Nay Thwin – Gang of Six and Amending 2008 Constitution

September 28, 2013

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် (၆) ဦးဂိုဏ်းကိစ္စ
နေသွင် ၊ စက်တင်ဘာ ၂၈၊ ၂၀၁၃ (ပြန်လည်ကူးယူဖော်ပြချက်)

True News အတွဲ၅၊ အမှတ်၂၂ တွင်ဖော်ပြပါရှိသည့် ဆောင်းပါး….

အင်စတီကျူးရှင်း

အင်စတီကျူးရှင်းတွေ ကောင်း ရင် နိုင်ငံတော် တည်ဆောက်ရေး အောင်မြင်မယ်၊ အင်စတီကျူးရှင်း တွေဆိုးရင် နိုင်ငံတော် တည်ဆောက် ရေး ကျဆုံးမယ်။ မော်ဒန် အင်စတီ ကျူးရှင်းတွေရဲ့ အကောင်းအဆိုး လားရာကို ဆုံးဖြတ်နိုင်တဲ့ ပင်ကိုယ် လက်္ခဏာ ၄ မျိုးပဲ ရှိပါတယ်။

(၁) Adaptability & Rigidity
(၂) Comple_ity & Simplicity
(၃) Autonomy & Subordination
(၄) Coherence & Disunity

Adaptability (ပြုပြင်လွယ်သော)၊ Comple_ity (ခေတ်မီသော)၊ Autonomy (လွတ်လပ်စွာ စီမံခွင့်ရှိ သော၊ Coherence ( တာဝန်ခွဲဝေမှု တိကျ၊ ရှေ့နောက်ညီညွတ်သော) အင်စတီကျူးရှင်းတွေက ဆက်လက် ဖွံ့ဖြိုးပြီး တိုးတက်သွားနိုင်ပါတယ်။

ဆန့်ကျင်ဘက်ဖြစ်တဲ့ Rigidity ( တင်းတင်းကျပ်ကျပ် )၊ Simplicity (လှေနံဓားထစ်)၊ Subordination (တစ်လက်ကိုင်)၊ Disunity (ဖရိုဖရဲ အိုးနင်းခွက်နင်း)-အင်စတီကျူးရှင်း တွေက တစ်နေရာမှာ ရပ်တန့်အိုမြေ့ ပြိုကျသွားဖို့ အကြောင်းဖြစ်ပါတယ် လို့ ပညာရှင် ဆင်မြူရယ် ဟန်တင် တန်က ဆိုထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟာ ဒုတိယအမျိုးအစားဖြစ်ပါတယ်။ ဖွဲ့စည်းပုံမှာ မလိုလားအပ်တဲ့အသေး စိတ်တွေနဲ့ တင်းကျပ်ထားလွန်းနေပါ တယ်။

၆ ဦးဂိုဏ်းကိစ္စ

၂၀၀၈ ဖွဲ့စည်းပုံအရ လက်တွေ့ တိုင်းပြည်ကို အုပ်ချုပ်နေတာသမ်္မတ တစ်ဦးတည်းမဟုတ်၊ လွှတ်တော် လည်းမဟုတ်၊ အဖွဲ့ဝင် ၁၁ ယောက် ပါတဲ့ ကာလုံ (ကာကွယ်ရေးနဲ့လုံခြုံ ရေးကောင်စီ) ဖြစ်ပါတယ်။

အဲဒီထဲမှာ အဓိက ဇာတ်လိုက်တွေက ….

(၁) သမ္မတ၊ (၂) လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်နဲ့ (၃) ကာချုပ်ဖြစ် တယ်။

ကျန်တာတွေက လက်အောက်ခံ တွေပါပဲ။ ကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီဝင် ၁၁ ယောက် ထဲက၀န်ကြီး သုံးပါးနဲ့ ဒုကာချုပ်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ တိုက်ရိုက် အုပ်ချုပ်မှူ အောက်မှာ ရှိနေသလို ဒုသမ္မတ တစ်ယောက်ကလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားသူ ဖြစ်ပါတယ်။

(ပုံကို ကြည့်ပါ)

ဒါကြောင့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် ၁၁ ယောက်ထဲမှာ ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်တဲ့ ၆ ဦး ဂိုဏ်းဟာ သြဇာအကြီးဆုံးဖြစ် နေပါတယ်။

ဖွဲ့စည်းပုံအရ တပ်ရေးတပ်ရာ ကိစ္စ အလုံးစုံဟာ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ပိုင်ခွင့် ရှိနေတာအပြင် အရေးကြီးတဲ့ ဆုံး ဖြတ်ချက်တိုင်း ၆ ဦးဂိုဏ်းကိုကျော်လို့ မရတဲ့သဘောမျိုးဖြစ်နေပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စမှာလည်း ကာကွယ်ရေးဦးစီးချုပ် တစ်ယောက် တည်းရဲ့ လက်ထဲမှာ ဗီတိုအာဏာကို ပေးထားပြန်ပါတယ်။

Structural Violence

ဆိုလိုတာကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဥပဒေ အကာအကွယ် စတဲ့ နယ်ပယ် တွေမှာ အရင်းအမြစ်တွေ (Resource) ခွဲဝေမှုမှာ တစ်ဖက် စောင်းနင်းဖြစ်နေ တယ်။ လူတချို့မှာ နိုင်ငံရေးနဲ့ စီးပွားရေး၊ လူမှုရေး လုပ်ပိုင်ခွင့်တွေ အလွန်အကျွံ ဖြစ်နေတဲ့ အချိန်မှာ တချို့ကတော့ အခြေခံ အခွင့်အရေး တောင်မရ၊ အခြေခံ စားဝတ်နေရေး လိုအပ်ချက်တောင် မဖြည့်ဆည်းနိုင်တဲ့ အခြေအနေမျိုးကိုဆိုလိုပါတယ်။

Structural Violence ရဲ့ အကျိုးသက် ရောက်မှုတွေက နိုင်ငံရေးမှာလည်း ရှိနိုင်တယ်၊ လူမှုရေးမှာတော့ လူမှု ရေး တရားမျှတမှု ကင်းမဲ့ခြင်းဆိုတာ ကို Social Injustice လို့လည်းသုံးနှုန်း ပါတယ်။

Structural Violence ရဲ့အကျိုး သက်ရောက်မှုနယ်ပယ်က သေးငယ်တဲ့ လူ့အဖွဲ့အစည်း တစ်ခုကနေ နိုင်ငံတွေအထိ ပုံစံအမျိုးမျိုးနဲ့ကျယ်ကျယ် ပြန့်ပြန့် ရှိနေပါတယ်။

ဥပမာ HIV/AIDS ဝေဒနာ ခံစားတာရချင်း အတူတူ၊ ချမ်းသာတဲ့ နိုင်ငံက လူ တွေက လူ့သက်တမ်းပြည့် နေနိုင်အောင် ဆေးတွေကို လက်လှမ်းမီနေ တဲ့အချိန်မှာ ဆင်းရဲတဲ့ နိုင်ငံတွေက တစ်ဖြုတ်ဖြုတ် သေနေရတဲ့ကိစ္စမှာ Structural Violence ရှိနေပါတယ်။

ဒီလိုပဲ နိုင်ငံတစ်ခုတည်းမှာ နေထိုင်တာချင်းအတူတူ လူတချို့က ဆင်းရဲတဲ့အတွက် ကာကွယ်နိုင်တဲ့ ရောဂါ သို့မဟုတ် ကုသပျောက်ကင်း နိုင်တဲ့ ရောဂါနဲ့ သေဆုံးနေရတဲ့ကိစ်္စ မှာ Structural Violence ရှိနေပါ တယ်။

အတိုချုပ်ကတော့ ရှောင်လွှဲလိုရနိုင်တဲ့ ပြဿနာဖြစ်ပါရက်နဲ့တစ်စုံ တစ်ယောက်၊ လူအုပ်စုတစ်ခုက တစ်နည်းတစ်ဖုံနဲ့ နစ်နာနေမယ်၊ နစ်နာအောင် အင်စတီကျူးရှင်းအရ၊ ဥပဒေအရ၊ အာဏာ၊ ငွေကြေး၊ လူမျိုး၊ ကျားမ၊ အသက် စတဲ့ အချက်တွေပေါ် အခြေခံပြီး ကန့် သတ်ထားရင် Structural Violence ဖြစ်နေတယ်လို့ သတ်မှတ်ပါတယ်။

ပဋိပက္ခတိုင်းရဲ့ ရေခံမြေခံကို စစ်လိုက်ရင် Structural Violence တွေ့နိုင်ပါတယ်။ ဒါကြောင့် ပဋိပက္ခ တိုင်းတွေကို ဖြေရှင်းပြီး ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည် ဆောက်နိုင်ဖို့ Structural Violence ကိစ္စကို ကိုင်တွယ်ဖို့ လိုပါတယ်။ သဘောတရားအရ ပဋိပက္ခတွေကို ဖြေရှင်းကြတဲ့အခါမှာ အသွင်သဏ္ဌာန် သုံးမျိုးရှိပါတယ်။

(၁) Peacekeeping – မီးလောင်တဲ့ အခါ မီးသတ်တာနဲ့ တူပါတယ်။ ပဋိပက်္ခဖြစ်နေတဲ့ ဘက်နှစ်ဖက်ကို ဖျန်ဖြေရတဲ့အလုပ်ပါ။ တစ်ခါတလေ ပဋိပက်္ခတွေ ကြီးထွားမသွားစေဖို့ စစ်ရေးနည်း (သို့မဟုတ်) အကြမ်း ပတမ်းနည်းလမ်းကို အသုံးပြုရတာ မျိုးရှိတတ်လို့ ဒီနည်းက ပြဿနာ များပါတယ်။

(၂) Peacemaking – ပဋိပက္ခဖြစ်နေ တဲ့ ဘက်နှစ်ဖက်ကို စကားနည်းရန်စဲ ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းမှာ မျက်မှောက်ပြုလာစေအောင် တွန်း အားပေးတာမျိုးပါ။ အကောင်းဆုံး နည်းလမ်းကတော့ အပြန်အလှန် လေးစားသမှုနဲ့ နားထောင် ဆွေးနွေး ခြင်း (Dialogue) ပါပဲ။

(၃) Peacebuilding – ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းအဖြစ် အစဉ်သဖြင့် တည်တံ့နေအောင် ဖန်တီးခြင်း ဖြစ် ပါတယ်။ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်လိုတဲ့ဆန်္ဒ၊ ခန်္တီစတရား၊ တရားမျှတမှု၊ အခွင့်အရေးတန်းတူ ဖြစ်မှုဆိုတဲ့ အခြေခံတွေအပေါ်မှာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းအဖြစ် တည်ဆောက်ရတာမျိုးပါ။၊

Peacebuilding ကို ဖော်ဆောင်တဲ့ အဆင့်ကလည်း ပညာရေးကဏ္ဍ၊ အောက်ခြေအဆင့် ဒီမိုကရေစီအခွင့် အရေးကိုမြှင့်တင်ပေးခြင်း၊ ဆင်းရဲမှု တိုက်ဖျက်ရေး၊ မြေယာပြုပြင်ရေး အဆင့်တွေ မျိုးစုံဖြစ်နိုင်ပါတယ်။

မီးဘေးရှောင် မလောင်ခင်တား၊ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ်ဆိုတဲ့ စကားတွေ အတိုင်းပဲ ပဋိပက္ခတွေကို တုံ့ပြန် ခြင်းအဆင့် ပုံသဏ္ဌာန် သုံးမျိုးမှာ Peacebuilding ကတော့ အရေး အကြီးဆုံးပါပဲ။ ပဋိပက္ခတွေ မပေါ် ပေါက်အောင် အခြေအနေတွေကို ဖန်တီးထားဖို့ လိုပါတယ်။ သိကြတဲ့ အတိုင်း ပဋိပက်္ခတစ်ရပ်ဟာ ပေါက် ကွဲပြီးသွားရင် အဆုံးသတ်ဖို့ ခက်ခဲ သွားတတ်လို့ပါပဲ။

မြန်မာပြည်ဟာ တိုင်းရင်းသား ပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံနေထိုင် တဲ့ နိုင်ငံဖြစ်တယ်။ ခေတ် အဆက်ဆက်မှာ Structural Violence ရှိခဲ့တာကြောင့် အဖွဲ့အစည်းအတွင်းမှာ၊ တိုင်းရင်းသား အုပ်စုတွေကြားမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အခွင့်အရေး မညီမျှမှုတွေ၊ မယုံကြည်မှုတွေကြီးစိုး လာခဲ့တယ်။ ပြည်တွင်းစစ်ကြီးက လည်း နှစ်ပေါင်း ၆၀ကျော်ခဲ့ပြီ။
ဦးသိန်းစိန်အစိုးရက အတိုက် အခံတွေ၊ တိုင်းရင်းသားတွေနဲ့ ငြိမ်း ချမ်းရေး ဆွေးနွေးနေတယ်။ ဒါပေ မယ့် ၂၀၀၈ ဖွဲ့စည်းပုံ ကိုယ်တိုင်က စစ်တပ်ကို နိုင်ငံရေးနဲ့ စီးပွားရေး အခွင့်ထူးတွေ ပေးထားတဲ့ဖွဲ့စည်းပုံ ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့် အရေးနဲ့ အသက်မွေးဝမ်းကျောင်းမှု တွေကို နည်းမျိုးစုံနဲ့ သိမ်းပိုက်ထားတဲ့ ဖွဲ့စည်းပုံ၊ တိုင်းရင်းသားဒေသက သဘာဝအရင်းအမြစ်တွေကို ဒေသခံ တွေ ခံစားခွင့်မရအောင် ကန့်သတ် ထားတဲ့ ဖွဲ့စည်းပုံ ဖြစ်နေတယ်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှမှု၊ ကင်းမဲ့နေတယ်။

တစ်နည်းအားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှာ Structural Violence ကို ဖန်တီးထားတဲ့ဖွဲ့စည်း ပုံဖြစ်နေတယ်။ ဒါကြောင့် ဘယ် လောက်ပဲ ငြိမ်းချမ်းရေး အာသီသ ရှိပါစေဦးတော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ ရေပေါ်မှာ အရုပ်ရေးသလိုပဲ ဖြစ်ပါလိမ့်မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Op-Ed

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်