ကျော်ထင် ● အမွေဆိုး

July 25, 2018

● အမွေဆိုး
(မိုးမခ) ဇူလိုင် ၂၅၊ ၂ဝ၁၈

 ဒီ​နေ့မှ အိမ်​ကပ်​မိပြီး လှံစွပ်​ (Bayonet) နဲ့ တ​ယောကို သတိတရဖြစ်​မိတယ်​။ တ​ယောက​ ကျုပ်​အ​ဖေ လူပျိုဘဝ အသည်း နုတဲ့ကာလတုန်းက ထိုးခဲ့တဲ့တူရိယာ။ လှံစွပ်​က​တော့ ဂျပန်​နဲ့တွဲပြီး ဗြိတိသျှအင်​ပါယာထဲက​နေ လွတ်​ဖို့ ကျွတ်​ဖို့ တိုက်​ကြ ခိုက်​ကြ​တုန်းက ကျုပ်​အ​ဖေကို ဂျပန်​စစ်​ဗိုလ်​က လက်​​ဆောင်​ပေးခဲ့တာ။

အခု တ​ယောနဲ့ လှံစွပ်​တွေချိတ်​ထားတဲ့ကုဗ္ဘီးတိုင်​မှာ လှံစွပ်​ကို မ​တွေ့ရဘူး။ တ​ယောက​တော့ သူ့ဘိုးတံ​လေးနဲ့ သူတွဲပြီ ကု ဗ္ဘီးတိုင်​မှာ ငြိမ်​ငြိမ်​သက်​သက်​​လေး ခို​နေတယ်​။ ကျုပ်​အ​ဖေမှမထိုးရင်​ ဒီတ​ယောကို ကျုပ်​မျိုးဆက်​မှာ ဘယ်​သူမှထိုးမယ့်​သူ မရှိ​တော့ပါဘူး။ အကြီး​ကောင်​ကလည်း ဂီတာသာ တဂွမ်​ဂွမ်​တီး​နေတာ။ ဒီတ​ယောကို လှည့်​​တောင်​မကြည့်​ပါဘူး။ အလတ်​​ကောင်​နဲ့အငယ်​​​ကောင်​ကတော့ ဘယ်​လို​နေမယ်​မသိ​သေးဘူး။

ဒါ​ပေမဲ့ မျိုးဆက်​အ​နေနဲ့ ချိတ်​ဆက်​ပြီး ပြောမယ့်​သာ ​ပြောတာပါ၊ မျိုးရိုးလိုက်​ပြီး ဝါသနာဗီဇပါတယ်​မပါဘူး ​ပြောရ​လောက်​​အောင်​ ကျုပ်​အ​ဖေကလည်း စွဲစွဲမက်​မက်​ ဝါသနာပါခဲ့တာ မဟုတ်​​လောက်​ပါဘူး။ ကာလသားအရွယ်တုန်းကသာ ထိုးခဲ့တာ။ အ​မေနဲ့ အိမ်​​ထောင်​ကျပြီးကတည်းက မထိုး​တော့ဘူးလို့​တော့ အ​မေပြောဖူးတယ်​။ ကျုပ်​လည်း အ​ဖေတ​ယောထိုးတာကို မမြင်​ဖူးခဲ့ပါဘူး။ တကယ့်​ ဝါသနာမဟုတ်​လို့လား၊ မလိုအပ်​​တော့လို့လား၊ ပြည်​တွင်းစစ်​​တွေနဲ့ မအားလပ်​​တော့လို့လား။ ဘာ​တွေလဲဆိုတာတော့ မသိဘူး။ မ​တွေးတတ်​ဘူး။

ကျုပ်​လည်း မထိုးတတ်​ပါဘူး။ ဘိုးဘပိုင်​​လေးမို့ သာသိမ်းထား၊ ထိန်းထားတာပဲရှိတာ။ ထိုးတတ်​လွန်းလို့ တမြတ်​တနိုးထား ထားတာ မဟုတ်​ပါဘူး။ ဗီဇအ​မွေရလို့ တ​ယောထိုးဖို့ ရည်​ရွယ်​သိမ်းထားတာလည်း မဟုတ်​ပါဘူး။ ဘိုးတံ​တောင်​ ဘယ်​ဟာ အထက်​၊ ဘယ်​ဟာ လက်​ရယ်​လို့ သိတာမဟုတ်​ပါဘူး။ တကယ်​​တော့ တ​ယောမှမဟုတ်​ပါဘူး​လေ။ ဘယ်​အနုပညာမျိုးမဆို ကျုပ်​နဲ့​တော့ ကမ္ဘာတခြားဆီမှာပါပဲ။

ဒီလိုအနုပညာကမ္ဘာခြားတ​ယော​လေးက ကု ဗ္ဘီးတိုင်​မှာ ချိတ်​ရက်​နဲ့ တွဲ​လောင်းရှိ​နေ​သေးတယ်​။ ဂျပန့်​လှံစွပ်​ကြီးသာ ဓားအိမ်​​ကော၊ ဓား​ကော နှစ်​ခုစလုံး မ​တွေ့​ရ​တော့တာ။ ဒါဘယ်​အချိန်​ကတည်းက မရှိ​တော့တာလဲ။ ကျုပ်​လည်း သတိမထားမိခဲ့ဘူး။ ၈၈ လူထုအုံကြွမှု​တွေ ဖြစ်​​နေတုန်းက​တော့ ဒီလှံစွပ်​ကိုအရံအတားအဖြစ်​နဲ့ ထုတ်​ကိုင်​ခဲ့ဖူးတယ်​။ ရပ်​ကွက်​​တွေဆီ ဟိုရွာက တက်​လာပြီ၊ ဒီရွာက လု​တော့မယ်​ဆိုတဲ့ ​ကောလဟာလ​တွေ ပလူပျံ​နေတုန်းကလည်းလှံစွပ်​​ကို တကိုင်​ကိုင်​နဲ့ ​နေခဲ့ဖူးပါတယ်​။ ညညဆို ဘယ်​လိုလူ​တွေမှန်း မသိတဲ့လူ​တွေက သံ​ချောင်း​တွေ တ​ဒေါင်​​ဒေါင်​​ခေါက်​၊ ဟိုရုံးဖျက်​၊ ဒီအိမ်​ဖြိုလုပ်​နေကြတုန်း က ဒီဓား​လေးကို ကိုယ်​နဲ့ကွာပြီး မထားရဲခဲ့ဘူး။ လက်​ထဲ တဆဆရယ်​။

ငြိမ်​ငြိမ်​သက်​သက်​ဖြစ်​သွား​တော့မှသာ သူ့​နေရာသူ ပြန်​ချိတ်​ပြီးထားလိုက်​တာ။ နောက်​ထပ်​ထပ်​ပြီး မပတ်​သက်​မိ​တော့ဘူး။ အဲ့လို သတိမမူဂူမမြင်​ပဲ​ နေလာလိုက်​တာ၊ ဒီ​နေ့မှ ဘာရယ်​ မဟုတ်​ဘဲ တ​ယောနဲ့လှံစွပ်​က စိတ်​ထဲ​ရောက်လာတာ။ အဲ့ကျမှ ဓားမရှိဘူးလို့  သိလိုက်​ရတာ။ ဘယ်​သူကိုင်​ပြီး ဘယ်​သူယူတာလဲ။ အကြီး​ကောင်​လား အလတ်​​ကောင်​လား။

ကျုပ်​ကလည်း အိမ်​မှာ ကပ်​တယ်​လို့မရှိတော့ အိမ်​မှာ ဘာ​တွေဖြစ်​​နေသလဲဆိုတာလည်း မသိရဘူး​ပေါ့။ အိမ်​မှာလည်း ကပ်​ချင်​၊​နေချင်​တဲ့စိတ်​ကို မရှိပါဘူး။ဘိုးဘပိုင်​ အိမ်​ကြီးကို ​ရောင်းစားပစ်​လိုက်​ရပြီး၊ ဒီအိမ်​​​လေးဝယ်​ပြီး ​နေ​နေကတည်းက ကျုပ်​ ​အိမ်​မကပ်​ဖြစ်​တာ။ အိမ်​သစ်​မှာ မ​နေချင်​တာလည်းပါတယ်။ အိမ်​သစ်​မှာ ​နေရတိုင်းအိမ်ဟောင်းကို သတိ​တွေ ရမိနေမိတာ လည်း ပါတယ်တယ်​။ နှ​မျှော​နေမိတာလည်း ပါတယ်​။ နောင်​တရ​နေမိတာလည်း ပါတယ်​။ ပြန်ရဖို့ကြိုးစားနေတာလည်း ပါ တယ်။

အဲ့ဒီ့အိမ်ကြီးရောင်းစားပစ်​လိုက်​ရတာကို ကျုပ်​ လိပ်​ပြာမလုံပါဘူး။ တကယ်​တမ်းက အိမ်​ကြီးက ကျုပ်​တို့ မောင်​နှမ​တွေ ပိုင်​ကြတာ​လေ။ ဒါ​ပေမယ့်​ မောင်​နှမ​တွေအားလုံးရဲ့ သ​ဘောဆန္ဒမပါဘဲ ​ကျုပ်​ရောင်းစားပစ်​ခဲ့တယ်။ ကျုပ်​အစ်​ကို​တွေ၊ ညီမ​တွေအ​ကြောင်းကို ကျုပ်​​ကောင်း​ကောင်းသိလို့လည်း ဒီလိုလုပ်​မိတာပါတာ​ပေါ့။ ရောင်းစားမှုအတွက်​ သူတို့ထဲက ဘယ်​သူမှ ဘာမှ​ပြောကြ၊ ကန့်​ကွက်​ကြမှာ မဟုတ်​ဘူးဆိုတာ ကျုပ်​သိ​နေတယ်​။ တရားတ​ဘောင်​​တွေ ပြုကြမှာလည်း မဟုတ်​ပါဘူး။ ရပိုင်​ခွင့်​ အ​မွေ​တွေခွဲ​ပေးဖို့ ​တောင်းဆိုမှာလည်း မဟုတ်​ပါဘူး။ ဒီအထင်​ မှန်​တယ်​။

ကျုပ်​ထင်​တဲ့အတိုင်းပါပဲ။ အိမ်​ကြီး​ရောင်းစားပစ်​ပြီ ကြား​တော့လည်း သူတို့ ဒီအတိုင်းပုံမှန်​ပါပဲ။ ကျုပ်​ဆီလာပြီး ဆိုးတယ်​လည်းမ​ပြောဘူး။ အပြစ်​လည်း မတင်​ကြဘူး။ ညီမအငယ်​ဆုံးတယောက်​ပဲ ငါး​သောင်းနဲ့ ​ရောင်းလိုက်​တာကိုနည်းလို့ဆိုပြီး ဟို​မေး ဒီစုံစမ်းလုပ်​ခဲ့တာ​။ ဒီလောက်​ပဲရှိပါတယ်​။ ဒါကလည်း အိမ်​​ရောင်းစားပစ်​လို့မဟုတ်​ဘဲ တန်​ရာတန်​​ကြေးမရလို့ဆိုတဲ့ သ​ဘောနဲ့ လုပ်​တာပါ။

ခု​တော့ ဒီအလွဲသုံးစားလုပ်​မိတာကို ယူကျုံးမရဖြစ်​လို့ မဆုံးဘူး။ ကျုပ်​လည်း အလွဲသုံးစားလုပ်​ချင်​လွန်းလို့ရယ်​​တော့ မဟုတ်​ဘူး​ပေါ့​လေ။မဖြစ်​နိုင်​တဲ့အဆုံး အ​မွေဆိုင်​ကိုပဲ ဗုန်းလိုက်​သလို လုပ်​လိုက်​ရတာပဲ။ သမဆိုင်က​ငွေ​တွေနဲ့ ​ငွေစု​ငွေ​ချေးက​ငွေ​တွေ သုံးထားမိတာက မနည်းလှဘူး​လေ။

သမဆိုင်​မှာ ကျုပ်က အတွင်း​ရေးမှူး၊​ ငွေစု​ငွေ​ချေးမှာလည်း ဒီရာထူးမို့ ​ငွေကလွယ်​လွယ်​​တွေ့နေတယ်​။ လွယ်​လွယ်​​တွေ့​နေ တဲ့​ငွေ လွယ်​လွယ်​ယူသုံးမိ​တော့ ပြန်​ဆပ်​ရမယ့်​ အ​ကြွေး​တွေက ထပ်​သွား​တယ်။ ​နေ့စဉ်​ စားဝတ်​​နေ​ရေးအပြင်​ အကြီး​ကောင်​ ​ဒေသ​ကောလိပ်​တက်​တဲ့စရိတ်​၊ အငယ်​​ကောင်​နဲ့ အလတ်​​ကောင်​​တွေရဲ့ ​ကျောင်းစရိတ်​​တွေက ကျုပ်​အတွက်​​တော့ မ​သေး ဘူး။ အစိုးရ​ကျောင်းတခုတည်းဆိုရင်​​တော့ ​ကျောင်းစရိတ်​ဆိုတာ မ​ပြောပ​လောက်​ဘူး​ပေါ့​လေ။

ဒါ​ပေမယ့်​ ကျောင်းနဲ့တင်​ စာတတ်​မလာကြလို့ ကျူရှင်​ပို့ရတာက ​ငွေအပိုကုန်​​နေတာ။ ပြီး​တော့ ဒုက္ခိတ​ညီ လေးထွန်းကြွယ်​ကိုလည်း ​ကျွေးထားရ​သေး​တော့ ကျုပ်​လစာ​ငွေဟာ မနိုင်​ဝန်​ထမ်း​နေရတာ။ ဒီ​တော့လည်း တလတလ လိပ်​ပတ်​မလည်​ဘဲ လိပ်​ပက်​လက်​ချည်း လန်​​နေ​တော့တာပါပဲ။ ကျုပ်​လစာက နည်းနည်းဆို​တော့။ ကျုပ်​ရတဲ့ လစာ​ငွေနဲ့ ဘယ်​လိုမှမ​လောက်​ငဘူး။ မနက်​အ​စောစာ မုန့်​ပျားသလက်​၊ညစာ အ​ကြော်​စားဖို့ ကိုပဲ ​တော်​​တော်​ဦး​နှောက်​​ခြောက်​ရတာ။ ဒီ​တော့ သမ​ငွေ​တွေ၊​ငွေစု​ငွေ​ချေး​တွေထဲက​ငွေ​တွေ ယူယူသုံးမိတာ​ပေါ့။ လကုန်​ပြန်​ထည့်​မယ်​၊ ပြန်​ထည့်​မယ်​နဲ့ ယူယူသုံးမိလိုက်​တာ။ လကုန်​​ပေါင်းများလာ​တော့ ပြန်​မထည့်​နိုင်​​တော့ဘူး။ ဖဲ့ဆပ်​လည်း ကျေဖို့မလွယ်​ဘူး။ အငတ်​ခံဆပ်​ဖို့ဆိုတာကလည်း မဖြစ်​နိုင်​ဘူး။

တရားဥပ​ဒေဆိုတာမှာက လူမှု​ရေးရယ်​လို့ သိအပ်​၊ ရှိအပ်​တာမှ မဟုတ်တော့ ပြန်​မဆပ်​နိုင်​ရင်​ အလွဲသုံးစားမှုနဲ့ ထောင်​ကျဖို့ပဲ ရှိ​တော့တယ်​။ တခြား​ပေါင်​နှံ​ရောင်းချစရာ ​ရွှေတို​ငွေစဆိုတာကလည်း အနတ္ထိတရားကို လက်​ကိုင်​ထားတာ။ နောက်​ဆုံး မတတ်​နိုင်​တဲ့အဆုံး ကျုပ်​တို့မိသားစု​နေ​နေကြတဲ့ လက်​ရှိဘိုးဘပိုင်အိမ်​ကြီးကိုပဲ ​ရောင်းပစ်​ဖို့ ဆုံးဖြတ်​လိုက်​ရ​တော့ တယ်။ ညီအစ်​ကို​မောင်​နှမ​တွေဘက်​က ပြဿနာမရှာဘူးလို့သိ​နေ​တော့ အိမ်​​ရောင်းပြီး သမ​ငွေ​တွေနဲ့​ငွေစု​ငွေ​ချေးက ​ငွေ​တွေကို အပြတ်​ဆပ်​လိုက်​တယ်​။ ပြဿနာရှာခဲ့ရင်​လည်း ​မောင်​နှမချင်း​တွေမို့ ​တောင်းပန်​ရမှာပဲ။ ဒါ​ပေမဲ့​ တအူထုံဆင်း​တွေ ဆို​တော့ အစ်​ကို​တွေ၊ ညီမ​တွေအ​ကြောင်း ကျုပ်​သိပါတယ်​။ ဟင့်​အင်းလုပ်​မယ့်​သူ တ​ယောက်​မှမရှိပါဘူး။ တကယ်​လည်း မရှိခဲ့ပါဘူး။

အိမ်ရောင်းရတဲ့ငွေနဲ့ အကြွေးတွေဆပ်။ အလတ်ကောင်နဲ့အငယ် ကောင်တွေအတွက် ကြက်ဖစက်ဘီးလေးတစ်စီးဝယ်ပေးလိုက်တယ်။ နေဖို့ ထိုင်ဖို့အတွက်တော့ ကွက်သစ်က နှစ်သောင်းတန် ဒီဝိုင်းနဲ့ အိမ်လေးကိုဝယ်လိုက်တာ။ ဝယ်သာဝယ် လိုက်တာ ကျုပ်တို့မိသားတစုလုံး နေချင်လှချည်ရဲ့မဖြစ်ကြဘူး။ ဒါကြောင့် ဝယ်ပြီးပြီးတောင် သွားမနေဖြစ်ကြဘူး။ ရုံး မှာပဲ ကုပ်ကပ်နေနေကြသေးတာ။ နှစ်လလောက်ကြာမှ ပြောင်းရွှေ့ နေဖြစ်ကြတယ်။ ပြောင်းရွှေ့ပြီး၊ နေသားကျတော့ ကျုပ် အိမ်မကပ်တော့ဘူး။ အိမ်ဟောင်းကြီးကို သတိရတယ်။ ဆုံးရှုံးလိုက်ရတဲ့အိမ်ကြီးကို ပြန်ရအောင်လုပ်မယ်။

ပြန်ရအောင်လုပ်မယ်ဆိုတော့ သိန်းအောင်တို့နဲ့ တိုင်ပင်ရတာပေါ့။ သိန်းအောင်က မေးတယ်။

“ခင်ဗျားကို သူတို့ပြန်ရောင်းပေးပါတော့မလား”

“ရောင်းကတည်းက (၁) နှစ်အတွင်း ပြန်ဝယ်ရင် ရောင်းပေးမယ်လို့ပြောထားကြတာပါ”

ဒါဆိုလည်း ချဗျာ၊ကြာသလားလို့ တဲ့။

သိန်းအောင်တို့ ချဗျာ၊ ကြာသလားလို့ဆိုတာက လေးကောင်ဂျင်ပါ။ ဒီကောင်လုပ်တတ်တာကလည်း အဲ့ဒီ့ဂျင်ကစားတတ်တာပဲ ရှိပါတယ်။ ကျုပ်ကျွမ်းကျင်တဲ့ မေဂျာကလည်း အဲ့ဒီ့ဂျင်ပဲလေ။ ရောင်းလိုက်ရတဲ့အိမ်ကိုပြန်ဝယ်နိုင်ဖို့ကလည်း ဒီတလမ်းပဲမြင် တယ်။ ကျုပ်အတွက်လည်း ဒီတလမ်းပဲရှိတယ်။ ဒီလမ်းကိုလိုက်ဖို့၊ အိမ်ရောင်းပြီး ကြွေးဆပ်၊ လိုအပ်တာဝယ်ပေးပြီး ပိုတဲ့ ပိုက်ဆံတွေထဲက အရင်းတုတ်အဖြစ်သုံးမယ့် ပိုက်ဆံကို မိန်းမဆီကနေ တတိတတိနဲ့ တောင်းယူကစားဖြစ်တယ်။

နိုင်ပွဲကို မျှော်လင့်ပေမယ့် ရှုံးပွဲကြီးမှ အိမ်ပြန်လာဖြစ်တယ်။ မိန်းမကတော့ မျက်နှာငယ်လေးနဲ့ ကြိုရှာပါတယ်။ ပြန်လာတိုင်း၊ ငွေ ပါမလာပေမယ့်၊ ထွက်သွားတိုင်း အိမ်ကငွေ ပါပါသွားတတ်တာမို့ မိန်းမခမျာ ခြံပေါက်ဝမှာ ငေးငေးရီရီနဲ့ ကျန်နေရစ်ခဲ့တာ လည်း အကြိမ်ကြိမ်ပါပဲ။ ကျုပ်ကတော့ ငွေကုန်တဲ့အခါ ချေးငှားကစားတယ်။ အချေးအငှားများလို့ မရတော့တဲ့အခါကျ အိမ် ပြန်လာတယ်။ ကျန်တဲ့အချိန်တွေမှာတော့ ဂျင်ဝိုင်းရှိရာနေရာမှာပဲ အိမ်လုပ်နေခဲ့တယ်။

အခု ငွေကုန်လို့အိမ်ပြန်လာတာ။ အိမ်မှာလည်း ငွေတပြားမှမရှိတော့ဘူး။ အငယ်ကောင်တွေစီးဖို့ဝယ်ပေးထားတဲ့ စက်ဘီး လည်း ပြီးခဲ့တဲ့လကတည်းက ဂျင်ဝိုင်းမှာ ထား ထားခဲ့ရပြီ။ အဲ့ဒါကိုတော့ ရုံးကယူလာတဲ့ မောင် ဗမာစက်ဘီးစုတ်ကလေးနဲ့ ဝမ်းချပေးထားရတယ်။ စက်ဘီးက တော်တော်စုတ်နေပေမယ့် ကျေနပ်ကြလို့ တော်သေးတယ်။

ထပ်ကစားဖို့ ပိုက်ဆံသာ ကြံဖန်မရဖြစ်နေတာ။ ဘယ်ပိုက်ဆံနဲ့ကစားရမလဲ။ ဒါကိုပဲ မိုးလင်း၊ မိုးချုပ် ကျုပ်တွေးနေတယ်။ အဲ့ဒါတွေ တွေးရင်း အကြံထုတ်ရင်း နေနည်းနည်း မြင့်တဲ့အထိမထသေးဘဲ အိပ်ရာထဲ လှဲနေလိုက်တယ်။ နောက်ဆုံးတော့ ပြန်ဆပ်ထားတဲ့ ငွေဆုငွေချေးငွေတွေကိုပဲ ကျုပ်စဉ်းစားလို့ရခဲ့တယ်။ ကျုပ်ဆပ်ထားတာ၊ကျုပ်မှာ ကြွေးရှင်းနေသေးတာပဲ။ နည်းနည်းလောက်ယူပြီး ရင်းလိုက်လို့ နိုင်လိုက်ရင် … ။

ဒီအတွေးအဆုံးမှာ တက်တက်ကြွကြွနဲ့ အိပ်ရာက ကျုပ်ထလိုက်တယ်။ အဲ့ဒီ့ အထ၊ ခုတင်ပေါ်ကနေ ခြေတွဲလောင်းအချမှာ ကုဗ္ဘီးတိုင်ကိုကြည့်မိသွားတာ။ တယောကို တွေ့တယ်။ လှံစွပ်က မရှိဘူး။ ဘယ်ရောက်သွားလဲ။ ဘယ်သူ့လက်ချက်လဲ။ ယူဆော့ပြီး ပြန် မထားတာလား။ ဘာလုပ်ပစ်လိုက်ကြတာလဲ။ ပျောက်သွားပြီလား။

အခန်းထဲက အထွက်မှာ အလတ်ကောင် အိမ်ပေါ်တက်လာတာကို တွေ့ လို့ ဆီးမေးလိုက်တယ်။

“သားရေ လှံစွပ်ကြီးကော။ အဖေ မတွေ့မိဘူး”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments