ကိုသန်းလွင် ● ဒီမိုကရေစီပြိုလဲချိန်

May 23, 2018

ကိုသန်းလွင် ● ဒီမိုကရေစီပြိုလဲချိန်
(မိုးမခ) မေ ၂၃၊ ၂၀၁၈

(၁)
အီတလီ၊ ပိုလန်၊ ဟန်ဂေရီ ထို့ပြင် စပိန်နိုင်ငံတို့တွင် ဒီမိုကရေစီသည် ယိုယွင်းနေပါသည်။ ထို့အတူ တူရကီ၊ ဘရာဇီးနှင့် ဖိလိ ပိုင်တို့တွင်လည်း ခြိမ်းချောက်ခံနေရပါသည်။ သမ္မတထရန့်၏ အမေရိကန်သည်သာ ပဌမ ကြွေးကျော်ချက်ကြောင့် အာ ဏာရှင်ဆန်ဆန် အုပ်ချုပ်လိုကြသော အီဂျစ်၊ ဟွန်ဒူးရပ်၊ ရုရှားနှင့် ဗင်နင်ဇွဲလားနိုင်ငံများမှာလည်း ဒီမိုကရေစီ ချို့ တဲ့ခြင်း ကြောင့် ပြောမည့်သူမရှိတော့သောအခါ လွတ်လွတ်လပ်လပ် ကိုယ်ထင်သလို ဖိနှိပ်ချုပ်ချယ်လာကြပါသည်။

အဘယ့်ကြောင့် ဒီမိုကရေစီနိုင်ငံများသည် အာဏာရှင်နိုင်ငံများအဖြစ်သို့ ဦးတည်ကုန်ကြပါသနည်း။ ပညာရှင် များအပြစ်ဖို့ကြ သည်မှာ မိမိတို့နိုင်ငံသားအချုင်း ထားရှိရမည့် ဒီမိုကရေစီအမြင်သဘော ချို့ယွင်းလာခြင်းကို အပြစ်တင်ကြပါသည်။

သို့ပါသော်လည်း ဤသို့ ဒီမိုကရေစီသဘောများ ယိုယွင်းလာခြင်းသည် ပိုမိုနက်ရှိုင်းသော အကြောင်းပြချက်များ လည်းရှိနိုင် ပါသည်။ များစွာသော ဒီမိုကရေစီနိုင်ငံများတွင် ပျက်စီးရသည်များကို နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေကို တွေ့ရှိ ရပါသည်။

ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံများ၏ သုံးပုံနှစ်ပုံမှာ ဒီမိုကရေစီခေတ်သို့ကူးပြောင်းကြရာတွင် အခြေခံဥပဒေကို အာဏာမှစွန့်ခွာ ပေးကြရမည့် အာဏာရှင်များက ရေးသားကြခြင်းဖြစ်သည်။ ထင်ရှားသော နိုင်ငံများမှာ အာဂျင်တီးနား၊ ချီလီ၊ ကင်ညာ၊ မက္ကစီကို၊ နိုက်ဂျီးရီးယား၊ တောင်အာဖရိကားနှင့် တောင်ကိုရီးယားတို့ ဖြစ်ကြသည်။ ကမ္ဘာကြီး၏ အစောဆုံး ဒီမိုကရေစီ နိုင်ငံများဖြစ်ကြသည့် နယ်သာလင်၊ ဆွီဒင်ကဲ့သို့သော နိုင်ငံများ၏ ဖွဲ့စည်းပုံဥပဒေများမှာပင် အာဏာရှင်စနစ်၏ အရိပ် အငွေ့ကို တွေ့နိုင်ပါသေးသည်။ ဒီမိုကရေစီ၏ အဆောက်အဦးများကို ထွက်ခွာပေးကြရမည့် အာဏာရှင်များက တည် ဆောက်ပေးခဲ့ကြခြင်း ဖြစ်ရာထိုအထဲတွင် သူတို့တတွေ ဆက်လက်လုပ်ကိုင်နိုင်ရေး။ စီးပွားရေးတွင် တန်းတူဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးတို့ပါဝင်ပါသည်။

အခြေခံဥပဒေကိုရေးဆွဲကြရာတွင် မဲပေးမှု မူစနစ်၊ ဖက်ဒရယ်စနစ်နှင့်ခန့်ထားရမည့်လူများ အနာဂတ်နိုင်ငံရေးတွင် တပ်မ တော်၏ အခန်းကဏ္ဍစသည်တို့ ပါဝင်ကြရပါသည်။ အတိုချုပ်ပြောရလျှင် ပါဝါနှင့် လုပ်ပိုင်ခွင့်များ ခွဲဝေပေးနေရာတွင် ဒီမို ကရေစီစနစ်ကို ချက်ချင်းပြောင်းလဲ သွားကြရသည် မဟုတ်ပေ။

ထိုထက်ပို၍ ဥပဒေတစ်ခုကိုပြုပြင်ပြောင်းလဲရန်အတွက် အဟန့်အတားများမှာအလွန်ကြီးမားပါသည်။ အာဏာ ရှင်ခေတ်က အခွင့်ထူးခံခဲ့သူများကို ကာကွယ်သည့် ဥပဒေ များကိုပြောင်း လဲရန်အတွက် (Supermajority) မဲအရေအတွက် လိုပါသည်။
မြန်မာနိုင်ငံ ဖွဲ့စည်းပုံဥပဒေမှာ ထွက်သွားတော့မည့် အာဏာရှင်စနစ်မှာ သူတို့အခွင့်အရေး များကို မထိခိုက်စေ ရန်အတွက် ကာကွယ်ထားပုံကို အထင်အရှား မြင်တွေ့နိုင်ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲမှ အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း နိုင်ငံကိုအုပ်ချုပ်ရပါသည်။ အာဏာ ကိုလွှဲပြောင်းမပေးမှီ အတည်ပြုခဲ့သောဥပဒေအရ လူ့အခွင့်အရေးဖေါက်ဖျက်မှုများနှင့် ပါတ်သတ်ပြီး စစ်တပ်အရာရှိကြီးများကို အရေးမယူရေး၊ အလွန်ပင်ရက်ရောသော ပင်စင်လစာများကို ခံစားရနိုင်ရေး၊ အမြတ်အစွန်းရသည့် ကွန်ထရက်များ (Contract) များမှာ စစ်တပ်နှင့်နီးစပ်ရာလူများကို လွှဲပြောင်းပြီး ဖြစ်သည်။ စက်ရုံအလုပ်ရုံ အများအပြားကို ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်သို့ ပြောင်းလဲ ခဲ့ပါသည်။ အရေးကြီးဆုံးမှာ ကိုယ်စားလှယ်များ၏၂၅ ရာခိုင်နှုန်းကို တပ်မတော် သားများအား ပေးအပ်ထားရပါသည်။  အခြေခံဥပဒေကို ပြောင်းလဲရန်အတွက် ၇၅ ရာခိုင်နှုန်းမျှ မဲလိုအပ်ရာ ထိုသူများ၏ အကူအညီမရလျင် ဥပဒေကိုမပြင်နိုင်ပါ၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖွဲ့စည်းပုံဥပဒေကို လိုက်နာနေရသဖြင့် စစ်တပ်က လုပ်သည်ကို ကြည့်နေရမည့် အခြအနေပင်ဖြစ်ပါသည်။

ထို့ကြောင့် ဒီမိုကရေစီရေးအရ မိမိကြမ္မာကို မိမိမဖန်တီးနိုင်ဘဲ အာဏာရှင်များ ရေးသည့်နည်းအတိုင်း ပြုမူနေ ထိုင်နေ ရပါသည်။ ပြည်သူများအနေဖြင့် အာဏာရှင်များ၏ ပြုနေကျဖြစ်သော အကြောင်းမဲ့ ဖိနှိပ်ခြင်းမှ လွတ်လျင် လွတ်မည်၊ ဆင် ဆာလုပ်ခြင်းမှ ကင်းလွတ်လျင်လွတ်မည်၊ သို့သော်သူတို့ကိုယ်တိုင်မှာ လူထုနှင့်ဆိုင်သည့် ပေါ်လစီများရေးဆွဲ ချမှတ်ရာတွင်အရေး မပါတော့ပေ၊ ထို့ကြောင့် ဒီမိုကရေစီနိုင်ငံများအနေဖြင့် တခါတရံ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် မိမိသွားရမည့် ဦးတည်ချက်လမ်းကြောင်း ပျောက်ဆုံးလျက်ရှိပါသည်။

ဤသည်တို့မှာ ဒီမိုကရေစီစနစ်အတွက်မကျေနပ်စရာအကြောင်းများ ဖြစ်ကြပါသည်။ စီးပွားရေးအကြပ်အတည်းများ ကြုံ လိုက်လျင် ပါတီတစ်ခုလုံးကို ပြည်သူက ငြင်းပယ်လာနိုင်ပါသည်။ ဤမကျေနပ်မှုများမှာ ဒီမိုကရေစီ လမ်းကြောင်းကို အပြီး တိုင် အဆုံးသတ်သွားစေနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော်အတွေ့အကြုံ မပြည့်ဝသေးသည့် နိုင်ငံရေးသမားများက တာရှည်တည်ဆောက်လာခဲ့သည့် အဆောက်အဦးနှင့် လူများကို အစားမထိုး နိုင်သောကြောင့် ဖြစ်ရပါသည်။

တူရကီနိုင်ငံ၏ အခြေအနေများကို လေ့လာကြည့်နိုင်ပါသည် မစ္စတာအက်ဒ၀မ် (Recep Tayyip Erdogan) သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သည်ဟုဆိုကာ (Check and Balance) ပြန် လည်စစ်ဆေးခြင်းဆိုင်ရာ နည်းစနစ်များကို ဖြုတ်ပြစ်ခြင်း၊ နိုင်ငံရေးသမားအများအပြားကို ဗီတိုအာဏာဖြင့် ပိတ်ပင်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ပြဌာန်းခဲ့သော ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးကို အသုံးပြု၍ ကွန်မြူနစ်ပါတီနှင့် အခြားဘာသာရေးဆိုင်ရာပါတီ များကို ပယ်ဖျက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

နိုင်ငံတော်ဘတ်ဂျက်နှင့် အခြားလုပ်ပိုင်ခွင့်များကို  အပိုင်စီးထားပြီး ထိပ်တန်းစစ်ခေါင်းဆောင်များနှင့် အပေါင်း ပါများကို အရေးမယူနိုင်ရန် ဥပဒေများ ရေးဆွဲပြဌာန်းခဲ့သည်။ အဖြမှာစစ်တပ်နှင့် ခေါင်းဆောင်များကို စီးပွားရေး တွင် အရေးကြီးသော လုပ်ငန်းများကို လုပ်ပိုင်ခွင့်ပေးထားပြီး လူ့အခွင့်အရေးဆိုင်ရာ အလွဲသုံးစားလုပ်မှု အခြား ပြစ်မှုများကို ကျူးလွန်ခွင့် ပေးထားသကဲ့သို့ဖြစ်နေသည်။

၂၀၁၈ ခုနှစ်တွင် ပြည်သူတို့၏ ဆန္ဒခံယူပွဲ တစ်ခုကျင်းပခဲ့ပြီး ပြင်ဆင်ချက် ၁၈ ခု တင်သွင်းနိုင်ခဲ့သည် တူရကီနိုင်ငံကို သမ္မတ နိုင်ငံအဖြစ်ပြောင်းလဲရေး အာဏာကို သမ္မတကစွဲကိုင်ကာ တရားစီရင်ရေးနှင့် ဥပဒေပြု အာဏာကိုပါ တစ်ဦးတည်းက စွဲကိုင်ခဲ့သည်။

ဒီမိုကရေစီ၏ ယိုယွင်းပျက်စီးပုံကိုအခြားနိုင်ငံများတွင်လည်းတွေ့ရှိနိုင်သည် ဟန်ဂေရီနိုင်ငံ၏ မစ္စတာအော်ဘင် (Victor Orban) သည် တိုင်းပြည်အတွက် ကွန်မြူနစ်များ ရေးဆွဲသွားသော ဖွဲ့စည်းပုံဥပဒေကို ဖျက်သိမ်းပြီး ၂၀၁၁ ခုနှစ်တွင် ဥပဒေ အသစ်ဖြင့် အစားထိုးခဲ့သည်။ သူ၏ ပြုပြင်ရေးလုပ်ငန်းများမှာ တရားစီရင်ရေး ဆိုင်ရာ ကိစ္စများတွင် ၀င်ရူတ်ခဲ့ပြီး သူ၏ပါတီ (Fidesz) ကို အတိုက်အခံပါတီများကို ပြိုလဲစေခဲ့သည်။

ကံကောင်းထောက်မသည်မှာ ဒီမိုကရေစီနိုင်ငံများသည် သူတို့၏နိုင်ငံ၏ လူမှုရေးကိစ္စအဖြာဖြာတို့၌ ပိုမိုညီမျှသော လူနေမှု စနစ်တစ်ခုအဖြစ် ဆောင်ရွက်နိုင်ခဲ့ကြသည်။ အရေးကြီးသည်မှာ အာဏာရှင်စနစ်သို့ နောက်ပြန် လည် မသွားရေး ပင်ဖြစ်ပါသည်။

သို့သော် ဤနောက်ကြောင်းပြန်သည့်ကိစ္စကို တားဆီးကြရပါမည်၊ တိုင်းပြည်တွင် စီးပွားရေးအကြပ်အတည်းကဲ့သို့သော အဓိကကျသည့် အခက်အခဲမျိုး ပေါ်ပေါက်ချိန်မှာဖြစ်ပါသည်။ တစ်တိုင်းပြည်လုံး ပါဝင်လာမည့် လူမှုရေးရှုတ်ထွေးမှုများက တစ်ခုတည်းသောထွက်ပေါက်ကိုညွှန်ပြကြပါလိမ့်မည်၊ ထိုသို့ပြည်သူ့တရပ်လုံးပါဝင် မှသာ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲခြင်း ကိစ္စမှာ ပြီးပြတ် အောင်မြင်နိုင်ပါလိမ့်မည်။  ဤသို့ပြောင်းလဲမှုများမှာ ကြီးစွာသော စိတ်ရှည်သီးခံမှုနှင့် ကောင်းသော ခေါင်းဆောင်မှုတို့လိုအပ်ပါသည်။ ဒီမိုကရေစီက ယူဆောင် လာမည့် အသီးအပွင့်အကျိုးကျေးဇူးများကို သိနားလည်ရန်လည်း လိုပါသည်။

ကိုသန်းလွင်
Ref: Why are so Many democracy breaking down? Mr Micheal Menaldo, New York Times May 10 2018


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)