လင်းသက်ငြိမ် ● နေဝင်​ရီတ​ရော

February 6, 2018

● နေဝင်​ရီတ​ရော
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၈

တ​နေကုန်​စာ​တွေချည်း ဖတ်​​နေလို့ ​ကျော​တွေ​အောင့်​၊ မျက်​စိ​တွေ​ညောင်းသလို ဖြစ်​လာတာနဲ့ စာအုပ်​ကိုချ ပြီးအ​ကြောဆန့် ကာ ခြံထဲ လမ်းဆင်း​ လျှောက်​​နေရင်း ခံတွင်းချဉ်​လာတာနဲ့ လက်​ဖက်​ရည်​​သောက်​ဖို့ စိတ်​ကူးရမိတယ်​။ တ​နေကုန်​ ခုတင်​​ပေါ်လဲ​နေတဲ့အတွက်​ ထိုင်းမှိုင်း​နေတဲ့ အာရုံ​ကြောတွေကို အလုပ်​​ပေးဖို့စိတ်​ကူးပြီး ဆိုင်​ကယ်​ကို မယူ​တော့ပဲမြို့ထဲကို ​ခြေလျှင်​ထွက်​လာမိတယ်​။ အချိန်​က ည​နေခင်းကို​ခြေတ​ဖက်​လှမ်း​နေပြီ။ နေ​ရောင်​ခြည်​က​တော့ ​ပျောက်​တိ​ပျောက်​ကြား လမ်းမ​ပေါ်ထိုးကျ ​နေ​သေးရဲ့။ အရင်​က ဆိုင်​ကယ်​နဲ့ပဲ အပြင်​ထွက်​​လေ့ ရှိ​တော့ လမ်းနံ​ဘေးကအိမ်​​တွေရဲ့ အ​နေအထား​တွေနဲ့ ခြံဝင်း​တွေကို ​သေချာမကြည့်​ဖြစ်​ခဲ့ဘူး။ အခု​တော့ အရင်​က ​တောက်​ပ​နေတဲ့တိုက်​အိမ်​ကြီး​တွေလည်း မှိန်​​ဖျော့လို့။

ခြံစည်းရိုးအသစ်​ကြီး​တွေကလည်း နွယ်​ပင်​​တွေတက်​ပြီး အို​ဟောင်းလို့။ ဓာတ်​မီးတိုင်​တ​ချို့ယိုင်​နှဲ့ပြီး တိမ်း​စောင်း​နေသလို လမ်း​ပေါ်က ချိုင့်​ခွက်​​တွေ ကလည်း ​ခြေ​ထောက်​ချရာလိုက်​ကပ်​ပါ​နေသလို ထင်​ရတယ်​။ အချိန်​ရဲ့တိုက်​စားမှု၊ ရာသီဥတုရဲ့ ဝါးမြိုမှုမှာ အရာရာ ​ပြောင်းလဲ​နေတာ ​လောကဓမ္မ ပါပဲလား။

အ​ဝေးတနေရာမှာ နှစ်​​တွေအကြာကြီး သွား​နေခဲ့​တော့ ကိုယ့်​ဇာတိဟာ ကိုယ်​နဲ့စိမ်းသက်​​နေတာက သိပ်​အထူးဆန်းကြီး​တော့ မဟုတ်​ပါဘူး။ လမ်း​ပေါ်မှာ သွားလာ​နေတဲ့လူ​ အ​တော်​​များများက ကိုယ်​မသိတဲ့ လူသစ်​​တွေဖြစ်​​နေကြတယ်​။ ကိုယ်​ရှိ​နေခဲ့တုန်းက ဒီရပ်​ကွက်​မှာ ကိုယ်​မသိတဲ့ လူမရှိ။

