လောကဓာတ်ခန်းသာဂိ – နည်းပညာက လူသတ်သလား

May 16, 2018

လောကဓာတ်ခန်းသာဂိ – နည်းပညာက လူသတ်သလား
(မိုးမခ) မေ ၁၆၊ ၂၀၁၈

၁၉၈၀ နှောင်းပိုင်းမှာ နည်းပညာတော်လှန်ရေးလို့ ခေါ်ကြတဲ့ အပြောင်းအလဲခေတ် ဖြစ်တယ်။ မြန်မာပြည်မှာကတော့ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံနဲ့ တပါတီ အာဏာရှင်ကို တော်လှန်နေခဲ့ကြတုံးပေါ့။ ၁၉၉၀ နှောင်းပိုင်းမှာ နည်းပညာတော်လှန်ရေးအသီးအပွင့်တွေ ခံစားရတယ်။ အင်တာနက်တို့ ဆဲလ်ဖုန်းတို့ မိုက်ခရိုဝေ့တို့။ လူတွေအများသိကြတာကတော့ ကမ္ဘာမှုပြုခြင်းဖြစ်စဉ်လို့ ခေါ်ကြပါတယ်။ Globalization တဲ့။ နယ်စည်းမခြားပဲ စီးပွားရေး လူမှုရေး အပြောင်းအလဲဖြစ်စဉ်တွေ ဖြစ်လာတာ။ ၂၀၀၀ နှောင်းပိုင်းကတော့ ဒီဂျစ်တယ်ပြုခြင်းဖြစ်စဉ်လို့ ခေါ်ကြတယ်။ Digitization ပေါ့။ လူမှုဘ၀တွေ နိုင်ငံရေးဘ၀တွေကို ဒီဂျစ်တယ်လှိုင်းကြီးကနေ ပြောင်းလဲပစ်လိုက်တယ်။ အချက်အလက် အတွေးအခေါ် အထင်အမြင်တွေဟာ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ ဖလ်သားပြင်ပေါ်တွေချည်းကနေ လာတယ်။ အဲသည်ကနေ ပရင့်ထုတ်တယ်၊ သရီးဒီပရင်တာကနေ လာတယ်။ အီးမေး၊ ဘလော့ဂ်၊ ဖေ့စ်ဘွတ်တွေက လူတွေကို ပြဌာန်းတယ်ပေါ့လေ။

သည်တော့ မေးခွန်းက နည်းပညာက လူသတ်သလား။ ဒါက အလကာင်္ဆန်ဆန် ပြောတာပါ။ ဖို့ဒ်က မော်တော်ကားစက်ရုံထောင်တွေ လူတွေ အများကြီး အလုပ်ရတယ်။ ကွန်ဗေယာဘီးလမ်းကြောင်းတလျောက် လူတွေက ဇယ်စက်သလို အလုပ်လုပ်ကြတယ်။ ပြီးတော့ automation ဆိုတဲ့ အလိုအလျောက်စက်တွေ ဖြစ်လာတော့ လူတွေ အလုပ်ပြုတ်ကုန်တယ်။ လူတွေက “သေပြီဆရာ” ပေါ့။ အမေရိကားက အလုပ်တွေ တရုတ်ပြည်ကို ရွှေ့ကုန်တယ်။ သဘောင်္တွေ မီးရထားတွေဟာ ကုန်တင်ယာဉ်တွေ ဖြစ်လာတယ်။ လေယျာဉ်ပျံတွေနောက် အမီမလိုက်တော့ဘူး။ အဲသည်ကို မှီခိုတဲ့ လူတွေလည်း ဘ၀ပြောင်းကြရတာပဲ။ နည်းပညာနောက်ကနေ လူ့ဘ၀ကို လိုက်လံပြဌာန်းရတာဟာ ခေတ်ပေါ်လူသားတို့ရဲ့ နေ့တဓူဝကိစ္စ ဖြစ်လာပါတယ်။


တက္ကစီလုပ်ငန်းကို မြို့တော်စည်ပင်တို့ တက္ကစီသမားသမဂ္ဂတို့က လက်ဝါးကြီးအုပ်ထားတယ်ဆိုပြီး နည်းပညာကုမ္မဏီတွေ ၀င်လာတယ်။ Uber တို့ Lyft တို့ပေါ့။ သူတို့က အကြံသစ်တခုကို နည်းပညာအကူအညီနဲ့ အကောင်အထည်ဖော်တယ်။ ride sharing တဲ့။ သာမန်ကားမောင်းသူတဦးက လမ်းကြုံတင်သလိုမျိုး ခရီးသည်တွေကို လိုရာခရီး မောင်းပို့မယ်။ ဈေးသက်သာစေရမယ်။ နှစ်ဦးနှစ်ဘက် အဆင်ပြေစေတယ်။ မောင်းချင်သူကော စီးချင်သူကော သူတို့နည်းပညာစာရင်းထဲ အသင်းဝင်ခိုင်းပြီး ဖုန်းတွေ ကွန်ပြူတာတွေကနေ အော်တိုမက်တစ် အလုပ်ဖြစ်အောင် စီစဉ်ပေးတော့တာပဲ။ သူကတော့ ၀န်ဆောင်မှုကော်မရှင်ခ ယူတယ်။ သိပ်မကြာပါဘူး၊ ဆန်ဖရန်မှာ တက္ကစီသမားတွေနဲ့ ကုမ္မဏီတွေ စီးပွားပျက်တော့တာပဲ။ လူတိုင်းကော တက္ကစီသမားတွေကပါ Uber တွေ Lyft တွေ မောင်းကုန်ကြပြီကိုး။ အစိုးရတို့ စည်ပင်တို့က ဥပဒေတွေ နည်းဥပဒေတွေနဲ့ သည် အသစ်အဆန်းစီးပွားရေးလုပ်ငန်းကို စည်းကြပ်ဖို့ ကြိုးစားတာ မအောင်မြင်သေး။ တကမ္ဘာလုံး အူဘာတွေ လစ်ဖ်တတွေ စီးကုန်ကြတယ်။ သည်တော့ နည်းပညာက လူတွေကို သတ်တာပေါ့လို့ ဆိုရမလို။


ဒါနဲ့တင် နည်းပညာတွေက စခန်းရပ်သွားသလားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ အခု နည်းပညာကုမ္မဏီကြီးတွေက အလိုအလျောက်မောင်းနှင်တဲ့ကားကို ထွင်နေကြပြန်ပြီ ခင်ဗျာ။ self driving car လို့ ခေါ်ကြပါသတဲ့။ ခုနင်က Uber တို့ Lyft တို့ကလည်း အဲသည် နည်းပညာအသစ်ကြီးထဲမှာ တက်ကြွစွာ လုပ်ဆောင်နေကြပါတယ်။ သူတို့တွေရထားလိုက်တဲ့ ခရီးသည်တွေ ကားဒရိုင်ဘာတွေဆီက data တွေ အချက်အလက်တွေ၊ ခရီးစဉ်၊ ခရီးသွားပုံစံ၊ မြေပုံအမျိုးအစား၊ သူတို့လှုပ်ရှားလုပ်ကိုင်ပုံ စတာတွေကို သုတေသနလုပ်၊ မိုဒယ်တွေဆောက်၊ အသုံးချပြီးတော့ ကမ္ဘာကြီးကို နောက်တဆင့် ပြောင်းလဲဖို့ ရွှေဥာဏ်တွေ ကွန့်မြူးကုန်ကြပြန်ပါရော။ apple တို့  google တို့ကလည်း ရှေ့တန်းကနေ လုပ်နေကြပါသတဲ့။

သည်တော့ ဘယ်လိုလဲ။ တက္ကစီကို စွန့်လာကြတဲ့ တက္ကစီဒရိုင်ဘာဟာ အူဘာဒရိုင်ဘာဖြစ်လို့မှ ဖင်လေး မနွေးသေးဘူး၊ နည်းပညာက သူ့စတီရာရင်ကို လုယူပြီး automation ထဲကို ပြောင်းထည့်ပြီးတော့ တခေတ်ဆန်းတော့မယ်ဆိုရင် တက္ကစီဒရိုင်ဘာတွေကို သတ်ပစ်ကြတော့မှာ သေချာနေပြန်ပြီ မဟုတ်ပါလား။

နည်းပညာဟာ လူတွေ အထူးသဖြင့် လုပ်သားတွေကို အစားထိုးပစ်ဖို့ ကြိုးစားပါတယ်။ အရင်းရှင်တွေကတော့ ပိုက်ဆံအမြတ်ထွက်လေ ကြိုက်လေပါ။ စားသုံးသူတွေက ဈေးပေါလေ ဆန်းသစ်လေ ကြိုက်လေပါ။ နောက်ကွယ်က လုပ်အားတန်ဖိုးကို ထည့်မတွက်ပါဘူး။ တကယ်က စားသုံးသူကိုယ်တိုင်ဟာ လုပ်သားဖြစ်နေတာကို မေ့နေတော့ သူ့လုပ်အားကို ဖယ်ထုတ်နေတာ သူက သတိပေါ့လျော့နေမိတာကိုး။ အစိုးရတွေ သမဂ္ဂတွေဟာ သည်လိုအရေးမှာ လူမှုအဖွဲ့အစည်းအကျိုးရှိမှု အပြစ်ဖြစ်မှုတို့ကို လေ့လာသုံးသပ်ပြီးတော့ ရှေ့တန်းကနေ ဝေဖန်ရမယ်၊ လမ်းပြရမယ်၊ လမ်းညွှန်ရမယ်။ နည်းပညာ အသုံးဝင်မှုရဲ့ ပေါ်လစီနဲ့ လမ်းစဉ်ကို သတိနဲ့ ချဉ်းကပ်ရပါမယ်။ အခုချိန်မှာ သည်ကိစ္စ ပျက်ကွက်နေသေးတယ်လို့ သုံးသပ်လိုပါတယ်။

လွယ်ကူတဲ့ဥပမာတခုအနေနဲ့ Uber တို့၏ နည်းပညာလမ်းကြောင်း အရွှေ့နဲ့ အသွားကို ထောက်ပြတာပါ။ စိတ်ကူးယဉ်သိပ္ပံဝတ္ထုရေးဆရာတွေကတော့ နောက်ဆုံးမှာ စက်တွေက လူတွေကို ကျွန်ပြုကြတယ်တို့ ဘာတို့ ရေးပါတယ်။ အခုလည်း ဖေ့စ်ဘွတ်က မောင်းနှင်နေတာ ကမ္ဘာကြီး တခြမ်းမကတော့ဘူး ထင်တယ်။ တချို့လူတွေလည်း ဖေ့စ်ဘွတ်မရှိတဲ့ ကမ္ဘာတခြမ်းမှာ ပြောင်းနေကြဖို့ ကြိုးစားကြမယ် ထင်ပါရဲ့။ Uber မရှိတဲ့ ကမ္ဘာမှာ ကျနော်တို့ ဗမာတွေကတော့ YBS စီးနေကြဦးမှာဆိုတော့ စိုးရိမ်စရာ မရှိလောက်ဘူး မျှော်လင့်မိပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကျဆုံးပါစေ။ (ဟင်! ဘာဆိုင်လို့လဲ၊ ဘာမှမဆိုင်ပါဘူး၊ သူလည်းပဲ လူသတ်တဲ့အထဲ ပါတယ်ထင်လို့ ရေးလိုက်တာပါ။ ဟဲဟဲ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သာဂိ, သူတို့အာဘော်, လောကဓာတ်ခန်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments