မောင်ကျေးရေ – မြေအောက်ရေဥပဒေ ပြုစုရာတွင်

April 19, 2018

 

  – မြေအောက်ရေဥပဒေ ပြုစုရာတွင် 
(မိုးမခ) ဧပြီ ၁၉၊ ၂၀၁၈

စကားဦး

မြန်မာနိုင်ငံတွင် မြေအောက်ရေကို ရှေးမြန်မာမင်းများလက်ကထဲက အသုံးပြုလာခဲ့၏။ ရန်ကုန်မြို့တွင် မြေအောက်ရေကို သာယာဝတီမင်းလက်ထက် (၁၈၄၂) ခုနှစ်က စတင်သုံးစွဲခဲ့သည်။ အင်္ဂလိပ်လက်ထက်တွင် ရန်ကုန်မြို့နယ်နမိတ်အတွင်း မြေအောက်ရေ ထုတ်ယူသုံးစွဲရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းပြီး ဥပဒေအတိုင်း လိုက်နာ အသုံးပြုကြသည်။ (၁၉၈၈) ခုနှစ် အရေးအခင်းမတိုင်ခင်အထိ ဥပဒေ၊ နည်းဥပဒေများ သက်ဝင်ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၈၈) ခုနှစ် အရေးအခင်းကာလနောက်ပိုင်း မြေအောက်ရေကို ကျယ်ကျယ်ပြန့်ပြန့်၊ နေရာအရပ်ဒေသအနှံ့၊ တူးချင်သလိုတူး ဖေါ်ထုတ်ယူ သုံးစွဲနေကြသည်။ တနိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံသည့် မြေအောက်ရေ ဥပဒေမရှိ။ မြေအောက်ရေ အသုံးပြုလိုသူ၊ တူးဖေါ်ပေးသူများ (တွင်းသမားများ) သည် မည်သည့် တူးဖေါ်ခွင့်လိုင်စင် တောင်းခံစရာမလို၊ တူးချင်သည့်နေရာ တူးကြသည်။ မြေအောက်ရေ/ ဇလဘူမိဗေဒပညာရှင်လည်း မပါ၊ တွင်းသမားနှင့်သာ … ။ အချို့သော သတ္တုထုတ်လုပ်နေသည့်နေရာအတော်များများ၊ အနီးပတ်ဝန်းကျင်တ၀ိုက်ရှိ စက်ရေတွင်းများက မြေအောက်ရေ၊ မြစ်ရေ၊ ချောင်းရေများသည် သောက်သုံးရေ၊ စိုက်ပျိုးရေ အဖြစ် သုံးစွဲ၍မရသည့် အခြေအနေရောက်နေသည်။ သတ္တုတွင်းမှ စွန့်ပစ်လိုက်သည့် သတ္တုဒြပ်စင်များ ပျော်ဝင်နေသောရေဆိုးများသည်လည်း မြေအောက်ရေထဲသို့ စိမ့်ဝင်သွားပြီး အဆိပ်အတောက်ဖြစ်စေသောကြောင့်ဖြစ်သည်။ (ဥပမာ – လက်ပံတောင်းတောင် သတ္တုထုတ်လုပ်နေသည့် နေရာဒေသ)

မြေအောက်ရေ

မြေအောက်ရေ ဆိုသည်မှာ မျက်နှာပြင်အောက်တွင် မြေလွှာ (သဲ၊ ကျောက်စရစ်) အတွင်း၌သော်၎င်း၊ ကျောက်လွှာကြားများ အတွင်း၌သော်၎င်း စိမ့်ဝင်ခိုအောင်းနေသော ရေဖြစ်ပါသည်။ လုံလောက်သောရေပမာဏ ထုတ်ယူရရှိနှိင်သည့်အလွာကို မြေအောက်ရေအောင်းလွာ (Water Bearing Layer/ Aquifer) ဟုခေါ်သည်။ နေရာဒေသ၏ မြေမျက်နှာသွင်ပြင် (Topography) ပထ၀ီအနေအထား (Geography)၊ ဘူမိဗေဒ (Geology)၊ ဇလဘူမိဗေဒ (Hydro-geology) အနေအထားအလိုက် အတိမ်အနက်၊ အရွယ်အစားပမာဏ ကွဲပြားခြားနားစွာ ဖြစ်တည်နေသည်။

စက်ရေတွင်း
စက်ရေတွင်း ဆိုသည်မှာ မြေလွှာကို ထိုးဖေါက်နိုင်သည့် စက်အင်အား၊ လူအင်အား၊ တွင်းတူးပိုက်တို့ကို အသုံးပြု၍ လူ၏စီမံခန့်ခွဲမူ့ဖြင့် တွင်းပေါက်ဖေါက်ပါသည်။ ရေအောင်းသဲလွှာ တွေ့ပါက၊ ရေထုတ်ယူမည့်ပိုက်၊ အောက်ပိုင်း၊ (အရပ်အခေါ်ဖင်ပိုင်း) ကို ပိတ်ပြီး၊ ရေ၀င်ဇကာပေါက်ပါသော ပိုက်နှင့်အတူ တွဲဆက်ထားသည့်ပိုက်များ ချကာ ရေတင်စက်အင်အားဖြင့် မြေအောက်ရေကို မြေပေါ်သို့စုတ်တင်ရသည်။ ရေထုတ်ပိုက်ကို ပီဗီစီပိုက် (သို့) သံချေးမတက်သော သံမဏိပိုက်ကို အသုံးပြုကြပါသည်။ (စက်ရေတွင်း အနက်ပေမှာ ရေအောင်းလွှာ၏ အတိမ် အနက်ပေါ် မူတည်၏)။ အခြေခံအားဖြင့် မြန်မာနိုင်ငံတွင် ဖျမ်းမျှ အနက်ပေ (၆၀) ၀န်းကျင်အောက်နက်သောတွင်း (သို့) ရေငင်ပုံးဖြင့် ရေတင်ယူ၍မရသောတွင်း / စက်အင်အားဖြင့် ရေတင်ရသော တွင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လူအများစု (အချို့သောအင်ဂျင်နီယာများ အပါအ၀င်) သည် စက်တူးတွင်းကို အ၀ီစိတွင်းဟု ယခုထိ ခေါ်ဆိုနေပါသေးသည်။

(၁၉၈၀ ခုလွန်နှစ်များကစ၍ စက်ရေတွင်းဟု ခေါ်ဆိုရန် ထိုစဉ်က ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ မြေအောက်ရေနှင့် သုတေသနအဖွဲ့ ကော်မတီက သတ်မှတ်ထားပြီး ဖြစ်ပါသည်။ ထိုစဉ်က စာရေးသူသည် ကျေးရွာရေရရှိရေး ဌာနခွဲ၊ စက်မူ့လယ်ယာဦးစီးဌာနတွင် ဇလဘူမိဗေဒပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့၏)

မြေအောက်ရေကို ထုတ်ယူသုံးစွဲနေသူများ / လုပ်ငန်းဌာနများ
အိမ်သုံးရေ (Domestic water supply) / မြို့ ရေပေးဝေရေး (Town water supply)/ မြို့တော်စည်ပင် ( City Development)/ စိုက်ပျိုးရေး (Agriculture)/ ဥယျဉ်ခြံမြေသုံး (Farmstead) / ကျေးလက်ဒေသသုံး (Rural water Supply) / ကုန်ထုတ်စက်မှုလုပ်ငန်းသုံး (Industries) / ငါးမွေးမြူရေးခြံ လုပ်ငန်းသုံး (Fish farm) / တိရစ္ဆာန်မွေးမြူရေး လုပ်ငန်း (Animal husbandry) တို့ဖြစ်ကြသည်။ (အထက်ပါလုပ်ငန်းများ၏ ရေသုံးစွဲမူ့အနေအထား ၊ ပမာဏ၊ မတူညီပါ)

စက်ရေတွင်းတူးဖေါ်ထုတ်လုပ်သူ / အဖွဲ့အစည်း/ ကုမ္မဏီများ

မြေအောက်ရေ တူးဖေါ်ဖြန့်ဝေပေးသည့် အဓိကဌာနများမှာ မြေအောက်ရေ ဌာနခွဲ (ဆည်မြောင်းနှင့် မြေအောက်ရေ အသုံးချရေး စီမံခန့်ခွဲမှု ဦးစီးဌာန)၊ ကျေးလက်ဒေသဖွံဖြိုးရေး ဦးစီးဌာန၊ မြို့တော်စည်ပင်သာယာရေး ကော်မတီ (ရန်ကုန်၊ မန္တလေး)၊ မြို့ရေပေးရေး ဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ မွေးမြူရေးနှင့် ကျေးလက်ဖွံဖြို့းရေး ဦးစီးဌာန၊ မြို့ရွာနှင့် အိုးအိမ် ဖွံဖြိုးရေး ဦးစီးဌာန၊ ဆောက်လုပ်ရေးကော်ပိုရေးရှင်း၊ မွေးမြူရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန၊ စက်ရေတွင်း တူးဖေါ်သည့် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ကန်ထရိုက်တာများ၊ ကုမ္မဏီများ၊ အန်ဂျီအိုများ

မြေအောက်ရေဥပဒေ

မြေအောက်ရေဥပဒေတွင် အတည်ပြု ပြဌာန်းရန် အကြောင်းခြင်းရာ အချက်အလက်များစွာ ပါဝင်သည်။

  •  မြေအောက်ရေ ထုတ်ပေးသူ၊ သုံးစွဲသူ၊ ပညာရှင်နှင့် ပညာရပ်ဆိုင်ရာ အခေါ်အဝေါ်များ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊
  •  မြေအောက်ရေ ဖြည့်တင်းခြင်း၊ ထုတ်ယူခြင်း၊ စီးဆင်းခြင်းများ သဟဇတဖြစ်စေရေး၊
  •  မြေပေါ်ရေနှင့် ဆက်နွယ်နေမှု၊
  • မြေအောက်ရေ ခိုအောင်းရာအကျယ်အ၀န်း၊ နယ်နမိတ်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊
  • စိတ်ချစွာ ထုတ်ယူနိုင်သော မြေအောက်ရေ ပမာဏနှင့် အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း အကြောင်းအချက်များ၊
  •  မတူကွဲပြားသော မြေအောက်ရေ ဆိုင်ရာ အချက်အလက်များ၊
  • ကာကွယ်သည့် စည်းမျဉ်း စည်းကမ်း အမိန့်အာဏာ၊
  •  မြေအောက်ရေဥပဒေသည် ပြည်နယ် တခုနှင့် တခု၊ နယ်မြေဒေသ တခုနှင့် တခု မတူကွဲပြားခြင်းများ ရှိနှိင်ပါသည်။

မြေအောက်ရေဥပဒေ ပြဌာန်းအသုံးပြုနေသည့် အိမ်နားနီးနိုင်ငံများမှာ

အိန္ဒိယ၊ တရုပ်ပြည်၊ ထိုင်း၊ ဘင်္ဂလားဒေ့၊ နီပေါ၊ ပါကစ္စတန်၊ စင်္ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို တို့ဖြစ်ကြသည်။

မြန်မာနိုင်ငံ မြေအောက်ရေ ဥပဒေ
မြန်မာနိုင်ငံ မြေအောက်ရေဥပဒေသည် ယနေ့အထိ တနိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံသည့်
မြေအောက်ရေနှင့် စက်ရေတွင်းဆိုင်ရာ ဥပဒေ ထွက်ပေါ်မလာသေးပေ။ ယခင်က ရှိခဲ့ပြီးသော ရန်ကုန်
မြို့ မြေအောက်ရေဥပဒေနှင့် အစိုးရဌာနများ၊ အဖွဲ့အစည်းများက မိမိတို့ဏ္ဍအလိုက် ရေးသားထားသည်များ
(စာရေးသူ လေ့လာမှတ်သားထားသည်များ) မှာ –

၁) The Underground Water Act (Burma Act IV,1930) (21st June 1930)

Area covered – Rangoon, Hanthawaddy and Insein; and The Underground Water Rules (27th Sept 1941); Displayed – Burma Gazette(Oct 4. 1941)

ရန်ကုန်မြို့၏ မြေအောက်ရေဆိုင်ရာ အက်ဥပဒေနည်းဥပဒေများကို (၁၉၃၀) ခုနှစ် တွင် စတင် ပြဌာန်းခဲ့ပြီး၊ (၁၉၄၁) ခုနှစ် တွင် ပြန်လည်ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ခဲ့သည်။

၂) နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ လက်ထက်၊ မြို့ရွာနှင့် အိုးအိမ် ဖွံဖြိုးရေးဦးစီးဌာနက – မြေအောက်ရေကြီးကြပ်မှုဥပဒေ (အသစ်ပြန်လည်ရေးဆွဲရန် အဆိုပြုသည့် ဥပဒေ) (ရှေ့နေချုပ်ရုံးသို့ (၂၀၀၆ ) ခုနှစ်တွင် တင်ပြခဲ့၏) (အထက်အကြောင်းအရာနှင့်ပတ်သက်၍ ရှေ့နေချုပ်ရုံးမှ – ၂၆ ဇန်န၀ါရီ  ၂၀၁၆ တွင် AGO ၏ အကြိမ်အကြံပြုချက်နှင့် AGO ညွန်ချုပ် ပြင်ဆင်တည်းဖြတ်ပေးသည့် (ဆဋ္ဌမ မူကြမ်း)

၃) ဦးသိန်းစိန် – ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လက်ထက် (၂၀၁၄ – ၁၅) တွင်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြ / အခြေခံဌာနက – မြေအောက်ရေ ကြီးကြပ်ထိန်းသိမ်းရေးဥပဒေ – ကို ပြုစုပြီး ပြည်တောင်စုလွှတ်တော်သို့ တင်ပြခဲ့၏။

၎) WHO ကျန်းမာရေးအရာရှိ (အငြိမ်းစား) (ယခင်က ကျန်းမာရေးဦးစီးဌာန၊ ညွန်ကြားရေးမှူး (အငြိမ်းစား) တဦး ပြုစုထားသော၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံ ရေသယံဇာတဥပဒေ (၂၀၁၅) မူကြမ်း။ (ထို မူကြမ်း (၂၀၁၅ ဖေဖော်ဝါရီလ ၂၀ ရက်) က NWRC အတွင်းရေးမှူးထံ တင်ပြခဲ့)

၅) Chairperson, Advisory Group, National Water Resources Committee ပြုစုသော OUTLINES OF NATIONAL WATER LAWS OF MYANMAR (For Amendments, Updating and Additions) TOPICS AND SUBTOPICS (tentative) November 2015 [Aim and Objective: Unified National Water Law System and National Water Authority]

၆) အကြီးတန်းအင်ဂျင်နီယာ (ရေဆိုးစွန့်ပစ်ရေးနှင့် ပတ်ဝန်ကျင်သန့်ရှင်းရေး ပညာရှင်) ပြုစုပြီး၊ MES – WATSAN TD နှင့် အဖွဲ့ဝင်များသို့ ပေးပို့ထားသော တစ်နိုင်ငံလုံး မြေအောက်ရေ စုပ်ယူသုံးစွဲမူ အကျိုးအမြတ် သုံးသပ်ချက်နှင့် စွန့်ပစ်ရေ စွန့်ထုတ်မှု အစီအမံနှင့် စပ်လျဉ်း၍ အကြံပြုချက်(မူကြမ်း)
(၀၄၊ အောက်တိုဘာ၊ ၂၀၁၆)

၇) စာရေးသူမှ အကြံပေးအဖွဲ့ (မြန်မာနိုင်ငံရေအရင်းအမြစ်ကော်မတီ)သို့ ရေးသားပေးပို့ခဲ့သော
မြေအောက်ရေဥပဒေဆိုင်ရာ စာသားအကြောင်းအခြင်းရာများ

အထက်ဖေါ်ပြပါ အပိုဒ် (၂) မှ (၇) အထိသည် ယနေ့အထိ ဆက်လက် ဆွေးနွေး အကောင်အထည်ဖေါ်ခြင်းများ မဖြစ်ပေါ်လာသေးပါ။ မပြီးသေးသော ပန်းချီကားတစ်ချပ် ဖြစ်နေပါသည်။

မြေအောက်ရေနှင့် စက်ရေတွင်းများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲပြုစုရာတွင် ပါဝင်သင့်သူ့များ

ပညာရပ်နှင့် လုပ်ငန်းဆိုင်ရာအတွေ့အကြုံရှိသော အငြိမ်းစားပညာရှင်များ၊ မြေအောက်ရေဆိုင်ရာ ဌာန၊ အဖွဲ့အစည်းအသီးသီးက စီမံအုပ်ချုပ်သူများ၊ ပညာရှင်များ ပါဝင်သည့် ဥပဒေရေးဆွဲရေးကော်မတီ / အဖွဲ့အစည်းတခုကို အောက်ပါပညာရှင်၊ အင်ဂျင်နီယာ၊ အရာရှိ၊ ဥပဒေပညာရှင်များ ပါဝင် ဖွဲ့စည်းသင့်သည်။

၁) မြေအောက်ရေပညာရှင် (ဇလဘူမိဗေဒပ ညာရှင်) (Groundwater consultant / Hydro-geologist)

၂) စက်ရေတွင်းတူး အင်ဂျင်နီယာ (Water Wells Mechanical Engineer)

၃) ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အင်ဂျင်နီယာ (Water & Sanitation Engineer)

၎) မြေအောက်ရေ ကြီးကြပ်ရေးအရာရှိ / စီမံခန့်ခွဲရေးအရာရှိ

၅) ပြည်သူ့ကျန်းမာရေးအရာရှိ (ဆရာဝန်) (Public Health Officer / Doctor)

၅) ဥပဒေပညာရှင် (Lawyer)

မြေအောက်ရေနှင့် စက်ရေတွင်းများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ (Groundwater & Wells Law and Regulation) များ ပြုစုရေးဆွဲရာတွင် အခြေခံ ပါဝင်သင့်သည့် အချက်အလက်များမှာ –

မြေအောက်ရေနှင့် စက်ရေတွင်းဆိုင်ရာ ကြီးကြပ်ရေးအရာရှိ (Groundwater & Wells Controlling Officer) မြေအောက်ရေ ပညာရှင် / ဇလဘူမိဗေဒပညာရှင် (Groundwater Consultant / Hydro geologist)၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေ အင်ဂျင်နီယာ (Water & Sanitation Engineer)၊ ရေဆိုးစွန့်ပစ်၊ စစ်ဆေးရေးအရာရှိ (Controller of Waste Water Disposal)၊ ပြည်သူ့ကျန်းမာရေးအရာရှိ (Public Health Officer)

မြေအောက်ရေနှင့် စက်ရေတွင်းများဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အခေါ်အဝေါ်များ

 

  • ပညာရှင်များ၊ ပညာရပ်များနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများ
  • နည်းပညာဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ
  • သုံးစွဲသူများ (အိမ်၊ စက်ရုံအလုပ်ရုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကဏ္ဍမျိုးစုံ) အတွက် ဥပဒေ၊ နည်းဥပဒေများ
  • ထုတ်လုပ်သူများအတွက် ဥပဒေ၊ နည်းဥပဒေများ
  • ကြီးကြပ်ထိန်းသိမ်းသူ၊ စစ်ဆေးသူ / အဖွဲ့အစည်း (Government Groundwater Control Board) ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များဆိုင်ရာ ဥပဒေ
  • မြေအောက်ရေ သုံးစွဲခွင့်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ
  • မြေအောက်ရေ အရည်အသွေးဆိုင်ရာ ဥပဒေများ
  • မြေအောက်ရေ၀င်၊ ရေထွက် (Groundwater Recharge and Discharge) ဆိုင်ရာ ဥပဒေ
  • မြေအောက်ရေအောင်းလွှာ စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ (Groundwater basin Management)
  • မြေအောက်ရေနှင့် စက်ရေတွင်းဆိုင်ရာ မှတ်တမ်းအချက်အလက်များ စုစည်း၊ သုတေသနပြုမှုဆိုင်ရာ ဥပဒေ
  • ဘဏ္ဍာငွေကြေးဆိုင်ရာ ဥပဒေ
  • ရေခွန် ကောက်ခံခြင်းဆိုင်ရာ ဥပဒေ
  • မြေအောက်ရေ သုံးစွဲမှုဆိုင်ရာ အခွန်အကောက်ဥပဒေ၊ နည်းဥပဒေ
  • မြေအောက်ရေနှင့် ဆက်နွယ်နေသော လူနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ
  • မြေအောက်ရေ အရည်အသွေးမညစ်နွမ်းစေရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ
  • နယ်စပ်ဒေသ မြေအောက်ရေအောင်းလွှာ / ချိင့်ဝန်းဆိုင်ရာ ဥပဒေ (Groundwater Tran boundary law)

(ဥပဒေများသည် နယ်မြေဒေသ၊ ပြည်နယ်တိုင်းအလိုက် မတူညီမူ့များလည်း ရှိနှိင်ပါသည်)

အိုးအိမ်ဦးစီးဌာန၊ မြေအောက်ရေ ဌာနခွဲ (ဆည်မြောင်းနှင့် မြေအောက်ရေ စီမံခန့်ခွဲမှု ဦးစီးဌာန) စသည့် မြေအောက်ရေကို ထုတ်ယူပေးသည့်ဌာနများသည် မိမိတို့ဌာနအလိုက် အသုံးပြုနေသည့် အခြေအနေ၊ အနေအထားကို အခြေခံပြီးဥပဒေများ ရေးဆွဲနေကြသည်။ မြေအောက်ရေသုံးစွဲသည့်ဌာနများ စု
ပေါင်းပြီး အဖွဲ့အစည်းတခုအနေဖြင့် ရေးဆွဲပါက ပိုမိုကောင်းသော ဥပဒေတခု ထွက်ပေါ်လာမည်။

မြေအောက်ရေသည် တခုတည်းသာရှိ၏။ သုံးစွဲမူ့ကဏ္ဍအလိုက် မြေအောက်ရေ သုံးစွဲသည့်ပမာဏ၊ နေရာဒေသဆိုင်ရာ အချက်အလက်များ မတူခြင်းသာဖြစ်သည်။

ယနေ့အခြေအနေနှင့် အကြံပြုချက်

ရေရရှိရေး၊ ရေပေးဝေရေး၊ ရေထုတ်ယူရေး၊ ရေသုံးစွဲသူများသည် မိမိသဘောအလျောက် လိုသလိုထုတ်ယူနေကြခြင်းများကို ထိန်းချုပ်ရမည့်အချိန် ရောက်နေပါပြီ။

မြေအောက်ရေ ထုတ်ယူသုံးစွဲခြင်း၊ ပြန်လည်ဖြည့်တင်းခြင်း နည်းပညာ၊ ပြုပြင်ထိန်းသိမ်းခြင်း နည်းပညာ၊ အသိပညာ၊ အတတ်ပညာပေးရေး ဆိုင်ရာများ၊ ရေအလေအလွင့် လျောပါးရေး၊ မြေအောက်ရေ အရည်အသွေးကောင်းမွန်နေစေရေး၊ စွန့်ပစ်ပစ္စည်းများကြောင့် မြေအောက်ရေ မညစ်ညမ်းစေရေးများ အထူးလိုအပ်နေပါသည်။ ပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်သည်။

ရှိသင့်ရှိထိုက်သော မြေအောက်ရေဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို နည်းပညာပိုင်းဆိုင်ရာ၊ အတတ်ပညာပိုင်းဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာများကို အခြေခံ၍ ခေတ်ကာလနှင့်အညီ တနိုင်ငံလုံးအတွက် မြန်မာနိုင်ငံ မြေအောက်ရေနှင့် စက်ရေတွင်းများ ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို အမြန်ဆုံးပြုစုပြီး ဥပဒေနှင့်အညီ မြေအောက်ရေကို အကျိုးရှိစွာ စနစ်တကျ သုံးဆောင်စေသင့်ပြီ။

မြေအောက်ရေဥပဒေ ပြုစုရေးလုပ်ငန်းများ အမှန်တကယ် အကောင်အထည်ဖေါ် အောင်မြင်ရေး အထက်ဖေါ်ပြပါအချက်များကို အကြံပြု ရေးသားပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Maung Kyay Yay, မှတ်စုမှတ်တမ်း, လောကဓာတ်ခန်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်