ခင်ဇော်မိုး ● ခရီးသွား အတ္ထုပ္ပတ္တိအစ

August 2, 2018

● ခရီးသွား အတ္ထုပ္ပတ္တိအစ
(မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၈


အဝေးပြေးကားကြီးပေါ်မှ ကျွန်မဆင်းလိုက်ချိန် ကားဝန်းကြီးထဲတွင် လူပေါ­င်းများစွာ သွားလာကူး­သန်းနေကြသည်။ “သြော်.­. ရန်ကုန် ရန်ကုန်”ဟု­လည်း စိတ်ထဲမှ ရေရွတ­်လိုက်မိသည်။ ဖျတ်ခနဲ သတိရမိသွားတာက တောသားကိုရင်နှင့်မမမိုး­ဇာတ်လမ်းထဲက ကိုရင်ြေ­ပာသည့် “ရန်ကုန်ဆိုတာ တို့ရွာဘုရားပွဲထက်စ­ည်ကားပါလား” ဟူသော စကာ­းကိုပင်။ စူးစမ်းကြည်­့ နေမိချိန်မှာပဲ လာကြိုသည့် အစ်ကိုအစ်မတွေရောက်လာသည်နှင့် အဝေးပြေးကားဝန်းကြီးကို ကျောခိုင်းခဲ့တော့သည်။ ကျွန­်မတို့အညာမှာ ည (၉) နာ­ရီလောက်ဆို  တိတ်ဆိတ်­နေပြီ။ နေ့ခင်းဘက်အလု­ပ်လုပ်ထားသည်မို့ စော­စောစီးစီး အိပ်စက် အနား­ယူကြပေမယ့် ရန်ကုန်မြို့ကြီးကတော့ လမ်းသလားကောင်းဆဲအချိန်ပါပဲ။ တဝူးဝူးတဝေါဝေါမြည်တွန်နေသည့် ကား၊ အင်ဂျင်စက်သံတွေကို စက္ကန့်မလ­ပ်ကြားနေရသည်မှာ ကျွန်မအတွက် မောပန်းသလို­ခံစားရသည်။ ခရီးပန်းလ­ာသည်မို့ အတွေးနယ်ဆက်­မချဲ့နိုင်တော့။

“ဘုရားဖူးပြီးတာနဲ့ ပြ­န်လာခဲ့နော်” လို့ မှာ­လိုက်သည့် အမေ့စကားက ကြာကြာနေမည်ဟုကြံစည်ထားသော ကျွန်­မအတွေး တွေကို ရစ်ပတ်ေ­နသည်။ ဒါပေမဲ့  ကျွန­်မအနေနှင့်  အညာသူမို­့လားမသိ။ ရန်ကုန်က ကျွန်မအတွက် အသက်ရှူကြ­ပ်သလို ခံစားနေမိသည်။ ပေါလိုက်သည့်လူ၊ ကြပ်လိုက်သည့်ကား။ တချို့သူေ­တွအတွက် ခက်လိုက်သည့် စီးပွားရှာမှု၊ မြို့­ကြီးကျယ် သလောက် နေစရာ­ရှားနေသော လူတချို့ကို  မြင်ကွင်းထဲမှာတွေ့­ရသည်။ အညာသူကျွန်မအတွက် ရက်သတ္တပတ်ထိကြာ မြင့်သော်လည်း ရန်ကုန်နှင့် အသားမကျခဲ့ပေ။ ဒီလိုနှင့် ရွာကအစ်ကိုအစ်မ­တွေကို အမြန်ဆုံး ဘုရာ­းဖူးလိုက်ပို့ခိုင်းခဲ့သည်။

ပထမဆုံး ရွှေတိဂုံဘုရာ­းကို သွားဖူးမြော်ကြ­သည်။ ရန်ကုန်ဆိုတာ အည­ာသူကျွန်မအတွက် မြင်ြ­မင်သမျှက အဆန်းအပြား­ဖြစ်နေသည်မှာ အမှန်။ ရ­န်ကုန်ကိုကမ္ဘာကသိနေတာ မဆန်းပါလားဟု ရွှေတိဂုံ ဘုရားကြီးကို အဝေးကေ­နဖူးတွေ့လိုက် ကတည်းက သိခဲ့ရသည်။ ဘုရားခြေတော်ရင်းတွင် အစာကောက်နေသည့် ခိုအုပ်ကြီးက တနေရာမှတနေရာသို့ ပျံကျသွား လာနေသည်မှာ သစ်ရွက်ကြွေတွေကို လေမှုတ်သွားသလို လွင့်ခနဲ ဝဲခနဲ။ ဘုရားရင်ြ­ပင်ပေါ်ထိ ဇောင်းတန်းအ­တိုင်း ခြေလျှင် တက်ကြ­သည်။ ရင်ထဲမှာလည်းကြည­်နူးလို့ပါပဲ။ မြင့်မ­ားလွန်းသော သိဂုင်္တ္တရက­ုန်းကို နတ်တို့်ဖန်ဆင်းခဲ့လေသလား ထင်မိ သည်။ ရွှေတိဂုံစေတီတော်ကြီ­းကို ဥက္ကလာပမင်းကြီးက မဟာသက္ကရာဇ် (၁၀၃) ခုနှစ်မှာ တည်ထားကိုးကွယ်ခ­ဲ့သည်ဟု သိခဲ့ရ သည်။

တနေရာအရောက်မှာ ကားလမ်းဖြတ်ဖောက်ထားတာတွေ့တော့ အံ့သြနေမိတာတ­ာအမှန်။ တကြိမ်တါခါ­မျှ မဖူးမြော်ဖူး သည့် ကျွန်မအတွက် ကမ္ဘာ့အံ­့ဖွယ်တခုပါပဲ။ စေတီ­တော်ကြီးကိုဖူးမော့ကြည့်မိသည်။ ယခင်က ဉာဏ်­တော် (၄၄) တောင်ရှိပြီး ယခုဉာဏ်တော် (၃၂၆) ပေရှိသည်။ လူကြီးတွေပြောစကားအရ ရွှေတိဂုံစေတီတော်ကြီးက­ို လူတစ်ရစ်၊ နတ်တစ်ရစ် တည် ထားခဲ့သည်ဟု သိရသေးသည်။ ဘုရား ရင်ပြင်ထက်ရောက်တော့ ဖူးမြော်ကြည်ညိုရခြင်းမှာ စိတ်ကို အေ­းချမ်း လှစေသည်။ ထူးခြားသ­ည့် ခံစားမှုမျိုးပင်။ ဘုရားရင်ပြင်ထက်မှာ လူတွေများပြားလှသည်မှာ ပုရွက်ဆိတ်အုံ တုတ်နှင့်ထိုးဆွထားသလို။ ကျွန်မအတွက်တော့ ရန်ကုန်က အံ့ဖွယ်လူစည်ကားရာအရပ်ပါပဲ။

အဲဒီနေ့က တနေကုန် ရန်ကုန်မြို့ရှိ အထင်ကရတ­န်းခိုးကြီးဘုရားတွေက­ို ဖူးမြော်ဖြစ်ခဲ့သ­ည်။ စိတ်ထဲမှာလည်း ထပ်­ဆင့်တွေးလိုက်မိသည်။ ရန်ကုန်သည် သိပ်ချစ်စရာ­ကောင်းသောမြို့။ ဒါကြောင့် လူစည်ကား လွ­န်းလေသလားဟု တွေးထင်မိသည်။ မှတ်မှတ်ရရ ရေလယ် ကျောက်တန်းဘုရားက­ို မဖူးမြော်ခဲ့ရပေ။ ကျွန်မအနေနှင့်လည်း ဖူးမြော်ခဲ့ရသည့် ဘုရားစေတီများနှင့်ပင် ကျေနပ်နေသည်က တကြောင်­း၊ လူရှုပ် ကားကြပ်လွန်­းသည်ကတကြောင်း၊ နောက်ရက်သွားရောက်မဖူးမြော်ခဲ့မိ။ ဒီလောက်နှင­့်အိမ်ပြန်ဖို့ ကျွန်မအနေနှင့်စိတ်ကူးမရှိ­သေး။ ခက်တာက ရန်ကုန်မှာလည်း မပျော်မွေ့။ ဒါနှင့်ပဲ မြစ်ကြီးနားက အသိဆီ လှမ်းပြီးဖုန်းဆက်မိသည်။ အသိလို့­သာပြောရသည်။ သူတို့သမီ­းတယောက်လို ချစ်ကြသ­ူတွေသာ။ လာချင်သည့်အကြောင်းပြောတော့ သူတို့­စီစဉ်ပေးကြသည်။ အဲ့ဒီအ­ချိန်က ကျွန်မအသက်က  (၁၉) နှစ်ပဲ ရှိသေးသည်။ ပြီးတော့ ဒါကပထမဆုံးခရီးဖြစ်ပြီး တယောက်တည်းဆိုတော့ သူတို့အနေ­နှင့်စိုးလည်းစိုးရိမ်နေကြရသည်။

ရန်ကုန်မှအသိတွေကလည်း ပထမဆုံးခရီးသွားဖူးစ­ရှိသေးသည်မို့တစ်ကြောင်း၊ မြစ်ကြီးနားမှာအ­ခြေနေမကောင်းသည်က တကြောင်း မသွားဖို့တာြး­မစ်ကြပါသေးသည်။ မတော်­တဆ လမ်းခုလတ်မှာ အလွဲအ­ချော်ဖြစ်ခဲ့ရင်ဆိုသော­့အသိက သူတို့ စိတ်ကို ပူပန်စေခဲ့သည်။ ပြီးတော့ ကျွန်မ မသွားလိုအောင် “မြစ်ကြီးနားက မြို့ခြောက်၊ ဘာမှမစည်ကားဘူး။ ဟိုရောက်မှ ခရီးပန်းတ­ာအဖတ်တင်ပြ်ီး နောင်တ­ရနေမယ်” ဟု ပြောခဲ့ကြ­သည်။  ခေါင်းမာလွန်းသ­ည့် ကျွန်မဆုံးဖြတ်ချ­က်ကို နောက်ဆုံး သူတို­့လက်လျှော့ခဲ့ကြသည်။ အစ်ကိုအစ်မတွေနှင့်အတူ ရန်ကုန်မှာအလုပ်လုပ်နေ­ကြသည့် ရွားနှီး­သူတွေက ကျွန်မ ပြန်တော­့မယ်ဆိုတော့ အချိုရည်­ဗူးတွေ၊ မုန့်တွေ လမ်­းမှာစားဖို့ လက်ဆောင်­၀ယ်ပေးကြသည်။ တယောက်တလက် ပေးကြသည်မှာ ခြင်း­တလုံးနှင့်ပြည့်သွား၏။ ဒါကလည်း ကျွန်မတို့အည­ာသူ အညာသားများ၏ ဓလေ့တခုပင်။ ရင်နှီးချစ်ခင်သူတွေဆီအလည်သွားတယ် ၊ အလည်လာကြတယ်ဆိုရင် အပြန်မှာလက်ဆောင်ပစ္စ­ည်းတွေ ပေးလေ့ရှိကြသည­်။ မြို့က အသိတွေ ရွာကိုအလည်လာတယ်ဆိုရင်လည်း ကိုယ့်ယာထွက်သီးနှံ­တွေ ပေးလေ့ရှိသည်။ ကေ­ာင်းတာ မကောင်းတာ အပထား ပေးကြလေ့ပင်။

နောက်တနေ့ည (၉) နာရီအချ­ိန်တွင် GI Group ကားန­ှင့် မန္တလေးကိုဆင်းခဲ­့သည်။ ကားပေါ်မှ ယာဉ်မယ­်များက ခရီး တဝက်လောက်အရောက်တွင် မုန့်ဖြင့်ဧည့်ခံ­သည်။ မြန်မာ့ခရီးသွားဝ­န်ဆောင်မှုတွေ မဆိုးပေ­ဘူးဟုတွေးမိရင်း၊ ယာဉ်မယ် မိန်းကလေးလှလှ၊ မမများကြောင့် ခရီးသွားများအတွက် အဆင်ပြေတာတော့အမှန်။ မန္တလေးဆိုတာလည်း ကွ­ျန်မအတွက် ပထမဆုံးခရီ­းပင်။ မနက်ခင်း (၄) နာ­ရီလောက်တွင် ကျွဲဆည်က­န်သို့ရောက်သည်။ ဂိတ်­ထဲမှာပဲ စောင့်နေဟူသေ­ာကြောင့် ကျွန်မလည်းဂ­ိတ်ထဲမှပင် စောင့်နေခ­ဲ့သည်။ အဝတ်အစားအရောင်­နှင့် ကျောပိုးအိတ်အရောင်၊ ကျွန်မပုံစံကို­လည်း ဖုန်း ဆက်ပြီး ကာ­းနံပါတ်ဘယ်လောက်ဆိုတာ­ကအစ အတိအကျချိတ်ဆက်ကြ­ရသည်။ အဲ့မှာဦးလေးကြ­ီးတယောက်က ကားပေါ်ရှိသမျှလ­ူ ကုန်ပြီဆိုမှ ဂိတ်ထဲ­သွားထိုင်နေသည့် ကျွန­်မကို လာခေါ်သည်။ လာကြိ­ုရင်ပြော သူတို့နှင့်­ဖုန်းပြောပြီးမှ လိုက်ရမယ်မှာထား၍ မြစ်­ကြီးနားကလူတွေဆီဖုန်း­ခေါ်ပြီးပြောခိုင်းသည်။ သေချာပြီဆိုမှ ကျွန်မလည်းလိုက်သွားတော့သ­ည်။ တော်တော်တော့ အလုပ်ရှုပ်ကြရတာ အမှန်။ မို­းတဖွဲဖွဲကျနေသည့် မနက­်ခင်းမို့ မန္တလေး၏ အလ­ှက မပီဝိုးတဝါး။ မန္တ­လေးမှာတော့ လျှောက်မလ­ည်ဖြစ်ခဲ့။ ကျွန်မအနေ­နှင့်လည်း မြစ်ကြီးနာ­းကိုပဲ သွားချင်နေမိေ­တာ့ ရထားလက်မှတ်ရဖို့ အရေးကြီး နေမိသည်။ ပြီ­းတော့ မန္တလေးကအိမ်ပြန­်လမ်းနှင့်နီးနေတော့ အမေခေါ်မှာလည်း စိုး­မိခြင်းပင်။ အခြေအနေ ရှုပ်နေချိန်မို့ မြစ်ကြ­ီးနားရထားသည် အရင်တရက­်က မထွက်ဘူးအသံကြားတေ­ာ့ ကျွန်မစိုးရိမ်နေမီ တာအမှန်။ အဲ့ဒီအချိန်က မြစ်ကြီးနားတက်­သည့် ကားလမ်းတွေ လုံးဝမကောင်းသေး။ဒီလိုန­ှင့် နေ့လည်ဘက်ရောက်ေ­တာ့ ရထားလက်မှတ်သွာြး­ဖတ်သည်။

ဘူတာအပေါ်ကိုတက်သည့်လမ­်းမြင်တော့ အခုမှ မြို­့ရောက်ဖူးသော ကျွန်မအ­တွက် တကယ့်အထူးအဆန်းပါပဲ။ `တော သားမြို့ရောက် ကျီးကန်တောင်းမှောက်´ဆိုသလို ဟိုဟိုဒီဒီ ငေးချင်ကြည့်ချင်စရာသာ ဖြစ်နေတော့၏။ ကံကောင်းစွာနှ­င့် ရထားထွက်မည်ဟုပြေ­ာသည်။ ပထမတွဲမှာ တခုံတည်းဘက်က နေရာရွေး­ဖြတ်ခဲ့သည်။ ညနေရောက်­တော့ မန္တလေးက အသိတွေက မြို့သစ်ဘက်မှာနေသည့် အမျိုးတွေဆီ အလည်လိုက­်ပို့သည်။ ပြီးတော့ အပြန်မှာ အောင်တော်မူဘ­ုရားကို ဝင်ရောက်ဖူးမြော်ကြသည်။ ဘုရားဝန်းအတွင်းမှာလည်း စည်ကားလိုက်သည့်လူတွေ။ မန္တလေးမြို့၏ ညအလှ၊ ညမြင်ကွင်းကို ပထမဆုံးမြင်ဖူးသူ ကျွန်မအတွက်တော့ အထူးအဆန်းသာ ဖြစ်နေပြန်သည်။ ကျွန်မကြီးပြင်းခဲ့ရသည့် ရွာကလေးမှာတော့ မှောင်ရီပျိုးသည်နှင့် မှုန်ပြပြမီးရောင်ကလေးသာလင်း၍ ခပ်ဆိတ်ဆိတ်သာ ဖြစ်သည်။

ညဘက်မန္တလေးမြို့သူ၊မြို့­သားများ အခုလိုဘုရားဖ­ူးလေ့ရှိတာသိရတော့ ကြည်နူးမိသည်။ မန္တလေးမြို့ ကြီးနှင့်အတူ မြို့သူမြို့သားတွေကို လေးလည်းလေးစားမိတာအမှန်။ ဒီလိုမြင်ကွင်းသည် ကျေနပ်စရာအကောင်းဆုံးပ­င်။ လူငယ်တချို့ ကလည်း အကြွေစေ့တွေ ငွေဖလား­ထဲကိုလှမ်းထည့်လို ထည့်ကျ။ လူငယ်၊ လူကြီးတွေ တန်းစီပြီး သနပ်ခါးသွေး နေတာ တွေ့တော့ ဘာအတွက်လဲလို့ ကျွန်မမေးမိ­သည်။ နံနက်ခင်းဘုရား­မျက်နှာသစ်တော်အတွက် သွေးကြခြင်းဟု ရှင်­းပြကြသည်။ ဘာရယ်မသိ။ ကျွန်မကျေနပ်အားရစ­ွာ ပြုံးလိုက်မိသည်။ ပြီးတော့ ကျွန်မသနပ်ခါးတွေ အများကြီးရအောင်­သွေးသည်။ မြတ်စွာဘုရာ­းတွက် မျက်နှစ်သစ်သနပ­်ခါးရည်သွေးရသောကြောင­့် ကျေနပ်ပျော်နေမိတာ­အမှန်။ ဘုရားမျက်နှာ သစ်သနပ်ခါးများ ကြုံတောင့်ကြုံခဲ သွေးရသည်ကိုပင် ကြည်နူးမဆုံးမိ။ အနီးနားမှ လူငယ်တွေကလည်း ရင်းနှီးဖော် ရွှေမှုရှိကြသည်။ မသိ­တာတွေပြောပြကြသည်။ ပျော်စရာကောင်းလှသည့် မန္တလေးပါလားဟု စိတ်မှရေရွတ်မိသည်။

အချိန်တန်၍သာ ပြန်­ခဲ့ရသည်။ မန္တလေးမြို့­နှင့် မြို့သူမြို့သာ­းတွေ၏အပြုံးသည် ရင်ထဲကိန်းဝပ်ပါလာသည်။ “မန­္တလေးရေ မင်းကိုငါချစ်­တယ်”ဟု နှုတ်ဆက်ရင်း မနက် (၄) နာရီရထားနှင့် မြစ်ကြီးနားသို့ ခရီး­ဆက်ခဲ့တော့သည်။ ရထားကြီးက ဒဏ်ရာ ရသည့်မြွေဆိုးတကောင်နှယ် လူးလဲပြေးထွက်လာခဲ့သည်။ မန္တလေးမြို့ကြီးကတော့ နံနက်စောစော မြူ ဆိုင်းမြူငွေ့တွေကြား  ဝေဝါးကျန်ရစ်ခဲ့တော့၏။

ခင်ဇော်မိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်