အိဏ်ဝေး ● စိတ်​ရဲ့ထွက်​​ပေါက်​ဟာ စိတ်​ထဲမှာ

May 18, 2018

အိဏ်ဝေး ● စိတ်​ရဲ့ထွက်​​ပေါက်​ဟာ စိတ်​ထဲမှာ
(မိုးမခ) မေ ၁၈၊ ၂၀၁၈

သည်း​ခြေပျက်​တဲ့အထိ ရူးသွပ်​ဖူးသူဟာ ပကတိတည်​ငြိမ်​မှုကို အပြည့်​အဝခံစားမိလိမ့်​မယ်​ လူတယောက်​ ည​နေခင်း ​ဆေး​ပေါ့လိပ်​တစ်​လိပ်​ ph no တ​ခု၊ ဘာကို​ရွေးချယ်​မလဲဆိုတာ အချိန်​ကြာကြာစဉ်းစားဖွယ်​မလိုဘူး အရှိန်​မကုန်​​သေးတဲ့ မီးစာက အ​တွေး​တွေကို ပိုပြီး ထက်​သန်​​စေတယ်​။ မ​ခေါ်ဖြစ်​​တော့တဲ့ ဖုန်းနံပါတ်​က ည​နေခင်း​တွေကို ပိုပြီး ခုံမင်​တတ်​​စေတယ်​။

ယုံကြည်​ရာက မရှိခြင်းသ​ဘောကို ​ဆောင်​လာတဲ့အခါ မရှိခင်းသ​ဘောကို ​စေ့​စေ့ကြည့်​​နေမိတယ်​။ ပျက်​သွားတဲ့ အကြည်​ဓာတ်​က​လေး​တွေ ​ငွေ့ရည်​ဖွဲ့​နေတဲ့ နံနက်​ခင်း​လေး​တွေ၊ တချက်​​လောက်​ ​တောက်​ချလိုက်​တာနဲ့ အလွဲလွဲအစင်​စင်​၊ ဖမ်းဆုပ် ထားချင်​မိတာ မှားမိတာမျိုး​ပေါ့။ ဒီလိုမျိုး … နံနက်​ခင်း​တွေဟာလည်း  အဓိပ္ပါယ်​မဲ့လာတယ်​။

ဗဟိဒ္ဓတရား​ဟာ ပြုပြင်​လို့မ​ကောင်းတဲ့ လက်​​ဆောင်​တစ်​ခု အဇ္ဈတ္တတရားကို ငါပိုင်​စိုးကြည့်​တယ်​ ​ဝေး~လွင့်​~​ပျောက်​~ကွယ်​ အနီးဆုံးသူဆိုတာလဲ အာကာသဓာ​တ်ေ​တွ သိပ်​ကိုများ​နေ​ပေါ့။

ကောင်းပါတယ်
စိတ်​ကိုစိတ်​နဲ့ ပြန်​နစ်​ဝင်​ရင်း
ဗဟိဒ္ဓတရား​တွေကို ပိုင်းဖြတ်​ ငါ့ကိုယ်​ငါ့ ပြန်​​ဖော်​ယူကြည့်​မိ​တော့ အ​ရောင်​တင်​များသွားတဲ့ စိတ္တ,စိတ္တဇ၊ ​ပြိုကျပျက်​စီးသွားတဲ့ ဗဟိဒ္ဓ။ လို​နေပြီဆိုတာ ငါသိခဲ့ရပြီ မလိုတတ်​တဲ့ စိတ်​​လေးတခု​တော့ ကြိုးစားရအုံးမယ်။

မှောင်​မိုက်​ တိတ်​ဆိတ်
သည်း​ခြေပျက်​တဲ့အထိ
ရူးသွပ်​မှု​ပေါင်းများစွာနဲ့
သူရူးတယောက်​။

အဇ္ဈတ္တကို ဖြိုခွင်း
စိတ်​ကို မီးညှိပြီး
စိတ်​ထဲကို ​ပြေးဝင်​သွားပုံက။
 
လှတယ်​ ။


အိဏ်​​ဝေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)