ကဗျာဆရာ ရိုးဒီ ကွယ်လွန်ခြင်း ၆ လပြည့် အထိမ်းအမှတ် တောင်သမန်မှာ ပြုလုပ်

September 22, 2018

ကဗျာဆရာ ရိုးဒီ ကွယ်လွန်ခြင်း ၆ လပြည့် အထိမ်းအမှတ်တောင်သမန်မှာ ပြုလုပ်

K
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၈

မန္တလေးသားကဗျာဆရာ ရိုးဒီကွယ်လွန်ခြင်း ၆ လပြည့် အထိမ်းအမှတ်အခမ်းအနားကို အမရပူရမြို့ တောင်သမန်အင်းစောင်း ရှိ တောင်လေးလုံးကျောင်းတိုက်ဝင်းရှိသူဌေး ဘုရားရင်ပြင်မှာ ယနေ့ စက်တင်ဘာ၂၂ ရက် မနက် ၉ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။

ထိုအခမ်းအနားကို ကဗျာဆရာရိုးဒီရဲ့ကျန်ရစ်သူမိသားစုဝင်များနဲ့မန္တလေးအခြေစိုက်ကဗျာဆရာများက ဦးစီး ကျင်းပခဲ့ခြင်းဖြစ်ပြီး ကဗျာဆရာရိုးဒီမိသားစုဝင်များက ကွယ်လွန်သူအားရည်စူးပြီး သူဌေးဘုရားရင်ပြင် ဗုဒ္ဓရုပ်ပွားဆင်းတုတော် တည်ထားကိုး ကွယ်ခြင်းနှင့် ထိုဆင်းတုတော်အားအနေကဇာတင်ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

ကဗျာဆရာရိုးဒီကို မန္တလေးမြို့မှာ အဖဦးအေးမောင်အမိ ဒေါ်တင်တင်မာတို့မှ ၁၉၇၇၊ ဇန်န၀ါရီ ၈ ရက်နေ့မှာ မွေးဖွားခဲ့ပါ တယ်။ အမည်ရင်း ထွန်းထွန်းစိုးဖြစ်ပြီး ကဗျာလောကကို အသံမစုံတဲ့တေးကဗျာဖြင့် ၂၀၀၃ ခုနှစ်မှာ မြားနတ်မောင်မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခံရပြီး ဝင်ရောက်ခံ။
ဒဏ်ရာရသူများစာရင်း၊ ဆိုပါစို့၊ Made in Mandalay၊ ငါ့နားထင်ကို တေ့ထားတဲ့သီ၊ ဈာပနကဗျာတို့မှာ လူသိများခဲ့ပါတယ်။

ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း(ထွဏ်းသွေးအိမ်၊ ကိုအိမ့်တို့နှင့်)၊ တကိုယ်တော် သုံးယောက်ကဗျာများ (မိုးရင့်ကြယ်၊ လင်းဝေ ဟင်မိုးတို့နှင့်)။ ၁၂ ယောက် ၁၂ ပုဒ်ဂီတ ကဗျာ(နေမျိုး၊ ကိုထက်(ရေဦး)၊ မောင်နီဦး၊ ထွန်းလွင်သွယ်(ဆူးဖြူရိပ်)၊ စံညိမ်းဦး၊ မောင်နိုင်လင်း(ကောလင်း)၊ ထွဏ်းသွေးအိမ်၊ မိုးရင့်ကြယ်၊ မျိုးနေနွယ်၊ မင်းနဒီခတို့နှင့်) ပါဝင်ရေးသားခဲ့။

တကိုယ်တော်အနေနဲ့ ရိုးဒီ+ရိုးဒီ။ ရိုးဒီရေးတဲ့ ကျွန်ုပ်စာစုများ(စကားပြေ)၊ ရိုးဒီ+၃၈ ၃၈+ကဗျာ၊ ရိုးဒီ=၄၀ ၄၀=ကဗျာ၊ ကန္တာရ ပန်းကလေးသို့စာအုပ်များရေးသားခဲ့။ ကွယ်လွန်ချိန်အထိ Poetry House ကဗျာစာအုပ်ဆိုင်နဲ့ကဗျာစာအုပ်ထုတ်ဝေရေးများပြုလုပ်ခဲ့ပါတယ်။

ကဗျာဆရာရိုးဒီဟာ မတ်လ ၂၂ ရက်၊၂၀၁၈ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီးကွယ်လွန်ချိန်မှာ အသက် ၄၂ နှစ်အရွယ်ဖြစ်ပါတယ်။
ဓာတ်ပုံ- ကဗျာဆရာ မော်မင်းသန်း

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:K ငြိမ်းချမ်း, Memories

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments