပေ။ အင်အားငါးသိန်းရှိကာ ကမ္ဘာတွင် အကြီးဆုံးမဟာမိတ်တပ်ဖွဲ့ ဖြစ်သော အမှတ် ၁၄ တပ်ရင်း (14th Army) သည် ၁၉၄၅ ခုနှစ်တွင် ဂျပန်ကိုအောင်ပွဲရခဲ့သော်လည်း နောက်ပိုင်း၌ ဖျက် သိမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်အရောက်တွင် တိုင်းပြည်ကိုကာကွယ်ရန် ဗြိတိသျှ၊ အိန္ဒိယနှင့် အာဖရိကန်လူမျိုးများပါဝင်သော အင်အား ၁၀,၀၀၀ ခန့်ရှိသောတပ်သာ ကျန်ရှိသည်။ ဓားပြများ၊ ကွန်မြူနစ်များနှင့် စစ်တပ်ကို ပုန်ကန်နေသော လက် နက်ကိုင်အဖွဲ့လေးများသည် တိုင်းပြည်အနှံ့ ခြေချင်းလိမ်နေသည်။ တိုင်းပြည်တွင် သေနတ်အလွန်ပေါသော ကာလဖြစ် သည်။

၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် ဗြိတိန်နှင့် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော မြန်မာနိုင်ငံတို့မှခေါင်းဆောင်များသည် လန်ဒန်၌ လွတ်လပ်ရေးအတွက် အခြေခံမူများကို သဘောတူခဲ့သည်။ ဖေဖေါ်ဝါရီလတွင် “တောင်တန်းဒေသများ” ဖြစ်သည့် ရှမ်း၊ ကရင်နီ၊ နှင့် ချင်း (ကရင်မပါ) တို့မှ ကိုယ်စားလှယ်များသည် ‘ပြည်ထောင်စု’ အသစ်ဖွဲ့စည်းမှုတွင် ပါဝင်ရန် သဘောတူညီခဲ့ကြသည်။

တချိန်တည်းမှာပင် ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို ကွန်မြူနစ်သူပုန်ထမှုအောက်သို့ အလွယ်တကူကျရောက်မသွားနိုင်ရေး ကို သေချာအောင် လုပ်ဆောင်ပေးခဲ့သည်။ ၁၉၄၇ ခုနှစ် အစောပိုင်းက လုပ်ဆောင်သော ‘အပြတ် ရှင်းလင်းရေး စစ်ဆင်ရေး’ (Operation Flush) သည် အိန္ဒိယန်း ၁၇ တပ်ရင်း (ကြောင်နက်များ) နှင့် မြန်မာ့ရိုင်ဖယ်တပ်ရင်း ၄ နှင့် ၅ (ဗိုလ်မှူးကြီး နေဝင်းလက်အောက်မှ) တို့ပူးပေါင်းစစ်ဆင်ရေးဖြစ်ကာ အောင်မြင်ခဲ့သည်။

၁၉၄၇ ခှုစ် ဧပြီလတွင် ရွေးကောက်ပွဲကျင်းပခဲ့ရာ ကရင်အမျိုးသားအစည်းအရုံးနှင့် ကွန်မြူနစ်များက သပိတ်မှောက်ခဲ့သည်။ ၎င်းတို့သည် ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ကြီး (ဖဆပလ) အပြင် အရေးကြီးသော နိုင်ငံရေးအင် အားစုနှစ်ခုဖြစ်ရာ ၎င်းတို့သပိတ်မှောက်ခြင်းကြောင့် ဖဆပလက အပြတ်အသတ်အနိုင်ရခဲ့သည်။ ဇူလိုင်လတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ထိုစဉ်က အစိုးရအဖွဲ့တွင်ပါဝင်သော ၎င်း၏လုပ်ဖော်ကိုင်ဖက်အချို့ လုပ်ကြံခံရသော်လည်း သခင်နုက ခေါင်းဆောင်သစ်အဖြစ် ဖဆပလနှင့်အတူ ဆက်လက်အုပ်ချုပ်ခဲ့သည်။

ဗြိတိသျှနှင့် ကာကွယ်ရေးဝန်ကြီးသစ် ဗိုလ်လက်ျာတို့သည် လွတ်လပ်သော ‘မြန်မာ့တပ်မတော်’ ၏ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဗိုလ်ချုပ်ကြီးစမစ်ဒွန်း (ကရင်လူမျိုး) ကိုခန့်အပ်ရန် သဘောတူခဲ့သည်။ နောက်ထပ် ကရင်လူမျိုးတစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ် စောကြာဒိုးကို ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် တောင်ပိုင်းတိုင်း၊ တိုင်းမှူးအဖြစ် ခန့်အပ်ခဲ့သည်။ ဗိုလ်မှူးကြီး နေဝင်းကို မြောက်ပိုင်းတိုင်း၊ တိုင်းမှူးအဖြစ်ခန့်အပ်ခဲ့သည်။ တပ်ထဲတွင် ထိုသို့သောလူမျိုးများရောထားသည့် ခေါင်းဆောင် မှုပုံစံမှာ ကြာကြာမခံပေ။

လွတ်လပ်ရေးရသည့်အချိန်တွင် မြန်မာနိုင်ငံ၌ ရှေ့လာမည့်ဆယ်စုနှစ်များတွင် ဒုက္ခပေးတော့မည့်ပြဿနာအများအပြားမှာ အဆင်သင့်ရှိနေနှင့်ပြီး ဖြစ်နေတော့သည်။ နေရာဒေသအတော်များများတွင် တိုက်ပွဲများထွက်ပေါ်လာခဲ့သည်။ နိုဝင်ဘာ လတွင် ဦးစိန္တာ၏ ပြည်သူ့လွတ်မြောက်ရေးပါတီက ဒေသအလယ်ပိုင်းရှိ အစိုးရတပ်များကို တိုက်ခိုက်ခဲ့သည်။ ဒီဇင်ဘာလတွင် ဂျက်ဖာကောဝဲလ်၏ “မူဂျာဟီဒင်” များက ပြည်နယ်မြောက်ပိုင်းကို အရှေ့ ပါကစ္စတန်၏ ဒေသတစ်ခု အဖြစ်သွပ်သွင်းရန် ရည်ရွယ်ချက်ဖြင့် သိမ်းပိုက်ရန်ကြိုးပမ်းခဲ့သည်။ ကွန်မြူနစ်သူပုန်များကလည်း နေရာတကာတွင် ရှိနေ ပြန်သည်။ အခြေအနေကို တုန့်ပြန်ကိုင်တွယ်နိုင်ရန် တပ်မတော်ကလည်း ရပ်ရွာပြည်သူ့စစ်များဖွဲ့ စည်းပေးပြီး ပြည်သူများကို ပိုမိုထိန်းချုပ်ရလွယ်သောနေရာများသို့ ပြောင်းရွေ့ပေးနိုင်ရန် ရွာများကို မီးရှို့ခဲ့သည်။ ထိုအချိန်သည် ကရင်သူပုန်ထမှုဖြစ် ပေါ်ရန် လပိုင်းခန့်အလိုတွင် ဖြစ်သည်။

မြန်မာနိုင်ငံသည် ထိုစဉ်အခါက အာရှတွင် အချမ်းသာဆုံးနိုင်ငံများမှတစ်ခုဖြစ်သည်ဟု ပြောဆိုကြသည်။ ၁၉၅၀ ခုနှစ်က မြန်မာနိုင်ငံ၏ တစ်ဦးချင်းဂျီဒီပီမှာ ခန့်မှန်းအားဖြင့် ဒေါ်လာ ၃၉၃ သာရှိခဲ့သည် (အိန္ဒိယက ဒေါ်လာ ၅၉၇၊ တရုတ်က ဒေါ်လာ ၆၁၄၊ ထိုင်းက ဒေါ်လာ ၈၄၈၊ အင်ဒိုနီးရှားက ဒေါ်လာ ၈၇၄၊ ဖိလစ်ပိုင်က ဒေါ်လာ ၁,၂၉၃ တို့နှင့် နှိုင်းယှဉ်နိုင်သည်) မြန် မာနိုင်ငံတွင် စစ်ပွဲများ၊ ပြည်တွင်းစစ်ပွဲများ၏ ဖျက်ဆီးခြင်းမခံရမီ ၁၉၂၀ ခုနှစ်များကပင် တစ်ဦးချင်းဂျီဒီပီမှာ အိန္ဒိယနှင့် တရုတ်တို့ထက်မြင့်သော်လည်း အဓိကအရှေ့တောင်အာရှမှ နိုင်ငံများနှင့်ယှဉ်လျှင် နိမ့်ပါသည်။

အမှန်တရားကိုဆိုရပါက မြန်မာနိုင်ငံသည် နှစ်ပေါင်း ၇၀ ခန့်မှစ၍ ဆင်းရဲပြီး စစ်ဒဏ်ခံရသောနိုင်ငံအဖြစ်ရှိနေဆဲဖြစ်သည် ဆိုသည့်အချက်ဖြစ်သည်။ မြန်မာနိုင်ငံသည် ငြိမ်းချမ်းပြီး သာယာဝပြောသောဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ်၊ ဖြစ်ကောင်း ဖြစ်လာနိုင်ပါသည်။ သို့သော်လည်း အနာဂတ်အောင်မြင်မှုများသည် ပြည်သူများအနေဖြင့် မိမိတို့၏ ရှုပ်ထွေးပြီး၊ ရံဖန်ရံခါ ဝမ်းနည်းစရာကောင်းသော သမိုင်းကြောင်းအပြင် မြန်မာသမိုင်းနှင့် ကမ္ဘာ့သမိုင်းတို့၏ အချိတ်အဆက်တို့ကို ဘယ်လောက် အထိ ကောင်းစွာသဘောပေါက်၊ နားလည်ထားသလဲဆိုသည့်အပေါ်တွင် တစိတ်တပိုင်းမူတည်သည်ဟု ဆိုရလိမ့်မည်။

Myanmar became an independent state outside the British Commonwealth exactly 70 years ago tomorrow.

