![]() |
File Photo – Khin Maung Lay |
ဦးတင်မိုး၊ မောင်စွမ်းရည် နဲ့ မာမာအေးတို့၏ အထိမ်းအမှတ်စာကြည့်တိုက်များ ဖွင့်
(မိုးမခ) ဧပြီ ၁၄၊ ၂၀၁၈
မိုးမခ၏ နာယကကြီးများဖြစ်ကြတဲ့ ဆရာ တင်မိုး၊ မောင်စွမ်းရည်နဲ့ ဂီတမိခင်ကြီး မာမာအေးတို့၏ အထိမ်းအမှတ်စာကြည့်တိုက်များ ယမန်နှစ်နဲ့ ဒီနှစ်အတွင်းမှာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း မောင်စွမ်းရည်က မှတ်ချက်ပေးပါတယ်။
ကဗျာဆရာကြီး (ဦး) တင်မိုး၏ စာကြည့်တိုက်ကို ဇာတိ ကန်မြဲရွာ၊ ကဗျာဆရာကြီး၊ ဝေဖန်ရေးဆရာကြီး မောင်စွမ်းရည်၏ စာကြည့်တိုက်ကို ဇာတိ ကန်ဆင့်(တောင်)ရွာ၊ ဂီတမိခင်ကြီး ဒေါ်မာမာအေး၏ အမေ့အိမ်စာကြည့်တိုက်ကို အမေရိကန်ပြည်၊ အင်ဒီယာနာ၊ ဖို့ဝိန်းမြို့မှာ အသီးသီး ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။
ဒေါ်မာမာအေးက ဦးတင်မိုးနဲ့ မောင်စွမ်းရည်စာကြည့်တိုက်အသီးသီးအတွက် ကျပ်ငွေ ၁ သိန်းစီ ထပ်မံလှူဒါန်းသွားတယ်လို့ မောင်စွမ်းရည်က ပြောပါတယ်။ စာကြည့်တိုက်ထူထောင်နိုင်ရေးအတွက် မောင်စွမ်းရည်စာကြည့်တိုက်ကို အစိုးရပြန်ကြားရေးဌာနကနေ ကျပ် ၃၄ သိန်း မတည်ပေးခဲ့ပါတယ် တဲ့။ မောင်စွမ်းရည်ရဲ့ သားသမီးများက အလှူငွေ ၅ သိန်း ၂ သောင်း။ ခင်မောင်လေးနဲ့ အာရီးခေါ် မစိုးစိုးဝင်းတို့က အလှူငွေ ၁သိန်း ၃သောင်း လတ်တလော ထည့်ဝင်ပေးကြတယ်လို့ ပြောပါတယ်။
မောင်စွမ်းရည်စာကြည့်တိုက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အစိုးရပြန်ကြားရေးက ပုဂ္ဂိုလ်များ၊ အာဏာရ NLD ပါတီက မိတ်ဆွေများနဲ့အတူ ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)က တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်ခင်ဗျာ။
No tags for this post.
Recent Comments