လင်းသက်​ငြိမ်​ – သရဲရထား

March 19, 2018

သရဲရထား
လင်းသက်​ငြိမ်
(မိုးမခ) မတ် ၁၉၊၂၀၁၈

ဘီးလှိမ့်​လှိမ့်​ခြင်းပဲကိုယ်

အ​ပေါ်ခုန်​အုပ်​လိုက်​တဲ့မလုံခြုံမှု
ကြောက်​စိတ်ဟာ ​မွှေးညင်း​ပေါက်​တပေါက်​ချင်းစီက​နေ
ထိုးထွက်​လို့ မျက်​လုံးကို ဆွဲပိတ်​တယ်
ကိုယ်​ထဲ ခုတ်​​မောင်း​​​နေတဲ့​ရေတံခွန်​ကြီး
ကြားရတဲ့အသံတိုင်း ​ရှော့ခ်
မြင်​ရတဲ့မြင်​ကွင်း​ ရှော့ခ်
ခြောက်​ခြားမှုကို အရသာခံဖို့
ရှာရှာကြံကြံအ​တွေး ရမှရတတ်​ပ​လေတယ်
သွေး​တွေဟာ တမင်​ပန်းထုတ်​ထားတာ
အူ​တွေဟာ  တမင်​ဆွဲထုတ်​ထားတာ
နေရာတကျ ​နေရာချထားတဲ့ လူ​သေ​ကောင်​​တွေကြားထဲ
အစီအစဉ်​အရ လူ​တွေဖြတ်​​ကျော်​သွားရတယ်
ထိုင်​ခုံကို ကျစ်​ကျစ်​ပါ​အောင်​ ဆုပ်​ထား​လေ
သတ္တိ​တွေ​ ​​ပြေ​ပြေကျ​လေပဲ
ငယ်​သံပါ​အောင်​​အော်​ရဖို့ ရထားစီးခဲ့တာမဟုတ်​​ပေမယ့်
ငယ်​သံပါ​အောင်​​အော်​​နေရတယ်
လွှစက်​ကြီး ​တဝှီးဝှီး မြည်​​လို့
ဓားသွား​တွေ ​နေရာအနှံ့က ပြုတ်​ပြုတ်​ကျလို့
အ​မှောင်​ကို အသုံးချထားတဲ့ ကစားနည်း
အလင်း​ရောင်​ကို ​လျှော့ချထားတဲ့ ကြိုတင်​ကြံစည်​မှု
ငါတို့​အော်​သံ​တွေကို ငါတို့ ပြန်​လည်​ရယ်​သွမ်း​သွေးဖို့ဆိုတာ
အပြင်​​ရောက်​မှသာ ဖြစ်​နိုင်​ပါလိမ့်​မယ်​ ။

လင်းသက်​ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, မြန်မာပြည်တွင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်