သန်းမြင့်ဦး ● ထို ရက်သတ္တပတ်

January 23, 2018

● ထို ရက်သတ္တပတ်
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂ဝ၁၈

သူ့ဖေ့ဘုတ်ခ်မှ ပြန်လည်ကူးယူပါသည်။

လွန်ခဲ့သောနှစ်ပေါင်း ၇၁ နှစ်က ယခုကဲ့သို့ ရက်သတ္တပတ်တွင် ဖြစ်၏။

၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ဗြိတိသျှအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ကလဲမင့် အက်တလီနှင့် ဦးအောင်ဆန်း ခေါင်းဆောင်သော မြန်မာဧည့်သံတမန်အဖွဲ့တို့သည် လန်ဒန်မြို့၌ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။ ထိုဆွေး နွေးပွဲများမှ “အောင်ဆန်း-အက်တလီစာချုပ်” ဖြစ်လာခဲ့သည်။

(ထိုအတောအတွင်းသည် ဗြိတိသျှတွင် နှစ် ၃ဝဝ အတွင်း အအေးဆုံးကာလများ ဖြစ်ခဲ့သည်။ ညဘက်အပူချိန်သည် အနုတ် ၂ဝ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသွားပြီး ကျောက်မီးသွေး မလုံလောက်မှုများကြောင့် နေ့စဉ် နာရီများစွာ လျှပ်စစ်ဓါတ်အား လည်း ပြတ်တောက်ခဲ့သည်။)

“အောင်ဆန်း-အက်တလီစာချုပ်”တွင် ပါဝင်လက်မှတ်ရေးထိုးသူများ၏ တူညီသော ရည်မှန်းချက်တစ်ရပ်မှာ “ဗြိတိသျှဓန သဟာရနိုင်ငံများတွင် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ လွတ်လပ်သောမြန်မာနိုင်ငံ ပေါ်ပေါက်လာရေး” ပင် ဖြစ်၏။

ထိုစာချုပ်တွင် ရွေးကောက်တင်မြှောက်မည့် အစိုးရအဖွဲ့အတွက် ရွေးကောက်ပွဲများကို “အမြန်ဆုံး” ပြုလုပ်ရန်နှင့်အတူ အကူးအပြောင်းကာလတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ပါရှိသည်။

၁၉၄၆ ခုနှစ်တွင် အာဏာရလာသော ကလဲမင့်အက်တလီ၏ အလုပ်သမားအစိုးရသည် အိန္ဒိယနိုင်ငံကိုရော မြန်မာနိုင်ငံကိုပါ လွတ်လပ်ရေးပေးလိုသည်။ မသေချာသေးသည့်အချက်မှာ မည်သည့်အချိန်တွင်ပေးမည်နှင့် အကူးအပြောင်းအစီအစဉ်များ မည်ကဲ့သို့ ဖြစ်သင့်သလဲစသည်တို့ ဖြစ်သည်။ ၁၉၄၆ ခုနှစ် နိုဝင်ဘာလတွင်မူ အက်တလီအစိုးရသည် မြန်မာနိုင်ငံကို လျင် မြန်စွာ လွတ်လပ်ရေးပေးရန် ဆုံးဖြတ်လိုက်သည်။

ဗြိတိသျှတို့ စဉ်းစားရန် ကျန်သေးသည့် တစ်ခုတည်းသောကိစ္စမှာ တောင်တန်းဒေသများ (အထူးသဖြင့် ချင်း၊ ၊ ကရင်၊ ရှမ်း၊ ဝနှင့် ကရင်နီပြည်နယ်များ)ကို မည်သို့စီမံရမည်လဲဆိုသည်ကို ဖြစ်သည်။ စစ်ကာလအတွင်းက (အထူးသဖြင့် ဂျပန်ကို မဟာမိတ်တပ်များနှင့်အတူ တိုက်ထုတ်ခဲ့ကြသော ကရင်နှင့်ကချင်လူမျိုးများ) နှင့် ဗြိတိသျှဘက်တော်သားများက တောင် တန်းဒေသများကို လွတ်လပ်သောမြန်မာနိုင်ငံတွင် ပါဝင်ပေါင်းစည်းရန် စိတ်အားမထက်သန်ကြပေ။ လန်ဒန်မှ အခြားသူများ ကလည်း မြန်မာနိုင်ငံကို ကွန်မြူနစ်တို့သိမ်းပိုက်သွားမှာကို ထိတ်လန့်နေကြပြီး မြန်မာနိုင်ငံကို နှစ်ခြမ်းကွဲနေသောနိုင်ငံတစ်ခုအဖြစ် မထားရစ်ခဲ့လိုကြပါ။

ရလဒ်မှာမူ မရေရာခဲ့ချေ။ စာချုပ်တွင် “တောင်တန်းဒေသနှင့် မြေပြန့်ဒေသ (ဥပမာ – ဗမာပြည်) စောစီးစွာ ပြန်လည်ပေါင်းစည်း ရေး” ရှိသင့်သည်ဟု ဖော်ပြထားသည်။ သို့သော် “ထိုဒေသတွင် မှီတင်းနေထိုင်သူလူမျိုးစုများ၏ လွတ်လပ်သောသဘော တူညီချက်ဖြင့်” ဟုလည်း ပါရှိ၏။ မရှေးမနှောင်းပင် ပင်လုံညီလာခံနှင့် တောင်တန်းဒေသစုံစမ်းရေးကော်မရှင်တစ်ရပ် ပေါ် ပေါက်လာရပေတော့မည်။ (နောင်မှ ထိုအကြောင်းအရာကို ရေးသားဖော်ပြပါအုံးမည်)

ဖော်ပြပါပုံကို ၁၉၄၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ထုတ် LIFE မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြထားသည်။ ဤပုံကို ကြည့်ပါက မြန်မာနိုင်ငံ ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်သွားခဲ့သည့် အောင်မြင်မှုအခိုက်အတန့်သည် နိုင်ငံအစိတ်စိတ်အမွှာ မွှာပြိုကွဲပြီး ပြည်တွင်းစစ်မီးများ စတင်လောင်ကျွမ်းခဲ့သော တစ်ဒင်္ဂလည်းဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာ တွေ့မြင်နိုင်ပေ သည်။

ဦးအောင်ဆန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တွင် ဘုရင်ခံ၏အမှုဆောင်ကောင်စီမှ ဖက်ဆစ်တော်လှန်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ဝင်များရော၊ အဖွဲ့ဝင်မဟုတ်သူများပါ ပါဝင်ခဲ့သည်။ စစ်ပြန်နိုင်ငံရေးသမားများဖြစ်သော သခင်ဘစိန် (ဒို့ဗမာတည်ထောင်သူ) နှင့် ဦးစော (ဝန်ကြီးချုပ်၊ ၁၉၄ဝ-၁၉၄၂ ခုနှစ်) တို့က စာချုပ်တွင်လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့ကြပြီး ရန်ကုန်မြို့သို့ ပြန်ရောက်သောအခါ ဦးအောင်ဆန်းအား ရှုတ်ချကြောင်း လူသိရှင်ကြား ကြေငြာခဲ့ကြလေသည်။ သခင်သန်း ထွန်း (လန်ဒန်မြို့သို့ လိုက်ပါသွားခဲ့သော်လည်း ဓာတ်ပုံတွင် အမှတ်အသား မပြထား) သည် နောင်တစ်နှစ်ကျော်ခန့်အကြာတွင် ကွန်မြူနစ်တပ်များ၏ ခေါင်းဆောင်ဖြစ်လာလေသည်။

နောက် ၁၈ လအတွင်း ဦးအောင်ဆန်းနှင့်သခင်မြတို့ လုပ်ကြံခံရသည်။ ဦးစောမှာ ကြိုးပေးခံရ၏။ ဦးတင်ထွဋ်မှာ ကားဗုံး ဖောက်ခွဲလုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သည်။ သခင်သန်းထွန်းမှာ လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်နေခဲ့စဉ် (လန်ဒန်၌လက်မှတ်ထိုးခဲ့သူတစ်ဦးလည်းဖြစ်၊ ဝိုင်အမ်ဘီအေအသင်းကြီး တည်ထောင်ခဲ့သူလည်းဖြစ်သည့်) ဦးဘဖေမှာ နိုင်ငံတော် သစ္စာဖောက်မှုဖြင့် အဖမ်းခံရသည်။ “အောင်ဆန်း-အက်တလီစာချုပ်” လက်မှတ်ထိုးပြီး တစ်လအတွင်းပင် စောဘဦးကြီး ဦးဆောင်သော ကရင်ခေါင်းဆောင်များသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ဖွဲ့စည်းလိုက်ပြီး များမကြာမီ လက် နက်ကိုင်ပုန်ကန်လာခဲ့ကြသည်။

ဤသို့ဖြင့် လွန်ခဲ့သောနှစ်ပေါင်းတစ်ရာခန့် ခေတ်သစ်မြန်မာ့နိုင်ငံရေး အဦးအစပေါ်ပေါက်လာခဲ့စဉ်အခါကတည်းက အလွန် အမင်း ပြင်းထန်ပြီး များသောအားဖြင့် ရုန့်ကြမ်းသော အုပ်စုဖွဲ့ ဂိုဏ်းဂဏကွဲမှုများသည် မြန်မာ့နိုင်ငံရေးဇာတ်ခုံ၏ ကြီးမား သောအစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိနေလျက်ရှိပါတော့သည်။

Exactly 71 years ago this week:

Between 13 and 27 January 1947 discussions took place in London between the UK government of Prime Minister Clement Attlee and the visiting Burmese delegation led by U Aung San. These discussions led to the “Aung San – Attlee Agreement”.

(It was the coldest winter in the UK in 300 years – with night time temperatures falling to minus 20 degrees centigrade, and widespread coal shortages leading to hours of power cuts a day).

The “Aung San – Attlee Agreement” stated as the “common objective” of its signatories “a free and independent Burma whether within or without the British Commonwealth Nations”.

The Agreement further called for elections to a Constituent Assembly “as soon as possible” and laid out many and various transitional provisions.

The Labour government of Clement Attlee had come into office in 1946 favourable to both Indian and Burmese independence. What was unclear was exactly when this should happen and what the transitional arrangements should be. By November 1946 the Attlee government decided to grant Burma quick independence.

The only question left for the British was what do with the “Frontier Areas” (essentially the Chin, Kachin and Karen hills and the Shan, Wa, and Karenni states). Promises had been made during the war (in particular to the Karen and Kachin who had fought with the Allies against the Japanese) and many on the British side were not keen on forcing the Frontier Areas to join an independent Burma. At the same time, others in London feared a communist take over of Burma and did not want to leave a Burma that was divided.

The result was a fudge. The agreement stated that there should be “the early unification of the Frontier Areas and Ministerial Burma” (eg Burma proper) but “with the free consent of the inhabitants of those areas”. The Panglong conference and the Frontier Enquiry Commission would soon follow. (More on that soon)

The image was published in the 11 October 1948 issue of LIFE magazine. It shows clearly that this moment of victory of Burma’s anti-colonial struggle was also the moment where Burma’s descent into violent factionalism and civil war began.

The delegation was led by U Aung San and included both AFPFL and non-AFPFL members of the Governor’s Executive Council. Veteran politicians Thakin Ba Sein (founder of Dobama) and U Saw (Prime Minister 1940-42) refused to sign the agreement and denounced U Aung San on return to Rangoon. Thakin Than Tun (also in London but not marked in the photo) would lead the communist insurrection a little more than a year later.

Within 18 months U Aung San, Thakin Mya had been assasinated, U Saw was hanged, U Tin Tut was killed by a car bomb, and Thakin Than Tun (U Aung San’s brother-in-law) was leading an insurgency. U Ba Pe (a London signatory and founder of the YMBA) would later be arrested for high treason. Karen leaders led by Saw Ba U Gyi, within a month of the “Aung San – Attlee Agreement”, formed the Karen National Union, and would soon be in rebellion as well.

Intense and usually violent factionalism has been a big part of the Burmese political scene since the birth of modern politics in Burma a hundred years ago.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments