မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ ကာတွန်းပညာမျှဝေခြင်း (၄) မှာ ကာတွန်းအောင်ဇေယျ ဟောပြောမယ်

July 27, 2018

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ ကာတွန်းပညာမျှဝေခြင်း (၄) မှာ ကာတွန်းအောင်ဇေယျ ဟောပြောမယ်

K (မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၈

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှစီစဉ်သော ကာတွန်းပညာမျှဝေခြင်း အစီအစဉ်ကို ရန်ကုန်မြို့ အမှတ်(၁၇၃/၁၇၅) ပန်းဆိုးတန်းတာဝါ-အခန်းအမှတ် (၆၀၁)၊ ပန်းဆိုးတန်းလမ်း(အလယ်)မှာရှိတဲ့ မြန်မာနိုင်ငံကာတွန်းဆရာများအသင်း ရုံး ခန်းမှာ ဇူလိုင် ၂၈ ရက် နေ့လယ် ၁ နာရီ မှ ၃နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှစီစဉ်သော ကာတွန်းပညာမျှဝေခြင်း အစီအစဉ်ကို ကျင်းပလာတာ လေးကြိမ် မြောက်ရှိပြီဖြစ်ပြီး ယခင်အစီအစဉ်များတွင် ကာတွန်းငွေကြည်၊ ကာတွန်းကျော်သူရှိန်၊ ကာတွန်းမြေဇာတို့က ဟောပြော ဆွေးနွေးခဲ့ကြပါတယ်။

ယခု ကာတွန်းပညာမျှဝေခြင်း အစီအစဉ်(၄) မှာ ကာတွန်းဆရာအောင်ဇေယျမှ ဟောပြောပေးမှာ ဖြစ်ပြီး ဟောပြောပေး မယ့်ခေါင်းစဉ်ကတော့ ကာတွန်းဆရာနဲ့ကျွန်တော် ဖြစ်ပါတယ်။ ကာတွန်းဆရာအောင်ဇေယျဟာ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ကာတွန်းရေးဆွဲနေပြီး ရုပ်ပြဇာတ်လမ်းများဖြစ်တဲ့ ဇွဲဇုံ၊ ဂျောက်ဂျက်တို့ကို ဖန်တီးရေးဆွဲနေသူတဦးဖြစ်ပါတယ်။

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းလူမှုကွန်ရက်စာမျက်နှာမှာလည်း ယခုပြုလုပ်တဲ့ ကာတွန်းပညာမျှဝေခြင်း အစီအ စဉ်နဲ့ပတ်သက်ပြီး ကာတွန်းချစ်သူများ၊ စိတ်ဝင်စားသူများ မည်သူမဆို တက်ရောက်နားထောင်၊ ဆွေးနွေးဖို့ဖိတ်ခေါ်ထား ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:K ငြိမ်းချမ်း, သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)