ဆန်ဖရန်စစ္စကိုမြို့ရဲ့ ပထမဦးဆုံး အာဖရိကန် အမေရိကန်အမျိုးသမီးမြို့တော်ဝန် မဲနှာတဖျားနဲ့ နိုင်

June 14, 2018

 

ဆန်ဖရန်စစ္စကိုမြို့ရဲ့ ပထမဦးဆုံး အာဖရိကန် အမေရိကန်အမျိုးသမီးမြို့တော်ဝန် မဲနှာတဖျားနဲ့ နိုင်

၊ မိုးမခ၊ ဇွန် ၁၃၊ ၂၀၁၈ဆန်ဖရန်စစ္စကိုမြို့ရဲ့ ပထမဦးဆုံး အာဖရိကန် အမေရိကန်အမျိုးသမီးမြို့တော်ဝန် လန်ဒန်ဘရိ( London Breed) ပါ။ မဲရေတွက်မှုအပြီးမှာ သူမက ပြိုင်ဖက်ဖြစ်တဲ့ မတ်ခ်လီနိုကို အနိုင်ရသွားပါတယ်။

သူမဟာ ငယ်စဉ်က ဆန်ဖရန်စစ္စကို မြို့တော်ခန်းမနဲ့ မနီးမဝေးက ဝင်ငွေနည်းသူတွေကိုပေးတဲ့အစိုးရအိမ်ရာစီမံကိန်း ( Government low income housing project) မှာ အဖွားဖြစ်သူနဲ့အတူနေရင်းကြီးပြင်းခဲ့ရသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ညီမဖြစ်သူက မူးယစ်ဆေးအသုံးလွန်ပြီးဆုံးခဲ့ရသလို၊ မောင်ဖြစ်သူကလည်း ပြစ်မှုတစ်ခုကြောင့်အကျဉ်းထောင်ထဲမှာပါ။ သူမကတော့ အဖွားဖြစ်သူရဲ့စကားကိုနားထောင်ပြီး ပညာကိုပဲ ကြိုးစားခဲ့သူမို့ ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ဒေးဗစ် ( UC Davis) ကနေ နိုင်ငံရေးသိပ္ပံနဲ့ဘွဲ့ရခဲ့တယ်။ သမီးငယ်လေးနှစ်ယောက်ရှိတဲ့သူမဟာ လေးဆယ့်သုံးနှစ်ပဲ ရှိပါသေးတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ ဆန်ဖရန်စစ္စကိုမြို့ရဲ့ ပထမဆုံး အာရှနွယ်ဖွား တရုတ်သွေးဖြစ်သူ မြို့တော်ဝန် အက်ဒ်လီး (Mayor Ed Lee) နှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားတဲ့အတွက် ခေတ္တမြို့တော်ဝန်ဖြစ်ခဲ့သေးတယ်။ ရပ်ကွက်လူကြီးခေါင်းဆောင်(President of board of Supervisors ) အလုပ်နဲ့ နှစ်ခုဖြစ်နေလို့ အာဏာတွေများနေတယ်ဆိုတဲ့ စွတ်စွဲမှုနဲ့ ခေတ္တမြို့တော်ဝန်ရာထူးက ဖယိရှားခံရတယ်။ ခုတော့ ရွေးကောက်ပွဲမှာ တရားဝင်နိုင်တဲ့အတွက် မြို့တော်ဝန်ဖြစ်သွားပြီ။

သူမဟာ အမေရိကားရဲ့မြို့ကြီးဆယ့်ငါးမြို့ရဲ့မြို့တော်ဝန်တွေထဲက ထူးခြားစွာပဲ တစ်ဦးထဲသော အမျိုးသမီး။ ပြီးတော့ လူမဲဖြစ်နေပါသေးတယ်။ ကျန်မြို့တော်ဝန်အားလုံးက လူုဖြူတွေချည်းပါပဲ။ သူမကို အဓိကထောက်ခံကြတဲ့ ဆန်ဖရန်မြို့သားတွေကလည်း လူဖြူအများစုပါပဲ။ သူမနောက်မှာ မြို့တော်င်္ဖွ့ဖြိုးရေးလုပ်သူ၊ ရင်းနှီးမြှုတ်နှံသူ (city developers, investors ) တွေရပ်တည်နေကြတယ်။ ဆန်ဖရန်မှာ လိုအပ်နေတဲ့ အိမ်ရာအသစ်တွေ၊ အထူးသဖြင့် မြို့လည်မှာ မိုးမျှော်ကွန်ဒိုတွေ တည်ဆောက်ပါလိမ့်မယ်။ မြို့လည်မှာ ကြီးစိုးနေကြတဲ့ အိမ်ရာမဲ့တွေ၊ ညစ်ပတ်နေတဲ့လမ်းတွေကို ရှင်းထုတ်ဖို့လည်း သူမမှာ တာဝန်ရှိနေလေရဲ့။ အိမ်ရာစီမံကိန်းအသစ်တွေကြောင့် မြို့တော်ကြီးဖြစ်သွားပြီး နယူးယော့ခ်မြို့လည်လို သန်းကြွယ်သူဌေးသာနေနိုင်မဲ့အဖြစ်မျိုး ဆန်ဖရန်မြို့လည်ကောင်မှာ ဖြစ်လာမှာ မလိုလားသူလည်းရှိတယ်။ ဝင်ငွေနည်းတွေအတွက် အိမ်ရာတွေဖေါ်ဆောင်ပေမဲ့ ဆင်ပါးစပ်နှမ်းပက်သလိုပါပဲ။ မလောက်ငှ။

ဆန်ဖရန်ရဲ့လူဦးရေမှာ လူမဲက ငါးရာခိုင်နှုန်းပဲရှိပါတယ်။ အများစုက ဆင်းရဲကြတယ်၊ ထောင်ကြနေသူလည်းမနည်း။ ဒီထဲက ထူးချွန်စွာ မြို့တော်ဝန်ဖြစ်လာတဲ့လူမဲအမျိုးသမီးပေါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ, နိုင်ငံတကာရေးရာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်