ကိုသန်းလွင် ● မူးမြစ်နှင့် ခေတ်ပြောင်းလဲခြင်း

January 9, 2018

ကိုသန်းလွင် ● မူးမြစ်နှင့် ခေတ်ပြောင်းလဲခြင်း
(မိုးမခ) ဇန်နဝါရီ ၉၊ ၂ဝ၁၈

(၁)
မလွမ်းရော့သော်ကော့၊ ကျွန်းမော့မော့မြောက်ခွင်၊ မူးရေယဉ် လက်ျာစီးပါလို့ မောင်ကြီးတို့နေတဲ့ရွာမှာ၊ မြောက်ညာနှင့် တောင်စွယ် လက်ကယ်က၊ အင်းနှစ်ဘက် ကာတယ်လေး….

ဦးကြီး

ကျွန်တော်သည် မမျှော်လင့်ဘဲတနေ့က မူးမြစ်ကမ်းနဘေးသို့ ရောက်သွားခဲ့သည်။ သူငယ်ခြင်းရှိရာ သာဝတ္တိ သို့သွားရန်ဖြစ် သည်။ သူငယ်ခြင်းက ရဟန်းဘောင်သို့ တက်နေပြီဖြစ်၏၊ လွန်ခဲ့သောနှစ်ပေါင်း ၆ဝ ကျော်ကတွေ့ ခဲ့ရသည့်အတိုင်း အမြင် မှာ ဘာမှမပြောင်းလဲပါ၊ လူတို့၏ အပြုအပြင်ကို မခံရသော ဤမြစ်ပြင်ကျယ်သည် သူ့ သဘာဝ အတိုင်းသာရှိနေခဲ့ပါသည်။ ကျွန်တော်တို့သည် ဤမြစ်ကြီးကိုကြည့်ကာ လူလားမြောက် ကြီးပြင်းခဲ့ကြသည်။ မြစ်ပြင်ကျယ်ကြီးနားမှာ ဆော့ကစားရင်း ငယ်ငယ်ကအချိန်တွေကုန်ခဲ့ဘူးသည်။

(၂)
ကျွန်တော့်အမေ၏ ညီမဖြစ်သူသည် ရေဦးမှာနေသည်။ အမေ၏မိခင်မှာ ထိုညီမနှင့်နေသဖြင့် ကျွန်တော်အဖို့ ရေဦးနှင့်ခင်ဦး သည် အိမ်ဦးနှင့်ကြမ်းပြင်၊ ရေဦးဈေးကို မီးလောင်တော့လည်း ကျွန်တော်တို့မျက်စေ့အောက်တွင်၊ ခင်ဦး၊ ဒီပဲရင်း၊ တန့်ဆည်၊ ကဒူးမ၊ ရွာနီးစပ်ချုပ်က မီးသတ်ကားတွေလာကြသည်။ နောက်တခါ မီးလောင်ပြီးချိန်မှာ ပစ္စည်းတွေကောက်ကြတာကိုလည်း မှတ်မိနေသည်။

ကျွန်တော်တို့ငယ်ငယ်ကမြက်ခင်းပြင်များနှင့် ပန်းကလေးများအမည်ကို မိမိနားလည်သလိုခေါ်ခဲ့ကြတာကိုလည်း မှတ်မိ သည်။ မြက်ပင်ရှည်၊ မြက်ကြမ်းပင်၊ မြက်ရိုးရှည် သင်္ဘောဒေလီယာ၊ ပန်းဝါဝါ ပန်းပွင့်သေးသေးငယ်ငယ် ကလေးများကို ခေါ်ချင်သလိုခေါ်ကြတာကိုမှတ်မိသည်။ ကျွန်တော်သည် ဖါးပြုတ်မ ဘယ်နေရာမှာနေသည် ကိုသိသည်။ ငှက်များသည် နွေဦးရာသီရောက်ပြီဆိုသည်နှင့် အသိုက်မှထပျံတတ်သည်။ ဘယ်လိုသစ်ပင်တွေက ဘယ်လိုရာသီမှာ ဘယ်လို ရနံ့တွေနှင့် ပန်းပွင့်ကြသည်ကိုသိသည်။ လူတွေ၏လှုတ်ရှားပုံ၊ သူတို့ဖန်တီးသော ရနံ့များနှင့် ထိုရနံ့များ ထိုရနံ့တွေကြားမှာ ကျွန်တော် တို့ကြီး ပြင်း ခဲ့ကြသည်။

နတ်မူး (သို့) မူးဖြစ်သည် မြစ်ဟူ၍ အသိမှတ်ပြုမခံရဘဲ ရှိခဲ့ပါသည်။ မူးဖြစ်သည် ၂၃၇ မိုင်ကျော်ရှည်လျားပြီး မြန်မာပြည် အလယ်ပိုင်း မြေပြန့်လွင်ပြင်ကိုဖြတ်ခါ မြင်းမူမြို့အနီးတွင် ဧရာဝတီမြစ်နှင့်ပေါင်းဆုံသည်။ ဤမြစ် စီးဆင်းရာ ကုန်းမြေကို ကဘော် ဂျိုင့်ဝှမ်းဟုလည်း ရှေးကခေါ်သည်ထင်ပါ၏။ ဧရာဝတီ၏အခြားမြစ်လက်တက်ဖြစ်သော ချင်းတွင်းမြစ် လောက် လည်း မကြီး၊ ၁၂ ရာသီလုံးရေမရှိ၍  ရာသီမရွေး မသွားလာနိုင်၊ ကာဘိုးဆည် ကို ၁၉ဝ၁-၁၉ဝ၇ ခုနှစ်က အင်္ဂလိပ်ကိုလိုနီ ဘုရင်များက တည်ဆောက်သည် ထင်ပါ၏၊ မူးမြစ်ကိုဖြတ်ခါ ရေဝေတူးမြောင်းများနှင့် ရေကိုခွဲဝေပေးသည်။ ဟိုတုန်းကတော့ ရေက လောက်သည်ဟုမရှိ ၂ဝဝ၂ သဖန်းဆိပ် ဆည်ကြီးပြီးမှရေကို လောက်လောက်ငင ဝေငှနိုင်သည် ဟု ကြားဖူးသည်။

ကာဘိုးဆည်ကြီးပြီးကတည်းက မူးမြစ်သည် ရေမှန်မှန်မစီးတော့ပေ၊ ရေကိုဆည်က လွှတ်ပေးမှသာရသည်။ နှစ်စဉ် ဇန္နဝါရီ လမှ ဧပြီလအထိရေနဲချိန်ဖြစ်သည်။ မေလမှဂျွန်လအထိ ရေသည် တစ တစ တိုးလာပြီး သြဂုတ် လမှအောက်တိုဘာလသည် ရေများချိန်၊ ရေတိုးချိန်ဖြစ်သည်။ ဒေသတွင်းလမ်းပမ်းဆက်သွယ်ရေးကို တံတား မဆောက်မှီအချိန်အထိ မူးမြစ်၏ အခြေ အနေက အဆုံးအဖြတ်ပေးသည်။ ရေလာပြီဟေ့ဆိုလျင် ကမ်းလုံးပြည့် ရေလျှံတော့သည်။ ထိုအချိန်မျိုးမှာ မြစ်ကိုဖြတ်ကူးဘို့ မဖြစ်နိုင်၊ ကြည့်၍သာ နေရတော့သည်။ ရေလုံးအင်အား ကကြီးမားလှသည်။

မြစ်ရေကြီးပြီဆိုလျင် စိုက်ကွင်းမရှောင်၊ အိမ်နေရာဟူ၍လည်း ချမ်းသာမပေး၊ အတင်းတိုးဝှေ့ဝင်သည်။ ပြီးလျင် ဧရိယာ တစ်ခုလုံး သိမ်းကျုံးယူငင်သွားတော့သည်။ အိမ်တွေ ဂိုဒေါင်တွေမှာ ရေမှာမျောပါကုန်သည်။ နွားတွေ၊ ဝက်တွေပါမကျန် အိပ်ပျော်ရာမှ ဆွဲချတတ်သည်။

ဤသို့ဖြင့် သာဝတ္ထိရွာကလေးမှာ တရွာလုံးရေထဲမြောပါရသည်။ တချိန်က ထမင်းစားလျင် သံချောင်းခေါက်ရ သော သူကြီးအိမ်မှာ ရွာ၏ အနောက်ဖက်ရိုးမှာ သီးသန့်တည်ရှိခဲ့၏ ယခုထိုနေရာမှာ မရှိတော့ပေ။

မိမိအိမ် နေရာကို မြစ်ပြင်ကျယ်ထဲမှာ ဟိုနေရာလိုလို၊ သည်နေရာလိုလိုသာ လက်ညှိုးထိုးနိုင်တော့၏ ယခုအိမ်အသစ် သည် ရွာ၏အရှေ့ဘက် လယ်ကွင်းပြင်ထဲမှာ ဖြစ်နေပြီ။ ဝင်းကြီးရပ်ဟုခေါ်သော တချိန်က ဦးကြီး နေထိုင်ခဲ့ရာ အရပ်မှာလည်း ဘယ်ဆီနေမှန်းမသိပြီ။

တခါက ရွာ၏အရှေ့ဘက် မူးတူးမြောင်းတခုရှိသေးရာ တဖြည်းဖြည်းရွာက အိမ်တွေမှာ ရေထဲပါကုန်ကြတော့ တူးမြောင်း၏ အရှေ့ဘက်ကို ပြောင်းကြရင်း ယခုအခါ တူးမြောင်းမှာ ရွာ၏ အနောက်ဘက်တွင် ကျန်ရစ်ခဲ့ပြီ၊ တူးမြောင်း၏ အနောက်ဘက်တွင် ဘုရားစေတီများနှင့် ဘုန်းတော်ကြီးကျောင်းသာ ကျန်တော့သည်။ ကမ်းပါး မပြိုတော့သည်မှာနှစ်ပေါင်းအတန်ကြာပြီဖြစ်သဖြင့် ထိုကျောင်းနေရာသည် မြဲသွားပြီဟုယုံကြည်ကြသည်။

နွေရာသီရောက်ပြီဆိုလျင် သောင်ပြင်ကြီးတွေပေါ်လာသည်။ နွေရာသီမှာ မြစ်ကြီးသည် ငုတ်လျှိုးပျောက်ကွယ် သွားတော့သည်။ ရေပြင်ကျယ်တွင် ဟိုနေရာတစ၊ သည်နေရာတစ တွင်းနက်ရာဒေသတွေမှာ ရေတပိုင်းတစနှင့် ကန်ဘောင်မြင့်မြင့်တို့ ကျန်ရစ်တတ်သည်။ စာဆိုတော်ဦးကြီး၏ အင်းနှစ်ဖက်ကာရံထားသည်ဆိုခြင်းမှာ သည် လိုရေအိုင်တွေကို ခေါ်ခြင်းဖြစ်ပေလိမ့်မည်၊ ယခုအခါ ဦးကြီးတို့ခေတ်က အင်းဆိုသည်ကိုလည်း မတွေ့ရတော့ ပြီ၊ ရွာနေရာသည်ပင် ရွှေ့ပြောင်းသွားရချေပြီကော။

မူးမြစ်သည်အချိန်ပိုင်းမြစ်ကြီးဖြစ်တော့သည်။ နွေရာသီတွင်ပူပြင်းလှသောနေကြောင့် မြစ်ကြောင်းသည်ငုတ်လျှိုး ပျောက်ကွယ်သွားခြင်းဖြစ်သည်။ ရေဦးမူးသည်ကောင်းကျိုးမပေး၊ သို့ပေမယ့် သည်မြစ်တစ်မြစ်သာရှိသော ကြောင့် သည်မြစ်ကို အကြွားပိုရခြင်းဖြစ်သည်။ နွေခါမှာ အကုန်ခြောက်သွေ့ပြီး မိုးခါမှ အကုန်စိုစွတ်သော မြစ်ကြီးမှာ အကြွားပိုစရာအကြောင်းမရှိ၊ ကိုယ့်မှာ ပစ္စည်းက နဲနဲပဲရှိလေလေ၊ အကြွားပို၍ ကောင်းလေလေဖြစ် တော့သည်။

ယခုနဝတ ခေတ်မှာ မူးမြစ်ကို ရာသီမရွေးပြတ်သွားနိုင်သော တံတားကြီးထိုးပြီးပြီ၊ ဟိုတုန်းက ခင်ဦးကလာပြီဆို လျင် မူးကိုဖြတ်ရန်အတွက် ဘောလုံးကွင်း ၅ ကွင်းစာလောက် သောင်ပြင် အကျယ်ကို ဖြတ်ရသည်။ ထို့နောက် မှာမှ ရေစပ်သို့ရောက်သည်။ ရေအခြေအနေကိုကြည့်၍ တံတားထိုးထားသည်။ တံတားမထိုးနိုင်လျင် လှေကြီး တွေပေါ်မှ တဆင့်ဖြတ်ရသည်။ တခါတရံ ကားကကူးရသေးတော့ ကားက ရေပေါ်မှာ ၅ မိနစ် ၁ဝ မိနစ်လောက် တော့ ကြာတတ်သည်။ ထို့နောက်မှ ဟိုဘက်ကမ်းကို ရောက်ရသည်။

ရေဦးသို့သွားသောလမ်းမှာ မြင်းဒေါင်းရွာရှိသည်။ မြင်းဒေါင်းသည် ရေဦးမူးနှင့်၅မိုင်ခန့်ဝေးသေးသည်။ ခင်ဦး ဘက်ကလာသောကားများသည၊်  မြင်းဒေါင်းမှာ ဂိတ်ဆုံး၍ တမျှော်တခေါ်ဝေးသော သဲသောင်ပြင်ကို ဖြတ်ပြီးမှ ရေစပ်သို့ရောက်ရခြင်းဖြစ်သည်။ ကိုယ်တွင်ပါသော ကိုယ့်အထုပ်တွေ အပိုးတွေ ကို ကိုယ့်ဖါသာသယ်ရသည်။

သောင်ပြင်ကျယ်မှာ သဲနှင့်လေက ဆော့ကစားသောကြောင့် လူကြီးတွေက လက်ကိုင်ပဝါတွေ၊ တဘက်စောင် တွေကို မျက်နှာမှာ လေကာအဖြစ် သုံးကြရသည်။ နေပူဒဏ်ကို ခံဖို့လည်းပါသည်။ နေပူပူမှာ လူတန်းကအရှည် ကြီး၊ လူအုပ်နှင့်မကွာ လိုက်ကြရသည်။

(၃)
ကျွန်တော်သည် သာဝတ္ထိရွာထိပ်သို့ ရောက်သွားသော အချိန်မှာ နေကမြင့်နေပေပြီ၊ နေကပူလောင်နေ၏၊ ကျွန်တော်သည် အနှစ် ၆ဝ လုံးလုံးမပြောင်းလဲဘဲ တည်ရှိနေသေးသည့် မြန်မာရွာကြီးတစ်ရွာလို မြင်နေမိသည်။ သာဝတ္တိ တွင်အချိန်တို့သည်မရွေ့၊ မပြောင်းလဲ ရပ်တန့်နေပါ၏။

ဤရွာသည် ပညာတတ်တွေ ပေါများလှ၏၊  နိုင်ငံခြားသွားသူတွေ၊ ဘွဲ့ရပညာတတ်သူတွေ တပုံတပင်ကြီးဖြစ် သည်။ သို့သော် သူတို့သည်လည်း သည်ရွာထူထောင်ရေးမှာ ဘာမှ မယ်မယ်ရရ လုပ်မပေးနိုင်၊ အနည်းဆုံး ရေတိုး၍ မြေပြိုသည်ကို ကာကွယ်ရန် ကျောက်တုံးကျောက်ခဲ ချခြင်းအလုပ်ကို မလုပ်နိုင်။
လုပ်ရန် ရန်ပုံငွေလို၏၊ ကျောက်တုံး၊ ကျောက်ခဲ၊ အင်္ဂတေ၊ ဘိလပ်မြေတွေလို၏၊ နိုင်ငံတော် အစိုးရအဖို့ သည် လိုရွာကလေးကို လှည့်မကြည့်နို်င်၊ ရွာသားတွေ ကိုယ်ထူကိုယ်ထလုပ်သည့် လျှပ်စစ်မီး အင်ဂျင်စက် မှာ လည်း လုပ်လက်စ ပစ်ထားရပုံရ၏၊ ရေလာသည့်ရက်များတွင် စက်ကိုလည်၍ မီးရသည်ဟု ပြောသည်။ ကျွန်တော် တွေ့ရသည်မှာ မီးကဖြစ်ဖြစ်မြောက်မြောက်မရသေး၊ ဟိုဟာကလို သည်ဟာ ကလိုနှင့် ရွာသားတွေ မှာစိတ်ပျက် လှပြီ၊  ယခုမှ မီးရသည်မှာမကြာလှသေး။

အနည်းဆုံး ရွာလယ်လမ်းသည်ပင် ဖြစ်သလိုခင်းထားသည့် လမ်းဖြစ်သည်။ ကတ္တရာခင်းဖို့ကောင်းသည်။ သာဝတ္ထိသည် တွေ့နေကျ မြန်မာရွာကြီးများ၏ ပုံစံအတိုင်း ဘာမှမတိုးတက်၊ မထွန်းကား၊ ရွာမှ ကိုယ်ထူ ကိုယ်ထ လုပ်နိုင်သမျှသာလုပ်ရ၏။
ရွာသို့ လာရာ မြင်းဒေါင်းလမ်းသည်လည်း ဘုန်းတော်ကြီးတစ်ပါး ကောင်းမှုကြောင့် အင်္ဂတေလမ်းဖြစ်နေသည်။ မကြာသေးမှီက ရွာကလူတွေကမကထလုပ်၍ လမ်းဖွင့်ပွဲ လုပ်ထားကြရသည်။ ယခင်တုန်းကဆိုလျင် မြင်းဒေါင်း နှင့်ဆက်သွယ်သော လမ်းသည် မူးဘောင်မှာ ဖြစ်သလို သွားရသောလမ်းဖြစ်သည်။ မိုးခါဆိုလျင် ကားက ဘွက်နစ်တော့သည်။ ရွာသို့ အပြောင်းအလဲသည် လာတော့လာပေမည်၊ ဘယ်သောအခါမှ လာမည်မသိ၊ ခေတ်သစ်ပြုပြင်ပြောင်းလဲ ရေးသည် သာဝတ္ထိကို ထားပစ်ခဲ့ပြီလော။

ကျွန်တော်သည် ရဟန်းဘေင်ဝင်ပြီးဖြစ်သော သူငယ်ခြင်းကို ရွာအနောက်ခြမ်းက ဘုန်းတော်ကြီးကျောင်းမှာ ဝင်တွေ့သည်။ သူက ရွာကို တိုးတက်ဖို့ ထက် ဦးကြီးတို့ခေတ်က ရွာသားတွေ၏ ယဉ်ကျေးပြူငှာမှု ကိုရှင်းပြနေ သည်။ စာဆိုတော်ဦးကြီးက “နှမပြာဖြူ ရောက်တော်မူလျင် ၊မပူချမ်းငြိမ်၊ အခြင်မြေနီး၊ ထန်းရွက်ကယ်စီးပါလို့၊ မောင်ကြီးအိမ်မှာ၊ စည်းစိမ်ငယ်ခံ ဟင်းချဉ်ပေါင်ဘက် ပြုတ်ဘူးရွက်နှင့်၊ ပိချက်ရေရံပြီးလျင် ဆန်ထမင်းရဲ ကျော် ကို ဝန်ကတော်ပုံလောက်ပြေးအောင် ကြွေးပါမယ်လေး၊ “ ဟုဆိုခဲ့သည်။

သာဝတ္တိသည် ဂလိုဘယ်လိုက်ဇေးရှင်းကို စိတ်မဝင်စားနိုင်၊ မိမိ၏ယဉ်းကျေးမှု သဘောကိုသာ ထိမ်းသိမ်းလို ဟန်ရှိသည်။

ကိုသန်းလွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်