စိန်ဝင်း(MJI) – မြောက်ဦးအရေး၊ ရှင့်မှာလည်း ကလေးတွေနဲ့ ကျွန်မမှာလည်း အကြွေးတွေနဲ့

January 18, 2018

– မြောက်ဦးအရေး၊ ရှင့်မှာလည်း ကလေးတွေနဲ့ ကျွန်မမှာလည်း အကြွေးတွေနဲ့
(မိုးမခ) ဇန်န၀ါရီ ၁၈၊ ၂၀၁၈

(သူ့ဖေ့စ်ဘွတ်က ကူးပါတယ်)

မြောက်ဦးမှာ ရဲဘက်က ပစ်ခတ်လို့သေတဲ့သူတွေကြည့်တော့ လူငယ်အရွယ်ကောင်းတွေ၊ ပုံတွေမြင်ရတာ စိတ်မချမ်းသာစရာပါပဲ။ လတ်တလောအကြောင်းအရင်းကတော့ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးတဲ့နေ့ (နားရှင်းအောင် ပြောရရင်တော့ ဗမာက ရခိုင်ကိုသိမ်းပိုက်လိုက်တဲ့နေ့) အခမ်းအနားကို အာဏာပိုင်တွေက လုပ်ခွင့်မပြုတာ၊ ဟောပြောမယ့် စာရေးဆရာတစ်ယောက်ကို အမှုဖွင့်တာတွေ မကျေနပ်လို့ ညကြီး လှည့်လည်ဆန္ဒပြတာ၊ အဲသလိုကနေ ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အုံလာတော့ ရဲနဲ့ထိပ်တိုက်တွေ့တာ။

အရင်းအမြစ် Root cause ကတော့ ရခိုင်မှာလူငယ်တွေ အနာဂတ်ပျောက်တာပါပဲ။ စိတ်တွေရှုတ်ထွေးနေကြတယ်။ ရခိုင်လူငယ်တွေဟာ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းက နယ်မြေသစ်ကိုသွားရတာပဲ။ ရန်ကုန်ကိုရွေးမလား၊ ဖားကန့်လား၊ ထိုင်းလား၊ မလေးရှားလား။ ရတဲ့အပေါက်ထိုးထွက်နိုင်မှသာလျှင် အသက်ရှုချောင်ဖို့လမ်းရှိတယ်။ အလုပ်အကိုင်အခွင့်အလမ်းက မွေးရပ်မြေမှာ ရှားပါးတယ်။ အစိုးရ၀န်ထမ်းလုပ်ဖို့ကလည်း ထင်သလောက် မလွယ်။ ဟိုတုံးက ဒီလိုလမ်းမပွင့်တော့ တပ်ထဲဝင်ကြတော့ တပ်မတော်၊ ရဲ ထဲ ရခိုင်အမျိုးသားတွေမနည်းလှဘူး။ ဒီကြားထဲ စိတ်ညစ်လို့ အရက်ကို သောက်တယ်၊ အကြောင်းရှာတော့ ခေါင်းမှာ ချာချာလည်ဖြစ်ရတဲ့အဖြစ်ကလည်း ထပ်ဆောင်းပြန်ရော။

ကိုယ်တွေလည်း ဒီအရွယ်မှာတုံးက ဒီလိုရှုတ်ထွေးခံစားမှုတွေနဲ့ အာဏာပိုင်၊ စစ်ဘက် ရဲဘက်ဆိုရင် မျက်မုန်းကိုကျိုးနေတာ။ နိုင်ငံရေးဆိုတာ လူမှုစီးပွားနဲ့ တွဲနေတာမဟုတ်လား။ ရပ်ကွက်ချင်း ဘောလုံးပွဲရလာဒ်မကျေနပ်လို့ ရဲစခန်းဝိုင်းလည်း ပါချင်တာပဲ။ ကျောင်းသားတွေကိုဖမ်းလို့ သွားဝိုင်းလည်း ပါချင်တာပဲ။ နောက်ဆုံးတော့ ခေါင်းစဉ်တပ်လို့ရတာက အထွေထွေမကျေနပ်မှု။ ငါသာဆိုလည်း ဒီလိုပဲဖြစ်မှာပဲလို့ ကိုယ်ချင်းစာတယ်။

သတင်းအချက်အလက်တွေ စီးဆင်းမှုမြန်ဆန်အားကောင်းလာတဲ့အချိန်မှာ ရခိုင်ဒေသရဲ့ သံယံဇာတအားကောင်းမှု၊ အထူးသဖြင့် ပင်လယ်ရေလုပ်ငန်း၊ သဘာဝဓာတ်ငွေ့သိုက်တွေတည်ရှိကြွယ်ဝမှုတွေနဲ့ ရေနက်ဆိပ်ကမ်းလိုဟာမျိုးတွေနဲ့ အလားအလာကောင်းတွေကို သိမြင်လာကြမှု ကျယ်ပြန့်လာတယ်။ အဲဒီအချိန်မှာ ငါတို့ ဘာလို့ ဆင်းရဲနေတာလည်းဆိုတာ မေးခွန်းထုတ်လာကြတယ်။ သံယံဇာတခွဲဝေမှုကို မြင်လာကြတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ စစ်ဘက်အုပ်ချုပ်ရေးရပ်စဲသွားပြီး အရပ်ဘက်အုပ်ချုပ်ရေး (စပ်ကြားတော့ စပ်ကြားပေါ့) နဲ့ သွားတော့ နိုင်ငံရေးပါတီတွေ space တွေပေါ်လာတယ်။ အရင်တုံးက လက်နက်ကိုင်တော်လှန်မှုပဲ လုပ်ရဲရင်လုပ်ပေါ့ဆိုတာကနေ နိုင်ငံရေးစုဖွဲ့မှု၊ ဟောပြောမှုတွေ (အကန့်အသတ်ရှိတယ်ဆိုဦးတော့)အတွက် space ပေါ်လာတယ်။ အဲဒီမှာ နိုင်ငံရေးသမားကော၊ စာပေနယ်ကော၊ သြဇာတိက္ကမရှိသူတွေ ဦးစီးဦးဆောင်ပြုသူတွေကြားမှာ အမျိုးသားရေးကိုဦးတည်စည်းရုံးမှုတွေ သိသိသာသာတိုးလာခဲ့တယ်။

ကိုယ့်မင်းကိုယ့်ချင်းဆိုတဲ့ ရွှေရောင်နေ့ရက်များ နောက်ခံသမိုင်းကြောင်းကလည်းရှိတော့ သူတို့ အသုံးချတဲ့ space က ထိရောက်လာခဲ့တယ်။ ရခိုင်မှာဟောပြောပွဲတွေကို နားထောင်ကြည့်ရင် ဗမာတစ်ယောက်အတွက် ဗြိတိသျှလက်အောက် ၁၃၀၀ ပြည့်အရေးတော်ပုံကာလတွေနဲ့ ဆင်တူသလို ခံစားရတယ်။ ရခိုင်က စာပေ ယဉ်ကျေးမှုအားကောင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်တော့ ခံစားချက်တွေလည်း မီးမြင့်တယ်။

ဗဟိုအစိုးရအတွက်၊ တပ်မတော်အတွက် ဒါမှမဟုတ် အုပ်ချုပ်သူအမြင်ဘက်က ကြည့်ပြန်တော့ ရခိုင်ဒေသရဲ့ ခွဲထွက်ရေးလှုပ်ရှားမှုကို ပြောရရင် ရွံကြောက်ကြီး။ နိုင်ငံ့အချုပ်အခြာအာဏာ ပြိုသွားမှာကို စိုးတယ်။ ဟို ဥရောပ ယူကေ အောက်က ဝေလတို့၊ အိုင်ယာလန်တို့၊ စပိန် ကတ်တလန်တို့မှာတော့ ဒီအရေးကို မဲနဲ့ အဖြေရှာဖို့ ကြိုးစားကြတယ်။ ကိုယ်တွေဆီမှာက သူတို့တွေ ရူးနေလားလို့တောင် ထင်တာ။ ကိုယ့်အခြေအနေ ကိုယ့်မှာလည်း ကိုယ့်အားနည်းချက်နဲ့ကိုယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးမှာ ဒါဟာ ထဲ့မစဉ်းစားလို့ကို မရတဲ့အဖြစ်။ ရခိုင်က ခွဲထွက်ရင် လုံခြုံပ့ါမလားဆိုတာက တကဏ္ဍ။ AA ကော၊ ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေကော ဒါကို ဇောင်းတင်နေတာ။ အရင်တုံးက မော်ဒရိတ်ဖြစ်တဲ့ ဦးဦးလှစောဆိုလူတောင် မီးမြင့်လာတာ။ ဒေါက်တာအေးမောင်တော့ မပြောနဲ့တော့၊ အောက်ကိုပြန်မဆင်းတော့ဘူး။

သူတို့မှာလည်း သူတို့ဒုက္ခနဲ့သူတို့။ ရခိုင်နိုင်ငံရေးသမားလုပ်မယ်ဆိုရင် အခုအခြေအနေက အမျိုးသားရေး ရယ်ဒီကယ်ဖြစ်မှကို ရတဲ့အဖြစ်၊ အဲသလိုမဟုတ်လို့ကတော့ ဒကာမရှိတဲ့ ဘုန်းကြီးလို၊ နောက်လိုက်မရှိတဲ့ ဆရာလိုပဲ။ အဲသလိုနဲ့ကို ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ပဲ။

သံယံဇာတခွဲဝေဖို့အတွက် လိုအပ်တယ်ဆိုတာ ပြည်မ သို့မဟုတ် အများစု ဗမာတွေလည်း သိလာပါတယ်။ ဒါက သီအိုရီ။ တကယ်တန်းအကောင်အထည်ဖော်ဖို့ကြတော့ အာဏာကိုလွှဲအပ်ခြင်းလုပ်ရင်လည်း မထိန်းနိုင်ဘဲ လွတ်ထွက်သွားမှာလည်း စိုးရိမ်ရပြန်။ ဒါ့အပြင် ပြည်မနိုင်ငံရေး အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ပြဿနာကလည်းရှိသေး။ ကိုယ့်အရှုတ်နဲ့ကိုယ်။ လွှတ်တော်ထဲ ဘတ်ဂျတ်တွေပိုခွဲဖို့ဆိုပြန်တော့လည်း လက်ရှိမှာတောင် ဝေစုမလောက်ဘူး။

ပထ၀ီနိုင်ငံရေးတို့ သမိုင်းနိုင်ငံရေးတို့ကလည်း ပါလာတာပေါ့။

အဲဒီတော့ ရခိုင်နဲ့ ပြည်မအဖြစ်က ရှင့်မှာလည်း ကလေးတွေနဲ့ ကျွန်မမှာလည်း အကြွေးတွေနဲ့ ဖြစ်နေတာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments