ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၆)

January 18, 2018

● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၆)
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၁၈

ပြည်ပမှာရောက်ရှိနေကြသည့် တိဗက်လူငယ်များ အဓိကကြုံတွေ့နေရသော ပြဿ နာမှာ အဆင့်မြင့်ပညာရေးပင်ဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ ကောလိပ်များ၊ တက္ကသိုလ် များတွင် တက်ရောက် ပညာသင်ယူနေကြသည့် တိဗက်ေ ကျာင်းသားများ ရှိသော်လည်း အရေအတွက်အားဖြင့် အလွန်နည်းပါးနေသေးသည်ဟုဆိုပါသည်။ “ကျနော်တို့ အတွက် အခွင့်အရေးက အကန့်အသတ်တွေ ရှိနေတယ်။ ကျောင်းဝင်ကြေးတွေက မြင့်လွန်းနေပြီး စကောလားရှစ်ပေးတာက နည်းနေတော့ တက္ကသိုလ်ပညာရေးဆိုတာ ကျနော်တို့အတွက် အလှမ်းဝေးနေသလိုမျိုးဖြစ်နေတာပေါ့။ ပညာသင်ဆုရလို့ ကျောင်း ပြီးဘွဲ့ ရသွားတဲ့ သူတွေကြပြန်တော့လည်း အလုပ်ရဖို့က မသေချာပြန်ဘူး။ ဒီတော့ ဘွဲ့ရပေမယ့် အလုပ်မရှိ တဲ့ ဘွဲ့ရအလုပ်လက်မဲ့ လူငယ်တွေ များများလာတာပေါ့။ ဒါက အခုလောလောဆယ် ကြုံတွေ့နေရတဲ့ အဓိကပြဿနာကြီးတစ်ခုပဲ။ သူတို့က ဘွဲ့ရပြီးပြီ ဆိုတော့ သူတို့မိဘတွေလို လယ်ထဲကိုင်းထဲလည်း မဆင်းချင်ကြတော့ဘူးလေ။ ကိုယ်သင်ယူခဲ့တဲ့ပညာနဲ့ အသက်မွေးဝမ်းကြောင်းဖို့၊ လခစားအလုပ် ဝင်လုပ်ဖို့ကြပြန် တော့လည်း အလုပ်ကရဖို့ မသေချာပြန်ဘူး။ ကြာရင် ကျနော်တို့ တိဗက်လူငယ် ကလေးတွေ ယိုင်သွားမှာလည်း စိုးရိမ်မိတယ်” ဟု ဓရံဆာလာရှိ တိဗက်လူငယ်ခေါင်း ဆောင် တမ်ပစမ်ခါက ဆိုပါသည်။

ယနေ့ကမ္ဘာ့နိုင်ငံများ ကြုံတွေ့နေရသည့် ပြဿနာများတွင် အလုပ်အကိုင်ရှားပါးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်မည် ထင်ပါသည်။ သူလိုကိုယ်လို ရုန်းကန်နေ ရသည့်တိုင်းပြည်များကို မဆိုထားနှင့်။ အမေရိကန်၊ အင်္ဂလန်တို့လို ဖွံ့ဖြိုးပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေမှာတောင် သည်ပြဿနာက အထိုက်အလျောက် ရှိနေဆဲပင်ဖြစ်သည်။ ဘွဲ့ရပညာတတ် လူငယ်များ အလုပ်အကိုင် မရှားပါးရေးမှာ အစိုးရတိုင်း ခေါင်းခဲနေရသည့်ပြဿနာတစ်ရပ်ဖြစ်ပါသည်။ သည်ကမ္ဘာ့ရေးစီး ကြောင်းကြီးထဲတွင် ဘွဲ့ရတိဗက်လူငယ်များလည်း မျောပါနေကြသည်ဖြစ်ရာ ဘဝတွေ စုန်းစုန်းမြုပ်မသွားဖို့အရေး အသဲ အသန် ကာကွယ်နေကြရသည့် အနေအထား တွင်ရှိပါသည်။

“ပြင်ပကို ထွက်လာတဲ့ တိဗက်လူငယ်တွေက တစ်နေ့တခြား များများလာတယ်။ ပြဿနာက တိဗက်ပြင်ပမှာ အနေကြာ လာတော့ တိဗက်ရဲ့ တန်ဖိုးတွေ တဖြည်းဖြည်းနဲ့ လက်လွတ်ဆုံးရှုံး သွားရတာတွေလည်း အများကြီးရှိတာပေါ့။ အခုဆိုရင် တိဗက် လူငယ်ပိုင်းတွေက တိဗက်အဝတ်အစား တွေကို သိပ်မခုံမင်တတ်ကြတော့ဘူး။ ဂျင်းဘောင်းဘီတွေဝတ်နေကြပြီ။ တိရှပ်တွေ ဝတ်လာကြပြီ။ တိဗက်ကျေးလက် သီချင်းတွေနေရာကိုပေါ့။ ရော့ခ်စတဲ့ ခေတ်ပေါ်တေးဂီတတွေနဲ့ အစားထိုးပစ် လိုက်ကြပြီ။ တိဗက်အစားအစာ ဆန်ပါကို သိပ်မစားကြတော့ဘူး။ အရံသင့် စားလို့ရတဲ့အစား အစာတွေကို နှစ်သက် နေတတ်ပြီ။ တိဗက်ယဉ်ကျေးမှုရဲ့တန်ဖိုးကို အလေးအနက် မထားချင်ကြတော့ဘူး။ တိဗက်ရိုးရာ တိဗက်ယဉ်ကျေးမှုကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ရမယ်။ ဘယ်လို ထိန်းသိမ်းစောင့်ရှောက်သင့်တယ်ဆိုတာကို ရှင်းပြပေမယ့် နားမဝင်ကြ တော့ဘူးလေ။ ဘောလုံးစကားနဲ့ ပြောရရင်တော့ ကိုယ်ကအဝေးကွင်းမှာ ကန်နေရတာဆိုတော့ ကိုယ့်အသင်းကို အားမရ တာလည်း ပါတာပေါ့ဗျာ ” ဟု တိဗက်အမျိုးသားကြီး တန်ဇန်း ချိုဂယ်လ်က ပြောပါသည်။

အားလုံးနှင့် သမူဟဖြစ်ဖို့ သဟဇာတဖြစ်ဖို့ဆိုသည်မှာ ကိုယ်ကတစ်ဖက်သတ် တင်းထားလို့မဖြစ်။ ဆုပ်ကိုင်ထားရမည့် အရာတွေရှိသလို ဖြေလျှော့ပေးလိုက်ရ သည့်အရာတွေလည်း များစွာရှိပါသည်။ ခေတ်ရေစီးကြောင်းကို တွန်းလှန်အာခံဖို့ ကြိုးစားရင်း ဒီရေစီးကြောင်းထဲ အိပ်မက်တွေမျောပါသွားခဲ့ကြ။ ဆုပ်ကိုင်ထားတဲ့ အယူအဆဟောင်းတစ်ချို့ ဒီရေစီးကြောင်းကြီးထဲ လွင့်စင်သွားခဲ့ရ။ တိဗက်လူမျိုးတွေ တင်ပဲလားဆိုတော့ …။

တိဗက်ယဉ်ကျေးမှု၊ အတွေးအခေါ်အယူအဆများသည် ဗုဒ္ဓဘာသာအပေါ်အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်ပါသည်။ သို့သော် တိဗက်လူမျိုးတို့ ယုံကြည်ကိုးကွယ်သော ဗုဒ္ဓဘာသာမှာ ထေရဝါဒ ဗုဒ္ဓဘာသာတော့ မဟုတ်။ မဟာယာန ဗုဒ္ဓဘာသာဟူ၍လည်း မခံယူ။ တိဗက်ဗုဒ္ဓဘာသာဟုသာ တသီးတသန့်သုံးပါသည်။ မိမိတို့ကိုယ်တိုင် ဘဝကိုပျော်ရွှင်ချမ်းမြေ့စွာ တည်ဆောက်ရေး၊ သူတပါးတို့အား ပျော်ရွှင်စေရေး၊ စာနာမှု နှင့်ချစ်ခြင်းမေတ္တာတရားတို့သည်သာ ဘဝ၏ အနှစ်သာရဟု တိဗက်လူမျိုးတို့က ယုံကြည်ထားကြသည်။

၁၉၉ဝပြည့်နှစ်တွင် တိဗက်အရပ်သားအစိုးရကို စတင်ဖွဲ့စည်းလိုက်သောအခါ ဘုန်း တော်ကြီး၏ အခန်းကဏ္ဍသည် ဒုတိယနေရာသို့ ရောက်သွားခဲ့သည်။ အရင်တုန်းက တော့ ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီးဒလိုင်းလားမားသည်ပင် နိုင်ငံ့ခေါင်း ဆောင်ဖြစ်သည်။ ကမ္ဘာတဝှမ်းရောက်ရှိနေကြသော တိဗက်ကိုယ်စားလှယ်များက အရပ်သားအစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းသည် ဘုန်းတော်ကြီး၏ ဆန္ဒကြောင့်ဟုပင် ဆိုရပါလိမ့်မည်။ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ဘုန်းတော်ကြီးက ထဲထဲ ဝင်ဝင်ပါဝင်ပတ်သက်လိုခြင်း မရှိတော့။ အခြေခံကျသော စည်းမျဉ်းစည်းကမ်းများကို ချပြပြီး နိုင်ငံရေးလောကကနေ နောက်ဆုတ်ဖို့ ကြိုးစားလေသည်။ ဒါကို တစ်ချို့က မနှစ်သက်ကြ။ သူတို့က ဘုန်းတော်ကြီးကို နိုင်ငံ့ခေါင်းဆောင်အဖြစ်နဲ့ပဲ မြင်လိုကြသည်။ မိုးထဲရေထဲမှာ သူတို့ဘဝတွေကို ကယ်တင်ပေးခဲ့သည့် ဘုန်းတော်ကြီးကို နိုင်ငံရေး လောကထဲကနေ တဖြည်းဖြည်းဝေးကွာသွားမှာကို စိုးထိတ်နေကြသည်။ အရာရာကို ဆုံးရှုံးလက်လွှတ်ခဲ့ပြီးပြီမို့ ဘုန်းတော်ကြီးကိုတော့ အဆုံးအရှုံးမခံလိုပါဟု တိဗက်နိုင်ငံ ရေးခေါင်းဆောင်များက ခံယူထားသည်။ တိဗက်လူမျိုးတို့အပေါ် ဘုန်း တော်ကြီးရဲ့ သြဇာလွှမ်းမိုးမှုက ထုထည်ကြီးမားလှပါသည်။ သူသည် နိုင်ငံရေး ခေါင်းဆောင်အဖြစ် တရားဝင်ထဲထဲဝင်ဝင် မလုပ်လိုတော့သော်လည်း တိဗက်ပြည် မလွတ်မြောက်သေးသမျှ ကာလာပတ်လုံး တိဗက်လူမျိုးတို့၏ခေါင်းဆောင်အဖြစ် ဆက်ရှိနေမည့်အကြောင်း၊ သို့သော် တိဗက်ပြည်ကြီး လွတ်မြောက်သွားပြီဆိုလျှင်တော့ဖြင့် သူနိုင်ငံရေး လောကထဲမှာ ပါဝင်ပတ်သက်တော့မှာ မဟုတ်ကြောင်း ဘုန်းတော်ကြီးက မိန့်မှာ တော်မူထားပြီးဖြစ်သည်။

တိဗက်ပြည်သည် တိဗက်ပြည်သူတို့အတွက်သာဖြစ်သည်။ သူအသက်ရှင်သန်နေ တုန်းမှာ တိဗက်ပြည်ကို တိဗက်လူမျိုးတွေ လက်ထဲသို့ ပြန်ထည့်ပေးခဲ့ချင်သေးသည်။ သို့သော် ဘုန်းတော်ကြီးက အကြမ်းမဖက်သော နည်းဖြင့်သာလျှင် တိဗက်ပြည်ကို ပြန်လည်ရယူလိုသည်။ အကြမ်းဖက်ခြင်း၊ ရန်လိုခြင်းတို့သည် ဘုရားရှင်နှစ်သက် သည့်လမ်းစဉ်မဟုတ်။ ဘယ်နေ့ ဘယ်ရွေ့ဟု အတိအကျသတ်မှတ်၍ မရသေးသော်လည်း အကြမ်းမဖက်သည့်နည်းဖြင့် အောင်ပွဲခံနိုင်ခဲ့လျှင် တိဗက်ပြည် သည် ကျန်ကမ္ဘာ့တိုင်းပြည်များအတွက် စံနမူနာယူလောက်သည့် တိုင်းပြည်ဖြစ်လာမည်ဟု ဘုန်းတော်ကြီးက အခိုင်အမာ ယုံကြည်ထားသည်။ တရုတ်ပြည်မကြီးကမူ တိဗက်ကို သူ၏အစိတ်အပိုင်းတစ်ခုဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား ဆဲပင်ဖြစ်သည်။ သည်အစိတ်အပိုင်းကလေးကို သူက အပွန်းအပဲ့ ခံမည်မဟုတ်။ အခြားတဖက်မှာလည်း တိဗက်ပြည်သည် တစ်နေ့နေ့တစ်ချိန်ချိန်မှာ လွတ်ကိုလွတ်မြောက်ရမည်ဟု တိဗက်လူမျိုးတို့က ယုံကြည်မျှော်လင့် နေကြဆဲပင်ဖြစ်သည်။ ထို့ကြောင့်ဖြစ်မည် ထင်ပါသည်။ ကမ္ဘာတစ်လွှားတွင် ခိုလှုံရောက်ရှိနေကြသော တိဗက်အများစုမှာ တိဗက်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီး ဆိုင်ရာဆိုင်ရာနိုင်ငံသားအဖြစ်ခံယူကြတာ အလွန်အင်မတန် ရှားပါသည်။

တိဗက်လူမျိုးတို့၏ အပြင်းပြဆုံးရည်မှန်းချက်မှာ အချိန်တန်အိပ်ပြန်ရေးပင်ဖြစ်သည်။ တိဗက်လူငယ်ခေါင်းဆောင်တစ်ဦးက “အနှေးနဲ့အမြန်ပဲ ကွာချင်ကွာမယ်။ တစ်နေ့ ကျရင်တော့ ကျနော်တို့ တိဗက်တွေအားလုံး အိမ်ပြန်နိုင်ကြလိမ့်မယ်လို့ ကျနော် ယုံကြည်ထားတယ်”ဟု ပြောပါသည်။ သူတို့၏ယုံကြည်မှုကို ပျက်ရယ်ပြုလိုခြင်း အလျဉ်းမရှိပါလေ။ ယုံကြည်မှုဆိုတာ ပျက်ရယ်ပြုရမည့်အရာလည်း မဟုတ်။ သူတပါး၏ ယုံကြည်မှုကို ပျက်ရယ်မပြုစကောင်း။ ပစ္စက္ခအခြေအနေကိုတော့ လက်ခံရပါမည်။ အဖက်ဖက်က သုံးသပ်ကြည့် လိုက်တော့ တိဗက်တို့၏ အခြေအထားမှာ မုန်တိုင်းထဲက ဖယောင်းတိုင်ငယ်ကလေးနှင့်ပင် တူနေပြန်ပါတော့သည်။

အဲဒီညနေခင်းက တိဗက်လားမားကြီးနဲ့အတူ လမ်းလျှောက်ထွက်ဖြစ်ခဲ့ပါသည်။ တစ်နေရာအရောက်မှာတော့ လားမားကြီး က ရေခဲတောင်ကြီးတွေဆီ တွေဝေငေးမော စိုက်ကြည့်နေပါသည်။ ဓရံဆာလာရဲ့ ရေခဲတောင်ကြီးတွေပေါ်မှာ မြူခိုးတွေ ဝေနေပြီ။ မြင်ကွင်းတွေက မပီဝိုးတဝါး။ လားမားကြီးက “ဒီရေခဲတောင်ကြီးကို လှမ်းကြည့်လိုက်တိုင်း တိဗက်ပြည်ကို လွမ်း တယ်။ ဒီအချိန်ဆိုရင် တိဗက်ပြည်မှာ….။ အိမ်ပြန်ချင် တယ်ဗျာ” ဟုပြောရင်း မြူခိုးတွေဝေနေသော ရေခဲတောင်ကြီးကိုပဲ ငေးကြည့်နေပါတော့သည်။

(ဆက်လက်ဖော်ပြပါဦးမည်)

ကိုသစ် (သီတဂူ)
၁၊ ၁၅၊ ၂ဝ၁၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်