ခေတ်ပြိုင် မြန်မာဝတ္ထုရှည်များရဲ့ အလားအလာ အမည်နဲ့ စာပေစကားဝိုင်း Yangon Book Plazaမှာ ပြုလုပ်မယ်

September 19, 2018

ခေတ်ပြိုင် မြန်မာဝတ္ထုရှည်များရဲ့ အလားအလာ အမည်နဲ့ စာပေစကားဝိုင်း Yangon Book Plazaမှာ ပြုလုပ်မယ်

K
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၈

ငါတို့စာပေမှဦးဆောင်ကျင်းပတဲ့ စာရေးဆရာ၊ ဆရာမများဦးဆောင်ဆွေးနွေးမယ့် ခေတ်ပြိုင်မြန်မာဝတ္ထုရှည်များရဲ့အလားအလာ အမည်နဲ့စာပေ စကားဝိုင်းကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ်သံဈေးရှိ Yangon Book Plaza မှာ စက်တင်ဘာ၂၃ ရက်နေ့ နေ့ လယ် ၃ နာရီမှ ၅ နာရီထိ ကျင်းပပြုလုပ် သွားမယ်လို့သိရပါတယ်။

အဆိုပါ စာပေစကားဝိုင်းမှာ ဆွေးနွေးမယ့်အကြောင်းအရာကတော့ မြန်မာဝတ္ထုရှည်များရဲ့အလားအလာဖြစ်ပြီး ဦးဆောင်ဆွေးနွေးမယ့်သူကတော့ စာရေး ဆရာမကြီးစမ်းစမ်းနွဲ့(သာယာဝတီ)ဖြစ်ပါတယ်။ စကားဝိုင်းမှာ Panelists အဖြစ် စာရေးဆရာမ ချောအိမာန်(မန္တလေး)၊ စံပယ်ဖြူနု၊ ဗြိတိသျှကိုကိုမောင်တို့ ဖြစ်ပြီး Moderatorအဖြစ် စာရေးဆရာ မြေမှုန်လွင်က ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

တက်ရောက်လာသူများလည်း ပါဝင်ဆွေးနွေးနိုင်ကြောင်းသိရပြီး စာပေဆွေးနွေးပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး Yangon Book Plaza ပေ့မှာလည်း “တိုင်းပြည်တစ်ပြည်ရဲ့ စာပေဖွံဖြိုးမှူကို တိုင်းတာလေ့လာတဲ့အခါမှာ အဆိုပါတိုင်းပြည်ရဲ့ခေတ်ပြိုင်စာပေဖွံဖြိုးမှူ၊ မျိုးဆက်သစ်စာရေးဆရာများ စဉ်ဆက်မပြတ် အောင်မြင်ထွန်းကားမှူ၊ ရသလုံးချင်းဝတ္ထုရှည်အသစ်များ ဖတ်ရှုနှူန်း၊ ရောင်းရနှူန်းတွေပေါ် လေ့လာတွက်ချက်လေ့ရှိပါတယ်။ ဒါပေမဲ့ ယနေ့အချိန် မှာတော့ ပြည်တွင်းမှာ ခေတ်ပြိုင်လုံး ဝတ္ထုကောင်းတွေ ရှားပါးနေသလို မျိုးဆက်သစ် စာရေးဆရာများလည်း ထွက်ပေါ်လာမှူနှူန်းအလွန်နည်း ပါးလျက်ရှိပါတယ်။
 
ဘာကြောင့်များ ဖန်တီးနိုင်မှူစွမ်းအားတွေ ကျသွားတာလဲ။ ဘယ်လိုနည်းလမ်းနဲ့ ခေတ်ပြိုင်ဝတ္ထုစာအုပ်ကြီးတွေ ပေါ်ထွက်လာအောင်လုပ်ကြမလဲ။
မျိုးဆက်သစ်စာရေးဆရာတွေကို ဘယ်လိုပြုစုပျိုးထောင်ကြမလဲ။ အစရှိသဖြင့်.. ခေတ်ပြိုင်မြန်မာဝတ္ထုရှည်များရဲ့အလားအလာဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ကြွရောက်လာတဲ့ စာပေမိတ်ဆွေများလည်း ဝင်ရောက်ဆွေးနွေးလို့ရအောင် စကားဝိုင်းပုံစံ ကျင်းပသွားမှာ ဖြစ်ပါတယ်။
စာပေချစ်မြတ်နိုးသူများ၊ စာပေလောကထဲကို ဝင်ဖို့ ကြိုးစားနေသူများ၊ လေ့လာလိုသူများအတွက်အကျိုးများမယ့်ပွဲလေးတပွဲ ဖြစ်ဖို့သေချာပါတယ်
လို့ပြောဆိုထားပါတယ်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:K ငြိမ်းချမ်း, News

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments