fbpx

လောအယ်စိုး ● ဆရာမ ဒေါ်ခင်ထားရွှေ – အပိုင်း (၁)

June 27, 2018

● ဆရာမ ဒေါ်ခင်ထားရွှေ – အပိုင်း (၁)
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၈

ဘဝတွင် ဘယ်သောအခါမှ မေ့၍မရသော မိတ်ဆွေ လုပ်ဖော်ကိုင်ဖတ်များ တနည်းအားဖြင့် အတိုင်းအတာ အတော်များများ ခံယူချက် ရင်ခုန်သံ တူညီသူများတို့ ဖြတ်သန်းမိခဲ့ကြသော ဘဝ၏ နေ့ရက်များအတွင်း ကျွန်တော်တို့ ကြုံခဲ့ကြပါသည်။

ရွှင်လန်းအားရလို ဘဝမှာ အဆင်ပြေမှုများနှင့် ကြုံတွေနေစဉ် သူတို့တစ်တွေကို သတိရကြသလို သောင်ကမ်းမမြင်လို မုန်တိုင်းတွေထန်နေသော ကာလတွေမှာလည်း သူတို့တစ်တွေအား အမည်မဖော်နိုင်သော တမ်းတမှုများနှင့် ကျွန်တော် သတိရတတ်ပါသည်။

ကျေးရွာမှာ အတူကြီးပြင်းခဲ့သော သူငယ်ချင်းများ မူလတန်းကျောင်းသားဘဝမှာ ကျွန်တော်၏ ဆရာမတစ်ဦး၊ အထက်တန်း ကျောင်းသားဘဝမှာ ကျွန်တော်၏ အတန်းပိုင် ဆရာမတစ်ဦးဖြစ်ကြသော ဆရာမ ဒေါ်ခင်ထားရွှေကို အစဉ်ကျွန်တော် ရင် ထဲမှာ သတိရနေဆဲပါ။

ကျေးရွာတစ်ရွာ၏ တွဲဘက်အထက်တန်းကျောင်းမှ ဘားအံမြို့ အမှတ် (၁) အထက်တန်းကျောင်းသို့ အဋ္ဌမတန်းကျောင်းသားအဖြစ်နှင့်ကျွန်တော် ပြောင်းရွှေခဲ့ရခြင်းဖြစ်ပါသည်။

ဝန်ထမ်းမိသားစု ဖြစ်သောကြောင့် မိခင်တာဝန်ကျရာကျေးရွာများသို့ ကျွန်တော်တို့ မိသားစု လိုက်ပါပြောင်းရွှေရခြင်းဖြစ်သည်။
ရှစ်လေးလုံး လူထုလှူပ်ရှာမှုကြီး၏ အကြိုကာလည်းဖြစ်ပါသည်။ စား ဝတ် နေရေး ခက်ခဲမှုများကို အခြေခံလူတန်းစာများက ခါးစည်းပြီး ခံနေရသော ကာလတစ်ခုလည်းဖြစ်ပါသည်။

ဘားအံမြို့၏ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသည် စည်းကမ်း၊ အစိုးရစစ် စာမေးပွဲများ အောင်ချက် နှုန်းမြင့် သောသတင်းများဖြင့် အလွန်ဂုဏ်ရောင်ထွန်းပြောင်နေသော ကာလတစ်ခုလည်းဖြစ်ပါသည်။

ထိုအထက်တန်းကျောင်းကိုမှ တတ်ချင်လွန်းလှချည်ရဲ့ဟု ပူဆာသော ကျွန်တော်၏ အဖြစ်ကို မိဘနှစ်ပါးတို့ ကြီးမားသော အခက်အခဲတွေ့ရတော့သည်။ “သည်ကျောင်းကိုတတ်ရမှ ငါဆယ်တန်းအောင်ပြီး တက္ကသိုလ်ကျောင်းသားဖြစ်မှာ” ဆိုသော ကျွန်တော်၏ ခံယူချက်ကို မိဘနှစ်ပါးက မလွန်ဆန်နိုင်သည့်အဆုံး ဘားအံတွင် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်အား လက်ခံနိုင်မည် အိမ်ကို ရှာရပြန်လေသည်။

အခက်အခဲများကို ကျော်ဖြတ်ပြီ သည်လိုနှင့်  ဘားအံ အ.ထ.က (၁) ကျောင်းသို့ ကျောင်းသားသစ် တစ်ဦးအနေနှင့် ကျွန် တော် ဝင်ခွင့်ရခဲ့ပါသည်။ ယောင်္ကျားလေးများက ဆံပင်တိုတို၊ အမျိုးသမီးများက ရင်ဖုံးအင်္ကျီများကို စည်းကမ်းတကျ ဝတ် ဆင်ရသည်၊ ကျောင်းအုပ်ဆရာမကြီးက ဒေါ်လှနွယ်ဖြစ်သည်။ အလွန် စည်းကမ်းကြီးသော ကျောင်းအုပ်ကြီးလည်းဖြစ် ပါသည်။

ပထမ စိတ်ထက်သန်မှု အားကြီးစွာနှင့် ကျွန်တော်၏ အာရုံကို ဖမ်းဆုပ်ကိုင်လိုက်သော အရာကား ကျောင်းအုပ်ဆရာမကြီးနှင့် ပထမဦးဆုံး တွေ့ဆုံသော အချိန်ဖြစ်သည်။ ဖခင်နှင့် အတူကျွန်တော်တို့ ညီအစ်ကိုနှစ်ဦး ကျောင်းသားသစ်အဖြစ်နှင့် လက်ခံ ခွင့်ရ မရ၊ ဆရာမကြီးနှင့် တွေ့ဆုံ စကားပြောရသည်။

ခန့်ညား တည်ကြည်သော အမျိုးသမီးကြီးဖြစ်သည့် ဆရာမကြီးအား ကျွန်တော် စတင်မြင်ကတည်းက လေးစားကြည် ညိုမိသွားပါသည်။ ထိုအချိန်က ဆရာမကြီး၏ အသက်မှာ (၅၀) နီးပါးခန့်သာရှိပေလိမ့်မည်။

ဆရာမကြီး၏ ရုံးခန်းအတွင်းကျွန်တော် မျက်စိကစားလိုက်မိသည်။ အ.ထ.က (၁) ကျောင်းတော်ကြီးမှ မွေးထုတ်ပေးလိုက် သော လူရည်ချွန် မောင်မယ်များတို့၏ ဓာတ်ပုံများ အောင်ပွဲရ အထိမ်းအမှတ် အားကစား ဆုဖလားနှင့် ဒိုင်းကြီးများကို သေသပ်စွာ စနစ်တကျ ချိတ်ဆွဲထားသည်ကို မြင်လိုက်ပါသည်။

ထိုအချိန်က ပြည်နယ်နှင့်နိုင်ငံတော်အဆင့် တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေကြသည်၊ ပုဂ္ဂိုလ်ကြီးနှစ်ဦး၏အမည်ကို ဖော်ပြထားသည်။

အ.ထ.က (၁) ဘားအံမှ မွေးထုတ်လိုက်သော ထိုပုဂ္ဂိုလ်ကြီးနှစ်ဦးအတွက် ကျောင်းတော်ကြီးမှ ဂုဏ်ယူကြောင်ကိုလည်း တလေးတစားဖော်ပြထားပါသည်။

အဋ္ဌမတန်း (ရှစ်တန်း) ကို အောင်မြင်ပြီး၊ ကျွန်တော် နဝမတန်း (ကိုးတန်း) သို့ ရောက်ပါသည်။ အတန်းပိုင်ဆရာမဖြစ်သူမှာ ဆရာမ ဒေါ်ကြည်ညွှန့် ဖြစ်ပါသည်။

ဆယ်ကျော်သက်အရွယ်တို့၏ သဘာဝအတိုင်း ကျွန်တော်သည် ကွမ်းယာကို ဆေးရွတ်ကြီးနှင့် စတင် စားတတ်လာခဲ့ပါသည်။ ဆေးလိပ်ကိုလည်း မြည်စမ်းခဲ့သည်။ မူယစ် ဆေးဝါးတစ်မျိုးဖြစ်သည် ဖင်စီဒိုင်းနှင့် ကော်မင်သဇင်း ချောင်းဆိုးပျောက် ဆေးများကို လူငယ်များ မူးယစ်ဆေးဝါးအဖြစ် သုံးစွဲနေသော ကာလလည်းဖြစ်ပါသည်။

တစ်ပါတီ အာဏာရှင် စနစ်ဖြစ်သော (မဆလ) အုပ်စိုးသောကာလဖြစ်သော်လည်း ကျွန်တော် တစ်စုံတစ်ရာ ခံစားမိသော အရာကား ဆင်းရဲ ချမ်းသာ လူတန်းစား ကွာခြားမှု မကြီးမားသောအချိန်လည်း ဖြစ်သည်။

မှတ်မှတ်ရရကား ကျွန်တော် ရှစ်တန်းကျောင်းသားဘဝတွင် ဝိဇ္ဇာတွဲနှင့် သိပ္ပံတွဲတို့အား လာမည့်နှစ် ကျွန်တော်တို့ နဝမတန်း (ကိုးတန်း) တတ်မည်နှစ်တွင် ခွဲမည်ဟူ၍ အစိုးရမှ သတင်းထုတ်ပြန်ပါသည်။

ထိုကြောင့် ဆရာမကြီးဒေါ်လှနွယ်က သိပ္ပံဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲကို ယူကြမည့် ကျောင်းသား ကျောင်းသူများ အထက်တန်းပညာရေးအောင်မြင်ပြီး တက္ကသိုလ် ဆက်လက်တတ်ရာတွင် သင်ကြားရမည့် ဘာသာရပ်များအကြောင်းကို ကျွန်တော်တို့ နားလည်အောင်ရှင်းပြပါတော့သည်။

ထိပ်တန်း တက္ကသိုလ်ကြီးများဖြစ်သော ဆေးတက္ကသိုလ် စက်မှုတက္ကသိုလ်များက သိပ္ပံဘာသာတွဲကို ယူကြမည့် ကျောင်းသူကျောင်းသားများအတွက်သာဖြစ်သည်။

ဆရာဝန်ကြီး အင်ဂျင်နီယာကြီးဖြစ်ချင်လှပါသည်ဆိုသော ကျွန်တော်သည် တစ်ခါကိုမျှ လပတ်နှင့် အစမ်းစာမေးပွဲများတွင် သင်္ချာဘာသာရပ်ကို မအောင်မြင်ဘူးခဲ့ပါ၊ ထိုကြောင့် သိပ္ပံဘာသာတွဲ ရမှာသာလျှင် ဖြစ်တော့မည့် ဆရာဝန်နှင့် အင်ဂျင့်နီယာ အိပ်မက်များကို မမက်ရဲ့တော့ခဲ့ပါ။

ရှစ်တန်း (အဋ္ဌမတန်း) စာမေးပွဲကို ဝိဇ္ဇာဘာသာတွဲနှင့်အောင်မြင်သည်ဟု သိလိုက်ရသောအချိန်တွင် ကျွန်တော် မျက်ရည် ကျမိပါသည်။ အကြောင်းမှာ ဝိဇ္ဇာပညာရပ်တွင် ကျွန်တော်၏ ဘဝတိုးတတ်မှုမရှိနိုင်တော့ဟု ဆယ်ကျော်သက်ရွယ် တစ်ဦး၏ ဝမ်းနည်းခဲ့ရသော နေ့ ရက်များတို့အား ပြန်၍ အမှတ်ရမိသည်။

နဝမတန်း (ကိုးတန်း) သို့ရောက်သည့်အခါ သင်္ချာသာဘာရပ် ကင်းရှင်းသော စာသင်ခန်းဖြစ်သွားသည့်အတွက် ကျွန်တော်လွန်စွာပျော်ရွှင်သွားပါသည်။ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထဝီ၊ စိတ်ကြိုက်မြန်မာစာတို့သည် ကျွန်တော်တွက် အလွန်စိတ်ဝင်စား ဘွယ်ကောင်းသော ဘာသာရပ်များဖြစ်သည်။

ဤသို့နှင့် နဝမတန်း(ကိုးတန်း)စာမေးပွဲကို ကျွန်တော် တစ်ယောက် အမှတ်ကောင်းစွာဖြင့် အောင်မြင်ခဲ့သည်။ စိတ်လှူပ်ရှား မှုကြီးစွာဖြင့် ဒဿမတန်း (ဆယ်တန်း) သို့ ကျွန်တော်ရောက်ခဲ့လေပြီ။

တတ်ကြွ လန်းဆန်းမှုများနှင့် အတန်းသစ်ကို တတ်ရတော့မည်ဖြစ်သောကြောင့် ကျွန်တော်စိတ်အလွန်စိတ်လှူပ်ရှာခဲ့ပါသည်။ ဆယ်တန်းကျောင်းသားးသစ်ကြီးတစ်ဦးအတွက် မိမိ၏ အတန်းပိုင်ဆရာမဖြစ်သူကို စုံစမ်းမိလိုက်သောအခါ ကျွန်တော် တစ်ယောက် ကြီးမားသော စိုးရိမ်း၊ ထိက်လန့်မှုကြီးဖြစ်ရပါတော့သည်။ အကြောင်းမှာ ကျွန်တော်၏ အတန်းပိုင်ဆရာမမှာ ဆရာမဒေါ်ခင်ထားရွှေ ဖြစ်နေခြင်းအတွက်ပင်ဖြစ်သည်။

စိတ်ကြိုက်မြန်မာစာ၊ စိတ်ကြိုက်အင်္ဂလိပ်စာ ဝိဇ္ဇာဘာသာတွဲဖြစ်သော ကျွန်တော်တို့ အတန်းသည် သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲအတန်း များအလယ်တွင် ကျောင်းသားအရေအတွက်အရ စာသင်ခန်းတစ်ခန်းစာ ကျောင်သား ကျောင်းသူစုစုပေါင်း ဦးရေ ခုနှစ် ဆယ် (၇၀) ကျော်ရှိသော အတန်းသာဖြစ်သည် အခြားအတန်းခွဲလည်းမရှိပါ။

ကျောင်းတတ်ရမည့် နေ့ ရက်သစ်များကို ရင်ခုန်စိတ်လှူပ်ရှားခဲ့သော ကျွန်တော်သည် ဆရာမဒေါ်ခင်ထားရွှေ အတန်းပိုင် ဆရာမဖြစ်မည်ဆိုသော သတင်းကြီးကြောင့် မည်ကဲ့သို့ ဆယ်တန်းကျောင်းသားသစ်ဘဝကို ခရီးပြုရတော့မည့်ကို မစဉ်းစားရဲလောက်အောင်ဖြစ်ခဲ့ရပါသည်။

ကျောင်းစတတ်မည့် ပထမရက် ကျောင်းတတ်ခေါင်းလောင်းထိုးပြီးနောက် မိနစ်အတော်ကြာအထိ ကျွန်တော်တို့၏ အတန်းပိုင်ဆရာမဖြစ်သူ စာသင်ခန်းထဲသို့မရောက်သေးပါ။ ကျောင်းသူ ကျောင်းသားများအချင်းချင်းကလည်းဆွေးနွေးစရာများ ပြောပြချင်စရာများကလည်း ရင်ထဲအပြည့်ရှိကြသည်မို့၊ တစ်ခန်းလုံးစကားသံများဖြင့် ဆူခံကာနေ၏။

ကျွန်တော်လည်းမိမိ၏စာသင်ခုံနေရာမှာထပြီး သူငယ်ချင်းတစ်ဦးဖြစ်သူ၏ ထိုင်ရာနေရာကို သွားကာ အားပါတရ စကား ပြောဆိုနေခဲ့သည်။ စကားပြောချင်သော စိတ်ဇောထက်သန်လွန်းနေ၍ ဘေးဘီကိုလည်း ဂရုမစိုက်အား။

“မင်္ဂလာပါ ဆရာမ” ဟူသော ရုတ်တရက် အတန်းသို့ဝင်လာသော ဆရာမကို နှုတ်ခွန်းဆက်သည့် အသံကြောင့် ကျွန်တော် အလွန်ထိတ်လန့်သွားမိသည်။ ကျွန်တော်တစ်ယောက် မိမိထိုင်ရမည့် စာသင်ခုံတွင်မရှိနေပဲ စာသင်ခန်း၏ အနောက်ဘက်ရှိ သူငယ်ချင်းတစ်ဦးခုံတွင် စကားပြော၍ကောင်းနေဆဲ။

“ဟိုအကောင်သေးသေးက ဘယ်သူခုံမှာရောက်နေတာလဲ ကိုယ့်နေရာမှာ ကိုယ်မထိုင်တဲ့ကောင် ခုံပေါ်တတ်စမ်း”

မိုးကြိုးပစ်လိုင်သည့်အလား ပြင်းထန်မာကျောလွန်းလှသော အသံ ပိုင်ရှင် ဆရာမဒေါ်ခင်ထားရွှေသည် ကျွန်တော်ကို စိုက်ကြည့်၍ ကျယ်လောင်လွန်းလှသော အသံဖြင့် ပြောဆိုနေခြင်းဖြစ်သည်။

ကိုယ်ခန္ဓာအာင်းဖြင့် သေးညှက်လှသော ကျွန်တော်အား “အသေး” ဟူ၍ ကင်းးတတ်လိုက်ခြင်းလည်းဖြစ်ပါသည်။

ကြောက်ရွံ့မှုနှင့် ရှက်သောစိတ်နှစ်ခုလုံးနှင့်ထူပူနေသော ကျွန်တော်သည် မိမိထိုင်ရမည့် စာသင်ခုံရှေ့သို့ ပြန်သွားပြီ ခုံပေါ်တွင် မက်တပ်ရပ်ကား ဒါဏ်ပေးခြင်းကို ခံရပါတော့သည်။ စိတ်ထဲတွင်လည်း “အော်ငါအပြစ်နဲ့ပါပဲလေ၊ ငါခံရမှာပေါ့” ဟူ၍သာ ခံယူလိုက်ပါသည်။

“ဆယ်တန်းရောက်ပြီးဆိုတာနဲ့ မြောက်ကြွ မြောက်ကြွ လုပ်မနေနဲ့ အကောင်ကသေးပြီး ဂျိုကြွနေရင် ကြိမ်စာမိသွားမယ် နားလည်လား ပြန်ထိုင်” ဟု ဆယ်မိနစ်အကြာ ပြင်းပြင်းထန်ထန် ကျွန်တော်ကို သတိပေးပြီမှ ဒါဏ်ပေးခြင်းကို ရပ်ပါတော့ သည်။

တိတ်ဆိတ်ငြိမ်သက်လှသော စာသင်ခန်းတစ်ခုလုံး ဆရာမဒေါ်ခင်ထာရွှေတစ်ယောက် ဆက်၍ ပြောမည့် ဆုံးမသြဝါဒ စကားကိုသာ အာရုံစူးစိုက်ကာ နားထောင်နေကြသည်။

တတန်းလုံးကလည်း “ဒီအကောင်အသေးလေး အပိုးတော့ကျိုးသွားပြီ” ဟူ၍ မှန်ချက်ချ၍ နေကြပေမည်။

မိမိအတွက်လည်း “ဒီအတန်းပိုင် ဆရာမနဲ့ ပွဲဦးထွက်ကလည်း ကြမ်းလှချည်လား” ဟူ၍သာခံယူမိပါတော့သည်။ “တစ်နှစ်လုံး ဒီဆရာမအတန်းပိုင် ဆရာမဖြစ်ပြီဆိုတော့ ငါတော့ ဒုက္ခပဲ” ဟူ၍သာ မမြင်ရသေးသော နေ့ရက်များစွာအတွက် ကျွန်တော် စိုးရိမ်မိနေပါတော့သည်။

ဆရာမ သင်ကြားရသော ဘာသာရပ်သည် ပထဝီဝင်ဖြစ်သည်။ နိုင်ငံတော်သီ ဆိုပြီးသည်နှင့် ဆရာမကကျောင်းခေါ်ချိန် ခေါ်၏။ ကျောင်းသား ကျောင်းသူများ ကျောင်းတတ် မတတ် နာမည်ခေါ်၍ စစ်ဆေးခြင်းဖြစ်သည်။ ကျောင်းခေါ်ချိန် ခေါ်ပြီးသည်နှင့် ပထဝီသင်ခန်းစာ စပါတော့သည်။ ထိုနေ့ကတော့ တစ်နှစ်အတွင်း သင်ကြားမည့် ပထဝီဘာသာရပ်နှင့်ဆိုင်သော အကြောင်းအရာများကို အကြမ်းဖျင်အနေနှင့်သာ ဆရာမမှ အတန်းသားများကို ပြောပြပါသည်။ နောက်တစ်နေ့ ကျောင်းတတ်ခေါင်းလောင်းထိုပြီးနောက် ငါးမိနစ်တိုင်သည်အထိ ဆရာမ ကျွန်တော်တို့ အတန်းထဲသို့ မရောက်သေးပါ။ ဆရာမငယ်တစ်ဦး နာမည်ကို ကျွန်တော်မမှတ်မိတော့ပါ။ ထူးထူးခြားခြား အစားထိုးအနေနှင့် အတန်းထဲသို့ဝင်လာသည်။

ဆရာမသစ်က “ငါမင်းတို့ကို စာမသင်ဘူး၊ ကျောင်းခေါ်ချိန်ခေါ်မယ်၊ မင်းတို့ ဆရာမ၊ သ္မီးကြီးဆေးရုံးအရေးပေါ်တတ်ရလို့၊ ဒီနေ့ ကျောင်းမလားဘူး” ဟုဆို၏။

ပျော်လိုက်သည်ဖြစ်ခြင်း စိတ်ထဲတွင်လည်း “ဆရာမရဲ့ သ္မီးဆေးရုံအကြာကြီးတတ်ရပါစေ ဆရာမ မလာရင် အရမ်းပျော်တာပဲ” ဟူ၍သာ အကျေနပ်ကြီး ကျွန်တော် တစ်ယောက် ကျေနပ်ပျော်ရွှင် နေမိသည်။

အတန်းသူတစ်ဦးမှ “ဆရာမရဲ့ သ္မီးကြီး ဒီမနက် ဆေးရုံမှာ ဆုံသွားပြီး၊ သွေးတိုးလို့ ပြောတယ်” ဟူသော သတင်းထပ်မံ၍ ကြားရပြန်သည်။
မိဟံသာ သည်ဆရာမ၏ သ္မီးကြီးဖြစ်သည်၊ အတန်းချင်းတူသော်လည်း အခန်းချင်းကတော့ ဖြင့်မတူ၊ သူမက စာတော်သောကြောင့် (A) အခန်းခွဲ၊ ကျွန်တော်က စာမတော်သောကျောင်းသား တစ်ဦး၊ ကျွန်တော် အတန်းခွဲက (E)။

ဘားအံမြို့ အမှတ် (၁) အခြေခံပညာရေးကျောင်းနှင့် ကျွန်တော် နေထိုင်ရသော ရုံးကုန်းဆိုသည့် အစိုရဝန်ထမ်းများနေထိုင်သော ရပ်ကွက်က အတော်ကို လှမ်းသည် ဟု ဆိုရပေမည်။ နူးညံ့၍ သဘောကောင်းသော မိဟံသာနှင့် တစ်ခါတစ်ရံ ကျောင်းသို့ လမ်းလျှောက်သွားရင် ခင်မင်ခဲ့ပါသည်။ သူမလည်း ရုံးကုန်းရှိ အစိုရ ဝန်ထမ်းအိမ်ယာတွင်နေထိုင်သည်။ ဆရာမ၏ ခင်ပွန်းဖြစ်သူက အစဉ်ပြုံး၍ မျက်နှာချိုသောသူ တစ်ဦးလည်းဖြစ်သည်။ “ငါ သူငယ်ချင်း မိဟံသာ က သူအဖေနဲ့တူလို့ မျက်နှာချိုတာ ဖြစ်မှာပါ” ဟူ၍ ဆယ်ကျော်သက်ရွယ် တစ်ယောက်၏ အတွေးမျိုးဖြင့် ကျွန်တော် တွေးမိခဲ့ဘူးသည်။

မိဟံသာတို့ညီအစ်မနှင့် ရုံးကုန်းမှ အ.ထ.က (၁)သို့ လမ်းလျှောက်သွားရသော ကာလသည် ကျွန်တော်ရှစ်တန်း ကျောင်းသားဘဝကဖြစ်သည်။ သိပ္ပံဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲကို အသစ်ပြောင်းလဲမည့် ပညာရေးစနစ်အရ နောင်လာမည့် နှစ်တွင်မှ ခွဲမည်ဖြစ်သည်။

တစ်ခါတစ်ရံ မိဟံသာနှင့် ရင်းနှီးသော ကျောင်းသူတစ်ဦး၏ ကားကြုံနှင့် လိုက်စီးကြသည်။ စာမေးပွဲကာလတွင် နေ့စဉ် ထိုကားကြုံနှင့် ကျွန်တော်တို့ စီးဖြစ်ကြသည်။

စာတော်သည့် မိဟံသာက အံသြစရာမလိုပါ ရှစ်တန်းကို ဂုဏ်ထူးဖြင့်အောင်သွားပြီး၊ သိပ္ပံဘာသာတွဲ ပညာရပ်ကို သင်ကြားခွင့်ရရှိသွားသည်။ အတန်းခွဲကလည်း စာတော်သောသူများစုဝေးရာ (A) အခန်းခွဲ။

သင်္ချာဘာသာရပ်၌ ဆရာမ၏ စိတ်ပျက်ဘွယ်ကောင်းလောက်အောင် ညံ့ဖျင်းသူ ကျွန်တော်ကတော့ ဝိဇ္ဇာဘာသာတွဲကို လာမည့် ကိုးတန်းတွင် သင်ကြားရတော့မည်ဖြစ်သည်။
နွေရာသီ ကျောင်းပိတ်ရက် မိခင်တာဝန်ကျသော မြဝတီမြို့၌ ညီအစ်ကိုများ စုစုရုံးရုံးဖြင့် နေထိုင်စဉ် ဖခင်ဖြစ်သူက ဘာအံမြို့မှ “သားကြီး ဝိဇ္ဇာဘာသာတွဲဖြင့် ရှစ်တန်းအောင်” ဟူ၍ ကြေးနန်းရိုက်၏။

”ငါတော့ ဒီတစ်သက် ဆရာဝန် မဖြစ်တော့ဘူး” ဟူခံစားမိပြီး၊ ကျွန်တော်မျက်ရည်ကျမိသည်။ ထိုဆယ်ကျော်သက်ရွယ်၏ ခံစားမှုအရ ဆရာဝန်သည် ဂုဏ်ရှိသော ဝင်ငွေများသော အလုပ်တစ်ခုဟု ကျွန်တော် ခံယူခဲ့ခြင်းဖြစ်ပါသည်။

အထူးသဖြင့်လည်း သူတစ်ပါးတို့အား မေတ္တာ စေတနာဖြင့် ကူညီပေးသော မိခင်၏ သူနာပြုအလုပ်ကို ကျွန်တော် လေးစား ကြည်ညိုသောကြောင့်လည်းဖြစ်ပါသည်။

နဝမတန်း (ကိုးတန်း) သို့ရောက်သော အခါ မိဟံသာ နှင့် ကျွန်တော် နေထိုင်ကြသော ရပ်ကွက်လည်းမတူ ကြတော့။ မိဘနှင့်ရင်းနှီးသော မိတ်ဆွေတစ်ဦး၏ နေအိမ်သို့ အခြေအနေ တစ်ခုအရ ကျွန်တော်တို့ ညီအစ်ကို ပြောင်းရွှေ့ရပြန်ပါသည်။
ဤသို့နှင့် ကျောင်းတွင် မိဟံသာနှင့် တစ်ခါတစ်ရံမှာသာဆုံဖြစ်ပါသည်။ ဆရာဝန်လောင်း အင်ဂျင်နီယာအလောင်းအလျာများဖြစ်သည့် သိပ္ပံဘာသာတွဲကိုရရှိသော ကျောင်းသား ကျောင်းသူများ အလွန်မျက်နှာ ပွင့်လန်းသော ကာလတစ်ခု လည်း ဖြစ်ပါသည်။

ဝိဇ္ဇာဘာသာတွဲ ကျောင်းသူ ကျောင်းသားများကို ချိုးနိမ့်သော သဘောဖြစ် “ဝိဇ္ဇာ ဖိုလ်ထိုး” ဟူသည် ဂုဏ်ပုဒ် တစ်ခုကို ရရှိ ပိုင်ဆိုင်ထားသော ကာလလည်းဖြစ်ပါသည်။

တစ်ခါတစ်ရံ မရင့်ကျက်သေးသော ဆယ်ကျော်သက်ရွယ် အထက်တန်းကျောင်းသား တစ်ဦးအနေနှင့် “အော် ငါမှာ ဝိဇ္ဇာကျောင်းသားတစ်ယောက်ဖြစ်ရတာ တိုင်းရင်ဆေး သိပ္ပံကျောင်းတောင်တတ်ခွင့် မရနိုင်ပါလား” ဟူ၍ အမှန်ပင်အား ငယ်မိခဲ့ပါသည်။

ကျွန်တော်နှင့်သက်တူရွယ်တူ ဆရာမ၏သ္မီးကြီးဖြစ်သူ မိဟံသာ တစ်ယောက် ရုတ်တရက်ကြီး လူလောကမှထွက်ခွာသွား သည်ဆိုသော သတင်းကို ကြားလိုက်မိသောအခါ အမှန်ပင် ကျွန်တော်တစ်ယောက်တုန်လှူပ်မိသွားခဲ့ပါသည်။ သ္မီးဖြစ်သူ မိဟံသာနှင့်သာ ခင်မင်ရင်းနှီးခဲ့သော်လည်း ကျွန်တော်သည် သူမ၏ မိခင်ဖြစ်သော ဆရာမဒေါ်ခင်ထားရွှေနှင့် တစ်ခါဘူးမျှ စကားပြောဆိုခဲ့ခြင်းမရှိခဲ့ပါ။

ကျွန်တော်၏စိတ်ထဲတွင်လည်း အပြုံးကို မြင်ရခဲသော ဆရာမဒေါ်ခင်ထားရွှေအား မျက်နှာချင်းဆိုတွေ့ဆုံပြီ စကားပြောရန် အတွက် ဝန်လေးလွန်းလှပါသည်။ ယခုလည်း အဘယ်အတွက်ကြောင့်မှန်းလည်းမသိ အတန်းပိုင် ဆရာမတစ်ယောက်ဖြစ်၍ နေခဲ့ပြီပဲ ရွေးချယ်စရာမရှိသော ကျွန်တော်အတွက် ဘာများတတ်နိုင်ပါမည်နည်း။

ခင်မင်ခဲ့သော သူငယ်ချင်း မိဟံသာ၏ အသုဘကို ကျွန်တော်လိုက်လံပို့ဆောင်ခဲ့ပါသည်။ သူမမှလွဲ၍ အခြားမရင်းနှီး၍ သူမ၏ မိသားစုဝင်များကိုလည်း မနှုက်ဆက်ခဲ့ပါ၊ သူမ၏ အိမ်ရှေ့ စီတန်းထားသော အသုဘပို့ကားများထဲမှ တစ်စီးပေါ်သို့ တတ်စီး၍ ဘားအံမြို့ပြင် သုဿန်သို့ လိုက်ပါခဲ့ခြင်းဖြစ်သည်။

သင်္ချိုင်းတွင် နာကျင် ကြေကွဲလှသော အသံဖြင့် ငိုကြွေးသော မိဟံသာ အဖွားဖြစ်သူ၏ အသံကို မနီးမဝေး ကျွန်တော် ရပ်နေသော နေရာမှ ကြားခဲ့ရပါသည်။ အသုဘသို့ အတူသွားရောက်ပို့ဆောင်ခဲ့သော သူငယ်ချင်း တစ်ဦးထံမှ “ဆရာမက မျက်ရည်သာဝဲတယ် အသံထွက်ပြီး မငိုဘူး” ဟူ၍ ကျွန်တော်ကို ပြောပြပါသည်။ အခေါင်းကို မြေသို့ မမြုပ်နှံမှီ အဝေးမှ ကျွန် တော်လှမ်း၍ မြင်နိုင်ခဲ့ပါသည်။

မိဟံသာ၏ အခေါင်းကိုပွင့်၍ အုန်းသီးကိုခွဲကာ အုန်းရည်ကို လောင်း၍ ထည့်သည်ကိုလည်း ယနေ့တိုင် ကျွန်တော် အမှတ်ရနေဆဲဖြစ်သည်။

စိတ်ထဲတွင်လည်း ဆရာမတစ်ယောက်အလွန်ကြေကွဲနေပေလိမ့်မည် ဟု ကျွန်တော်ခံစားမိခဲ့ပါသည်။ သ္မီးဖြစ်သူ၏ အသုဘကိစ္စအဝဝနှင့် ရက်လည်ဆွမ်းသွပ်ပြီးသော တစ်ပတ်အကြာတွင် ဆရာမကျောင်းပြန်တတ်ပါသည်။ ကြေကွဲ ညှိုးငယ်နေသော မျက်နှာ သွင်ပြင်နှင့် ကိုယ်ခန္ဓာလည်း သေးငယ်သွားသော ဆရာမကို ကျွန်တော် ပြန်၍ တွေ့ရပါသည်။
အတန်းသူ အတန်းသားအားလုံးမှ ဆရာမ၏ ကြေကွဲ ဝမ်းနည်းမှုနှင့် ထပ်တူထပ်မျှ ခံစားရကြောင့်ကိုလည်း နှုက်မှကျွန်တော်တို့ ပြော၍ မထွက်စေကာမူ အမှန်ပင် ကျွန်တော်တို့ ခံစားခဲ့ရပါသည်။

“ခေါင်းမူးတယ် ခေါင်းမူးတယ်” ဟု မိဟံသာတစ်ယောက်ကျောင်းသို့ရောက်ပြီးမှ ဝေဒနာကို ခံစားရခြင်းဖြစ်သည်။ ဆေးရုံသို့ အမြန်ဆုံပို့ခဲ့သော်လည်း သူမ၏ အသက်ကို မကယ်နိုင်ခဲ့ပါ။ နေ့စဉ်သူမ၏ သ္မီးနှင့် အရွယ်တူ အတန်းတူသော ကျွန်တော်တို့အား မြင်တွေ့ရသောအခါ ဆရာမတစ်ယောက် အဘယ်မျှလောက် ကြေကွဲဝမ်းနည်းခြင်း ရှိမည်ဆိုသည်ကို ဖခင်တစ်ယောက်ဖြစ်သည့် အခါမှ ကျွန်တော်ပို၍ နားလည်ခံစားမိခဲ့ပါသည်။

မိမိ၏ရင်တွင်း ခံစားမှုကို ထိမ်းချုပ်နိုင်မှု ကြီးမားသော လူသားများထဲတွင် ဆရာမတစ်ယောက်ပါဝင်ပါသည်။ မိဟံသာနှင့် ပတ်သက်၍ အတန်းထဲတွင်သော်လည်းကောင်း စာသင်ခန်း၏ အပြင်ဘက်တွင်လည်းကောင်း ဆရာမတစ်ယောက် ပြောဆိုမှု မရှိသလောက်ပင်ဖြစ်သည်။

တစ်ဆယ့်ခြောက်နှစ်အရွယ်လူလားမြောက်အောင် ပြုစုပျိုးထောင်ခဲ့သော မိခင်တစ်ယောက်၏ အကြင်နာ မေတ္တာနှင့် ကြေကွဲနာကျင်မှုတို့သည် သူမ၏ အသက်ရှင်ရသောနေ့ရက်တိုင်းတို့တွင် ဆရာမ၏ နှလုံးသားဝယ် တွယ်ညှို၍ နေပေလိမ့်မည်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)