fbpx

မောင်ကြူးရင့် – ထင်ရူးပင်ရိပ် နှစ်ငါးဆယ်

July 19, 2018

– ထင်ရူးပင်ရိပ် နှစ်ငါးဆယ်
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၈
( ၁ )
ဆရာမောင်သာနိုးဘာသာပြန်ဆိုတဲ့ ထင်ရူးပင်ရိပ်နိုင်ငံတကာကဗျာစာအုပ်ဟာ နှစ်ငါးဆယ် တိုင်ခဲ့ပါပြီ။ ရာစုနှစ်နဲ့ပြောရရင် ရာစုနှစ်ဝက်တိုင်ခဲ့ပါပြီ။ မြန်မာကဗျာ ဖြစ်ပေါ်တိုးတက်မှုသမိုင်းကြောင်းကို လေ့လာ ကြည့်ရင် ဘာသာပြန်ကဗျာရဲ့အခန်းကဏ္ဍဟာ ကြီးမားကျယ်ပြန့်လှပါတယ်။
 မြန်မာကဗျာဘာသာပြန်သမိုင်းကို သုတေသနလုပ်မှာမဟုတ်တဲ့အတွက် ဒီအပိုင်းကိုချန်လှပ်ခဲ့ပါမယ်။ အဓိကပြောချင်တဲ့အကြောင်းအရာက ထင်ရူးပင်ရိပ် နှစ်ငါးဆယ်အကြောင်း ဖြစ်ပါတယ်။
( ၂ )
      
ဆရာမောင်သာနိုးရဲ့ထင်းရူးပင်ရိပ်လို့ဆိုလိုက်တာနဲ့ ကဗျာဆရာတိုင်း စာပေပညာရှင်တိုင်း ဒိုင်းခနဲသိရမယ့် စကားကတော့ “မြန်မာကဗျာမှာ ” မော်ဒန် ” ဆိုတာမူးလို့ ရှုစရာမရှိဘူး ” ဆိုတဲ့စကားရပ်ပဲဖြစ်ပါတယ်။ အဲဒီကာလမှာ တကယ်လည်းမူးလို့ ရှုစရာမရှိပါဘူး။ အဲဒီကာလမှာ ဥရောပကဗျာက မော်ဒန်ခေတ်ကုန်ပြီး ရှေ့တလှမ်း လှမ်းနေတဲ့ကာလဖြစ်ပါတယ်။ ဒီမှာက ဂန္တဝင်ဥခွံထဲက ဖောက်မထွက်နိုင်သေးပါဘူး။ 
ဆရာမောင်သာနိုးရဲ့ ထင်းရူးပင်ရိပ်ဟာ ဂန္တဝင်ဥခွံထဲက ဖောက်ထွက်ဖို့ အသံပေးလိုက်တဲ့ သေနတ်သံ ဖြစ် ပါတယ်။ အဲဒီကာလမှာ ဆရာမောင်သာနိုးကိုယ်တိုင်လည်း မော်ဒန်ကဗျာ တပုဒ်စနှစ်ပုဒ်စ ရေးနေပါပြီ။ အဓိကပြောလိုတာကတော့ ကာရံနဲ့ ရေးတဲ့ဂန္တဝင်ကဗျာကနေ စကားပြောရစ်သမ်နဲ့ရေးတဲ့ မော်ဒန်ကဗျာ ကို ပြောင်းလဲမှုမှာ ထင်းရူးပင်ရိပ်ရဲ့ကျေးဇူးတရားဟာ အင်မတန်မှကြီးတယ်ဆိုတာကို ပြောချင်တာပါ။
( ၃ )
ဆရာမောင်သာနိုးဟာ ထူးချွန်တဲ့ပညာရှင်တဦးဖြစ်ပါတယ်။ နိုင်ငံတကာကဗျာတွေကိုမြန်မာကဗျာလောက ထဲရောက်အောင် စွမ်းစွမ်းတမံ ပို့ဆောင်ပေးခဲ့သူဖြစ်ပါတယ်။ အဲဒီထဲမှာ ထင်းရူးပင်ရိပ်က အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ အာရှတိုက်အလင်းရောင်နဲ့ အခြားနိုင်ငံတကာကဗျာပေါင်းများစွာကိုလည်း ဘာသာပြန်ပေးခဲ့တဲ့ လမ်းဖွင့်ပေးခဲ့တဲ့ပညာရှင်တဦးဖြစ်ပါတယ်။ ထင်းရူးပင်ရိပ်နှစ်ငါးဆယ်မှာ ဆရာကျော် ဇောခိုင်ကလည်း” နှစ်ငါးဆယ် ထင်းရူးပင်ရိပ်မှ စာတမ်းကိုရေးသားနေပါတယ်။ 
အဲဒီထဲကစာစုတခုကို တင်ပြချင်ပါတယ်။” ဒီကဗျာဟာ ထင်ရူးပင်ရိပ်ထဲက နိုဘယ်ဆုရှင် စပိန်ကဗျာဆရာ နရူဒါရဲ့ ” အမေရိက “ဆိုတဲ့ကဗျာဖြစ်ပါတယ်။ ထင်းရူးပင်ရိပ်မှာပါတဲ့ ကဗျာဆရာအများစုက အထင်ကရ တွေဆိုပေမယ့် သခင်ဘသောင်းရဲ့နဂါးနီကနေမြစ်ဖျားခံခဲ့တဲ့ မြန်မာတွေအတွက် နရူဒါ မာယာကော့စကီး ယက်ဖ်တူရှင်ကိုတို့ကို ပိုပြီးလူကြိုက်များခဲ့ပုံရတယ်။ လက်ဝဲကဗျာဆရာတွေကိုး “လို့ ရေးထားပါတယ်။
အဲဒီကာလဟာ ဒဂုန်တာရာရဲ့စာပေသစ်အယူအဆအားကောင်းတဲ့ကာလဖြစ်သလို မြန်မာကဗျာဆရာတွေ စွဲကိုင်တဲ့လမ်းကြောင်းလည်း ဖြစ်ပါတယ်။
 
( ၄ )
ဒီစာမှာထင်းရူးပင်ရိပ်ထဲက ကဗျာတွေကိုဆန်းစစ်ဖို့လည်း မဟုတ်ပါဘူး။ မြန်မာကဗျာရဲ့ဆင့်ကဲဖြစ်စဉ်ကို သုံးသပ်ရေးသားဖို့လည်း မဟုတ်ပါဘူး။ အဓိက ရေးချင်ပြောချင်တာက မြန်မာကဗျာလောကကိုကျေးဇူး ကြီးစွာသက်ရောက်ခဲ့တဲ့ ထင်းရူပင်ရိပ်အကြောင်း အကျဉ်းမျှပြောလိုတာဖြစ်ပါတယ်။ 
အဲဒီကာလခေတ်အခြေအနေနဲ့ ဒီကနေ့ ကာလခေတ်အခြေအနေသမိုင်း နိုင်ငံရေးသီအိုရီအများကြီး ပြောင်း လဲသွားခဲ့ပါပြီ။ ထင်းရူးပင်ရိပ်နဲ့ ဆရာမောင်သာနိုး ကျန်းမာသက်ရှည်ပါစေကြောင်း ဆုတောင်း မေတ္တာ ပို့အပ်ပါတယ်။ ။
မောင်ကြူးရင့်၁၃ . ၇ . ၂၀၁၈
ထင်ရူးပင်ရိပ် မျက်နှာဖုံးနှင့် ပန်းချီမောင်နိုး၏ ဆရာမောင်သာနိုးပန်းချီကို Google မှ ယူပါသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)