On 4 January 1948 at 4:20am the Union Jack was lowered and the flag of the new republic hoisted for the first time in the quadrangle of the Secretariat, just in front of the parliament chamber. Manipuri brahmins (ponna) who had fixed the exact timing of independence blew their conch shells as part of the ceremony. Afterwards, in parliament, the new President, Sao Shwe Thaik of Yawnghwe, together with the new Prime Minister Thakin Nu and ministers were sworn-in.

Another ceremony followed at 6:30am, this time at Government House, where Sao Shwe Thaik and the last governor of Burma Sir Hubert Rance jointly inspected a guard of honour. Sir Hubert then departed by ship, ending more than 120 years of British rule.

Burma became independent because India became independent. In July 1945 the Labour Party won a landslide victory in the UK elections. Labour leader and now Prime Minister Clement Atlee was a longtime supporter of Indian (and so also Burmese) independence. In late 1946 after the failure of the UK “Cabinet Mission Plan” (that would have kept India united), Atlee’s government decided that Britain would quit India no later than June 1948, come what may. In July 1947 all sides agreed to partition India into two states, creating an independent “Pakistan”. In August India and Pakistan became independent. Over the following weeks at least half a million people died in violence surrounding partition. By late 1947 the first Indo-Pakistani war had begun.

With India independent there was no need for the British to keep control of Burma. The UK’s Chiefs of Staff agreed that Burma’s strategic importance was now minimal. Ceylon similarly became independent in 1948.

This was a time when far bigger dramas than Burmese independence were unfolding. Next door in China, a new civil war was in full swing. In July 1946 Nationalist forces under Chiang Kai-shek launched a large scale assault on communist positions in the north. At least 2 million people were killed or wounded in the fighting that followed. Over the winter of 1947-48 the communists under Mao Zedong conquered northern China. In Beijing in October 1949 Mao would proclaim the new “People’s Republic”.

There were crises on every continent as the new “Cold War” divided the world. Alarmed at Soviet agression in Eastern Europe, President Truman in March 1947 announced his policy of ‘containment’. In November 1947 Palestine was divided by the United Nations, leading in 1948 to the establishment of the state of Israel and the first Arab-Israeli War. The Greek Civil War was heating up. Across Europe, cities were only just emerging from the ruins of WW2.

Burma was a sideshow, but not without its own complications. It was clear by early 1946 that Britain would leave Burma, but the exact nature and timing of independence were still uncertain. The 14th Army – the largest Allied army in the world with 500,000 men – had defeated the Japanese in 1945 but was then disolved, leaving by 1947 only about 10,000 British, Indians, and Africans to garrison the country. Dacoits, communists, and Burmese partisans roamed the countryside. The country was awash with guns.

In London in January 1947 UK and Burmese leaders led by General Aung San agreed on the basic principles for independence. In February representatives of the “Frontier Areas” – Shan, Karenni, Kachin, and Chin (but not Karen) – agreed to join a new ‘Union’.

At the same time, the British were working to ensure that Burma would not fall easily to a communist insurgency. “Operation Flush”, conducted in early 1947, was a successful joint operation of the Indian 17th Division (the “Black Cats”) and companies of the 4th and 5th Burma Rifles (under Colonel Ne Win).

In April 1947 elections were held but they were boycotted by both the Karen National Union and the communists, the two most important political forces outside the Anti-Fascist People’s Freedom League, which as a result won the polls by a landslide. In July General Aung San and several of his colleagues in the de-facto government were assasinated, but the AFPFL remained in charge, with Thakin Nu as the new head.

The British and the new Defense Minister, Bo Let Ya agreed to appoint General Smith Dun (a Karen) as the first Chief of General Staff of the independent “Burma Army”. Another Karen, Brigadier Saw Kyar Doe was appointed Vice-Chief of Staff and Commander of the Southern Division. Colonel Ne Win was made Commander of the Northern Division. This mixed leadership in the army would not last long.

By independence, many of the problems that would haunt Myanmar in the decades to come were already in place. Fighting had erupted in many areas. In November U Sein Da’s Arakan People’s Liberation Party attacked government positions in central Arakan. In December Jaffar Kawwal’s “Mujahedin” attempted to seize northern Arakan with the aim of annexing the region to East Pakistan. Communist insurgents were everwhere. In response, the army created local militia and burned villages to move people to more easily controlled locations. The Karen uprising was just months away.

There is a myth that Burma was then one of the richest countries in Asia. Burma’s estimated GDP per capita in 1950 was only $393 (compared with India $597, China $614, Thailand $848, Indonesia $874, and the Philippines $1, 293). Even in the 1920s, before the destruction of the war and the civil war, Burma’s per capita GDP, though higher than India and China was lower than all the major southeast Asian countries.

The truth is that Myanmar has been a poor and war-torn country for 70 years. Myanmar may well become a peaceful, prosperous democracy. But future success will depend at least in part on how well people understand their complex and often tragic history and its connections to the history of the world.

(Photo of Thakin Nu being sworn in as Prime Minister)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments