မင်းကိုနိုင် ● ပန်းတိုင်ရှိရင် ခရီးတော့ ရှိလိမ့်မယ်

August 13, 2018

● ပန်းတိုင်ရှိရင် ခရီးတော့ ရှိလိမ့်မယ်
(မိုးမခ) သြဂတ်စ် ၁၃၊ ၂၀၁၈

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။


‘‘ဟေ့…မခြိမ်းနဲ့၊ မခြောက်နဲ့
ရွာချလိုက်၊ ထစ်ချုန်းလိုက်
ငါတို့ စိုဖို့အသင့်ရှိ’’

× × ×
‘‘ဘာတွေ ခြိမ်းခြောက်သွား လို့လဲ။ ဒီလောက်ဒေါမာန်ကြီးနေ တာ’’

တစ်ရပ်ကွက်လုံး သိချင် သောစကားကို ကိုယ်စားတစ် ယောက်ကမေးသည်။ ဓမ္မာရုံလူ ကြီးမှာ သူ့ခေါင်းဆံဖြူငုတ်စိကို နာနာဖိပွတ်လျက်ဖြေ၏။

‘‘ဘယ်သူလာကပ်သွားလဲ၊ ဘယ်အချိန်ကလဲ၊ ဘာလို့လာ သတင်းမပို့တာလဲ ဒါတွေပဲပေါ့။ တောက်လျှောက်မေးတာ အရင်။
ပြီးမှ ခြိမ်းခြောက်တာ’’

ဓမ္မာရုံတစ်ဝိုက် စူးစမ်းသူ တွေ ထန်းလျက်နံ့ရသည့် ပုရွက် များပမာ အုံခဲလာသည်။ တစ် ယောက်က ဖြတ်မေးပြန်သည်။

‘‘အဲဒီတော့ ဘယ်လိုဖြေ လိုက်လဲ’’

‘‘ငါကတော့ တစ်ခွန်းတည်း ပေါ့။ မသိဘူးပဲ။ ဟုတ်တယ်လေ’’

အားလုံးက ဒါပေါ့ဟု ရေ ရွတ်ကာ ဘဝင်ကျသွားသည်။ သိ မှမသိတာဟု ဆက်ရွတ်သူရှိသလို သိရင်လည်း မပြောပါဘူးဟု တီး တိုးပြောသူလည်း ရှိသည်။

‘‘ခြိမ်းခြောက်တာကတော့ အားလုံးကိုပဲ’’

ဓမ္မာရုံလူကြီး၏ စကား ကြောင့် မျက်လုံးတွေ သူ့ထံရွေ့ စိုက်လာ၏။

‘‘ဟုတ်တယ် အားလုံးကို ပြောလိုက်တဲ့၊ ကိုယ့်အိမ်ရှေ့လာ ကပ်တဲ့စာ ကိုယ်သိရမယ်၊ တာ ဝန်ယူရမယ်တဲ့။ မသိဘူးဆိုရင် အိမ်ရှင်ကို အရေးယူမှာတဲ့’’

ထန်းလျက်ခဲကို အုံနေသည့် ပုရွက်တွေကို တုတ်နှင့်ဝှေ့ထိုး သည့်နယ် လူအုပ်မှာ ဝေါခနဲ ရွေ့ လှုပ်သွားသည်။ တစ်ခွန်းစီ စော ဒကများ ညံစီလာ၏။

‘‘ဘယ့်နှယ် ဘယ်သူက တစ် ညလုံး ထိုင်စောင့်ကြည့်နေရမှာလဲ’’

‘‘ဘာဆိုင်လို့ တာဝန်ယူရမှာ လဲ၊ တာဝန်ဆိုတာ ဘာလဲ၊ ဘယ် လိုအဓိပ္ပာယ်ဖွင့်တာလဲ’’

‘‘စာလေးတစ်ရွက် လာကပ် သွားတာများ သေနတ်နဲ့ မွှေသွား တာထက် ကြောက်နေတယ်ငါ့နှယ်’’

တစ်ယောက်တစ်ခွန်း ဝေ ဖန်ချက်များကို တစ်ယောက်က လက်ကာပြပြီး ဟန့်လိုက်သည်။ အသံစုံတိတ်သွားစဉ် အားလုံးသိ ချင်သောကိစ္စကို ထိုသူကမေး၏။

‘‘နေစမ်းပါဦး၊ အဲဒီလာကပ် သွားတဲ့စာရွက်မှာ ဘာတွေရေး ထားလို့လဲ’’
× × ×

‘‘ဒါဆို လူတွေ စိတ်ဝင်စား ကြတယ်ပေါ့၊ ဟုတ်လား။ ဓမ္မာရုံ လူကြီးက ဘယ်လိုဖြေလိုက်လဲ၊ ဘာမှတ်မိတယ်တဲ့လဲ’’

ထပ်ခိုးပေါ် ဝမ်းလျားထိုး လျက် ကျောင်းသားလေးကမေး သည်။ အိမ်ရှင်က လမ်းပေါ်တစ် ချက်ကြည့်ပြီး ပြုံးလျက်ဖြေ၏။

‘‘မှတ်မိတာကနည်းနည်း၊ ခေါင်းကုတ်နေတာ များများပါ ကွာ။ ငါ့အထင် သူမှတ်မိလည်း ဘယ်ပြောရဲမှာလဲ။ သူကိုယ်တိုင် ဝါဒဖြန့်နေတယ်ဖြစ်သွားမှာပေါ့’’

ကျောင်းသားသည် ထပ်ခိုး ဝရန်တာကို ကိုင်ဆုပ်လျက် မျက် မှောင်ကြုတ်နေ၏။ ဝရန်တာတိုင် ကြား တစ်ဖက်ထွက်နေသည့် လက်ဝယ် ခြင်ကိုက်ရာဖုများမြင်မှ အိမ်ရှင်မှာ သတိရပြီး မင်းက လည်း ခြင်ဆေးခွေကုန်နေတာ မပြောဘူးဟု အပြစ်တင်လိုက် သည်။ စောင်တစ်ပိုင်းခြုံလျက်ဖြင့် ကျောင်းသားက ဝမ်းလျားထိုးရာမှ ကုန်းထရင်း ကျွန်တော်တစ်ခု စဉ်းစားမိတယ်ဦးလေးဟု စကား ပြန်စသည်။ အိမ်ရှင်က ‘ဆို’ ဟု သာ တုံ့ပြန်၏။

‘‘စာရှည်ရှည်ရေးနေလည်း လူတွေ သိပ်ဖတ်နိုင်တာမဟုတ် ဘူး။ ဒီတော့ လိုရင်းတွေပဲရေး တော့မယ်’’

‘‘မင်းတို့ကိုငါပြောသားပဲ။ လူတွေက မကျေနပ်တာ မင်းတို့ ထက်ပိုဦးမယ်။ ဝေါဟာရတွေ မင်းတို့လို နိုင်ငံရေးဆန်ဆန် မသုံး တတ်ရင်သာရှိမယ်။ သိပြီးသား ကွ။ ခေတ်ကို ဖြတ်သန်းလာခဲ့ကြ တာ ကျောလည်းစုတ်နေပြီ၊ နှာ ခေါင်လည်း မြုပ်နေပြီ’’

ကျောင်းသားကရယ်သည်။ လက်ကာပြရင်း ကောင်းတယ် ဦးလေး၊ ဦးလေးပြောသလိုပဲ ရေး မယ်၊ လိုရင်းပဲဟု ဝမ်းပန်းတသာ ဆို၏။ အိမ်ရှင်က ဆက်သည်။

‘‘ဘာလုပ်ကြမလဲဆိုတာ သာရေး၊ ဟုတ်ပြီလား။ စားလုံး ကြီးပေ့စေ၊ အဝေးကမြင်ပေ့စေ၊ ကြာကြာဖတ်နိုင်မှာမဟုတ်ဘူး။ ဟိုဟာကြီးတွေက လာခွာသွား မှာ၊ ပြဿနာရှာမှာ၊ တွေ့တဲ့လူ ဆွဲခေါ်သွားမှာ။ လိုရင်းပဲရေး’’

‘‘စိတ်ချပါ တစ်ခုပဲ ကူညီ ပါဦး’’

လှည့်ထွက်မည်ပြင်နေသော အိမ်ရှင်က လည်ပြန်လှည့် လျက်ဘာလဲဟုမေးသည်။ ကျောင်းသားက အချိုဆုံးပြုံးလျက် သွားဖြဲကာ စာရွက်တွေ ရှာပေးပါဦး။ ခပ်ကြီးကြီးပေါ့။ ပိုစတာလိုကပ်ချင်တာ။

အိမ်ရှင်တွေဝေသွားသည်။ အိတ်ကပ်ပိန်ကို ယောင်ယမ်းစမ်း လျက် အပြင်းအထန် စဉ်းစားနေ ၏။ ကျောင်းသားအားတောင့် အားနာ ဖြစ်သွားသည်။

‘‘အသစ်ဝယ်မှ မဟုတ်ပါ ဘူး ဦးလေးရာ။ တစ်ဖက်လွတ် နေရင်ရတာပဲ။ ပိုစတာစက္ကူ အဟောင်းတွေပေါ့။ ကျောဘက် မှာ ပြန်ရေးမယ်လေ’’

ဟုတ်ပြီလေဟု ဝန်ခံရင်း အိမ်ရှင်ခြေလှမ်းရွှေ့သည်။ ထပ် ခိုးပေါ်မှ အသံက ခပ်အုပ်အုပ် ကပ်လိုက်လာ၏။

‘‘အားလည်းနာတယ်ဦးလေး ရာ။ မင်အိုးလည်းပြောင်ပြီ။ တစ် အိုးလောက်တော့ ဝယ်ခဲ့ပါဦး။ ထမင်းလည်း လျှော့စားပါမယ်။ လက်ဖက်ရည်လည်း တောင်း မသောက်တော့ပါဘူး’’

အိမ်ရှင်မှာ ‘‘အေးပါကွာ၊ ဒုက္ခပေးကြပါ ’’ ဟု ညည်းရင်း လျှောက်လာ၏။ ဒီကောင်လေး တွေ ထပ်ခိုးပေါ် အညောင်းမိနေ မှာပဲ။ ဆင်းလျှောက်ဖို့ကလည်း လူတွေ့ခံလို့ မဖြစ်သေးဘူးဟု တွေးကာ သောကပွားလျက် အိမ် ပြင်ထွက်လာသည်။
× × ×

‘‘များများဘယ်ရမလဲ။ ရသ လောက်တော့ စုကြည့်လေ’’

မိတ်ဆွေက နံရံမှ ရုပ်ရှင်ပို စတာကို မပြဲစုတ်အောင် ခွာရင်း ကတိပေးသည်။ ခန်းဆီးအကွယ် က ခေါင်းပြူကြည့်နေသည့် သမီး အား မလုံမလဲကြည့်သည်တွင် သမီးက လှစ်ခနဲပြုံး၏။

‘‘နင်က ဘာရယ်တာလဲ ကိုယ့်ဟာကိုယ်နေစမ်း’’

‘‘အာ…အဖေကလည်း သမီးလည်း သိနေတာပဲ။ ဒီကိစ္စ သမီးရှင်းနိုင်တယ်။ ယုံမလား တော့မသိဘူး’’

ရွှန်းတောက်သည့် မျက်ဝန်း များဖြင့် အာမခံလာသည့် သမီး အား ဖခင်ကြည့်ရင်း တစ်စုံတစ် ရာ ဝေခွဲနေ၏။ သမီးက ဧည့်ခန်း ဆီတိုးထွက်လာရင်း

‘‘အဖေပဲ ပြောထားတယ် လေ။ မတရားတာကို ပြန်ရင်ဆိုင် ရဲရမယ်ဆို’’

ဖခင်က သမီးကို ခေါင်းပုတ် လျက် သမီးက ငယ်သေးတယ်ဟု မှတ်ချက်ပြု၏။

‘‘ဟုတ်တယ်လေ။ ဒါပေမဲ့ တတ်နိုင်တာတော့ရှိကြတာပဲ။ အရွယ်က အဓိကမဟုတ်ပါဘူး အဖေရာ။ အသိကအဓိကမဟုတ် လား’’

မိတ်ဆွေနှစ်ယောက် မျက် လုံးချင်းဆုံကြသည်။ ဆယ်ကျော် သက် မိန်းကလေးက ဘာများ တတ်နိုင်မှာမို့လဲ။ ပြိုင်တူ စိတ်ထဲ မေးနေကြသည်သို့။ ကလေးမက ကုပ်ဝဲဆံပင်ကို စုထုံးချည်လျက် သွက်သွက်ဖြေသည်။

‘‘ခဏလေးစောင့်။ သမီးရှာ ပြမယ်။ အန္တရာယ်မရှိစေရဘူး။ ပိုက်ဆံတစ်ပြားမှ မကုန်စေရဘူး’’

စကားနှင့်အတူ လေလိုလျင် မြန်ခြင်းဖြင့် ကလေးမ ပြေးထွက် ပြီး ဖခင်နှင့်မိတ်ဆွေ တားချိန်မရ တော့။ ရလျင်လည်း မတားချင် တော့။ ဒီအရွယ်လေးနှင့် ဘာတွေ စွမ်းဆောင်လာမလဲ စောင့်ကြည့် ရုံသာ။
× × ×

‘‘ဟာ …တော်တော်အကြံ ပိုင်တာပဲ’’

ထပ်ခိုးမှ ကျောင်းသားက ရေရွတ်ရင်း ပြက္ခဒိန်အထပ်လိုက် ကို လှမ်းယူသည်။ အိမ်ရှင်က မင် အိုးကို ဂရုတစိုက်သယ်လျက် ကြမ်းပေါ်ချ၊ ပြတင်းကို အနည်း ငယ်ဟဖွင့်သည်။

‘‘ကျောဘက်မှာ ဗလာချည်း ပဲလေကွာ။ ရေးစမ်းပါလေ့’’

‘‘ဟုတ်တယ်ဦးလေး။ စာလုံး ကြီးကြီးနဲ့ လိုတိုရှင်းရေးလို့ရပြီ။ ကြွေးကြော်သံတွေရောပေါ့။ ဒါနဲ့ ဒီစိတ်ကူးက ဘယ်လိုရတာလဲ။ ပြက္ခဒိန်နောက်ကျောတွေမှာ ရေး ရမယ်ဆိုတာ ဘယ်သူတွေးမိတာ လဲ’’

အငမ်းမရ အမေးကို အိမ် ရှင်က ပေါ့ပေါ့အဖြေပေးသည်။

‘‘ကလေးမလေး တစ် ယောက်ပေါ့ကွာ။ မင်းထက်ငယ် တဲ့ အထကကျောင်းသူလေးပေါ့’’
အဖြေအဆုံး သူတို့ပြုံးကြည့်နေကြသည်။
× × ×

‘‘အခြေအနေကတော့ ရှုပ် ထွေးလာပြီ။ ဟိုဘက်အိမ်ထပ်ခိုး က ကောင်လေးအတွက် အန္တ ရာယ်ရှိနိုင်တယ်။ ငါတို့ ဘာလုပ် ပေးနိုင်မလဲ’’
ဘာဖြစ်လို့လဲဟု ဇနီးက အသံနှိမ့်လျက်မေးသည်။

