ကျော်ကျော် (မြရည်စမ်း) ● ​တွေးမိ​သော ​နေ့တစ်​​နေ့

April 27, 2018

● ​တွေးမိ​သော ​နေ့တစ်​​နေ့
(မိုးမခ) ဧပြီ ၂၇၊ ၂၀၁၈

၁။
ကျွန်​​တော်၏ အ​တွေးများသည်​ စာ​ပေ​ဟော​ပြောပွဲအတွက်​ ပြင်​ဆင်​​နေကြသူများကို ကြည့်​​နေရင်း အတိတ်​သို့ရောက်​သွားမိသည်​။ စာ​ရေးဆရာဒါရိုက်​တာရုပ်​ရှင်​မင်းသားဗိုလ်​ဗကိုသည်​ ​ပုဆိုးအနီရဲရဲ၊ တက်​ထရက်​တိုက်​ပုံ အဖြူဆွတ်​ဆွတ်နှင့်​ဖြစ်​ပြီး စာ​ရေးဆရာကြီးစိ​န်​ခင်​​မောင်​ရီက ​နေမ​ကောင်း​ပျောက်​စဟုဆိုကာ ​လောင်းကုတ်​ရှည်​ကြီးဝတ်​ဆင်​ထား သည်​။  စာ​ရေးဆရာကြီးဦး​အောင်​သင်းက​တော့ တိုက်​ပုံအင်္ကျီအညို​ရောင်​​လေးနှင့်​ဖြစ်​ပြီး ပုဆိုးအ​ရောင်​ကိုမူ မမှတ်​မိ​တော့ ပါ။

အထိမ်းအမှတ်​အဖြစ်​ကျင်းပသည့်​ စာ​ပေပြိုင်​ပွဲများမှ ဆုရရှိသူများကို စာ​ရေးဆရာကြီးများကိုယ်​တိုင်​ ​ပေးအပ်​ချီးမြှင့်​သည်​။  ဆု​ပေးပွဲပြီး​တော့ ​ဟော​ပြောပွဲအခမ်းအနားစတင်​သည်​။

စာ​ရေးဆရာဗိုလ်​ဗကို ​ပြော​ဟော​နေသည့်​ ​ရုပ်​ရှင်​မင်းသား​ကျော်​ဟိန်းနှင့်​ မင်းသမီးစန္ဒာအ​ကြောင်းကို ပရိသတ်​က စိတ်​၀င်​တစားနား​ထောင်​​နေကြသည်​။  ​ကျော်​ဟိန်းလမ်း​လျှောက်​ပုံကို ‘​ပေါင်​ကြားထဲ အုန်းသီးကြီးညှပ်​ထားသလိုပဲ’ ဟုမြင်​သာ​အောင်​​ပြော​သောအခါ တဝါးဝါးနှင့်​ သြဘာ​ပေးကြသည်​။ မင်းသမီးစန္ဒာအ​ကြောင်း ပြောပြ​သောအခါ သနားဂရုဏာသက်​ကြပြန်​သည်​။ ဆရာစိန်​ခင်​​မောင်​ရီက​တော့ ဘာသာပြန်​ရသစာ​ပေအ​ကြောင်း ပြောပြီး သူဘာသာပြန်​ခဲ့ဖူးသည့်​ အနာတဟန်​ ဝတ္ထုရှည်​အ​ကြောင်းကို စကားဆက်​သည်​။  ပရိသတ်​က တိတ်​ဆိတ်​ငြိမ်​သက်​စွာ ရသ​ရေလျဉ်​မှာ ​မျှော​နေကြသည်​။  ဆရာဦး​အောင်​သင်း က​တော့ လူငယ်​​တွေကို ဦးတည်​ချက်​ထားပြီး ​ဟော​ပြောသွားပါသည်​။

“တစ်​ဆင့်​ထက်​တစ်​ဆင့်​ မြင့်​မလာဘဲ နိမ့်​သွားကြရင်​ ​မြေကြီးထဲ​ရောက်​ကုန်​မှာ​ပေါ့” ဟူသည့်​ စကားကို ယ​နေ့ထက်​တိုင်​ မှတ်​မိ​နေပါသည်​။  ဆယ့်​နှစ်​ပွဲ​ဈေးသည်​များကဲ့သို့ ဆယ့်​နှစ်​လရာသီလှည့်​ပတ်​​ဟော​ပြော​မနေကြသဖြင့်​ ရံဖန်​ရံခါမှ ကြားရ​သော စကားများသည်​ နား​ထောင်​သူပရိသတ်​အတွက်​ မှတ်​သားစရာများသလို တန်​ဘိုးလည်း ကြီးလှပါသည်​။

၂။
‘စာစီစာကုံးကို ဘယ်​အချိန်​မှာ စ​ပြီး​ရေးဖူးခဲ့သလဲ’ ဟု ပြန်​စဉ်းစားကြည့်​မိလျှင်​ စာဆို​တော်​​ရာသီ ဟူ၍ သတ်​မှတ်​ထား​သော နတ်​​တော်​လထဲတွင်​ ​ရေးခဲ့ဖူးသည်ကို ပြန်​အမှတ်​ရမိသည်​။  ​ဆောင်း၏  အ​အေးဓာတ်​​ကြောင့်​ ​ဖောင်​တိန်​ကိုင်​ရတာ လက်​​တွေကျဉ်​​နေသည်​ကိုလည်း ပြန်​သတိရမိသည်​။  ကြာ​တော့ အ​တော့်​ကို ကြာခဲ့ပြီ ဖြစ်​ပါသည်​။  နှစ်​​ပေါင်းသုံးဆယ်​ပင်​ ​ကျော်​​ရော့မည်​။

ထိုစဉ်​က စာ​ပေ​ဟော​ပြောပွဲ ဟူသည်​ မြို့တိုင်း၊ ရွာတိုင်းအတွက်​ တကယ့်​ကိုထွတ်​ထွတ်​မြတ်​မြတ်​ဒုလ္လဘတရားတစ်​ခုဖြစ်​ခဲ့ဖူးပါသည်​။  ယ​နေ့အချိန်​အခါလို ဆယ့်​နှစ်​လရာသီစာ​ပေ​ဟော​ပြောပွဲ​ခေတ်​မဟုတ်​ပါ။ စာ​ရေးဆရာကြီး၊ စာ​ရေးဆရာမကြီး များကို ထိုအချိန်​အခါ၌သာ ခရီးတွင်​တွင်​သွားကြသည်​ကို ​တွေ့မြင်​ရသည်​။  စကား​ဖောင်​​ဖောင်​​ပြောသည်​ကို ကြားကြရသည်​။ ကျန်​အချိန်​များတွင်​​တော့ ဆရာကြီး၊ ဆရာမကြီးတို့သည်​ အဖိုးတန်​စာ​ကောင်း​ပေမွန်​များကို ​ရေးသားသီဖွဲ့​နေကြဟန်​တူပါ သည်​။

ကျွန်​​တော်​တို့မြို့​လေးတွင်​ရှိ​သော စာ​ပေချစ်​မြတ်​နိုးသူများသည်​ ထိုကာလသို့​ရောက်​လျှင်​ စာ​ပေ​ဟော​ပြောပွဲကျင်းပမည့် ရက်​မတိုင်​မီ ငါးရက်​တပတ်​ခန့်​​စော၍ စာ​ပေပြိုင်​ပွဲများ ကျင်းပ​ပေးကြသည်​။  ဝတ္ထု၊ ​ဆောင်းပါး၊ ကဗျာ၊ စသည့်​ ပြိုင်​ပွဲများ အပြင်​ ကျွန်​​တော်​တို့လို ပဉ္စမတန်း​ကျောင်းသား​လေးများအတွက်​ စာစီစာကုံးပြိုင်​ပွဲကိုပါ ထည့်​​သွင်းကျင်းပ​ပေးခဲ့သည်​။  ၀တ္ထုတို၊ ​ဆောင်းပါး၊ ကဗျာစသည့်​ စာမူများကို မိမိ​နေအိမ်​တွင်​​ရေးသားနိုင်​ကြ​သော်​လည်း  စာစီစာကုံးကိုမူ ​ရေးသားချိန်​တစ်​နာရီသတ်​မှတ်​​ပေးကာ စာသင်​ခန်းအတွင်း ​ဖြေဆိုကြရသည်​။  ​ဖြေဆိုရမည့်​ ​ခေါင်းစဉ်​ကို ကြိုမသိရပါ။  အခန်းအတွင်းရှိ သင်​ပုန်းကြီး​ပေါ်တွင်​ ​ရေးပြလိုက်​မှသာ ကျွန်​​တော်​တို့သိခဲ့ကြရသည်​။  စာဆို​တော်​​နေ့အထိမ်းအမှတ်​  စာစီစာကုံးပြိုင်​ပွဲ ဖြစ်​​သော်​လည်း ​ခေါင်းစဉ်​သည်​ ‘တို့​ဖေ​ဖေ’ လည်း ဖြစ်​ချင်​​ဖြစ်​တတ်​သလို၊ ‘ဆိပ်​ကမ်းသာ’ လည်း ဖြစ်​​နေတတ်​ပါသည်​။

ကျွန်​​တော်​တို့ငါးတန်း​ကျောင်းသားများအတွက်​နှင့်​​ခြောက်​တန်း၊ ခုနှစ်​တန်းများအတွက်​လည်း ​ခေါင်းစဉ်​က တစ်​ခါတရံ အတူတူပင်​ဖြစ်​​နေတတ်​​သေးသည်​။  မည်​သို့ဆို​စေ ထိုကာလ​လေးသည်​ ပြန်​​တွေးလျှင်​ လွမ်းဆွတ်​ဖွယ်​အပြည့်​။ အခန်းထဲ​ရောက်​မှသိရမည့်​ စာစီစာကုံး​ခေါင်းစဉ်​ဖြစ်​​နေ၍ လည်း​ကောင်းကိစ္စအတွက်​ ကြိုတင်​ကျက်​မှတ်​ထား၍လည်း မရနိုင်​ပါ။  အနုပညာခံစားတတ်​၍စိတ်​ကူးရွက်​လွှင့်​တတ်​​စေရန်​ ​လေ့ကျင့်​​ပေးခဲ့သည့်​ထိုစဉ်​ကလူကြီးများကို ကျွန်​​တော်​​ကျေးဇူးတင်​​နေမိပါသည်​။

‘တို့​ဖေ​ဖေ’စာစီစာကုံး​ကို ​ရေးသားသည့်​ ငါးတန်း​ကျောင်းသား ကျွန်​​တော်​သည်​ က​လေးအ​တွေးထက်​​တော့ ​ကျော်​လွန်​၍ မရခဲ့ပါ။  ကျွန်​​တော်​သာ နတ်​သား​လေးဖြစ်​ပါက ​တာဝတ္တံသာနတ်​ပြည်​သို့ ပန်းရထား​လေးဖြင့်​တင်​ပြီး ​ဖေ​ဖေ့ကို ​ခေါ်သွားချင်​ပါသည်​ဟူ၍ ကျွန်​​တော်​​ရေးမိလျှင်​ ဆု​ရွေးချယ်​​သောအဖွဲ့က  လူးလွန့်​​လေ​သော စိတ်​ကူးကို က​လေးအရွယ်​နှင့်​မတန်​ဘူး ဟူ၍ အကဲဖြတ်​ကြ​ပေမည်​။

‘ဆိပ်​ကမ်းသာ’ စာစီစာကုံး၌
ဆိပ်​ကမ်းရယ်​သာ
အိပ်​တန်းကိုယ်​စီရှာကြ
သောင်​ဖီလာသီတာဦးမှာ
လင်းပြာကမြူး …

ဟူ၍ ကဗျာ​လေးထည့်​​ရေးလိုက်​ပါက ငါးတန်း​ကျောင်းသား ကျွန်​​တော်​၏ စာကွန့်​မှုကို အတွန့်​တက်​​ကောင်း တက်​ကြ​ပေမည်​။ ယခုအရွယ်​မှသာ ထိုအ​တွေးဝင်​ခဲ့ရခြင်း ဖြစ်​ပါသည်​။ အစွန်းအထင်းနည်းပါးလှ​သော ထိုအရွယ်​က ရိုးသားစွာ မ​တွေးမိခဲ့ပါ။  စာဆို​တော်​​နေ့အထိမ်းအမှတ်​ ပြိုင်​ပွဲတိုင်း၌ ​ရေးခဲ့ဖူးသမျှ စာစီစာကုံးတိုင်းသည်​ ရိုးသားမှုအပြည့်​ပါခဲ့သည်​။ ယခုအရွယ်​ညစ်​ကျယ်​ကျယ်​အ​နေအထားဖြင့်​ ထိုစာစီစာကုံး​လေးများကို ​ရေးသားရန်​မစွမ်းသာ​တော့ပါ။

၃။
ငယ်​စဉ်​အခါက စာစီစာကုံး တစ်​ပုဒ်​​ရေးသားရာတွင်​ နိဒါန်း၊ စာကိုယ်​၊ နိဂုံး စလယ်​ဆုံး သုံးပါးစလုံး ညီညွှတ်​မျှတ​စေရန်​ ကြိုးစားခဲ့ရပါသည်​။ အများ​သောအားဖြင့်​ နိဒါန်းတွင်​ အစပျိုးထားခဲ့သည်​များကို စာကိုယ်​တွင်​ တစ်​ဆင့်​ပြီးတစ်​ဆင့်​ အ​ကောင်​အထည်​​ဖော်​ ရုပ်​လုံးသွင်းရင်း နိဂုံးတွင်​ အ​ချောသတ်​ပြီးစီးနိုင်​ရန်​ ကြိုးစားအားထုတ်​ရပါသည်​။ ထိုသို့ ဖြစ်​မှသာ ဆု​ရွေးချယ်​​ရေးအဖွဲ့က နှစ်​သက်​​သော စာစီစာကုံးတစ်​ပုဒ်​အဖြစ်​ သတ်​မှတ်​ခံရပါသည်​။

ငယ်​စဉ်​ဘဝက စာစီစာကုံးနှင့်​ယဉ်​ပါးခဲ့​သောကျွန်​​တော်​သည်​  တစ်​ခါတရံ၌ ရသစာတမ်းငယ်​​လေးများကို ​ရေးသားချင်​လာမိသည်​။  လူမှုဘဝထဲ သွားလာ​နေထိုင်​ရင်း  ​တွေ့ကြုံခဲ့ရသည်​များကိုရင်းနှီးခင်​မင်​စွာ ​ဖောက်​သည်​ချချင်​လာသည်​။  နာခဲ့ ရခြင်းများ သာခဲ့ရခြင်းများ၏ အကျိုးအပြစ်​တို့ကိုသံ​ဝေဂယူရင်း အရာရာကို ကတ္တားချမိလာပါသည်​။ ငယ်​စဉ်​က​လေးဘဝ စာစီစာကုံး​ရေးသားရာ၌ ဆရာဗန်း​မော်​တင်​​အောင်​ကဲ့သို့၊  ဆရာကြီးဒဂုန်​တာရာကဲ့သို့  ရဲရင့်​ခွင့်​မရ၊  နုထွတ်ဆန်း သစ်​ခွင့်​ မရသည်​များကို ယခုအချိန်​မှာ အတိုးချ​ရေးချင်​မိ​တော့သည်​။

ဆရာသိန်း​ဖေမြင့်​သည်​လည်း ‘​ကျောင်းစာစီစာကုံးမှ ရသစာ​ပေဆီသို့’ ဟူ​သော​ခေါင်းစဉ်​ဖြင့်​ သူ့​ကျောင်းသားဘဝအ​တွေ့အကြုံကို ​ဖော်​ပြခဲ့ဖူးသည်​။  ကျွန်​​တော်​သည်​လည်း ငယ်​စဉ်​က​လေးဘဝက ​ရေးသားခဲ့ဖူးသည့်​ ‘တို့​ဖေ​ဖေ’ စာစီစာကုံးကို ဆရာသိန်း​ဖေမြင့်​ ​ရေးသားသည့်​ ‘အ​မေ’ စာတမ်းငယ်​ကဲ့သို့ က​လောင်​လူးလွန့်​ချင်​လာမိသည်​။  ငယ်​စဉ်​က​လေးဘဝက ​ရေးသားခဲ့​သော အ​ဖေ့အ​ကြောင်း စာစီစာကုံးတွင်​ အ​ဖေ့ကိုသာ မြင်​ကြရသည်​။  ကျွန်​​တော့်​ကို မြင်​ကြရမည်​မဟုတ်​ပါ။  ကျွန်​​တော့်​ရင်​ဘတ်​ထဲသို့ မြင်​ဖို့ဆိုသည်​မှာ သာ၍​ဝေးလွန်းလှပါ၏။

အလားတူပင်​ ‘ဆိပ်​ကမ်းသာ’ စာစီစာကုံးကို ယ​ခုအချိန်​တွင်​ ရသစာတမ်းငယ်​အဖြစ်​ ​ရေးခွင့်​ရပါက ငယ်​ဘ၀စာစီစာကုံး​ရေးသားသကဲ့သို့ ဆိပ်​ကမ်း၏ သာယာပုံ​လေးနှင့်​ တင်းတိမ်​မ​နေနိုင်​​တော့ပဲ ဧရာဝတီမြစ်​​ရေများ ​နောက်​ကျိသွားပုံ၊ ထိုသို့ဖြစ်​ရသည်​မှာ ​မေခနှင့်​မလိခမြစ်​နှစ်​သွယ်​မှ ​ရေအားလျှပ်​စစ်​ထုတ်​ယူရန်​ကြံစည်​​နေကြသည့်​ ​လောဘသမားများ​ကြောင့်​ ဖြစ်​ရပုံ၊  မြစ်​၏ အထက်​ပိုင်းမှ ​ရွှေ​ဖောင်​များဖြင့်​ ​ရွှေရှာ​နေကြ​သော ​လောဘသမားများမ​တောမသတ်​နိုင်​ကြပုံ၊ စသဖြင့်​..​သော
အ​တွေးများကိုပါ ထည့်​သွင်း​ရေးသားမိ​လေမည်​လား စဉ်းစားမိပါသည်​။

ထိုသို့စဉ်းစား​နေမိရင်း ကျွန်​​တော့အ​တွေးများ ထက်​မြက်​လာကြသည်​မှာ နိုင်​ငံ​တော်​အစိုးရတစ်​ရပ်​ဆီသို့ပင်​ ​ပေါက်​​ရောက်​သွားပါသည်​။  သူတို့သည်​ အစိုးရမဖြစ်​မီ နိုင်​ငံ​ရေးပါတီအဖြစ်​ မဲဆွယ်​စဉ်​က အစိုးရဖြစ်​လျှင်​  ပြည်​သူလူထုအား ဘာ​တွေလုပ်​​ပေးကြမည်​။ ညာ​တွေလုပ်​​ပေးကြမည်​။  ငြိမ်းချမ်း​ရေးရ​အောင်​ ဘယ်​နည်းဘယ်​ပုံ ကြိုးစားပါမည်​။  ပညာ​ရေး၊ ကျန်းမာ​ရေး၊ စီးပွား​ရေး​တွေကို ဘယ်​လိုဝန်​​ဆောင်​​ပေးပါမည်​။  ပြည်​သူလူထု၏ သားသမီးသဖွယ်​ကျင့်​ကြံ​နေထိုင်​ကြပါမည်​။  စသဖြင့်​​သော ကတိကဝတ်​​ပေါင်းများစွာကို ​ပေး၍စည်းရုံးခဲ့ကြပါသည်​။  ထိုကာလများကို စာစီစာကုံးတစ်​ပုဒ်​နှင့်​ ယှဉ်​ထိုးကြည့်​ပြီး နိဒါန်းအစဟု ကျွန်​​တော်​သ​ဘောထားကြည့်​သည်​။  ​အစိုးရဖြစ်​လာပြီးကာလများကို​တော့ စာကို​ယ်​ဟု ​တွေးထား၊ ​တေးထား လိုက်​သည်​။  ကျွန်​​တော်တို့က​တော့ ဆု​ရွေးချယ်​​ရေး အဖွဲ့ဝင်​များ ဖြစ်​ကြသည်​ဟု ဘာသာမှတ်​ယူထားလိုက်​သည်​။

အစိုးရတစ်​ရပ်​၏ ၄င်းတို့သက်​တမ်းအတွင်း  လုပ်​ကိုင်​​ဆောင်​ရွက်​ကြသည့်​ ​ကောင်းခြင်း၊ သင့်​ခြင်း၊ ညံ့ခြင်းများကို သက်​တမ်းအလိုက်​စိစစ်​တိုင်းတာပြီး စာစီစာကုံးတစ်​ပုဒ်​အဖြစ်​ စိတ်​ကူးယဉ်​ကြည့်​​နေမိ​​သော ကျွန်​​တော့်​အ​တွေးများသည်​ ရသများဖြင့်​ နွယ်​ယှက်​ကာနုရာမှရင့်​လာခဲ့ရပါသည်​။

ဆရာများ၏ အဆိုအရ ​ဆောင်းပါးသည်​ စာ​ရေးသူ၏ ဦး​နှောက်​မှလာ၍ ရသစာတမ်းငယ်​သည်​ စာ​ရေးသူ၏နှလုံးသားမှ လာသည်​ဟု  မှတ်​သားခဲ့ရဖူးပါသည်​။  ​ဆောင်းပါးသည်​ အချက်​အလက်​အားကိုးကာ​ရေးဖွဲ့​သော​ကြောင့်​တစိမ်းဆန်​ပြီး သိစ ရာ၊ မှတ်​စရာ သုတများသည်​ဟုလည်းသိရပါသည်​။  ရသစာတမ်းငယ်​မှာ​တော့ ကြမ်းတ​စ်​ပြေးတည်း ထိုင်​ပြီးစကား​ပြောကြ သလို ရင်းနှီး​နွေး​ထွေးစွာ ထဲထဲဝင်​ဝင်​ ရှိသည်​ဟု သိရပါသည်​။ ကျွန်​​တော့်​အ​နေဖြင့်​ သုတသာ​ပေး​သော ​အေးစက်​စက်​နိုင်​လွန်းသည့်​ ​ဆောင်းပါးထက်​ ရသ​ပေး​သော စာတမ်းငယ်​ကို ပိုမိုနှစ်​သက်​စွာ ခံစားတတ်​ပါသည်​။ ဦး​နှောက်​မှလာ​သော သိစရာ၊ မှတ်​စရာဗဟုသုတများထက်​ နှလုံးသားမှ ​သွေးခုန်​နှုန်းနှင့်​အပြိုင်​ ယိုစိမ့်​လာ​သော အ​တွေးအမြင်​​ကြောင့်​ ​ပေါက်​ဖွားလာ​သည့်​ စကားများကို ပိုမို​တောင့်​တမိပါသည်​။

အစိုးရတစ်​ရပ်​သည်​လည်း ​ဆောင်းပါး​ရေးသကဲ့သို့  ဦး​နှောက်​မှလာ​သော အချက်​အလက်​များအားကိုးဖြင့်​သာ ​အေးစက်​စက်​မ​နေပဲ နှလုံးသားမှ​ပေါက်​ဖွားလာ​သော ဆင်​ခြင်​​တွေးဆမှုများဖြင့်​ ကျွန်​​တော်​တို့အား ရင်းနှီး​နွေး​ထွေးစွာ စကားစမြည်​​ပြောပါလျှင်​ မည်​မျ​ကောင်း​လေမည်​နည်း  ဟု ​တွေးမိပြန်​​လေသည်​။  ကျွန်​​တော်​တို့ကိုယ်​တိုင်​သည်​လည်း စာစီစာကုံးအကဲဖြတ်​သည့်​ ဆု​ရွေးချယ်​​ရေး အဖွဲ့ဝင်​များ မဟုတ်​ကြဘဲ  ​ နှလုံးသားဖြင့်​​ရေးထားသည်​ကိုနှလုံးသားဖြင့်​ ဖတ်​ရှု​နေသည့်​ ရသစာတမ်းငယ်​​ရွေးချယ်​မည့်​  စာ​ပေဝမ်းစာပြည့်​၊ အယ်​ဒီတာကြီး​တွေ ဖြစ်​ချင်​လာပါသည်​။

စာစီစာကုံးသည်​ နိဒါန်း၊ စာကိုယ်​၊ နိဂုံး စလယ်​ဆုံး သုံးပါးစလုံး မညီညွှတ်​ပါလျှင်​ အကဲဖြတ်​အမှတ်​​ပေးရန်​ ခက်​ခဲသည်​ဟု သိမှတ်​ခဲ့ရဖူးပါသည်​။  ရသစာတမ်းငယ်​ ဟူသည်​ကား စလယ်​ဆုံး သုံးပါးလုံးမညီညွှတ်ခဲ့လျှင်​လည်း အမှတ်​​ပေး၍ ဖြစ်​နိုင်​မည်​ ထင်​ပါ၏။  ချက်​​ကော့၏ ဝတ္ထုမဟုတ်​၍  ​ပြောသလို မဖြစ်​ခဲ့လျှင်​လည်း ခွင့်​လွတ်​နိုင်​မည်​ ထင်​ပါ၏။  အ​ရေးကြီးသည်​မှာ ခပ်​မာမာဆင်​​ခြေများမဟုတ်​ပဲ နိဝါတတရားများပါ​သော ​နွေး​ထွေးမှုသာ ဖြစ်​ရ​ပေလိမ့်​မည်​။

၎။
စာ​ပေ​ဟော​ပြောပွဲများကို ကြုံဆုံရ​လေတိုင်းငယ်​စဉ်​က​လေးဘ၀က စာ​ရေးဆရာကြီးမျုား ​ဟော​ပြောခဲ့ကြသည်​ကို ပြန်​သတိရမိသည်​။ ​ရေးသူဖတ်​သူ ​ဆွေး​နွေးကြသည်​များကို ပြန်​မြင်​မိသည်​။  အ​တွေးများ ကွန့်​မိသည်​။  သတိအရဆုံးနှင့်​ ယူကြုံးမရအဖြစ်​ဆုံးမှာ ကျွန်​​တော်​တို့မြို့​လေးမှ ဆရာဗိုလ်​ဗကို ပြန်​သွားပြီး မကြာမီအချိန်​​လေးမှာ ကွယ်​လွန်​ခဲ့ခြင်းပင်​။

၅။
က​လေးဘ၀တွင်​ အ​တွေးများ လွန့်​လူးခွင့်​မရခဲ့ပါ။ ​ရေးသူဖတ်​သူ ​ဆွေး​နွေးပွဲများတွင်​လည်း အသက်​အရွယ်​အရ မပါဝင်​ခဲ့ရ။  စာ​ရေးဆရာကြီးဗိုလ်​ဗကိုသာ သက်​ရှိထင်​ရှားရှိ​နေ​သေး၍ စာ​ပေ​ဟော​ပြောပွဲလာ​ရောက်​မည်​ဆိုလျှင်​။ “ဆရာကြီး ခင်​ဗျာ…၊ ဆရာကြီးအ​နေနဲ့ လူထု​အောင်​သံဇာတ်​လမ်းမှာ ရဲ​ဘော်​​အောင်​ဝင်းအဖြစ်​ သရုပ်​​ဆောင်​စဉ်​က ဘယ်​လိုခံစားခဲ့ရပါသလဲခင်​ဗျာ”  ဟု ​မေးမိ​မည်​လားဟု အ​တွေးကွန့်​မိပြန်​ပါသည်​။

ကျော်​​ကျော်​ (မြရည်​စမ်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်