ကျော်ဟုန်း – ရေ = ရေ

June 26, 2018


ကျော်ဟုန်း  – ရေ = ရေ

(မိုးမခ) ဇွန် ၂၅၊ ၂၀၁၈

ဘဝတခုဟာ ရေပဲ
ကြမ္မာက ရေလှောင်ကန်ကြီးပေါ့။

သွန်လိုသွန် လှောင်လိုလှောင် ကြမ္မာညွှန်ရာလမ်းမှာ
အားပျော့မနေနဲ့ လူကလေးရေ
မင်းဟာ ရေကွဲ့ 
ရေဆိုတာ လိုရာစီးတတ်ရတယ်။

ကြမ္မာဆိုး လှောင်ကန်ထဲရောက်နေချိန်လည်း
နေအကူနဲ့ အငွေ့ပျံ ရုန်းထွက်နိုင်တယ်
မိုးအကူနဲ့ ဖြိုးမောက်လျှံ ကန်ထွက်နိုင်တယ်
အချည်ရှိရင် အဖြည်ရှိမှာပဲ။

အယူအဆ
ဖြစ်တည်မှု
ဝါဒ
အားလုံးဟာ တိမ်တိုက်။

တရားသေမရှိတဲ့ သြကာသထဲမှာ
ဝဲသြဂ လည်နေမယ့် ဖြစ်ပျက်များ
ဘာမှမစွဲရင် ဘာမှမမွဲဘူး။

ဖက်တီးအက်စစ်နဲ့ချွတ်ပေမယ့်
မူလအဖြူပြန်မရတဲ့ အဝတ်အထည်ကို
တမ်းတ မစွဲဘဲ
အရောင်မွဲလည်း ဝတ်ရဲရမယ်
သန့်စင်ဖို့ဘဲ အဓိက
စိတ်သန့်ရင် အတိတ်မလန့်ဘူး။

ပြောချင်တာက
ရောက်ရာမှာ
ရရာကို ရောင့်ရဲတတ်ပြီး
ရင်းသလောက် မမြတ်ခင်မှာ
ရသလောက်ယူတတ်ဖို့ပဲ လူကလေး။

ရေပဲလေ
ပျော့ရင် တိုက်စား
မာရင် ကျော်လွှား
လှောင်ရင် ဘောင်ပင်ခတ်ပစ်လိုက်။

မင်းဟာ ရေ
ဘဝတခုဟာလည်း ရေပဲ
အမြဲ စီးဖို့သာ ကြိုးစား လူကလေး။

မှတ်ထား လူကလေး
သတ္တဝါနဲ့ဘဝဆိုတာ
စီးနေတဲ့ ရေ။ ။

ကျော်ဟုန်း
၂၀၁၈၀၆၂၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ကျော်ဟုန်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)