ကိုယ့်​ကို မသိတဲ့လူလည်း မရှိ။ဆင်​​ခြေဖုံးရပ်​ကွက်​ဆို​တော့ လမ်း​ပေါ်မှာ ​ခြေလျှင်​သွားလာ​နေတဲ့လူ​တွေလည်း အများကြီးပါပဲ။ ဒါ​ပေမဲ့ ကိုယ့်​ကိုနူတ်​ဆက်​သူလည်းမရှိ။ ကိုယ်​ကနူတ်​ဆက်​ရမယ့်​သူလည်းမရှိ။ လမ်း​လျှောက်​လာရင်း အရင်​က ဒီရပ်​ကွက်​မှာ ကိုယ်​​ကြီးပြင်းခဲ့ပုံ​တွေကို ​တွေးမိတယ်​။ ကိုယ်​နဲ့အတူကြီးပြင်းလာရတဲ့ ကိုယ့်​သူငယ်​ချင်း​တွေကိုလည်း သတိရမိတယ်​။ ကိုယ်​ကအ​ပေါင်းအသင်း မဆန့်​တဲ့လူလည်း မဟုတ်​ပါဘူး။ ဒီရပ်​ကွက်​ထဲက လူကြီးက​နေလူငယ်​အဆုံး ခင်​ခင်​မင်​မင်​ ​ပေါင်းသင်း ဆက်​ဆံခဲ့သူပါပဲ။ ဒီတခေါက်​ကိုယ်​ပြန်​လာ​တော့ကျ ကိုယ့်​သူငယ်​​ချင်း​တွေထဲက တချို့လည်း အိမ်​​ထောင်​​တွေ ဘာ​တွေကျ ကြ၊ တချို့ စီးပွား​ရေး​တောင့်​တင်းတဲ့ လုပ်​ငန်းရှင်​​တွေ ဖြစ်​သွားကြတော့ အရင်​လို ဆက်​ဆံ​ရေး​တွေနဲ့ ခြားနားသွားပြီး ​မေးထူး​ခေါ်​ပြော​လောက်​ပဲ ရှိ​တော့တယ်​။

အ​တွေး​တွေနဲ့လမ်း​လျှောက်​လာရင်း ကိုယ့်​​ဘေးက ဖြတ်သွားတဲ့ ဆိုင်​ကယ်​​ပေါ်ကလူကို ကြည့်​လိုက်​​မိ​တော့ ကိုယ့်​အိမ်​​ဘေးက သူငယ်​ချင်းဖြစ်​​နေ တာနဲ့ စကား​ပြောရင်း သူ့ဆိုင်​ကယ်​နဲ့မြို့ထဲကို လမ်းကြုံ လိုက်​မယ်​လို့ အ​တွေးရပြီး လှမ်း​ခေါ်​တော့ဒီ​ကောင်​မကြားဘူး။ သုံး​လေးခါ​လောက်​ လှမ်း​ခေါ်​ပေမယ့်​ သ​ကောင့်​သားက ဆိုင်​ကယ်​ကို ဟန်​မပျက်​​မောင်းနှင်​ပြီး ထွက်​သွားတယ်​။ စိတ်​ထဲ​တမျိုးဖြစ်​သွားရတယ်​။

ကျွန်​​တော်​လှမ်း​ခေါ်တဲ့ အသံကိုသူမကြားပဲမ​နေဘူးလို့ ​တွေးမိတယ်​။ ဒါ​ပေမဲ့ သူက​တော့ အ​ဝေးကို​ရောက်​သွားပြီပဲ ထားလိုက်​​ပါတော့။လမ်းကို ဆက်​​လျှောက်​လာရင်း ကိုယ်​နဲ့သိတဲ့အိမ်​ တအိမ်​​ရှေ့ကို​ရောက်​လာတယ်​။ ကိုယ်​နဲ့ ညီအစ်​ကိုလို​ပေါင်းလာတဲ့ လူရဲ့အိမ်​ပါပဲ။ မကြာ​သေးတဲ့ ကာလတခုက သူ့အိမ်​​ရှေ့မှာဈေးဆိုင်​က​လေးဖွင့်​ပြီး စီးပွားအ​တော်​ဖြစ်​​နေတယ်​လို့ ကြားတာပဲ။ ဆိုင်​​ရှေ့က ခုံတန်းလျား​လေးမှာ မိန့်​မိန့်ကြီး ထိုင်​​နေတာကိုယ့်​မိတ်​​ဆွေပါပဲ။

“ငါ့အကို ​နေ​ကောင်းရဲ့လား” လို့ လှမ်းနူတ်​ဆက်​လိုက်​မိတယ်​။ သူက မကြားဘူး။

“​ဟေ့လူ ခင်​ဗျားကို​မေး​နေတာ ကျွန်​​တော့်​ကို မမှတ်​မိဘူးလား” အဲ့ဒါလည်း သူမကြားသလိုပဲ ငူငူကြီးထိုင်​​ပြီး သူ့အ​တွေးနဲ့သူ ရှိ​နေတယ်​။

စိတ်​မရှည်​​တော့တာနဲ့ သူ့ပခုံးကိုဖတ်ခနဲသွား ပုတ်​လိုက်​မိတယ်​။ အဲ့ဒါလည်း သူမသိဘူး။ ကိုယ်​သူ့ကို ပုတ်​လိုက်​တာ​တောင်​ သူသိပုံ မရဘူး။ နောက်​တချက်​ သူ့​ကျောပြင်​ကို ခပ်​ပြင်းပြင်း ရိုက်​ချလိုက်​မိတယ်။
“ဖြန်း”
ဟာ ဒါလည်းသူကမသိဘူးပဲ။ ဘာ​တွေဖြစ်​​နေတာလည်း ကိုယ့်​လက်​ကို ကိုယ်​မယုံနိုင်​ပဲ ပြန်​ကြည့်​မိရင်း စိတ်​ထဲ အ​တော်​​လေး ရှုပ်​​ထွေး​နှောက်​ကျိသွားတယ်​။

ဘာ​တွေလဲ။ ဘာ​တွေလဲ။ ကိုယ့်​မိတ်​​ဆွေက​တော့ သူ့​ရှေ့မှာ လာရပ်​​နေတဲ့ ကိုယ့်​ကို စိုးစဉ်းမျှ ​တွေ့မြင်​ပုံ​တောင်​မရ။ သူ့လည်​ပင်းက ​ရွှေဆွဲ ကြိုး ​နေ​ရောင်​​ပျောက်​ကြားမှာ တလက်​လက်​​တောက်​ပ​နေတာကို ကိုယ်​​တချက်​လှမ်း ငေးကြည့်​ပြီး ကိုယ့်​လမ်းကိုယ်​ ဆက်​​လျှောက်​လာခဲ့တယ်​။

ခြေလှမ်း​တွေကို အ​တွေး​တွေနဲ့ လှမ်းမိတဲ့အခါခရီးဟာ ​ကျောရိုး ရှည်​လျားလာတာပဲ။ ကိုယ်​သွားမယ့်​ လက်​ဖက်​ရည်​ဆိုင်​​ရောက်​ဖို့ အ​တော်​​တော့ လိုပါ​သေးတယ်​။ ​စော​စောက ကိုယ့်​မိတ်​​ဆွေဆီမှာ ကိုယ်​ဖြစ်​ခဲ့တဲ့ကိစ္စက အိပ်​မက်​တ​ခုလိုဖြစ်​​နေတယ်​။ လူတယောက်​လုံး သူ့​ရှေ့မှာ ရပ်​​နေရုံမကပဲ​ကျောကိုရိုက်​တာ​တောင်​ သူဘာမှမခံစားရ၊ မ​တွေ့မြင်​ရတာဘာ​ကြောင့်​လဲ။ ​မေးခွန်းဟာ ဦး​နှောက်​ကို ဘိလပ်​​မြေ​မွှေစက်​ထဲထည့်​ခံလိုက်​ရတဲ့ သဲ​တွေ၊ ​ကျောက်​​တွေလို လုံး​ထွေးပြီး ​နှောက်​ကျိလာ​စေတယ်​။

ဟော.. မျက်​နှာချင်းဆိုင်​မှာ လမ်း​လျှောက်​လာ​နေတဲ့​ကောင်​က ကိုယ်​နဲ့ သူငယ်​တန်းက​နေ အလယ်​တန်းအထိ တစ်​ခန်း တည်း အတူ​တက်​လာခဲ့တဲ့​ကောင်​ပဲ။

“​ဟေ့​ကောင်​ ဘယ်​က ပြန်​လာတာလဲ”

ဒီ​ကောင်​ အ​တော်​နား​လေးတဲ့​ကောင်​။ ကိုယ်​​ပြောတာကို မကြားဘူး။

” ​ဟေ့​ကောင်​ မင်းကို​မေး​နေတာ ဘယ်​ကပြန်​လာတာလဲလို့ လခွမ်းပဲ နားအ​တော်​​​​လေးတဲ့​ကောင်​ပဲ”

အကျယ်​ကြီး ကိုယ်​​အော်​​ပြောလိုက်​​ပေမဲ့ အဲ့ဒီ​ကောင်​ ​မကြားဘူး။ ဘာ​တွေဖြစ်​​နေကြတာလဲ ဒီ​နေ့။

တယောက်​မက​တော့ဘူး သုံး​ယောက်​တိတိ။ ဒီပုံစံ ဒီအဖြစ်​​အပျက်​​တွေချည်းပဲ။ ကိုယ်​က သူတ​ပါးကို ကြား​အောင်​မ​ပြောနိုင်​​တော့တာလား။ ဒါမှမဟုတ်​ ကိုယ်​​ပြောတာကို သူတို့ကမကြား​တော့တာလား။ ဒါ​ပေမဲ့ လက်​ဝါးနဲ့ရိုက်​တာ​တောင်​မသိနိုင်​တာက​တော့ ယုတ္တိမဲ့လွန်းပါတယ်​။ ဘာဖြစ်​​နေတာလဲ။

ကြုံ ​တွေ့ရတဲ့အဖြစ်​က ပစ်​မှတ်​တစ်​ခုကို လာလာထိုးစိုက်​တဲ့ ဓား​တွေလို ကိုယ့်​ရင်​ကို တဒုတ်​ဒုတ်​လာစိုက်​တယ်​။

တွေး​ခေါ်မှု​တွေက ခြင်းကြားနဲ့​ရေခပ်​သလို တခုမှအဖတ်​မတင်​ပဲ ရှိ​နေကြတယ်​။ ကိုယ့်​စိတ်​​တွေ အ​တော်​​ယောက်​ယက်​ခပ်​လို့ ​နေပါပြီ။ လမ်း​လျှောက်​ရင်း ကိုယ်​​ပျောက်​သွားတာပဲလား။ အ​တော် ​အိပ်​ရာဝင်​ပုံပြင်​ဆန်​တဲ့ အ​တွေးပဲ။ အဲ့ဒီထက်​ပို​ပြောရရင်​ အ​တော်​ရူးတဲ့ အ​တွေးပဲ။ ဒါ​ပေမဲ့ ကိုယ့်​ကိုမ​တွေ့တဲ့လူက သုံး​ယောက်​​တောင်​ရှိ​နေပြီ​လေ။ အဲ့ဒါက ဘာဖြစ်​လို့လဲ။

လမ်း​လျှောက်​ရင်း ​ပျောက်​ဆုံးသွားတဲ့ လူရယ်​လို့လည်း ကိုယ်​တခါမှ မကြားခဲ့ဖူးဘူး။ ဒါ​ပေမဲ့ အခုက ကိုယ်​တကယ်​​​ပျောက်​ဆုံး​နေသလိုပဲ။ ဘယ်​သူကမှ ကိုယ့်​ကိုမ​တွေ့ကြ​တော့ဘူး။ အစရှာမရတဲ့ ချည်​​ထွေးတခုလို အမျှင်​လိုက်​ထွက်​​ကျ​နေတဲ့စိတ်​ရှုပ်​​ထွေးမှု​တွေနဲ့ ​လျှောက်​လာတဲ့ ကိုယ့်​ကို အိမ်​တအိမ်​က​ခွေးတ​ကောင်​က စူးစူးဝါးဝါး ထိုး​ဟောင်​တယ်​။ ကြက်​သီး​မွှေးညင်း​တွေ ဖြန်းခနဲ ထသွားပြီး ​ကြောက်​လန့်​မိသလို ခံစားရတယ်​။ ကိုယ်​လမ်း လျှောက်​လာရင်း ကားနဲ့ဒါမှမဟုတ်​ တခုခုနဲ့တိုက်​မိပြီး ​သေဆုံးသွားခဲ့လို့လား။ ဒါကိုမသိပဲ ကိုယ့်​ဝိညာဉ်​ကပဲလမ်းဆက်​​လျှောက်​လာတာလား။ ဒီအ​တွေးအ​ခေါ်က ခပ်​​ပေါ​ပေါသရဲတ​စ္ဆေကား​တွေကြည့်​ဖူးလို့ထွက်​လာတာပဲဖြစ်​မှာပါ။ ကိုယ့်​ပါးကိုဖြန်းခနဲရိုက်​ကြည့်​​တော့ နာကျင်​မှုကို ခံစားရတယ်​။

ဒါဆိုကိုယ်​မ​သေဘူးပဲ။ ဒါ အိပ်​မက်​တ​ခုလည်း မဟုတ်​ဘူးပဲ။ ဒါ​ပေမဲ့ ကိုယ့်​ကိုလူ​တွေကမ​တွေ့တာက​တော့ အမှန်​ပဲ။ ဘာ​ကြောင့်​လဲ။

တွေးရင်း​လျှောက်​ရင်းနဲ့ လက်​ဖက်​ရည်​ဆိုင်​ကို ​ရောက်​လာတယ်​။ လက်​ဖက်​ရည်​​ဖျော်​တဲ့ အ​ဖျော်​ဆရာက ကိုယ်​ဆိုင်​ထဲဝင်လာတာနဲ့ ကိုယ်​​သောက်​​နေကျ ​ပေါ့ဆိမ့်​တ​ခွက်​တန်း​ဖျော်​တယ်​။ စားပွဲထိုးက​လေးက လာချ​ပေးပြီး။ ရေ​နွေးဓာတ်​ဘူးကိုလဲ​ပေးတယ်​။ ဟင်​ သူတို့ကျကိုယ့်​ကို မြင်​ရတာပဲ။

ဟို​ကောင်​​တွေက ကိုယ့်​ကိုဘာလို့ မမြင်​ရတာလဲ ။ သူတို့ကပဲ ​သေပြီးသား​တွေဖြစ်​​နေလို့ ကိုယ့်​ကိုမမြင်​ရ မထိ​တွေ့ရတာလား။
စားပွဲထိုးက​လေးကို လှမ်း​ခေါ်ပြီး …

“မင်း ငါ့ကိုမြင်​ရလား” လို့ မေး​တော့ …

“ဟင်​ အကို့ကိုမြင်​ရတယ်​​လေ မြင်​ရလို့ လက်​ဖက်​ရည်​​တောင် ​လာချ​ပေးပြီး ​ရေ​နွေး​တောင်​နည်း​နေတာနဲ့ တ​ခါတည်း ဖြည့် ပြီးသားဓာတ်​ဘူးနဲ့ လဲ​ပေးထားခဲ့တာ”

ဘာလဲ လာ​နောက်​​နေတာလား “မဟုတ်​ပါဘူးကွာ ဘာမှမဟုတ်​ပါဘူး မင်းကို​အ​ကြောင်​ရိုက်​ကြည့်​တာပါ” “ပြီး​ရော” ဆိုပြီး လှည့်​ထွက်​သွားတဲ့ စားပွဲထိုးက​လေးရဲ့​နောက်​​ကျောကို​ငေးရင်း ​ကြောင်​စီစီနဲ့ လက်​ဖက်​ရည်​ကို ​မော့​သောက်​လိုက်​မိတယ်​။ ဆိုင်​​​ရှေ့က တီဗွီက လာပြီးသား ဘောလုံးပွဲကို  ပြန်​လွှင့်​​နေတယ်​။

ကိုယ့်​အာရုံက ​ဘောလုံးပွဲထဲ မ​ရောက်​ပါဘူး။ လမ်းမှာ ကြုံရတဲ့အဖြစ်​အပျက်​​တွေ​ပေါ်မှာ တအုံ့​နွေး​နွေးနဲ့ မတင်​မကျဖြစ်​​နေမိတယ်​။ ကိုယ်​ဒီမြို့ကိုပြန်​လာ​တော့ ပိုက်​ဆံလည်း အများကြီးပါမလာခဲ့ဘူး။ အလုပ်​လည်း လက်​မဲ့ဖြစ်​​နေ​တော့ အိမ်​မှာ အိပ်​လိုက်​စားလိုက်​နဲ့ ဝါသနာပါတဲ့ စာ​ရေး၊ စာဖတ်​တာကိုပဲ ပိုလုပ်​ဖြစ်​​နေတယ်​။ အိမ်​မှာ​နေရတာကို ငြီး​ငွေ့လာရင်​ ဒီလက်​ဖက်​ရည်​ဆိုင်​မှာပဲ လာထိုင်​ပြီး ဇာတ်​ကားကြည့်​ချင်​ကြည့်​ မကြည့်​ရင်​ စားပွဲ ထိုး​လေးနဲ့ ဒါမှမဟုတ်​ရင်​ အ​ဖျော်​ဆရာနဲ့ ​ရောက်​ရာ​ပေါက်​ရာ​ပြောဆို​နေတတ်​တယ်​။

ဒီ​နေ့ လမ်း​လျှောက်​ထွက်​လာမှ ဘယ်​လိုအဖြစ်​​တွေနဲ့လာကြုံရတယ်​မသိအာရုံ​တွေ​နှောက်​ပြီး အူ​ကြောင်​​ကြောင်​နဲ့ မခံချိမခံ သာ ခံစား​နေရတယ်​။ ​နေရင်းထိုင်​ရင်း ကိုယ်​ပဲကိုယ်​​ပျောက်​သွားရသလို ကိုယ့်​ခင်​မင်​ရင်းနှီးစွာ နှုတ်​ဆက်​မှု​တွေကို ဥ​ပေက္ခာ ပြုခံရတယ်​။

ကိုယ်​နူတ်​ဆက်​ခဲ့တဲ့လူ​တွေဆိုတာ ကိုယ်​နဲ့ တကယ့်​ကိုရင်းရင်းနှီးနှီး ​နေထိုင်​​ပေါင်းသင်းခဲ့တဲ့ လူ​တွေ။ ကိုယ်​ကြုံခဲ့ရတဲ့အဖြစ်​အပျက်​က ထူးဆန်း​နေရုံမက၊ ကိုယ်​ပြန်​​ပြောပြရင်​​တောင်​ ကိုယ့်​ကိုအရူးလို့ ထင်​ကြမှာပဲ။ ဒါ​ပေမဲ့ ကိုယ့်​ကိုသူတို့ မမြင်​တာ၊ ကိုယ်​ရိုက်​တာကို သူတို့မခံစားရတာက​တော့ တကယ်​ပါ။

ဘာမှန်းမသိတဲ့အဖြစ်​အပျက်​​အတွက်​ မုန့်​လုံးစက္ကူကပ်​​နေတဲ့ ကိုယ့်​နံ​ဘေး​က စားပွဲကိုဝင်​ထိုင်​လာတဲ့လူတယောက်​​ကြောင့်​ ကိုယ်​​မော့ကြည့်​လိုက်​​တော့ ကိုယ့်​​ဘော်​ဒါပဲဝလို့ဖီးလို့ အရင်​ကငါး​ဖောင်​ရိုးက အဘ​ခေါ်ရမယ့်​ အ​ကောင်​။

အခုဒီ​ကောင်​ ဘာပွ​ပေါက်​​တွေတိုး​နေတယ်​မသိ သူ​ဌေးရုပ်​ကို အပီအပြင်​ဖြစ်​​နေပြီ။

“​ဟေ့​ကောင်​ မင်းဘာ​တွေလုပ်​​နေတာလဲ၊ အ​တော်​ကြီးပွား​နေပုံပဲ မင်းပုံစံက ဝက်​တစ်​​ကောင်​ကို ​အင်္ကျီဝတ်​​ပေးထားတာကျ​နေတာပဲ”

ပိုက်​ဆံအိတ်​ဝဝကြီးကို စားပွဲ​ ပေါ်ပစ်​ချပြီး လက်​ဖက်​ရည်​မှာ​နေတဲ့ ဒီ​ကောင့်​ကို ​​မေးမိတယ်​။ ဒီ​ကောင်​နဲ့ကိုယ်​က တကယ့်​​ပြောမနာ ဆိုမနာ သူ့မရှိ ကိုယ်​​ပေး၊ ကိုယ့်​မရှိသူ​ပေးနဲ့ လည်​ပင်းဖက်​​နေလာခဲ့ တဲ့​ကောင်​ဆို​တော့ ဘာမှဂရုစိုက်​စရာမလိုဘူး။ ဆဲမနာ ဆိုမနာပဲ။

ဒီ​ကောင်​က ဘာမှပြန်​မ​ပြောဘူး။”​ခွေး​ကောင်​ မင့်​ကို​ပြော​နေတာဟ ​ကြောင်​​နေတာလား” ဒါလည်း ဒီ​ကောင်​မကြားဘူး။

စားပွဲခုံကို ပုတ်​ပြီး ​ပြောတာ​တောင်​ ဒီ​ကောင်​ မသိဘူးပဲ။ လခွမ်းပဲကွာ ဘာ​တွေလဲ မသိ​တော့ဘူး။ ကိုယ်​အ​တော်​ ​ဒေါကန်​သွားမိတယ်​။ ထပြန်​ဖို့ ပိုက်​ဆံရှင်းမယ်​လုပ်​​တော့ အဲ့ဒီ​ကောင်​ဝိုင်းကို လူတ​ယောက်​ဝင်​ထိုင်​တယ်​။ ကား​သော့ကို လက်​ညို့းနဲ့လှည့်​လို့ ချိုင်းကြားမှာ ပိုက်​ဆံအိတ်​ကြီးကို ညှပ်​လို့။ သ​ကောင့်​သားက ခုံ​တွေဘာ​တွေဆွဲယူပြီး ပြုံးလို့ဗျ။ ။နွားပြာကြီး ​အောက်​သွားမရှိသလို သွားသုံးဆယ့်​နှစ်​​ချောင်းလုံး​ပေါ်​အောင်​ဖြီး​နေတဲ့ အဲ့ဒီ​ကောင့်​ မျက်​ခွက်​ကို ကိုယ်​ဖြတ်​ရိုက်​လိုက်​ရင်​လည်း အဲဒီ​ကောင်​ဘာမှ ခံစားရမှာမဟုတ်​ဘူး။

“လက်​ဖက်​ရည်​ဖိုးတင်​ထားခဲ့တယ်​​ဟေ့ ပြန်​အမ်း​ငွေကို ​နောက်​မှ​ပေါင်းယူမယ်​” လို့ စားပွဲထိုး​လေးကို လှမ်း​အော်​ပြီး ငါးရာတန်​တစ်​ရွက်​ကိုစားပွဲ​ပေါ်တင်​ထားခဲ့ကာ ကိုယ်​ထွက်​လာခဲ့မိတယ်​။

အပြင်​မှာ ​မှောင်​စပျိုး​နေပြီ။ ဒီအချိန်​က​တော့ ​ကိုယ့်​ကိုဘယ်​သူမှ သိပ်​မြင်​​တွေ့ကြမှာမဟုတ်​​တာ ​သေချာပါတယ်​။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်