ဖြိုးသီဟချို (Myanmar Now) ● ဦးကိုနီအမှုမှ ဖမ်းခံရသူတစ်ဦး တရားလိုရှေ့ နေကို တရားစွဲမည်

August 9, 2018

● ဦးကိုနီအမှုမှ ဖမ်းခံရသူတစ်ဦး တရားလိုရှေ့ နေကို တရားစွဲမည်
(မိုးမခ) သြဂတ်စ် ၉၊ ၂၀၁၈

(ရန်ကုန်) —
ဦးကိုနီလုပ်ကြံခံရမှုတွင် တရားရင်ဆိုင်နေရသည့် ဇေယျာဖြိုးက  တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်ကို တရားရုံးမထီမဲ့မြင်မှု အပါအဝင် ပုဒ်မ ၃ ခုဖြင့် တရားစွဲရန် စီစဉ်နေကြောင်း သူ၏ရှေ့ နေက ပြောသည်။

စကားလုံးအသုံးအနှုန်းတစ်ခုနှင့် ပတ်သက်ပြီး ထိုသို့ စွဲဆိုရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဦးဇေယျာဖြိုး၏ ရှေ့နေ ဒေါ်ပပဝင်းက ဆိုသည်။

“ဦးရောဘတ်စန်းအောင်ကဦးကိုနီကို သတ်တဲ့ ဇေယျာဖြိုးဆိုပြီး တရားရုံးက စီရင်ချက် မချသေးတာကို သူက ပြောတာကြောင့်ပါ” ဟု ဒေါ်ပပဝင်းက ရှင်းပြသည်။

တရားလိုရှေ့ နေကို တရားပြန်စွဲမည့် ဇေယျာဖြိုး (ဓာတ်ပုံ – ဖြိုးသီဟချို/Myanmar Now)

ဦးရောဘတ်စန်းအောင်သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံမှုတွင်သေဆုံးခဲ့ရသည့် အငှားယာဉ်မောင်း ဦးနေဝင်း၏ မိသားစုအတွက် အကျိုးဆောင်ပေးလျက်ရှိသည်။


တရားရုံးများမထီမဲ့မြင်မှု ပုဒ်မ(၃)၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၂၈ တရားရုံးကို မထီမဲ့မြင့် ပြုမှု၊ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၄ ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်အောင် လုပ်မှုများဖြင့် တရားစွဲရန်စီစဉ်နေကြောင်း  ဒေါ်ပပဝင်းက ပြောသည်။

အောင်ဝင်းဇော်  (ဓာတ်ပုံ – ဖြိုးသီဟချို/Myanmar Now)

ယနေ့ (သြဂုတ် ၉)တရားခွင်တွင် အထူးခုံရုံးတရားသူကြီးက တရားရုံး မထီမဲ့မြင်ပြုမှုကို တရားလွှတ်တော်ကသာ စီရင်ပိုင်ခွင့်ရှိသည်ဟု အမိန့်ချမှတ်ခဲ့သည့် အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ရုံးပြောင်း လျှောက်ထားရမည် ဖြစ်သည်။


ဦးရောဘတ်စန်းအောင်က လူသတ်မှုဖြင့် စွပ်စွဲခံနေရသူများသည် ၎င်းတို့ကို ခြိမ်းခြောက်နေသည့် သဘောမျိုးရှိနေကြောင်း၊  တရားရုံးမှာလည်း လုံခြုံရေး အားနည်းနေကြောင်း
ပြောသည်။

 ဇေယျာဖြိုး (ဓာတ်ပုံ – ဖြိုးသီဟချို/Myanmar Now)

“အစကတည်းက ထမင်းဝအောင်စားထားတို့ ဘာတို့ညာတို့ အကြိမ်ပေါင်းများစွာ လှုပ်ရှားမှုတွေ ရှိခဲ့တယ်။ ရဲက လုံခြုံရေးကို ထိန်းသိမ်းတဲ့ အခါ အားနည်းချက်တွေ ရှိတယ်” ဟု ၎င်းက တရားခွင်မှ အထွက်တွင် သတင်းထောက်များကို ပြောသည်။


ပြီးခဲ့သည့် တစ်ပတ်ရုံးချိန်းတွင် တရားလိုရှေ့နေ ဦးနေလက အောင်ဝင်းဇော်ကို စစ်ဆေးရာတွင် ကြည်လင်းမှာ တောသားဖြစ်ခြင်းကြောင့် အောင်ဝင်းဇော်က လေဆိပ်နှင့်နေအိမ်၊ ရုံးခန်များကို လိုက်ပို့ သလားဟု မေးမြန်းခဲ့သည်။ ထိုမေးခွန်းကြောင့်  တရားလိုရှေ့နေများနှင့် လူသတ်မှုသံသယဖြင့် ထိန်းသိမ်းခံနေရသူများကြား အပြန်အလှန် စွပ်စွဲပြောဆိုမှုများ ရှိခဲ့သည်။
လုပ်ကြံသတ်ဖြတ်မှုအတွက် ကြေးစားငှားရန် ငွေပေးသူအဖြစ် စွပ်စွဲခံထားရသူ ဦးဇေယျာဖြိုးကို သြဂုတ်လ ၁ဝ ရက်နေ့တွင် မနက်ပိုင်းတွင် စတင် စစ်ဆေးသွားမည်ဖြစ်သည်

 

 ဇေယျာဖြိုး (ဓာတ်ပုံ – ဖြိုးသီဟချို/Myanmar Now)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments