လင်းသက်ငြိမ် ● မျက်နှာဖုံးစွပ်ကမ္ဘာ

March 7, 2018

● မျက်နှာဖုံးစွပ်ကမ္ဘာ
(မိုးမခ) မတ်လ ၇၊ ၂၀၁၇

ဘယ်သူ ဘယ်ဝါမှန်းမသိဖို့ အကောင်းဆုံးမျက်နှာဖုံးတွေ
ဘယ်ဘယ်ဝါ ဘာညာ သိသာထင်ရှားစေဖို့
အကောင်းဆုံး မျက်နှာဖုံးတွေ
အင်္ကျီဘောင်းဘီတွေကို
အပြိုင်အဆိုင် ထုတ်လုပ်လာခဲ့ပြီးတဲ့နောက်
လိုအပ်ချက်တခုကို သိမြင်လာတဲ့ ပညာရှင်တယောက်က
တွေးခေါ်ထုတ်လုပ်လိုက်တဲ့ မျက်နှာဖုံးက
အောင်မြင်သွားပြီးတဲ့နောက်
မျက်နှာတွေဟာ နိုင်ငံတခုရဲ့တိုးတက်မှုဖြစ်လာမယ်
မျက်နှာဖုံးတွေဟာ ခေတ်ရဲ့ပြယုဂ်ဖြစ်လာမယ်
မျက်နှာဖုံးစွပ်သမ္မတကြီး
မျက်နှာဖုံးစွပ်ဗိုလ်ချုပ်ကြီး
မျက်နှာဖုံးယဉ်ကျေးမှုတွေ ကမ္ဘာတလွှားထင်ရှား
ပြစ်မှုကျူးလွန်သူက မျက်နှာဖုံးနဲ့
လမ်းဘေးကအပျော်မယ်လည်း မျက်နှာဖုံးနဲ့
မျက်နှာဖုံးစွပ်သီးသန့်ပွဲတော်တွေ ဟိုတစ်စဒီတစ်စကနေ
နေရာအနှံ့ဗိုင်းရပ်စ်လိုပြန့်ပွား
မျက်နှာဖုံးစွပ်ကဖေးများ
မျက်နှာဖုံးစွပ်ရုပ်ရှင်ရုံများ
မျက်နှာဖုံးစွပ်ဌာနများ
မျက်နှာဖုံးဟိုတယ်များ
မျက်နှာဖုံးစွပ်ပန်းခြံများ
တယောက်မျက်နှာကိုတယောက်
ဘာမှမပါပဲကြည့်ရတာ စိတ်ပျက်လက်ပျက်အရသာပဲ
မျက်နှာဖုံးဟာ တရားမျှတမှုကို ဆောင်ယူတဲ့အရာ
တယောက်အပြုံးတယောက် အခွံမပါပဲ ငေးရတာ
ပေါ့ရွှတ်တဲ့ခံစားမှု
မျက်နှာဖုံးကုန်သည်တွေ
မျက်နှာဖုံးပွဲစားတွေ
မျက်နှာဖုံးအရောင်းစာရေး/မတွေ
မျက်နှာဖုံးစွပ်မင်္ဂလာပွဲတွေ
မျက်နှာဖုံးစွပ်တရားပွဲတွေ
မျက်နှာဖုံးစွပ် အသုဘအခမ်းအနားတွေ
သတင်းကြေငြာသူလည်း မျက်နှာဖုံးနဲ့
တော်လှန်ရေးသမားလည်း မျက်နှာဖုံးနဲ့
တရားဟောဆရာလည်း မျက်နှာဖုံးနဲ့
မွေးကတည်းက ဘာမှဝတ်စရာပါမလာကြတော့
လူဆိုတာ အကုန်ဖုံးအုပ်အပ်တဲ့ သတ္တဝါတဲ့
မျက်နှာဖုံးစွန့်ဦးတီထွင်ပညာရှင်ကြီးကပြောတယ်
မျက်နှာဖုံးနိုင်ငံတော်တွေကနေ
မျက်နှာဖုံးကမ္ဘာကြီးဆီသို့တဲ့
မျက်နှာဖုံးစွပ်တွေရဲ့ကြွေးကြော်သံကပြင်းတယ်
မျက်နှာဖုံးစွပ်အနုပညာရှင်တွေ
မျက်နှာဖုံးစွပ် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့
မျက်နှာဖုံးစွပ်လူ့အဖွဲ့အစည်းကြီး ရှေ့သို့လျှင်မြန်စွာ
မျက်နှာဖုံးစက်ရုံတွေထဲ မျက်နှာဖုံးအသစ်တွေ
အဆက်မပြတ်ထုတ်လုပ်နေကြောင်း
မျက်နှာဖုံးစွပ်ရုပ်သံမီဒီယာတခုက
နှစ်ဆယ့်လေးနာရီ ထုတ်လွှင့်ပြနေလေရဲ့။

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်