ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၅)

January 14, 2018

● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၅)
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂ဝ၁၈

ဒီနေ့ညနေပိုင်းမှာတော့ မရောက်တာကြာနေပြီဖြစ်သည့် အင်္ဂလိပ်စာသင်တန်းရှိရာ တိဗက်ကျောင်းကလေးဘက်ဆီသို့ ခြေလှမ်းတွေကို ဦးတည်လိုက်ပါသည်။ ဒီနေ့သင်တဲ့ အင်္ဂလိပ်စာဆရာမက အမေရိကန်သူလေး Megan Akar တဲ့။ ဆရာမလေးက Genocide ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး ဘယ်တုန်းက ဘယ်သူက ဘယ်သူ့ကို…စသည်ဖြင့် အသေးစိပ် ရှင်းပြနေပါသည်။ Genocide ဆိုတာ လူမျိုးတုန်းသတ်ဖြတ်တဲ့အကြောင်းဆိုတာ လူတိုင်းနားရည်ဝပြီးသားပါ။ ဒီမှာ အသွင်သဏ္ဍာန် အမျိုးမျိုးနဲ့ ရုန်းကန်လှုပ်ရှားနေကြသည့် လူတွေ လူတွေ။ ကိုယ်လှမ်းနေတဲ့ ခြေလှမ်းတွေကတဲ့ကော။ ဘာအတွက် လျှောက်လှမ်းနေမိပါလိမ့်။ လမ်းလျှောက် နေတိုင်း ကျန်းမာရေးအတွက် မဟုတ်ဘူးဆိုတာကိုတော့ သိထား ဖို့လိုအပ်ပါလိမ့်မည်။ ဆရာမစာသင်ချိန်ပြီးဆုံးသွားပြီးနောက် စကားပြောဖို့အလှည့်အရောက်မှာတော့ သင် တန်းတစ်ခုလုံးက ရွှတ် ရှက် ဒွတ် ဒက် အသံများဖြင့် ဆူညံသွားပါတော့သည်။

တိဗက်လားမားလေးပြောတာကို နားထောင်ကြည့်ပါဦး။ “အခုဆိုရင် တိဘက်ပြည်မှာ တိဘက်စာ တရားဝင်သင်ကြားခွင့် မရှိတော့ဘူး။ တိဘက်စကား ပြောလို့မရဘူး။ အိမ်မှာ တိဘက်စာ၊ တိဘက်စကားကို ခိုးသင် ခိုးပြောကြရတဲ့ ဘဝကို ရောက်နေပြီ။ တိဘက်ယဉ်ကျေးမှု ရိုးရာပွဲလမ်း သဘင်တွေလည်း လုပ်ခွင့်မရကြတော့ဘူး။ အခုဆို တိဘက်မှာရှိတဲ့ မျိုး ဆက်သစ်တွေဟာ တိဘက်စကားကို မပြောတတ်ကြတော့ဘူး။ တိဘက်ယဉ်ကျေးမှုဆိုတာ ဘာဆိုတာကိုလည်း သိပ်မသိ ကြတော့ဘူး။ တိဘက် စာပေကို သင်ယူခွင့် သင်ကြားခွင့်တွေ မရကြတော့ဘူးလေ။ ကျနော့်နိုင်ငံ (တိဘက်) အကြောင်းတွေး ရင် ရင်လေးတယ်ဗျာ။ စိတ်လည်း ပူတယ်။ လူမျိုးတစ်မျိုးဟာ စာပေနဲ့ ယဉ်ကျေးမှုပျောက်ရင် အဲဒီလူမျိုး မကြာခင် ပျောက်ကွယ်သွားတော့မယ်ဆိုတာ ကျနော်ယုံကြည်နေမိတယ်။” တိဗက်ကိုယ်တော်ကလေးက သူ့စကားအဆုံးမှာ ဘယ် ကိုမှ မကြည့်ပါလေတော့။ မျက်လွှာကလေး ချလို့ တိတ်ဆိတ်ငြိမ်သက်ခြင်း များစွာဖြင့်။

နောက်ထပ်တိဗက်ကလေးတစ်ယောက်ကတော့ “၁၉၅၉-ခုနှစ်မှာ ဘုန်းတော်ကြီးဒလိုင်းလားမား အိန္ဒိယဘက်ကို ထွက်ပြေး ခဲ့ရတယ်။ အဲဒီကတည်းက တရုတ်စစ်သားတွေ၊ တရုတ်လူမျိုးတွေ အလုံးအရင်းနဲ့ တိဘက်ဒေသကို ဝင်ရောက်လာကြပြီး အခြေချြနေထိုင်ခဲ့ကြတာပေါ့။ နောက်တော့ စာသင်ကျောင်းတွေမှာ တိဗက်စာအစား တရုတ်စာကိုပြဋ္ဌာန်းပြီး တိဘက်စာ လုံးဝမသင်ရ၊ တိဘက်စကား လုံးဝမပြောရဆိုပြီး ပိတ်ပင်ပစ်လိုက်တယ်။ သူတို့က တိဘက်လူမျိုးတွေရဲ့ ရိုးရာဓလေ့နဲ့ ထုံးတမ်းစဉ် လာတွေ၊ ယဉ်ကျေးမှုတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားနေကြတယ်။ နောင်ဆယ်နှစ် အနှစ်နှစ်ဆယ်….။ ကျနော် မတွေးရဲဘူးဟု ပြောပါသည်။ တဝိုင်းလုံးက ငြိမ်ပြီးနားထောင်နေကြသည်။ သနားအောင်ပြောတာမဟုတ်မှန်း သိသာပါသည်။ သူတို့ပြောတာတွေ နားထောင်ပြီးတဲ့ အဆုံးမှာတော့ အမေရိကန် ဆရာမလေးက အဲဒါကို cultural genocide လို့ခေါ် တယ်ဟု မှတ်ချက်ပေးလိုက်ပါသည်။

ဒီနေ့ ကမ္ဘာမှာ လူမျိုးတုန်းသတ်ဖြတ်းခြင်းကို ဘယ်အဖွဲ့အစည်း ဘယ်လူမျိုးကမှ လက်မခံတော့ပါဘူး။ ပြီးတော့ လူမျိုးတမျိုး ဆိုတာ လူမျိုးတုန်းသတ်ဖြတ်ခံရမှ မျိုးတုန်းသွားတာ မဟုတ်ဘူး။ ယဉ်ကျေးမှု၊ စာပေ ဘာသာစကားကို အသတ်ခံရရင် လည်း အဲဒီလူမျိုးဟာ မျိုးတုန်းသွားနိုင်တာပဲ မဟုတ်လား။ ဆယ်နှစ် မသိသာသေးဘူးပဲထားဦး။ အနှစ်နှစ်ဆယ်ဆို နဲနဲသိ သာလာပြီ။ အနှစ်ငါး ဆယ်၊ အနှစ်တစ်ရာ။ လုံးဝပျောက်သွားဖို့ ပဲရှိတယ်။ ဒီနည်းနဲ့ ကမ္ဘာပေါ်မှာ ပျောက်ကွယ်သွားကြတဲ့ ဘာသာစကားတွေ လူမျိုးတွေ အများကြီးရှိခဲ့ဘူးတယ်။ ဘာသာဗေဒအလိုအရ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားတဲ့ ဘာ သာစကားဟာ တစ်ထောင်ကျော်ရှိသည်ဟု ဆိုပါသည်။ ဘယ်ဘက်ကကြည့်ကြည့် တိဘက်တို့ရဲ့ အနာဂတ်ကား အားရစရာမရှိလှ။ ရေခဲတောင်တန်းတွေပေါ် ပြန့်လွင့်နေတဲ့ မြူခိုးတွေလို အရာရာက မှုံဝါးနေဆဲ။ မိမိတို့တိုင်းပြည်ရဲ့ အနာ ဂတ်ကတဲ့ကော…….။

ဓရံဆာလာဝန်းကျင်တစ်ခုလုံးမှာ မြူခိုးတွေ ဝေနေလေပြီ။ ဘာကြောင့်မှန်းမသိ။ အဲဒီညနေက သင်တန်းကနေ အဆောင်ပြန် လာရာလမ်းမှာ ခြေလှမ်းတွေက လေးလံလို့။ အတွေးတွေက လွင့်ပျံဝဲလို့….။ မြန်မာပြည်ရဲ့ မြို့ကြီးတချို့မှာ တရားမဝင် အခြေချနေထိုင်သူတွေရှိပါသည်။ တချိုကျေးရွာတွေမှာ ရခိုင်လူမျိုးတွေ မရှိကြတော့ဘူးတဲ့။ မန္တလေးလို အထင်ကရမြို့ တော်ကြီးတောင် မျက်စိတွေမှေးနေပြီဆိုပဲ။ ဟုတ်၊ မဟုတ် မန္တလေးသားတွေက ပိုသိမှာပါလေ။ ဟောပြောပွဲတစ်ခုမှာ ဆရာ အော်ပီကျယ် ပြောတာလေး မှတ်မိပါသေးသည်။ သူ့မိတ်ဆွေ နိုင်ငံခြားသားတယောက်ကို မှတ်ပုံတင် သေသေချာချာ သိမ်းထားဖို့သတိပေးတော့ အဲဒီမိတ်ဆွေက ကိစ္စမရှိဘူး ကျနော်မှာ ဒါမျိုး ၁ဝ-ခုရှိသေးတယ်လို့ အဆိုပါမိတ်ဆွေက ပြန်ပြော သတဲ့။ တရားခံဘယ်သူလဲဟေ့လို့ပဲ မေးလိုက်ချင်ပါတော့သည်။ အခုဆို မြို့သစ်တော်တော်များမှာ ရောက်ကုန်ကြရ သူတွေဟာ မြန်မာတွေများနေတယ်ဟု မန္တလေးမြို့ခံ မိတ်ဆွေတဦးက ပြောပါသည်။ မြန်မာပြည်မို့ မြန်မာပြည်သားတွေများတာ ဆန်း သလားလို့ မေးရင်….။ မန်းမြို့သားတွေကိုပဲ မေးကြည့်စေချင်ပါသည်။ မြန်မာစကားမတတ်သူတွေ မန္တလေးမြို့မှာ တပုံကြီးဆိုပဲ။

နယ်စပ်တွေကနေ ယိုစိမ့်နေတဲ့ မြန်မာအမျိုးသမီးလေးတွေရဲ့ မနက်ဖြန်တွေက မှုံဝါးလွန်းလှသည်။ ရေကြည်ရာ မျက်နုရာ ရှာရင်း……။ ဒီအစိမ်းရောင်လွင်ပြင်တောမှာ မပျော်ချင်လည်း ပျော်ခဲ့ရ။ လူ့ဘဝက သိပ်တိုတယ်ဆိုပေမယ့် အဆင်မပြေသူတို့ အတွက် ရှည်လွန်းပါတယ်။ သစ်ပင်တစ်ဟာ အကိုင်းချိုင်ပြီး အမြစ်ကိုပါ တူးလှန်ပစ်ခံရမှ သေနိုင်တာ မဟုတ်ပါဘူး။ သင်း သပ်ခံလိုက်ရရုံကလေးနဲ့ သေသွားနိုင်တာပဲ မဟုတ်လား။ သစ်ပင်တစ်ပင်ကို သင်းသပ်ပြီးတော့ အသေသတ်သလိုမျိုး အင်အားချိနဲ့ သူတွေ ချို့တဲ့အားနည်းသူတွေကို သင်းသပ်ဖို့ ကြိုးစားနေကြတဲ့ လူ့အဖွဲ့အစည်း အချို့ ရှိနေကြတယ်ဆိုတာကို မမေ့စေချင်ပါဘူး။ နောင် အနှစ်ငါးဆယ်။ အနှစ်တစ်ရာ။

Cultural Genocide အဖြူနဲ့ အမည်းကြားမှာ ကျနော်တို့ အိပ်မောကျနေလို့မဖြစ်တော့။

ဆက်လက်ဖော်ပြပါဦးမည်။

ကိုသစ် (သီတဂူ)
၁၊ ၁၃၊ ၂ဝ၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်