fbpx

ေ အ ာ င္ ေ ဝ း ● ခ် စ် လို့ ေ ရ း တဲ့ က ဗ် ာ ( ၈ )

May 21, 2018

ေ အ ာ င္ ေ ဝ း ● ခ် စ် လို့ေ ရး တဲ့ က ဗျာ ( ၈ )
(မိုးမခ) မေ ၂၁၊ ၂၀၁၈

အနှစ် ခုနစ်ဆယ်၊ တော်ပြီ”
“ပြည်တွင်းစစ် အနှစ် ခုနစ်ဆယ်၊ တော်ပြီ”
“ပြည်တွင်းစစ် အနှစ် ခုနစ်ဆယ်၊ တော်ပြီ”

မရပ်နဲ့၊ အဲဒီ အော်သံတွေ မရပ်နဲ့။

လက်နက်ကိုင်နိုင်ငံရေးခေတ်
ကုန်ပြီ။
လက်နက်ကိုင်နိုင်ငံရေးဆိုတာ
အဆိပ်တွေစီးဆင်းနေတဲ့မြစ်
ခေတ်ကုန်ပြီ။
ပြည်တွင်းစစ်ဆိုတာ
သစ်ပင်ပြောင်းပြန်စိုက်တာ။

ဟိုတုန်းက ဦးနေဝင်း သူပုန်မွေးပြီး
အစိုးရလုပ်ခဲ့တယ်။
အခု ဘယ်သူတွေ အစိုးရမွေးပြီး
သူပုန်လုပ်နေသလဲ။

မရပ်နဲ့
ပြည်တွင်းစစ်ကိုမုန်းတီးတဲ့နှလုံးသားတွေ၊ မရပ်နဲ့။
မရပ်နဲ့
ပြည်တွင်းစစ်ကိုဆန့်ကျင်တဲ့အမှန်တရားတွေ၊ မရပ်နဲ့။
မရပ်နဲ့
ငြိမ်းချမ်းရေးတောင်းဆိုတဲ့လူထုဆန္ဒတွေ၊ မရပ်နဲ့။
မရပ်နဲ့
ငြိမ်းချမ်းရေးကိုတန်ဖိုးထားတဲ့အချစ်စိတ်တွေ၊ မရပ်နဲ့။

မရပ်နဲ့
စစ်ဘေးဒဏ်သင့်ပြည်သူတွေအတွက်အကူအညီတွေ၊ မရပ်နဲ့။
မရပ်နဲ့
ငြိမ်းချမ်းရေးကဗျာရွတ်ဆိုပွဲတွေ၊ မရပ်နဲ့။
မရပ်နဲ့
ငြိမ်းချမ်းရေးဂီတတေးသံတွေ၊ မရပ်နဲ့။

မရပ်နဲ့
စစ်သားမိန်းမ မုဆိုးမတွေအပေါ် စာနာမှုတွေ၊ မရပ်နဲ့။
မရပ်နဲ့
သူပုန်မယား မုဆိုးမများအပေါ် ထောက်ထားမှုတွေ၊ မရပ်နဲ့။

မရပ်နဲ့
မရပ်နဲ့
အာဏာရှင်စစ်ဗိုလ်ချုပ်တွေ တစ်ယောက်မကျန်သေကုန်တဲ့အထိ
အဲဒီ စစ်ပွဲတွေ မရပ်နဲ့။

မရပ်နဲ့
မရပ်နဲ့
အာဏာရှင်သူပုန်ခေါင်းဆောင်တွေ တစ်ယောက်မကျန်သေကုန်တဲ့အထိ
အဲဒီ စစ်ပွဲတွေ မရပ်နဲ့။

မရပ်နဲ့
စစ်ပွဲတွေရပ်ဖို့ပြောတဲ့သူတွေကိုဖမ်းတဲ့အစိုးရကိုလည်း အပြစ်ပြောဖို့
မရပ်နဲ့။

ပြည်တွင်းစစ် အနှစ်ခုနစ်ဆယ်
တော်သင့်ပြီ ခင်ရယ်။ ။

ေ အ ာ င္ ေ ဝ း
(ေမ ၂၀၊ ၂၀၁၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, အောင်ဝေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)