‘‘ကိုယ့်အိမ်မှာ လူစိမ်းရှိရင် သတင်းပို့ရမယ်။ ဧည့်စာရင်းစစ် တော့မှာထင်တယ်။ ငါ အဲဒါကို ပူနေတာ’’
× × ×ဟုတ်လားဟု ပြန်မေးရင်း စားလက်စ ထမင်းလုတ်တန့်သွား ၏။ အိမ်ရှင်က နှစ်သိမ့်သလိုကြည့် သည်။ စားစရာရှိတာစားပါကွာဟု တိုက်တွန်းရင်း အကြံအိုက်နေပုံ ရ၏။ ကျောင်းသားမှာ လည် ချောင်းထဲနင်နေသည့် ထမင်းကို တွန်းချရန် သောက်ရေခွက်လှမ်း ဆွဲလိုက်ရသည်။
× × ×

‘‘ခင်ဗျားအိမ်မှာ တစ် ယောက်၊ ကုန်စုံဆိုင်အပေါ်ထပ် မှာက နှစ်ယောက်ဗျ။ တစ်လမ်း လုံး သုံးယောက်တောင်။ မိသွား လို့ကတော့ မျိုးကန်းပြီ’’
စကားတိုးတိုးပြောနေလျက် ရင်ခုန်သံတွေ ကျယ်လာသည်။
‘‘စဉ်းစားရမှာ နှစ်မျိုးပဲရှိ တယ်။ ဆက်လက်ခံထားမလား၊ ငြင်းဆန်ပြီး ထွက်ခွာခိုင်းမလား။ လမ်းနဲ့ အိမ်ရှင်တွေ အန္တရာယ်ကို လည်း ထည့်တွက်’’
× × ×

‘‘အဲဒီတော့ ဦးလေးတို့ ဘယ် လိုဆုံးဖြတ်ကြသလဲ။ ကျွန်တော် လစ်ရတော့မလား’’

ထပ်ခိုးမှောင်မှောင်ထဲ ခိုကိုး ရာရှာဦးမည့် မျက်နှာကလည်း မှောင်မှောင်ဟု အိမ်ရှင်ခံစားမြင် လိုက်ရသည်။

‘‘မင်းတို့ အလုပ်တွေ မပြီး သေးဘူးလေကွာ’’

‘‘ဒါပေမဲ့ အိမ်ရှင်တွေ အန္တရာယ်…’’

‘‘ခုကျမယ့် အန္တရာယ်ထက် တစ်သက်လုံးနိမ့်ပါးတဲ့ဘဝက ပို ဆိုးသကွ’’

ဟုတ်ကဲ့ဟု သံယောင်လိုက် ရင်း ကျောင်းသားငြိမ်သွား၏။ ခြံထဲ လူတစ်ယောက် ဝင်လာတာ မြင်သော် အိမ်ရှင်ဆင်းသွားသည်။ ပုဏ္ဏားကွယ်၌ ထိုနှစ်ဦး တီးတိုး ခေါင်းရိုက်နေတာ ထပ်ခိုးမှ ဝပ်လျက် ကြည့်နေလိုက်သည်။ ငြင်းခုံနေကြ၊ ခေါင်းယမ်းလိုက် ကြ၊ အကြံထုတ်ကြ၊ အဆုံးတွင် ဆုံးဖြတ်လိုက်ကြဟန်တူသည်။ လူစိမ်းပြန်ထွက်၊ အိမ်ရှင်ထပ်ခိုး ပေါ် ပြန်တက်လာသည်။

‘‘မင်းရှိနေတာ သူလည်း သိနေပြီ’’

‘‘ဗျာ…ဒီတော့ ဘာလုပ် ကြ…’’

‘‘သိတာမှကြာပြီတဲ့။ ဒါ တွေထားလိုက်တော့။ ညဘက် လာစစ်ရင် ဘယ်လိုလုပ်မလဲ။ အဲဒါပဲအရေးကြီးတယ်။ သူ့အိမ် သိလား’’

‘‘ဟင့်အင်း…ဘယ်သိမလဲ’’

ဒီမှာကြည့်ဟုဆိုကာ အိမ် ရှင်က လက်ဆွဲလျက်ထပ်ခိုးပေါ် မှ ခေါ်ချလာသည်။ နောက်ဖေး ရေကပြင်အရောက် လက်ညှိုး ညွှန်သည်။

ညလာစစ်ရင် စည်းရိုးကို ဒီနေရာကကျော်၊ ငှက်ပျောတော ထဲဖြတ်၊ မြင်လား..ဟိုမှာအိမ်သာ ဘေးကလမ်း စသဖြင့်ပြလျက် အိမ်တစ်လုံး၏နောက် ထင်းဂို ဒေါင်ထဲ ဝင်ပုန်းရမည်ဖြစ်ကြောင်း ရှင်းပြသည်။ အမောင်ကျောင်း သား ခုမှသက်ပြင်းချရင်း

‘‘ဒါဆို ကျွန်တော် ပိုစတာ ဆက်ရေးလို့ရပြီပေါ့’’

အိမ်ရှင်က ငါနှစ်ခါမရှင်းတော့ဘူးဟူသည့် အကြည့်ဖြင့် တုံ့ပြန်၏။
× × ×

ဈေးအဝမှာ လူတွေအုံခဲနေ သည်။ ဈေးရှေ့ သစ်ပင်နံရံဓာတ် တိုင်တွေမှာ ပိုစတာတွေ ပလူပျံ လျက်။ ထိုအထဲတွင် ‘ပိုစတာ တိုက်ပွဲ မြို့တိုင်းနွှဲ’ဟူသည့် ကား ချပ်က အကြီးဆုံး၊ အထင်ရှားဆုံး။

အိမ်ရှေ့တွေမှာ ကပ်ရင် အိမ်ရှင်ကို ပြဿနာရှာမယ်ဆို တော့ ဈေးရှေ့လာကပ်ထားကြ တာပေါ့၊ အကြံပိုင်တယ်ဟု ချီး မွမ်းသူက ချီးမွမ်း။ ၈ ရက်နေ့မှာ ချီတက်မယ်၊ အရောက်သွားစို့၊ လမ်းတွေကို သိမ်းပိုက်ကြ။ စသဖြင့် အသံထွက်ဖတ်သူဖတ် နေကြသည်။

တက်ကြွအားမာန်များကို ကြောင့်ကြခြင်းက အုပ်ဖုံးလိုက် ၏။ မာဇဒါဂျစ်စိမ်းအပါအဝင် ကားတွေ တစ်ရှူးထိုး ဆိုက်လာ သည်။ မူလလူအုပ်ကြီး ရှဲထွက် လုလုဖြစ်သွားရ၏။ အန္တရာယ် အငွေ့အသက်က ဆိုက်ဆိုက်လာ ချေပြီ။ တစ်ယောက်က သတိပေး သည်။

‘‘ဟေ့…လူအုပ်မကွဲစေနဲ့ ဖတ်စရာရှိတာဆက်ဖတ်။ မ ကြောက်နဲ့။ ရင်ဆိုင်လိုက်’’

ကစဥ့်ကလျား ဖြစ်လုလု လူအုပ်မှာ အရေးပေါ်ဆုံးဖြတ်ရ ပြီ။ ဝေါခနဲ ကွဲထွက်မည်ပြင်ပြီးမှ ဟေးခနဲ အော်ကာ ကျောချင်း ကပ်လိုက်ကြ၏။

‘‘အဲဒါဘာလုပ်နေကြတာ လဲ’’
ဒေါသဖြင့် မေးသံ။ ပါတီယူ နစ်ဥက္ကဋ္ဌ၊ မြို့နယ်ကောင်စီ စသဖြင့် လူတွေ တီးတိုးရေရွတ် အမည်ခေါ်နေကြသည်။ ဒေါသ ရှင်ကား ဆက်တိုက်ပေါက်ကွဲ လျက် ကားပေါ်မှ ခြေလှမ်းကျဲ ကြီးဖြင့် ဆင်းလာသည်။

‘‘မကြားကြဘူးလား။ အဲဒါ ဘာလုပ်နေကြတာလဲ’’

‘‘ဖတ်နေတာပေါ့’’

တစ်ယောက်က ထီမထင် ဖြေလိုက်သည်တွင် လူအုပ်က ပြုံးစိစိ။ ဒေါသကုမ္မာရမှာ တစ် ဟုန်ထိုး လျှောက်လာလျက် အော်ဟစ်မေးသည်။

‘‘ဘာလို့ ဖတ်နေကြတာလဲ။ ဆန့်ကျင်စာတွေကို’’

ဒီတစ်ခါဖြေသူမရှိ။ ကား ပေါ်မှဆင်းသူများက ပိုစတာတွေ ကို မယုံသလို လိုက်ဖတ်နေသည်။ လူအုပ်ဘက်လှည့်၍ ဒေါသကုမ္မာ ရက အော်ပြန်၏။

‘‘ဘာလို့လာဖတ်နေကြတာ လဲ။ သွားကြ ကိုယ်နဲ့မဆိုင်ဘဲ မဖတ်နဲ့’’

ဈေးခြင်းဆွဲလျက် မိန်းမကြီး က ကြောက်စိတ်ထက် မခံချင် စိတ်တွေ ငယ်ထိပ်တက်ဆောင့် သည့်နှယ်၊ ပြန်အော်လိုက်သည်။

‘‘မျက်စိပါလို့ဖတ်တာပေါ့။ ကျုပ်တို့လည်း စာတတ်တယ် လေ။ လာ … ရှင်တို့လည်းဖတ် ကြည့်၊ သိသွားအောင်’’

အားလုံးသောခနဲ ရယ်ကြ သည်။ ဒေါသကုမ္မာရကား မျက် နှာမည်းခနဲ။ သူ့လူတွေကို ပိုစတာ အားလုံး ဖြုတ်ရန် အမိန့်ပေးလိုက် ၏။ လူအုပ်ကြီးမှာ မောင်းထုတ် လည်းမရွေ့တော့။ မထူးတော့ပြီ ဟု ပိုင်းဖြတ်ပြီးသည့်နောက် ပို စတာတစ်ခုချင်းကို တစ်ယောက် တစ်ခုစီ အော်ဟစ်ဖတ်လိုက်ကြ သည်။

‘‘ငါတို့ဘဝတွေ ကျောလည်း စုတ်၊ နှာခေါင်းလည်းမြုပ်နေပြီ’’
‘‘ချီတက်ပြီးမှ နောက်မဆုတ်’’
‘‘ရှစ်လေးလုံးနေ့ တွေ့မယ် သာပြင်’’

လူအုပ်၏ တစ်ခဲနက် အော် ဖတ်သံကြား ကျောင်းသားက လူကြီးလက်ကို ကိုင်ညှစ်ဆုပ် လျက်။ တုန်ယင်သံဖြင့်ပြောသည်။
‘‘ဦးလေး…ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီ’’
လူကြီးက ငုံ့ကြည့်လျက် တည်ငြိမ်မပျက်။ ဤသို့ပြော၏။
‘‘အေး…နောက်ထပ်ရေးကြ မယ်၊ ဒီတစ်ခါ ဒီလိုပါအောင်ရေး’’
‘‘ဘယ်လိုလဲ ဦးလေး’’

‘‘ပန်းတိုင်ရှိရင် ခရီးတော့ ရှိလိမ့်မယ်’’

မင်းကိုနိုင်
၇-၈-၂၀၁၈
( 7Day Daily News တွင် ရေးသားခဲ့သော ဆောင်းပါး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments