ဂျူနီယာဝင်း – အမေရိကားက စာမတတ်သူ ပပျောက်ရေး

May 29, 2018

ဂျူနီယာဝင်း – အမေရိကားက စာမတတ်သူ ပပျောက်ရေး

အတွေးအမြင်မဂ္ဂဇင်း၊ ရန်ကုန်၊ ဇွန် ၂၀၁၈ ထုတ်မှ။ (မိုးမခ) မေ ၂၉ ၊ ၂၀၁၈

(1994 April ထုတ် American Mosaic စာစောင်မှာ ဖတ်လိုက်ရတဲ့ This is America, Adult Literacy ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ အဲသည်စာစောင်မှာ စာရေးတဲ့သူအမည်တွေ ဖော်ပြမထားပါဘူး။ အများအားဖြင့် လူထုကြား ပတ်သတ်နေတဲ့ အကြောင်းအရာများကို ဦးစားပေးထားတာကြောင့် စာရေးသူအမည် ဖော်ပြဖို့ မလိုအပ်ဖူးလို့ ယူဆထားလို့ ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စု သံရုံးကနေ သတင်းအချက်အလက်ဆိုင်ရာ ဌာနဆိုင်ရာက ရေးသား ထုတ်ဝေမှု စာစောင်တွေဆိုပါတော့။ ဒါ့အပြင် ၂၀၁၇ခုနှစ် Adult Literacy ပရိုဂရမ်ရလဒ်အကျဉ်းကို ကိုးကားကာ တင်ပြသွားမှာ ဖြစ်ပါတယ်။) (သူအတိုင်းဘာသာပြန်ထားသောလည်း စာရေးသူဖြည့်စွက်ထားတာတွေကို ကွင်းစကွင်းပိတ်နဲ့ လုပ်ပေးထားပါတယ်။)

(စာမတတ်သူ ဆိုတဲ့နေရာမှာ မြန်မာပြည်မှာဆိုရင် အ သုံးလုံးပေါ့။ မြန်မာစာကို ပြောတာပေါ့။ သူတို့တိုင်းပြည်အတွက်တော့ အင်္ဂလိပ်စာကို ဆိုလိုတာပါ။ အင်္ဂလိပ်လို ဖတ်တတ်၊ အင်္ဂလိပ်လို ရေးတတ်ဖို့ ကို ရည်ရွယ်ပါတယ်။ ဒီဆောင်းပါးမှာ “စာမတတ်သူ“ ဆိုတဲ့ စကားလုံးက “အင်္ဂလိပ်စာ ကောင်းကောင်း မဖတ်နိုင်၊ အင်္ဂလိပ်စာ ကောင်းကောင်းမရေးနိုင်“ ဆိုတာကို အတိုကောက် ရေးထားတာလို့ ဆိုလိုပါတယ်။)

သည်လမှာ ကျွန်တော်တို့ရဲ့ ပရိုဂရမ်က အသက်အရွယ်မငယ်တော့တဲ့ သူတွေ စာဖတ်တတ်၊ စာရေးတတ်တဲ့ အရည်အချင်းတွေရှိဖို့ နဲ့ပတ်သက်တဲ့အကြောင်းအရာကို တင်ဆက်ပါ့မယ်။ အမေရိကန်ပြည်ထောင်စုမှာ စာမတတ်သူ ပပျောက်ရေး ပရိုဂရမ်အကြောင်းပေါ့။

လွန်ခဲ့တဲ့ လအနည်းငယ်က (၁၉၉၄ ဧပြီလ မတိုင်မှီ လအနည်းငယ်က အခြေအနေကို ဆိုလိုပါတယ်။) အမေရိကန်ပြည်ထောင်စု ပညာရေးကောင်စီ ကနေ အမေရိကန်က အသက်မငယ်တော့တဲ့သူတွေ (လူကြီးတွေ) နဲ့ပတ်သက်ပြီး လေ့လာမူတွေ ကနေရလာတဲ့ ရလဒ်တွေ ထွက်လာပါတယ်။ အင်္ဂလိပ်လို ပြောတတ် ရေးတတ်တာနဲ့ပတ်သက်တဲ့ သူတို့တွေရဲ့အရည်အချင်းတွေ ကိုဖော်ပြထားတာပါ။ ဒါဟာ အမေရိကန်ပြည်ထောင်စုသမိုင်း (၁၉၉၄ ခုနှစ် မတိုင်မှီအထိကို ဆိုလိုပါတယ်။) မှာ အကြီးကျယ်ဆုံး သုတေသနမှတ်တမ်းလို့ ဆိုနိုင်ပါတယ်။

သုတေသနမှတ်တမ်း (၁၉၉၄) အရ အသက်အရွယ်အားဖြင့် မငယ်တော့တဲ့ သူတွေရဲ့ (လူကြီးတွေ၏) ၅၀%ဟာ အင်္ဂလိပ်လို ကောင်းကောင်း မရေးနိုင် မပြောနိုင်ကြပါဘူးတဲ့။ ဆိုလိုတာက လူဦးရေ သန်းပေါင်း ၉၀ ဟာ အင်္ဂလိပ်လို မရေးနိုင် မပြောနိုင်ဘူး၊ သချာင်္ပုစ္ဆာတွေကိုလည်း မဖြေရှင်းနို်င်ဘူး။ ဒါကြောင့် သူတို့အလုပ်တွေမှာ ပြည့်စုံတဲ့ အရည်အချင်းတွေ ရှိမလာဘူး လို့ ကောက်ချက်ချထားပါတယ်။

အဲသည် သုတေသနလေ့လာမူ အသစ်ကနေ ပညာတတ်ခြင်းဆိုတဲ့ ဝေါဟာရ အဓိပယ်ကို ဖွင့်ဆိုခဲ့ပါတယ်။ ပညာတတ်တယ်ဆိုတာဟာ တဲ့၊ လူမူအဖွဲ့အစည်းထဲမှာ သတင်းအချက်အလက်တွေကို အသုံးပြုတတ်တဲ့ စွမ်းရည်ပိုင်ဆိုင်မူ၊ ပန်းတိုင်ကို ဖမ်းဆုတ်နိုင်မူ၊ ကိုယ်သိထားတဲ့ အသိပညာနဲ့ စွမ်းရည်ကို တိုးပွားအောင် လုပ်နို်င်တဲ့ စွမ်းပကားတွေ ပါဝင်နေပါတယ်တဲ့။

အဲသည်လေ့လာမူထဲမှာ အမေရိကန် ၂၆၀၀ ကျော်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းထားတာ ဖြစ်တယ် လို့သိရပါတယ်။ အဲသည် လူ ၂၆၀၀ ကျော်ဟာ အသက်၁၆နှစ် ကျော်တွေဖြစ်တယ်။ သူတို့တွေဟာ မတူညီတဲ့ ပုံစံမျိုးစုံက ဆင်းသက်လာတဲ့ အမေရိကန်တွေ ဖြစ်တယ်။ သုတေသနအားဖြင့် ၄နှစ်လောက် လုပ်ခဲ့ပြီး သူတို့ကို သုတေသနပညာရှင်တွေက စမ်းသပ်မူ ၃၀ကျော်လောက် လုပ်ခဲ့ပါတယ်။

စမ်းသပ်မူတွေဟာ နေ့စဉ်နဲ့အမျှ နေ့ဓ၀ူဝ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို အခြေခံထားပါတယ်။ ဥပမာ – နေ့စဉ် ရောက်လာတဲ့ (အင်္ဂလိပ်) သတင်းစာတွေကိုဖတ်ခြင်း၊ ဘဏ်တွင် ငွေသွင်းခြင်း၊ ထုတ်ခြင်း စသဖြင့်၊ စသဖြင့်။

အဲသည်စမ်းသပ်မူတစ်မျိုးမှာ မေးခွန်း ၃ ခုကို ထပ်ပြီး အခြေခံပါတယ်။ ဥပမာ – သူတို့ဖတ်လိုက်တဲ့ အကြောင်းအရာကို နားလည်တဲ့ အရည်အချင်းရှိသလား (သူတို့ ဘယ်လောက်နားလည်သလဲ)၊ သတင်းအချက်အလက်တွေကို ပြန်ရေးပြနိုင်သလား၊ သိပ်ကို လွယ်ကူတဲ့ သခ်ာၤ ပုုစာ ၦ ညဏ်စမ်းကို ဖြေနိုင်သလား။

သည်လို စမ်းသပ်စစ်ဆေးလိုက်တော့မှ အမေရိကန်လူမျိုး သန်း ၄၀ဟာ အနိမ့်ဆုံး ဖတ်တဲ့အဆင့်၊ ရေးတဲ့အဆင့်လောက်သာ ရှိတယ်ဆိုတဲ့ အဖြေထွက်လာပါတယ်။ သူတို့က သိပ်ကိုလွယ်ကူရှင်းလင်းတဲ့ မြေပုံထဲက လမ်း၂ လမ်းကိုတောင် မရှာနိုင်ကြပါဘူး။ သူတို့က ပစ္စည်းနှစ်ခုရဲ့ ဈေးနှူန်း ၂ခုဘယ်လောက်ကွာလဲ ဆိုတာတောင် မတွက်တတ်ကြပါဘူး။

အမေရိကန်ပြည်ထောင်စုမှာ တဲ့၊ အနိမ့်ဆုံး စာမဖတ်တတ်မရေးတတ်သူ ၂၅% ဟာ အမေရိကန်မှာ မွေးသူတွေ မဟုတ်ကြပါဘူးတဲ့။ နောက် ၂၅% ကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနေကြပါတယ်တဲ့။ နောက် ၅၀% က အထက်တန်းကျောင်းတောင် မပြီးကြသေးပါဘူးတဲ့။ သည်တော့ တော်တော်များများဟာ နိမ့်ကျတဲ့ ပညာအရည်အချင်းတွေ ရှိနေကြတယ်လို့ (ရလဒ်ကို ကြည့်ပြီး ကောက်ချက်ချပြထားပါတယ်။) (ဒါက ၁၉၉၄ မှတ်တမ်းပါ။) လို့ ဆိုပါတယ်။

စာမရေးတတ် မဖတ်တတ်တဲ့ လူအများစုဟာ ဆင်းရဲကြပါတယ်။ သူတို့တွေက အလုပ်လက်မဲ့တွေထက်တောင် ဆိုးပါတယ်။ အဲသည်လို ပြောရတာ အားနာတယ် ဆိုရင်တော့ အကယ်၍များ သူတို့က အလုပ်အကိုင်ရခဲ့ရင်လည်း လစာတော်တော်ကြီးကို နည်းကြပါတယ် လို့ပြောရပါလိမ့်မယ်။

လေ့လာမူတွေအရ ကျန်တဲ့ အမေရိကန် သန်း ၅၀ကျော်ဟာ (ခုနက စာမရေးတတ် မဖတ်တတ်ကြတဲ့ သန်း ၄၀နဲ့ ယှဉ်လိုက်ရင်) နည်းနည်းလေးလောက်ပဲ အရေးအဖတ်သာပါတယ်။ အဲသည်လူတွေက ဥပမာအားဖြင့် ကိန်း၂လုံးကို ပေါင်းဖို့ ဂဏာန်းတွက်စက်မသုံးတတ်ဖူး။ သတင်းစာထဲက အကြောင်းအရာတစ်ခုအကြောင်း မေးရင် မဖြေတတ်ကြဘူး။

လေ့လာရေးပညာရှင်တွေက ဆိုရာမှာ အမေရိကန်တော်တော်များများဟာ အထက်တန်းကျောင်းတွေနဲ့ ကောလိပ်တွေမှာ အရင်တုန်းကထက်တော့ ဘွဲ့တွေ ဒီဂရီတွေ ရလာကြပါတယ်တဲ့။ ဒါပေမယ့် လေ့လာမူတွေအရ အထက်တန်းပညာရေးစနစ်က လူတစ်ယောက်ကို စာကောင်းကောင်းဖတ်နိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ သင်ကြားခဲ့တာ မရှိပါဘူးတဲ့။ အထက်တန်းပညာရေး အောင်မြင်ခဲ့သူ တွေရဲ့တ၀က်ကျော်ကျော်ဟာ သချာင်္နဲ့စာဖတ်ခြင်း မှာ ဘောင်တွေ စည်းတွေ နဲ့ ချထားတဲ့ အရည်အချင်းတွေနဲ့ သာ ရှိနေကြပါတယ်တဲ့။ ကောလိပ်ကနေ ဘွဲ့ရလာတဲ့ သူတွေရဲ့ ၄% ဟာ အနိမ့်ဆုံးပညာရေး အဆင့်လောက်ပဲ ရှိနေတာ တွေ့ကြရပါတယ်။

ပညာမတတ် ကြတဲ့ အမေရိကန်တော်တော်များများက သူတို့မှာ စာရေးအဖတ်မှာ ပြဿနာရှိနေတာကို ၀န်မခံကြပါဘူး။ လေ့လာမူအရ အဲသည်လူတန်းစားတွေရဲ့ ၇၀%ဟာ သူတို့ကိုယ်သူတို့ အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်ရေးနိုင်တယ်၊ တော်တော်ကြီးကို ပြောနိုင်ရေးနိုင်တယ် လို့ပြောကြတာကို တွေ့ရတယ် လို့ ဆိုပါတယ်။ အဲဒါ ပြဿနာပဲ။ အဲ့ဒါ တကယ့်ကို ကြီးမားတဲ့ ပြဿနာပေါ့။ သူတို့တွေဟာ အသက်မငယ်တော့ဘူး၊ သူတို့ကိုယ်သူတို့လည်း တော်တယ် တတ်တယ်နဲ့ အဲသည်လို မဟုတ်တာတွေ လျောက်ပြောကြတာ တော်တော် ဆိုးတာပေါ့။ ဒီတော့ သူတို့အရည်အချင်းတွေ တိုးတက်လာအောင် ဘယ်လိုလုပ်မလဲ။

ပညာရေးဆိုင်ရာ အတွင်းရေးမှူး ရစ်ချက် ရလေး (Richard Riley) ကပြောရာမှာ အမေရိကန်လူများစုဟာ သူတို့ဘ၀ရပ်တည်ဖို့ အရည်အချင်းမရှိဘူး ဆိုတာကို သူတို့ကိုယ်တိုင်တောင် မသိကြပါဘူး လို့ ရလဒ်တွေကြည့်ပြီး ပြောပါတယ်။

၁၉၇၅ ခုနှစ်က အသက်မငယ်တော့တဲ့ လူကြီးတွေရဲ့ စာရေးတတ် ဖတ်တတ်တဲ့ သုတေသန ကို နောက်ဆုးံလုပ်ခဲ့တာပါ။ အဲသည်တုန်းက လူကြီး ၂၅ သန်းဟာ စာမရေးတတ် မဖတ်တတ်ပါ ဆိုတဲ့ ရလဒ် ထွက်ခဲ့ပါတယ်။ အခုအသစ်လေ့လာမူ (၁၉၉၄ခုနှစ်) က အရေအတွက်နဲ့ ယှဉ်လိုက်တော့ တော်တော်နည်းနေတာကို တွေ့ရတယ်။ (ရှေ့မှာ ၁၉၉၄ခုနှစ် စစ်တမ်းအရ လူကြီး သန်း ၉၀ စာမရေးတတ် မဖတ်တတ် ဖူးလို့ အဖြေထွက်ထားပါတယ်။)

သည်တော့ ကွာခြားမူ အရေအတွက်နဲ့ ပတ်သက်လို့ အကြောင်းပြချက်ကို စဉ်းစားလိုက်တော့ ခေတ်ရဲ့ ပြောင်းလဲမူတွေကြောင့်လို့ ဆိုတယ်။ ဟိုးအရင်က စာမတတ်တဲ့ လူတွေက စာပဲကောင်းကောင်း မရေးတတ်တာ။ (ဖတ်တော့ဖတ်နိုင်တယ်၊ အရည်အချင်းရှိတယ်) ယနေ့ (၁၉၉၄ ခုနှစ်) မှာကျတော့ လူတော်တော်များများက စကားလုံးတွေ ဖတ်နိုင်ကြတယ်။ ဒါပေမယ့် သူတို့ဖတ်လိုက်တာတွေနဲ့ ပတ်သက်လို့ အသုံးချဖို့ အရည်အချင်းမရှိဘူး။ အဲဒါကြောင့် ကွာဟမူက ကြီးမားသွားရတယ်။

အမေရိကန်ပြည်ထောင်စုက လူကြီးအများစုဟာ သူတို့မရေးနိုင် မဖတ်နိုင်ကြတာကို ကြိုးစားဖုံးကွယ်ပြီး ဘ၀မှာ နေထိုင် နေကြတယ်။ ဒါပေမယ့် လူမူဘ၀မှာ ဘယ်အရာမှ ဖုံးကွယ်လို့မရဘူးလေ။

ဥပမာ – လူတစ်ယောက်ဟာ အလုပ်လိုချင်တယ်၊ ဒါပေမယ့် အလုပ်ကြော်ငြာတွေ မဖတ်တတ်ဖူး။ အမျိုးသမီးတစ်ယောက်ဟာ ဆေးပုလင်းပေါ်မှာ ရေးထားတဲ့ စာတွေ မဖတ်တတ်တဲ့အတွက် နေမကောင်းဖြစ်နေတဲ့ ကလေးကို ဆေးအမှားတွေ ကျွေးမိတယ်။

ယနေ့စက်မူခေတ်မှာ အလုပ်တစ်ခု မြဲဖို့ စာဖတ်ခြင်းဟာ လိုအပ်ချက်ဖြစ်နေပါတယ်။ ဘာကြောင့်လဲ? သတင်းအချက်အလက်တွေ၊ ကိန်းဂဏန်းတွေနဲ့ ကွန်ပြူတာတွေဟာ အလုပ်ရှာဖွေရေး၊ တည်မြဲရေးမှာ အစဉ်ဆက်တိုက် တိုးတက်နေတယ်။ သည်လို အလုပ်တွေ က စာဖတ်အားကောင်းဖို့၊ ကောင်းကောင်း စဉ်းစားတွေးခေါ်တတ်ဖို့ နဲ့ဆက်သွယ်ရေးအတတ်ပညာတွေ တောင်းဆိုနေတယ်။

လူတွေကလည်း သူတို့သားသမီးတွေ အောင်မြင်ဖို့ သူတို့ကိုယ်တိုင် စာတတ်ဖို့လိုအပ်လာပြီ။ အမေရိကလို တိုင်းပြည်တွေမှာ ဒီမိုကရေစီကို ကောင်းစွာ အကောင်အထည်ဖော်နိုင်ဖို့ စွမ်းရည်ထက်မြက်တဲ့ နိုင်ငံသားတွေပေါ်မှာ မှီခိုနေရတယ်။ ပြီးတော့ အစိုးရနဲ့ လက်တွဲဖို့ စာကောင်းကောင်း တတ်ဖို့ လိုအပ်နေပြီ။

ပညာရှင်တွေက သုတေသနလုပ်ရာကနေ အဖြေတစ်ခု ရလာတာက အမေရိကန်ပြည်ထောင်စုဟာ စာတတ်မူနိမ့်ကျမူတွေကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းထောင်ချီပြီး ဆုံးရှူံးနေရတယ် လို့ဆိုပါတယ်။ ဒါဟာ ကုန်ထုတ်လုပ်မူ နိမ့်ကျလာတာပဲ။ စက်မူလုပ်ငန်းတွေမှာ မတော်တဆထိခိုက်မူတွေဟာလည်း စာမတတ်လို့ဖြစ်ရတာ။ ညဏ်ရည်နိမ့်ပါးလို့ ဖြစ်ရတာ။ အလုပ်လက်မဲ့တွေကို အစိုးရက ကူညီပေးဖို့ဟာ လိုအပ်သထက် လိုအပ်နေတယ်။

နှစ်စဉ် အမေရိကန်ပြည်ထောင်စုမှာ လူ၂သန်းဟာ သူတို့ရဲ့ စာဖတ်မူစွမ်းရည် မြင့်မားတိုးတက်ဖို့ အကူအညီတောင်းတာတွေ လက်ခံရရှိလာတယ်။ ဒေသဆိုင်ရာ၊ ရပ်ကွက်၊ မြို့နယ်ဆိုင်ရာ အစိုးရအဖွဲ့များဟာ နှစ်စဉ် ဒေါ်လာ သန်း ၁ ထောင်သုံးစွဲပြီး လူကြီးတွေ စာတတ်ဖို့ အစီအစဉ်တွေ ရေးဆွဲအကောင်အထည်ဖော်လာ ကြပါတယ်။ မြို့နယ်အသီးသီး၊ အနယ်နယ်အရပ်ရပ် တွေကို ဖြန့်ပြီး ငွေကြေးသုံးစွဲကာ စာတတ်ဖို့ အစီအစဉ်တွေ လုပ်လာတယ်။ ဆရာဆရာမတွေက သည်နေရာတွေမှာ စေတနာ့ဝန်ထမ်းတွေ ပေါ့။ သူတို့က လစာငွေမယူပဲ လုပ်ပေးကြပါတယ်။

အလုပ်ဌာန လုပ်ငန်းခွင်တွေမှာ သူတို့အလုပ်သမားတွေရဲ့ စာဖတ်မူစွမ်းရည် မြင့်တက်ဖို့ အစီအစဉ်တွေ ဆွဲကြပါတယ်။ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက လုပ်ငန်း လည်ပတ်ဖို့ ပါဝင်လာကြတယ်။ တချို့ကလည်း ကို်ယ်ပိုင် အဖွဲ့အစည်းတွေ ဖွဲ့လုပ်ကြတယ်။

အဖွဲ့အစည်းတစ်ခုက PLAN လို့အမည်ပေးထားတဲ့ အဖွဲ့တစ်ခု ဖြစ်တယ်။ အဲသည် PLANရဲ့ အရှည်က Push for Literacy Action (စာရေးစာဖတ် တတ်မြောက်ဖို့ အလျင်အမြန်တွန်းအားပေး ဆောင်ရွက်ရေး) လို့အဓိပယ်ဖွင့်ပါတယ်။ ဒါဟာ ၀ါရှင်တန်ဒီစီ၇ဲ့ ရှေးအကျဆုံး နှစ်သက်တမ်းအကြာဆုံးနဲ့ အအောင်မြင်ဆုံး ရပ်တည်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

တိုနီကရို (Tony Croll) ကအဲသည်အဖွဲ့ရဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။ ကရို ကပြောရာမှာ အဖွဲ့ဝင်တွေဟာ စာဖတ်စာရေးတတ်ဖို့ မည်သည့်အဆင့်ကိုမဆို လိုအပ်သလို ဆောင်ရွက်ပေးတယ်။ လူကြီးတွေ ရဲ့ ရည်မှန်းချက်တွေကိုလည်း ထည့်သွင်း စဉ်းစားပေးတယ်လို့ ဆိုပါတယ်။

ဥပမာအားဖြင့် PLAN က စာဖတ်တတ်ချင်လို့ သို့မဟုတ် သူတို့စာဖတ်တဲ့ အရည်အချင်းတွေ တိုးတက်ချင်တဲ့ လူကြီးပိုင်း တွေအတွက် သင်တန်းတွေဖွင့်ပေးထားပါတယ်။ သင်တန်းတွေမှာ တစ်ပတ်ကို ၂ကြိမ် တွေ့ဆုံခွင့်ပေးထားတယ်။

PLAN က စာရေးစာဖတ် ပရိုဂရမ်မှာ မိသားစုတွေ အတွက်လည်းပါတယ်။ စေတနာ့ဝန်ထမ်း ဆရာဆရာမတွေက အမျူိးသမီးတွေနဲ့သူတို့ သားသမီးတွေ တွေ့ဆုံပေးတဲ့ စင်တာ(နေရာဌာန) တွေဆီကို သွားရပါတယ်။ စေတနာ့ဝန်ထမ်းတွေဟာ သူတို့ကို စာဖတ်တတ်အောင် သင်ကြားပေးတယ်။ ဒီလိုနဲ့ သူတို့သားသမီးတွေရဲ့ ကျောင်းစာတွေကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဖွဲ့သားတချို့ကို အကျဉ်းထောင်တွေဆီကို လွှတ်ပြီး အကျဉ်းသားတွေကို စာဖတ်တတ်အောင် သင်ကြားပေးစေပါတယ်။ ၀ါရှင်တန်ဒီစီက အလုပ်ဌာနတွေဆီကို လည်းအဖွဲ့သားတွေက သွားပြီး အလုပ်သမားတွေကို စာရေးစာဖတ် အရည်အချင်းတွေ တိုးတက်လာအောင် ကူညီပေးကြပါတယ်။

PLAN မှာ အင်မတန်နိမ့်ကျတဲ့ စာရေးစာဖတ်အရည်အချင်းအဆင့် လောက်သာ ရှိတဲ့သူတွေ ကောင်းကောင်းနားလည်စေဖို့ လွယ်ကူချောမွေ့တဲ့ သင်ကြားမူ ပြသမူ ပစ္စည်းကရိယာတွေ ရှိပါတယ်။ ဥပမာ – အဖွဲ့သားတွေဟာ သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်တွေကို ပြန်လည်ကူးယူရေးသားခိုင်းတဲ့ စနစ်ကို ကျင့်သုံးပြီး အသိပညာပေးတဲ့ သင်တန်းတွေ လုပ်ထားပါတယ်။

လူတွေက PLAN ကသင်တန်းတွေကို တက်ချင်ကြပါတယ်။ ဥပမာ ဂျွန်ဆိုတဲ့သူက ဆိုပါတော့။ သူက အထက်တန်းကျောင်းမပီးဘူး။ သူကအထူးစာမေးပွဲတစ်ခုကို ဖြေဆိုပြီး အထက်တန်းအောင်လက်မှတ် ရချင်တယ်။ ဥပမာ ဖလော့ရင့် ဆိုတဲ့ အမျိုးသမီးတစ်ယောက်က ဆိုပါတော့။ သူက သူ့မြေးကလေးတွေကို ပုံပြင်ကလေးတွေ ဖတ်ပြချင်တယ်။

အမေရိကန်ပြည်ထောင်စုမှာ အဲသည်လို ဖြည့်ဆည်းပေးနေတဲ့ စာရေးစာဖတ် လူမူအဖွဲ့တွေ အများကြီးရှိပါတယ်။ ဒီလိုအစီအစဉ်တွေက စာနည်းနည်းပဲ ရေးတတ်ဖတ်တတ်တဲ့ လူကြီးတွေကို အကူအညီဖြစ်စေတယ် လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ ဒီအစီအစဉ်ထဲ ပါဝင်ချင်လို့ စောင့်နေတဲ့ သူတွေလည်း မနည်းပါဘူး။ ရာချီပါတယ်။

စာရေးစာဖတ်စွမ်းရည်ဆိုင်ရာ အမျိုးသားယာယီအဖွဲ့တွေဟာ မြို့ရွာတွေမှာ အများဆုံး ပါဝင်လာကြပါတယ်။ အထူးတယ်လီဖုန်းလိုင်းတွေ နဲ့လူကြီးပိုင်းတွေကို ဆက်သွယ်အကူအညီတွေ ပေးကာ စာဖတ်တဲ့အခါ နားမလည်တတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးခဲ့ကြတယ်။ ဘယ်သူဖြစ်ဖြစ် အဲသည်ဖုန်းနံပါတ်တွေကို ဆက်ပြီး စာဖတ်ရင်း နားမလည်တဲ့နေရာတွေ၊ အဓိပယ်ဘာမှန်းမသိတာတွေ ကြုံရရင် မေးမြန်းလို့ရတယ်။ ဆ၇ာဆရာမတွေက သင်ကြား ဖြေရှင်းပေးတယ်။ (ဆေးပုလင်းပေါ်မှာ ရေးထားတဲ့စာတွေ နားမလည်တဲ့အခါ၊ ကလေးကမေးတဲ့ သချာင်္ပုစ္ဆာဖြစ်ဖြစ်၊ အင်္ဂလိပ်စာဖြစ်ဖြစ် မဖြေတတ်တဲ့အခါ၊ အလုပ်ကြော်ငြာကစာတွေ နားမလည်တဲ့အခါ၊ စာဖတ်ရင်း ဘာမှန်းမသိတဲ့စာတွေ၊ စကားလုံးအသစ်တွေ မသုံးတတ်ရင်၊ စာတစ်ခုခု ရေးချင်တယ် မရေးတတ်တဲ့အခါ၊ စသဖြင့် စသဖြင့်။)

၁၉၈၉ ခုနှစ် မြို့ရွာဒေသ ဆိုင်ရာ ကိုယ်စားလှယ်တွေ၊ မြိ့တော်ဝန်တွေကနေ ပညာရေးအစည်းအဝေးတွေ ခေါ်ပြီး တွေ့ဆုံကြတယ်။ သူတို့က အရေးပါတဲ့ အစီအစဉ်တွေချမှတ်ပြီး သက္ကရာဇ် ၂၀၀၀ မှာ အမျိုးသားပညာရေးဆိုင်ရာ ရည်မှန်းချက် ၆ခုပါတဲ့ (အဲသည် ၆ခုက ဘာလဲဆိုတာ ပြောမထားပါဘူး။ ဒါပေမယ့် လူကြီးတွေ အင်္ဂလိပ်စာ ဖတ်တတ်ဖို့၊ ရေးတတ်ဖို့ ၊ နားလည်ဖို့ ၊ ပြန်လည် ဆွေးနွေးနိုင်ဖို့၊ ပြန်လည်ရေးပြနိုင်ဖို့၊ နဲ့ သချာင်္တတ်ဖို့ တွေ ဖြစ်နိုင်ပါတယ်။) ညီလာခံမှာ ပြန်တွေ့ဆုံကြဖို့ သဘောတူခဲ့ကြပါတယ်။ ပြောရရင်တော့ လူကြီးပိုင်းဆိုင်ရာ စာဖတ်စွမ်းရည်တိုးတက်ဖို့ ကိစ္စက တော်တော်လေး အဓိက ကျလာတယ်ပေါ့။

အခုဆိုရင် (၁၉၉၄ခုနှစ်ကို ဆိုလိုပါတယ်) ပညာရေးဆိုင်ရာ ဆရာဆရာမများ၊ အစိုးရ၀န်ထမ်းများနဲ့ လုပ်ငန်းဆိုင်ရာဦးဆောင်သူတွေ (ဘော့စ်တွေ၊ သူဌေးတွေ၊ ကုမဏီပိုင်ရှင်တွေပေါ့) က စာရေးစာဖတ်တတ်မြောက်ရေး ဟာအရေးပါကြောင်းနဲ့ သည့်ထက်မက အစီအစဉ်တွေ တိုးတက်ဖြစ်မြောက်ဖို့ အရေးကြီးတယ်၊ သည်အစီအစဉ်တွေကို တိုးချဲ့ရဖို့ လိုအပ်တယ်ဆိုတာ သဘောပေါက်လာ ကြပါတယ်။ သဘောလည်းတူလာ ကြပါတယ်။ ဟုတ်တယ်၊ သည်အစီအစဉ်တွေက တိုးတက်လာ ဖို့လိုအပ်တယ်။ အဲသည်အတွက် ပိုက်ဆံလိုတယ်လေ။ ၁၉၉၂ ခုနှစ် မှာ မြိ့ကြီးတွေက ကျောင်းတွေမှာ ဒေသဆိုင်ရာ စာရေးစာဖတ်အစီအစဉ်အတွက် အလှူငွေ ဒေါ်လာသန်း ၂၀၀ လက်ခံရရှိခဲ့ပါတယ်။ ဒီပရိုဂရမ်တွေကို လုပ်ပေးနေတဲ့သူတွေကတော့ သည်လောက်ငွေပမာဏ ဟာနည်းသေးတယ်၊ မလုံလောက်ဘူး လို့ဆိုကြပါတယ်။

ဟုတ်ပါတယ်။ ဒေသဆိုင်ရာ အစိုးရအနေနဲ့ စာရေးစာဖတ်အစီအစဉ် ပရိုဂရမ် တကယ်တိုးတက်ဖို့ဆိုရင် သေသေချာချာ ငွေကြေးထောက်ပံ့ရမယ် ဆိုတဲ့အချက်ကို လူတွေက သဘောတူကြပါတယ်။ သမ္မတ ဘီလ်ကလင်တန် က ဒေါ်လာ သန်း၂၇၀ သုံးစွဲစေခဲ့တယ်။ အဲသည်ပရိုဂရမ်ဟာ အထက်တန်းကျောင်း ပြီးသွားသူတွေအတွက် အလုပ်အကိုင်ရှာဖွေမူမှာ တကယ်ပဲ အထောက်အကူဖြစ်စေတဲ့ စွမ်းရည်တွေ ပေးခဲ့ပါတယ်။

(လူကြီးတွေ စာရေးစာဖတ်တတ်မြောက်လာရင် ဘယ်လိုအကျိုးတွေ ရလာနိုင်သလဲ ဆိုတာနဲ့ ပတ်သက်လို့ ရှေ့ကတင်ပြထားသလို အကျိုးကျေးဇူးတွေရလာသလို နောက်ဆက်တွဲ အကျိုးတွေလည်းရှိလာပါတယ်လို့ ယခုလတ်တလော (ဒါကတော့ ၂၀၁၇ ကာလတွေကို ဖော်ညွှန်းပါတယ်) အခြေအနေတွေကိုကြည့်ပြီးကောက်ချက်တွေ တွေ့လာရတယ်။)

လူကြီးတွေ စာဖတ်တတ် စာရေးတတ် သချာင်္တွက်တတ် (ဂဏန်းများကိုင်တွယ် တတ်လာခြင်း) နဲ့အတူ ယဉ်ကျေးမူ ဓလေ့ထုံးစံဆိုင်ရာ စာပေများကို လေ့လာလိုက်စား လာမူတွေကြောင့် လူတွေဟာ အကျင့်စာရိတ္တပိုင်းဆိုင်ရာမှာ တိုးတက်မူတွေ ဖြစ်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အမေရိကန်ယဉ်ကျေးမူ၊ သမိုင်းရာဇ၀င်၊ စာပေအနုပညာတွေကို ၁၉၅၀ခုနှစ် ကာလ သမိုင်းတွေ လောက်ကနေ လေ့လာလိုက်စားစေခြင်း ပေါ့လေ။ (မြန်မာပြည်အတွက်ဆိုရင်တော့ လူတွေဟာ မြန်မာ့ယဉ်ကျေးမူ ဓလေ့ထုံးစံ ဗုဒဘာသာအယူအဆများကို ဖတ်ရူခြင်း လေ့လာလိုက်စားခြင်းအားဖြင့် မကောင်းမူ ဒုစရိုက်တွေ နည်းပါးလာမယ် မကောင်းမူတွေ လုပ်ဖို့ ကြောက်လာမယ် ရှက်လာမယ်ပေါ့။ အမေရိက အတွက်တော့ အင်္ဂလိပ်စာ ဖတ်တတ် အင်္ဂလိပ်လိုရေးတတ်တာကနေ ဆင့်ပွား အကျိုးဖြစ်လာတာတွေကို ဆိုလိုထားတာပါ။)

အင်္ဂလိပ်စာပေတွေကို ဖတ်လာတဲ့အခါကျတော့တဲ့၊ သူတို့တွေက အချင်း ဆွေးနွေးလာကြသတဲ့။ ဥပမာ မာ့တွန်း ရဲ့ ကလေးပုံပြင်လို့ဆိုသောလည်း အင်မတန်ခက်ခဲတဲ့ အင်္ဂလိပ်စာတွေနဲ့ ရေးဖွဲ့ထားတဲ့ စာအုပ်ကြီးတွေကနေ အသိပညာတိုးလာပါတယ်။ သူ့အင်္ဂလိပ်စာကခက်တော့ စာလုံးတွေ သင်ယူရင်းနဲ့ နားလည်လာမယ်၊ ဖတ်တတ်လာမယ် လို့ဆိုတယ်။

ဒီလိုနဲ့ ပိုမိုအဆင်ပြေလာတဲ့ တော်လာတဲ့ မိဘတွေ၊ အဆွေခင်ပွန်းတွေ၊ မိသားစုဝင်တွေ တိုးပွား ဖြစ်မြောက်လာတယ်။ ကလေးတွေရဲ့အိမ်စာတွေကို ကူညီပေးရင်းနဲ့ စာအရေးအသား စာဖတ်အား တိုးလာတယ်။ နိုင်ငံရေးသဘောအရကြည့်မယ် ဆိုရင်လည်း ဒေသဆိုင်ရာ ကိစ္စတွေမှာ အကြံကောင်းညဏ်ကောင်းတွေရမယ် အဆင့်မြင့်တဲ့ အတွေးအခေါ်တွေ ထွက်လာမယ်။ သူတို့ဂရုစိုက်တဲ့ သူတို့ရဲ့ပတ်ဝန်းကျင်မှာလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ သြဇာသက်ရောက်မူတွေ ရှိလာမယ်။ သည်လိုနဲ့ အကြမ်းဖက်မူတွေ နည်းပါးခြင်း၊ ကာကွယ်နိုင်ခြင်း၊ ကျမ်းမာရေးတိုးတက်လာခြင်း၊ မဲပေးမူတွေမှာလည်း စည်းကမ်းတကျ တွေးခေါ်တတ်လာခြင်း၊ စီးပွားရေး တိုးတက်လာခြင်း၊ ပညာရေးမှာလည်း တိုးတက်လာခြင်း၊ ဆင်းရဲမွဲတေမူကိုပင် တဖြေးဖြေး လျော့ကျလာစေနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေဟာ လူမူဘ၀ထဲမှာ တဖြေးဖြေးစိမ့်ဝင်လာတာကို တွေ့ရပါတယ် တဲ့။

ဒါတွေဟာ ၁၉၇၅ ခုနှစ်ကနေ ယနေ့ခေတ် (၂၀၁၇ခှုနှစ်တိုင်) သုတေသနလုပ်ကာ ဂရုတစိုက်စောင့်ကြည့်လာခဲ့တာရဲ့ အဖြေတွေ ဖြစ်ပါတယ် လို့ဆိုထားပါတယ်။ (အဲ… ဒါပေမယ့် ဒါလောက်တော်လာတဲ့ အမေရိကန်ပြည်သားတွေက ပညာတတ် မစ်္စကလင်တန်ကို မရွေးပဲ မိုးပေါ်ကကျလာတဲ့ ဒေါနယ်ထရန့်ကို ရွေးလိုက်တာတော့ စဉ်းစားစရာပေါ့လေ။ ထားပါတော့ … အခု ဆောင်းပါးကို နိဂုံးချူပ်ပါတော့မယ်။)

ပညာရပ်ဆိုင်ရာ ဆရာဆရာမတွေ၊ အစိုးရ၀န်ထမ်းအရာရှိတွေ၊ လုပ်ငန်းပိုင်းဆိုင်ရာ ဦးဆောင်သူတွေကပြောရာမှာ အမေရိကမှာ အင်္ဂလိပ်စာ အရေးအဖတ် တိုးတက်တတ်မြောက်ဖို့ ဟာတကယ်ပဲအရေးကြီးတယ်၊ ဒါတွေ တိုးတက်လာဖို့လိုအပ်တဲ့ ကိစ္စဟာဖြင့် ကြီးမားတဲ့ အလုပ်ကြီးတစ်ခု ပါပဲလို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း တကယ်ပြီးမြောက် အောင်မြင်ဖို့ကတော့ တကယ်လုပ်ချင်ကြမှ ပဲဖြစ်လိမ့်မယ်လို့ ဆိုကြပါတယ်။ လူတွေဟာ သူ့ဘာသာသူ အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေ၊ သတင်းစာတွေ ဖတ်ချင်လာတာ၊ အင်္ဂလိပ်စာကို နားလည်ချင်လာတာ၊ ကိုယ်ပိုင် အလုပ်အကိုင်ရှာဖွေရင်းနဲ့ ကိုယ့်ပြဿနာ၊ အားနည်းချက်တွေ ကို သိလာတာ၊ ကိုယ့်သားသမီးတွေကို စာသင်ပြပေးချင်လာတာတွေဟာ လုပ်ယူဖန်တီးတာမဟုတ်ပဲ ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ်ဖြစ်လာတာ ဖြစ်မှသာလျင် လူကြီးတွေ စာဖတ်တတ် ရေးတတ်ဖို့ အရိုဂရမ်ဟာဖြင့် တကယ်ပဲ ပေါ်ထွန်းလာကာ တကယ်ပဲ အောင်မြင်တဲ့ လမ်းကြောင်းပေါ်ရောက်လာမှာ ဖြစ်ကြောင်းနဲ့ သည်ပရိုဂရမ်ဖြစ်ပေါ်လာခဲ့ တာတောင်မှ နောင်အနှစ် ၃၀ ကျော်လောက် ရင်းနှီးမှပဲ အောင်မြင်တဲ့ လမ်းကြောင်းရေးတေးတေးလေး ပေါ်လာရုံကလေးသာ ရှိပါကြောင်း တင်ပြရင်း ဆောင်းပါးကို နိဂုံးချူပ်လိုက်ပါတယ်။

ဂျူနီယာဝင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဂျုနီယာဝင်း, အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်