မိုးကျော်အောင် – ထိုနံရံပြိုလဲအောင် ငါတို့သံပြိုင်တေးဆိုခဲ့ကြပေါ့

August 9, 2018

ထိုနံရံပြိုလဲအောင် ငါတို့သံပြိုင်တေးဆိုခဲ့ကြပေါ့
မိုးကျော်အောင်
(မိုးမခ) သြဂုတ် ၉၊ ၂၀၁၈


လွန်ခဲ့တဲ့ နှစ် ၃၀ ဆီက ဒီကနေ့လိုညမျိုးမှာ ကျနော်တို့မိတ်ဆွေသူငယ်ချင်းတစုဟာ ခမ်းနားကြီးကျယ်လှတဲ့ သမိုင်းဖြစ်ရပ်ကြီးတခုရဲ့တစွန်းတစကို တို့ထိပါဝင်ဖို့ အစပြုခဲ့ကြပါတယ်။
ပျဉ်းမနားမြို့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုအရေးတော်ပုံရဲ့ဇာတ်လမ်းအစဟာ အဲဒီနေ့ည ဘီအိုစီရပ်က “ပန်းရိုးမ“ ကဖေးကနေ အစပြုမြစ်ဖျား ခံခဲ့တယ်ဆိုရင် မှားမယ်မထင်ပါဘူး။
လွန်ခဲ့တဲ့ နှစ် ၃၀၊ အဲဒီနေ့မနက် (၈-၈-၈၈ မနက်) က ပန်းရိုးမဆိုင်မှာ အချိန်နဲ့အမျှဝင်ထွက်စားသောက်နေလို့ ရင်းနှီးကျွမ်းဝင်နေတဲ့ ရန်ကုန် ဝိဇ္ဖာ-သိပံ္ပကျောင်းသား ကိုဖုန်းမြင့် ကျနော့်ဆီရောက်လာပါတယ်။ သူနဲ့အတူပါလာတဲ့ အရပ်ပုပြတ်ပြတ်ကျောင်းသားတယောက်နဲ့လည်း မိတ်ဆက်ပေးပါတယ်။ ရန်ကုန် ဝ/သ ကျောင်းသား ကိုစိန်ရွှေပါ။
သူတို့က စကားတီးတိုးပြောလာပါတယ်။

ဒီနေ့(၈-၈-၈၈) ပျဉ်းမနားမှာ လူထုလှုပ်ရှားမှုမဖြစ်သေးလို့ စိတ်ထဲခံပြင်းနေကြတဲ့အကြောင်း၊ နောက်တနေ့(၉-၈-၈၈)ကျရင် လှုပ်ရှားမှုမဖြစ်ဖြစ်အောင် လုပ်ကြ မယ့်အကြောင်း၊ အစီအစဉ်တွေဆွဲဆွေးနွေးတိုင်ပင်ဖို့ အစည်းအဝေးလုပ်ချင်တဲ့အကြောင်း၊ ညဆိုင်ပိတ်ချိန်မှာ လူစုပေးထားဖို့အကြောင်းပြောလာကြတယ်။
အဲဒီကာလက ပျဉ်းမနားမှာ ပန်းရိုးမကဖေးဟာ ကဗျာ ဆရာ၊ ပန်းချီဆရာ၊ အနုပညာသမားများ ဆုံမှတ်တည်ရာ၊ ကူးလူးဆက်သွယ်ရာနေရာတခု ဖြစ်ခဲ့ပါတယ်။
ပျဉ်းမနားလောကရဲ့ ကြီးလေးကြီးဖြစ်တဲ့ မောင် သင်းခိုင်၊ မောင်လေး၊ မောင်ခိုင်မာနဲ့ ဇော်(ပျဉ်းမနား) တို့စတည်းချရာဌာနချုပ်လည်း ဖြစ်ခဲ့ပါတယ်။
အဲဒီနေ့ညက လက်ဖက်ရည်ဆိုင်ပိတ်ပြီးချိန်မှာ အရေးပေါ် လူစုပြီး ကျနော်တို့ အစည်းအဝေးထိုင် ဖြစ်ကြတယ်။

နောက်တနေ့ (၉-၈-၈၈) အချိန်က မနက်၁၂ နာရီ၊
နေရာက ဗိုလ်ချုပ်လမ်းပေါ် ရွှေနန်းတော် ကဖေး။

ကျနော်တို့ပန်းရိုးမအုပ်စုက တယောက်ကို ငါးယောက်နှုန်း၊ စည်းရုံးခေါ်လာပြီး ကျောင်းသားအဖွဲ့ကိုဝန်းရံကူညီကြရမယ်။ ကျောင်းသားအုပ်စုကတော့ ရွှေနန်းတော် ဆိုင်နဲ့ လေးငါးအိမ်အကွာက “ဗင်းနစ်“ ကဖေးမှာထိုင်ပြီး လမ်းစထွက်ကြမယ်။
အဲဒီနေရာတွေအလုပ်မဖြစ်ရင်ရွှေချီရပ် (၄)လမ်း၊ “စပယ်ဦး“ ကဖေးကထွက်ကြမယ်ပေါ့။ ကျနော်တို့ဆုံးဖြတ်ချက်တွေ မြန်မြန်ချ၊ အစည်းအဝေးကို မြန်မြန်ရုပ် သိမ်းလိုက်ကြပါရဲ့။

ကိုဖုန်း၊ စိန်ရွှေနဲ့ ဇော်ဇော်(ခွေးပု) တို့သုံးယောက် ပြန် ကြလို့ မကြာသေးပါ။ ရန်အောင်(၁)ရပ်ကွက် ပါတီ၊ ကောင်စီလူကြီးတွေ၊ အရံမီးသတ်အဖွဲ့တွေ ဆိုင်ကိုပိတ်ပြီး၊ ကျန်တဲ့ကျနော်တို့ (၉)ယောက်ကို ဖမ်းထိမ်း လိုက်ပါရော။ ကံကောင်းသွားတာက ကျောင်းသားတွေ အပြန်စောလို့ သူတို့ကိုမမိလိုက်တာပါ။ 
ကျနော်တို့ ချေပချက်တွေကို သိပ်မယုံကြဘူး။ သံသယလည်း မကင်းချင်ကြဘူး။
ကျနော်တို့ (၉)ယောက် (ကိုသာချို၊ ကိုလွင်ဦး(တိရစ္ဆာန်ဆရာဝန်)၊ ကိုထွန်းနေအောင်၊ အမှတ်(၂) သတ္ထုရုံးက ကိုမောင်မောင်၊ ကိုတင်ဝင်းမောင်၊ စောဂျိုး ဇက်၊ ကိုအောင်နိုင်(ဘိုကုန်းရပ်)ကို ရှမ်းကန်နံဘေးက ရပ်ကွက်ရုံးကိုခေါ်ပြီး သတိပေးလက်မှတ်ထိုးခိုင်းတယ်။ တယောက်စီ နာမည်မေးတိုင်း ကိုယ့်နာမည်ကိုယ်
လေသံမာမာနဲ့ တုံ့ပြန်ပြောကြတာကို သဘောကျနေမိတာ မှတ်မိနေပါသေးတယ်။

၉-၈-၈၈ တမနက်ခင်းလုံး အသက် ၃၀ အရွယ် ကျနော်ဟာ လူငယ်လေးတယောက်လို စိတ်လှုပ်ရှားနေတယ်။ တက်ကြွတဲ့စိတ်တွေ၊ စွန့်စားလိုစိတ်တွေနဲ့စိုးရိမ် စိတ်တွေရောနှောနေလို့လားမသိ။ ကျနော့်ခန္ဓာထဲကသွေးတွေ ပူနွေးစွာစီးဆင်းနေလေရဲ့။
ကျနော်တို့ မျှော်လင့်ယုံကြည်နေတဲ့ လူထုအုံကြွ မှု တော်လှန်ရေးကြီးရဲ့ တဖြည်းဖြည်းနီးကပ်လာတဲ့ ခြေသံဟာ မြင့်မြင့်မားမားခံစားလောက်ရတဲ့အထိ စိတ်လှုပ်ရှားစရာ ကောင်းလှတယ်မဟုတ်လား။
မနက် ၁၂ နာရီမထိုးခင်ကတည်းက ရွှေနန်းတော်ကဖေးရဲ့ လမ်းမပေါ်မျှော်ကြည့်လို့ရတဲ့ စားပွဲတလုံးမှာ ကျနော်တို့ရောက်ရှိနေခဲ့ပါတယ်။ ကျနော်ရယ်၊ အကိုလိုချစ်ခင်ရတဲ့ ကိုတင်အောင်လှ၊ ကဗျာဆရာ အောင်သစ်ဝေ၊
ရှေ့နေ ကိုအောင်ရတို့ စားပွဲမှာထိုင်ရင်း ဗိုလ်ချုပ်လမ်းမပေါ်ကို မျှော်တလင့်လင့်စောင့်စားနေကြပါတယ်။
အခြားစားပွဲတွေမှာလည်း ကျနော်တို့ သိတဲ့သူတွေရော၊ မျက်နှာစိမ်းတွေရော ကျနော်တို့လိုပါပဲ ဂဏှာမငြိမ်ဖြစ်နေကြတာ သိသိသာသာပါပဲ။ မနက်၁၂ နာရီ ထိုးပြီးတဲ့အထိ လှုပ်ရှားမှုတစုံတရာ မရှိခဲ့။
အထက- ၁ နဲ့ အထက-၂ မှ ကျောင်းသားတွေ ကျောင်းဆင်းလာတဲ့အထိ အကြောင်းမထူးသေး။
တချို့လည်းမစောင့်နိုင်တော့ ထပြန်ကုန်ကြတယ်။   နေ့လည် ၁ နာရီခွဲ ရန်ကုန်ကလာတဲ့အမြန်ရထား အမှတ်(၂) မီးရထားဂိတ်ကို ဖြတ်ခုတ်မောင်းသွားပြီးတဲ့အချိန်မှာတော့ ကျနော့်ဘဝမှာ ဘယ်တော့မှ မေ့ဖျောက်မရတဲ့ပုံရိပ်တခု ရောက်ရှိလာပါတော့တယ်။
မနေ့ညက အစည်းအဝေးပွဲပါဝင်ခဲ့တဲ့ စိန်ရွှေဟာ ခေတ် အဆက်ဆက် ဗမာ့နိုင်ငံရေးတွေမှာ ကျောင်းသားတွေဦးဆောင်ဦးရွက်ပြုခဲ့တယ်ဆိုတဲ့အစဉ်အလာကို လက်ဆင့်ကမ်းသယ်ဆောင်လာရင်း ကျောင်းသား တယောက်ပီသစွာ ဗင်းနစ်လက်ဖက်ရည်ဆိုင်ကနေဗိုလ်ချုပ်လမ်းမပေါ်ကို ဦးဆုံးခြေချလို့ တဦးတည်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်တယ်။
ပျဉ်းမနားမြို့ ရှစ်လေးလုံးလူထုအရေးတော်ပုံရဲ့ နိဒါန်းအစ ကို စိန်ရွှေရဲ့ခြေလှမ်းတွေနဲ့ စခဲ့တယ်လို့ပြောရမှာဖြစ်တယ်။
သူဟာ လမ်းမပေါ်မှာ ဆယ့်ငါးမိနစ်ကျော်ကြာကြာအော်ဟစ်ပြောနေတာကို ကျနော်တို့မြင်နေရတယ်။ လူတွေ လမ်းမပေါ်ဆင်းလာပြီး သူနဲ့လာပူးပေါင်းဖို့၊ ပြည်သူ တွေရဲ့မျိုသိပ်ထားတဲ့ဆန္ဒတွေ ကို ဖော်ထုတ်ကြဖို့ ပျဉ်းမနားမြို့သားတွေ သတ္တိရှိကြဖို့၊ စသဖြင့် လူငယ်တယောက် စွန့်စွန့်ဝံ့ဝံ့လုပ်ပြနေတာတောင် ကျနော်တို့လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့သူတွေ မထွက်ရဲကြ၊ တွေဝေနေကြဆဲ။
ဆယ့်ငါးမိနစ်ကျော်ကြာတော့ ဒုတိယတယောက်ထွက်ပေါ် လာပါတယ်။ လက်ကိုင်ပုဝါစည်းထားပေးမယ့် ဒါ ကျနော့် သူငယ် သာချိုပါပဲလေ။ နောက်တော့ တယောက်ပြီးတယောက် ထွက်လာကြပြီး ဆယ်ယောက်
ဆယ့်ငါးယောက်လောက် ဖြစ်လာတယ်။ ခွပ်ဒေါင်းအလံကိုလွှင့်ထူလို့ ကြွေးကြော်သံတွေ ဟစ်ကြွေးလို့လူထုလှုပ်ရှားမှုချီတက်ပွဲကို စတင်ဖို့ တာစူနေကြပါပြီ။
မကြာခင်ပဲ ဦးဆောင်ကျောင်းသားအဖွဲ့လေးဟာ
ဗိုလ်ချုပ်လမ်းအတိုင်း နောက်မှ ရှေ့သို့ ချီတက်လာကြပြီ။ ရွှေနန်းတော်ဆိုင်ရှေ့ရောက်မှ ဆိုင်ထိုင်နေတဲ့ ကျနော်တို့အရပ်သားအုပ်စုကလည်း တယောက်နဲ့ တယောက် အားပေးတိုက်တွန်းကြရင်း ကျောင်းသားတွေကို အားဖြည့်ပူးပေါင်းလိုက်ပါတယ်။
ဈေးမြောက်ဘက်တန်းရှေ့ရောက်တော့ ချီတက်ပွဲလူတန်း ဟာ အတော်ရှည်လျားနေပြီပေါ့။ ကျနော် နောက်ကိုလှည့်ကြည့်တော့ လူတစ်ရာကျော် နှစ်ရာလောက် ရှိနေပါပြီ။ ရှေ့တပ်တော်ဦးမှာတော့ မနေ့ညက ကိုဖုန်းမြင့် ကျနော့်ကို ရေးခိုင်းလို့ (ခွပ်ဒေါင်းပုံကို မေ့နေလို့) မဆွဲတတ်ဆွဲတတ်နဲ့ ဆွဲထားတဲ့ ခွပ်ဒေါင်းပုံပါတဲ့အလံ၊ ကိုဖုန်းမြင့်နဲ့ မောင်နှမတတွေ ဖြတ်ညှပ်ကတ် ဟန်းမိတ် လုပ်ထားတဲ့ ခွပ်ဒေါင်းအလံဟာ လေထဲမှာ ကြွားတလူလူဝေနေတာမြင်ရတော့ အားရကျေနပ်လို့ ပီတီတွေ ဖြာနေမိပါတယ်။
ဒီလူတန်းရှည်ကြီးဟာ ဒီမှာတင်အဆုံးမသတ်ခဲ့ပါဘူး။
နောင်ရက်တွေအထိ ဆက်ကာဆက်ကာ ဖြစ်ခဲ့ပါ တယ်။ မြန်မာပြည်အနှံ့အပြား လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူထုလူတန်းစား အလွှာစုံပါဝင်လို့ တကမ္ဘာလုံးကတောင် အံ့သြလောက်အောင် ဆက်လက်ချီလေမြဲ ချီတက်နိုင်ခဲ့ကြတာ၊ ခိုင်ခံ့လှပါပြီထင်နေတဲ့ မဆလအပင်ကြီးကို ဖြိုလှဲပစ်လိုက်နိုင်တာ မျက်ရည်လည်လောက်အောင် နှစ်ထောင်းအားရ ဖြစ်ခဲ့မိပါတယ်။
 အဲဒီ သမိုင်းဆိုင်ရာကြီးမားတဲ့ အကွေ့အချိုး အပြောင်းအလဲဖြစ်စဉ်ကြီးဟာ အမှန်တကယ်ဖြစ်ခဲ့တယ်၊ ရှိခဲ့တယ်ဆိုတာနဲ့ အစိတ်အပိုင်းများစွာကနေ တဦးချင်း တယောက်ချင်း တူညီစွာပေါင်းစုပြီး တပါတီ အာဏာရှင်စနစ်ဆိုးဆိုတဲ့ ပစ်မှတ်ကိုထိမှန်အောင် ပစ်နိုင်ခဲ့ကြတယ်ဆိုတာကို နောင်မျိုးဆက်သစ်တွေအနေနဲ့ သမိုင်းကိုသိရှိဖို့ အမှတ်တရအနေနဲ့ ပြန်ပြောင်း ပြောပြလိုက်ရခြင်း ဖြစ်ကြောင်းပါ။
 ၈၈၈၈
——–
 ထိုနံရံပြိုလဲအောင်
ငါတို့ သံပြိုင်တေးဆိုခဲ့ကြပေါ့

မိုးကျော်အောင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သမိုင်းနဲ့ အစဉ်အလာ, မြန်မာပြည်တွင်း

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်