မင်းလူ ၆၄ နှစ်၊ Yangon Book Plaza မေလ ၁၉ ရက်

May 16, 2018

မင်းလူ ၆၄ နှစ်၊ Yangon Book Plaza မေလ ၁၉ ရက်
K (မိုးမခ) မေ ၁၇၊ ၂၀၁၈

စာရေးဆရာမင်းလူ ၆၄နှစ်ပြည့် မင်းလူနှင့်သူ၏ဇာတ်ကောင်များ အစီအစဉ် Yangon Book Plaza မှာ ပြုလုပ်မယ်

ကွယ်လွန်သူစာရေးဆရာ မင်းလူ အသက် ၆၄နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မေလ ၁၉ ရက်နေ့၊ နေ့လယ် ၂နာရီမှာ ရန်ကုန်မြို့ လမ်းမတော် သံဈေးရှိ Yangon Book Plazaမှာ မင်းလူနှင့်သူ၏ဇာတ်ကောင်များ အစီအစဉ် ခေါင်းစဉ်နဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။

“ဆရာမင်းလူဟာ သူ့ကိုယ်သူ မျောက်လူလို့ သုံးနှူံးကာ စာပေလောကက စာရေးဆရာများကို ဇာတ်ကောင်လုပ်ကာ ၀တ္ထု များများစွာ ရေးသားခဲ့ပါတယ်။ ဒါပေမယ့် တချို့ ဇာတ်ကောင်များဟာ နာမည်ကြားဖူးပေမယ့် လူအဖြစ် အပြင်မှာ မမြင်ဖူး ကြပါဘူး။ လာမယ့် မေလ ၁၉ ရက်နေ့မှာတော့ ဆရာမင်းလူရဲ့ စာပေဇာတ်ကောင်များဟာ Yangon Book Plaza စင်မြင့် ပေါ်မှာ ၀ိုင်းဖွဲ့စကားပြောကြတော့မှာ ဖြစ်ပါတယ်”လို့ Yangon Book Plaza လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါ တယ်။

စာရေးဆရာ၊ ကဗျာဆရာ မင်းလူကို စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညို တို့က ရန်ကုန်မြို့ အမှတ် (၁၄၇)၊ (၄၇)လမ်းတွင် မေ ၁၈ ရက်နေ့ ၁၉၅၄ ခုနှစ်၌ မွေးဖွားခဲ့ပါတယ်။ စာရေးဆရာ/ဒါရိုက်တာ မောင်ဝဏ္ဏ (ကွယ်လွန်)၊ စာရေးဆရာ/အဆိုကျော်/ရုပ်ရှင်မင်းသား သုမောင် (ဗလ) (ကွယ်လွန်)၊ ရုပ်ရှင်မင်းသား ရူပ မွေး အရင်း လေးယောက်အနက် အငယ်ဆုံး ဖြစ်ပါတယ်။

၁၉၇၇ခုနှစ်မှာ ပန်းကျောင်းအမည်ရတဲ့ ပထမဆုံးလုံးချင်းဝတ္ထုကို ရေးသားခဲ့ပြီး အခြားနာမည်ကြီး ၀တ္ထုတို/ရှည် ပေါင်းများ စွာရေးသားခဲ့ပါတယ်။

စစ်အစိုးရကာလတခုမှာ “ဘာတွေဖြစ်ကုန်ကြပြီလဲ”ဆိုတဲ့ကဗျာကြောင့် ထောင်ဒဏ် ၇ နှစ်ချခံခဲ့ရပါတယ်။ ဆရာမင်း လူဟာ ၂၀၁၃ သြဂုတ်လ ၁၅ရက်နေ့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

မနှစ်ကလည်း မင်းလူနှင့် ညနေခင်းဆိုပြီး စာရေးဆရာမင်းလူ မွေးနေ့ အထိမ်းအမှတ်ကို ကျင်းပခဲ့ပြီး ယခုအစီအစဉ်က ဒုတိယအကြိမ်မြောက်လို့လည်း သိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:K ငြိမ်းချမ်း, သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments