အလင်းလက် – မုသားကိုယ်ရံတော်နှင့် ကာကွယ်ခြင်း (မိုးမခ) ဇွန် ၁၂၊ ၂၀၁၈

June 12, 2018

– မုသားကိုယ်ရံတော်နှင့် ကာကွယ်ခြင်း
(မိုးမခ) ဇွန် ၁၂၊ ၂၀၁၈

(၁)

စစ်ကာလ အမှန်တရားဟာအလွန်အဖိုးတန်ပါတယ်။ ဒါ့ကြောင့် အဲဒီအမှန်တရားကို မုသားကိုယ်ရံတော်နဲ့ ကာကွယ် ရမယ်လို့ ဒုတိယကမ္ဘာစစ်အတွင်းက လျို့ဝှက်စစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်ဝန်စတန်ချာချီက ပြောကြားခဲ့ပါတယ်။

(၂)

၁၉၃၉ ခုနှစ်၊ စက်တင်ဘာ ၃ ရက်၊ ဂျာမနီကို ဗြိတိန်ကစစ်ကြေညာခဲ့ပြီးတဲ့နောက်ပိုင်း သူလျှိုတွေရဲ့စွမ်းဆောင်မှု ကြောင့် ဂျာမန်တပ်မတော်ရဲ့ရေတပ်သုံး အဆင့်မြင့်နည်းပညာသုံးပြီးတီထွင်ထားတဲ့ လျှို့ဝှက်ဆက်သွယ်ရေးစက်ဖြစ်တဲ့ အင်နစ်ဂမာကို ဗြိတိသျှတွေရရှိခဲ့ပါတယ်။

ဂျာမန်တွေက နေ့တိုင်းလျှို့ဝှက်နံပါတ်ကုတ်တွေ ပြောင်းသုံးစွဲနေတဲ့အတွက် ဗြိတိသျှတို့အဖို့ စက်ရှိပြီး သုံးမရ ဖြစ်နေခဲ့ပါတယ်။ ဒါ့ကြောင့် နိုင်ငံထဲမှာရှိတဲ့ ၀ှက်စာဖော်နိုင်သူ၊ ကျွမ်းကျင်သူ သင်္ချာပညာရှင်တွေကို ခေါ်ယူပြီး ကြိုးပမ်း ခဲ့ပါတယ်။

၁၉၄၁ ခုနှစ်အတွင်းမှာတော့ အဲဒိဝှက်စာကိုဖော်နိုင်တဲ့ စက်တစ်လုံးကို ဘလက်ခ်ျလေပန်းခြံမှာ `ရုံးစိုက်ထား တဲ့ ၀ှက်စာဌာနခွဲက အခက်အခဲတွေကြားက တီထွင်နိုင်ခဲ့ပါတယ်။

ဗြိတိန်စစ်ဘက်ဆိုင်ရာလူကြီးတွေက ဒီဝှက်စာကိုသူတို့ဖော်နိုင်ပြီဆိုတာကို တာဝန်ရှိသူတွေကလွဲပြီး အခြား ဘယ်သူ့ကိုမှ အသိမပေးခဲ့ကြပါဘူး။

အတ္တလန်တိတ်သမုဒ္ဒရာထဲမှာ ဂျာမန်တွေ ဘယ်မဟာမိတ်သင်္ဘောတွေ၊ ကုန်တင်သင်္ဘောတွေကို ကြားဖြတ် တိုက်မယ်ဆိုတဲ့ ဟစ်တလာရဲ့အမိန့်ကို ကြိုသိနေခဲ့ပေမယ့် အလွန့်အလွန် အရေးကြီးတဲ့သတင်းအချက်အလက်အချို့ ကိုပဲ ကြိုအသိပေးခဲ့ပါတယ်။

သိသိကြီးနဲ့ မျက်စိစုံမှိတ်ပြီး မဟာမိတ်သင်္ဘောတွေနဲ့ လူတွေကိုစတေးခဲ့ပါတယ်။ အလွန့်ကိုစွန့်စားမှုများတဲ့ အလုပ်တစ်ခုပါပဲ။

အဲဒီလိုဘာကြောင့် လုပ်ရတာလဲဆိုတော့ ၀ှက်စာကိုဖော်တတ်နေပြီဆိုတာ ဂျာမန်တွေသိရင် ဆက်သွယ်ရေး လမ်းကြောင်းကိုပြောင်းပစ်မှာက တစ်ကြောင်း၊ ၀ှက်စာသစ် ဖော်ရမယ့်ကာလရှည်တစ်ခု နောက်ထပ်မပေးနိုင်တာက တမျိုးပါ။ ဒီထက်လိုအပ်တာက အသက်တွေကိုရင်းခဲ့ရတဲ့နောက် အရေးကြီးသတင်းရယူမှုတွေကို မပျောက်စေချင်လို့ပါ။

ဒါ့ကြောင့် ဂျာမန်တွေရဲ့နည်းပညာကိုသုံးပြီး သူတို့ရဲ့ယုံကြည်မှုရအောင် စိတ်ရှည်ရှည်ထားပြီး အဖြစ်အပျက် အားလုံးကိုသိခဲ့ပေမယ့် မသိချင်ဟန်ဆောင်နေခဲ့တာပါ။

ရန်သူ့လက်နက်ကို အသုံးပြုပြီးပြန်တိုက်ခဲ့တာပါ။ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးမှုနဲ့ ယုံကြည်မှုလွန်ကဲသွားတဲ့ ဂျာမန်တွေဟာ ကိုယ့်အတတ်နဲ့ကိုယ် ပြန်စူးခဲ့ရပါတယ်။

(၃)

ခရစ်စတိုဖာလို့ အမည်ပေးခဲ့တဲ့ ဒီစကားဝှက်ဖော်စက်ကို တီထွင်ခဲ့သူက အယ်လ်န်တျူရင်(၁၉၁၂၊ ဇွန် ၂၃- ၁၉၅၄၊ ဇွန် ၇) ပဲဖြစ်ပါတယ်။

အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုကြောင့် ကျောင်းသားဘ၀ကတည်းက ၀ှက်စာဖော်ခြင်း ကို စိတ်ဝင်စားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ဖြစ်လာတဲ့အချိန်မှာ သင်္ချာပညာရှင်တစ်ယောက်ဖြစ်တဲ့ သူဟာ တက္ကသိုလ်တွေမှာ သုတေသန လုပ်ရင်း အစိုးရ၀ှက်စာဌာနခွဲနဲ့ သင်တန်းကျောင်းမှာ အချိန်ပိုင်းအလုပ်ကိုဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

အင်္ဂလန်စစ်ထဲကိုဝင်ခဲ့ပြီးတဲ့နောက်ပိုင်း တပ်ရင်းမှူး ဒင်းနစ်တန် ဦးစီးတဲ့ လျှို့ဝှက်စာ ဌာနခွဲမှာ အချိန်ပြည့်လုပ်ခဲ့ ပြီး အင်နစ်ဂမာစက်ရဲ့ သင်္ကေတတွေဖော်နိုင်ဖို့ မလွယ်ကူကြောင်းကို သူသိသွားခဲ့ပါတယ်။

ဒါ့ကြောင့် အဖော်အပေါင်းတွေနဲ့လက်တွဲ မလုပ်တတ်တဲ့ တျူရင်က တစ်ယောက်တည်းပဲ အင်နစ်ဂမာရဲ့အဖြေ ဖော်နိုင်မယ့် စက်ရဲ့ဒီဇိုင်းကိုရေးဆွဲနေခဲ့ပါတယ်။

စက်တည်ဆောက်ဖို့ လိုငွေကိုတောင်းတဲ့အခါ ဦးစီးမှူးကငြင်းပယ်ခဲ့တဲ့အတွက် ၀န်ကြီးချုပ်ချာချီဆီကို တျူရင်က စာတစ်စောင်ရေးပြီး ကိုယ်တိုင်သွားပို့ခဲ့ပါတယ်။ ဒီအထဲမှာ သူ့ကို Hut 8 အဖွဲ့ခေါင်းဆောင်အဖြစ်ခန့်ဖို့နဲ့ လိုအပ်တဲ့ငွေ ထောက်ပံ့ဖို့ အကြောင်းပါဝင်ခဲ့ပါတယ်။

အထက်က ခွင့်ပြုချက်ရတဲ့အခါမှာတော့ အလုပ်လုပ်ရာမှာ အချိုးမပြေတဲ့ အဖွဲ့သားနှစ်ယောက်ကို ထုတ်ပယ်ခဲ့ ပါတယ်။ သူတို့နေရာမှာ အစားထိုးနိုင်ဖို့နေ့စဉ်ထုတ် သတင်းစာထဲမှာ အခက်ဆုံးစကားလုံး၊ ပဟေဠိကို ဖော်ပြခဲ့ပြီး ဖြေနိုင် တဲ့သူကို ကိုယ်တိုင်စာမေးပွဲစစ်ပြီး ရွေးချယ်ခဲ့ပါတယ်။

ခရစ်စတိုဖာကို တည်ဆောက်လို့ပြီးသွားပေမယ့် နေ့တိုင်းဝှက်စာပြောင်းလဲနေတဲ့ အင်နစ်ဂမာကြောင့် သူတို့ အခက်တွေ့နေခဲ့ပါတယ်။

အချိန်ပိုမပေးနိုင်တဲ့ ဒင်းနစ်က စက်ကိုဖျက်ဆီးပြီး တျူရင်ကို အလုပ်ထုတ်ဖို့ ဖိအားပေးခဲ့ပါတယ်။ တျူရင်ထွက်ရင် အဖွဲ့သားအားလုံးပါ အလုပ်ထွက်မယ်ဆိုတာကြောင့် ဒင်းနစ် လက်လျှော့ခဲ့ရပါတယ်။

ဒီနောက်မှာတော့ တျူရင်က သူသိပြီးဖြစ်နေတဲ့ သေချာတဲ့စကားတွေ၊ ၀ှက်စာတွေနဲ့ စက်ရဲ့ ပရိုဂရမ်ကိုပြန်ရေးပြီး ပြန်ဆင်ခဲ့ပါတယ်။ သေချာပြီဖြစ်လို့ စက်ပြန်လည်နိုင်တဲ့အချိန် ၁၉၄၁ ခုနှစ်လယ်ပိုင်းမှာ မြန်မြန်ဆန်ဆန်ပဲ စကားဝှက်တွေ ရဲ့အဖြေကို ရှာနိုင်ခဲ့ပါတယ်။ ဒီစက်ကို တျူရင်ရဲ့စက်လို့ နည်းပညာလောကမှာ လူသိများခဲ့ပါတယ်။

စစ်ကြီးပြီးသွားတဲ့အခါမှာ TURING MACHINE အင်္ဂလိပ်ဝှက်စာဖော်သူတွေဟာ သူတို့ရဲ့ အင်နစ်ဂမာစစ်ကို ဖောက်ဝင်နိုင်ခဲ့တဲ့အတွက် သူတို့ရဲ့သတင်းတွေပေါက်ကြားခဲ့ရတာလည်း စစ်ရှုံးရတဲ့အကြောင်းတွေထဲပါတယ်လို့ ဂျာမန် တာဝန်ရှိသူတွေက ၀န်ခံခဲ့ပါတယ်။

(၄)

စစ်ကြီးပြီးသွားခဲ့တဲ့နောက် သူက အမျိုးသားရူပဗေဒဓာတ်ခွဲခန်းမှာ လုပ်ကိုင်ခဲ့ပြီး ACE လို့ခေါ်တဲ့ ခေတ်ရှေ့ပြေး ကွန်ပျူတာတစ်မျိုးကို ဒီဇိုင်းဆွဲပေးခဲ့ပါတယ်။ နောက်ပိုင်း မန်ချက်စတာမြို့၊ ဗစ်တိုးရီးယားတက္ကသိုလ်မှာ ကွန်ပျူတာဖွံ့ဖြိုး ရေးကို ဆက်လုပ်ဆောင်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေက ကွန်ပျူတာသိပံအတွက် အလွန်အရေးပါခဲ့ပါတယ်။

၁၉၅၂ ခုနှစ်မှာတော့ တျူရင်က လိင်တူနှစ်သက်သူတစ်ယောက်ဆိုတာ သိသွားခဲ့တာကြောင့် ရာဇ၀တ်မှုနဲ့ အရေး ယူမှုကို ခံခဲ့ရပါတယ်။ ထောင်ထဲကို သွားမလား၊ ဆေးကုသမှုကို ခံယူမလားဆိုပြီး ရွေးချယ်ခွင့်ပေးခဲ့ရာမှာ ဒုတိယနည်းကို ရွေးချယ်ခဲ့ပါတယ်။

အဲဒိနောက်ပိုင်းမှာတော့ တစ်ကိုယ်တည်းနေတတ်သူ၊ သူ့ရဲ့စိတ်ကျန်းမာရေးအခြေအနေယိုယွင်းလာခဲ့ရာ ဆိုင်ယာနိုက်အဆိပ်သောက်ပြီး ကိုယ်ကိုယ်ကိုယ် သတ်သေခဲ့ပါတယ်။ သေဆုံးတာ ရက်အနည်ငယ်ကြာခဲ့ပြီးမှာ သူ့ရဲ့ အလောင်းကို တွေ့ခဲ့ပါတယ်။

(၅)

ကွယ်လွန်သူ တျူရင်ကို လိင်တူနှစ်သက်သူအဖြစ်အရေးယူခြင်းနဲ့ပတ်သက်ပြီး အင်္ဂလန်ဘုရင်မကြီးက ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ ၂၀၀၉ သြဂုတ်လအတွင်းကလည်း အင်္ဂလန်ဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းက သူ့ကိုအရေးယူခဲ့ခြင်းအပေါ် အစိုးရအဖွဲ့ကိုယ်စား တောင်းပန်ခဲ့ပါတယ်။

တူရင်ရဲ့ တီထွင်မှုကြောင့် နှစ်နှစ်စောပြီး ဒုတိယကမ္ဘာစစ်ကြီး ပြီးခဲ့ပြီး လူ ၁၄ သန်းကို ရှင်သန်နိုင်စေခဲ့ ပါတယ်။ ဒါ့အပြင် ကွန်ပျူတာသင်္ချာ ယန္တရား ပညာမှာလည်း မှန်ကန်တဲ့အခြေခံစနစ်ကို ပညာရှင်တွေအမွေရခဲ့ပါတယ်။

(၆)

လူသားတွေရဲ့အသက်ကယ်နိုင်ဖို့ လိုအပ်ချက်အရ အမှန်တရားကိုင်စွဲထားတဲ့ မုသားကိုယ်ရံတော်တစ်ယောက် ဖြစ်ခဲ့ရပေမယ့် ပညာရှင်တစ်ယောက်ဖြစ်တဲ့သူ့ကို မည်သူတစ်ဦးတစ်ယောက်ကမျှ ကြာရှည်ပစ်တင်လို့မရဘူးဆိုတာနဲ့ စိတ်ရှည်သည်းခံခြင်းသာ နောက်ဆုံးအောင်မြင်နိုင်တဲ့ မဟာဗျူဟာတစ်ရပ်ဖြစ်တယ်ဆိုတာ ဒီအဖြစ်အပျက်ကနေ ရလိုက် တဲ့သင်ခန်းစာတစ်ခုပါပဲ။ ။

စာကိုး

၁။ Imitation Game

၂။ မှတ်စုကြမ်း Facebook


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လောကဓာတ်ခန်း

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်