ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဒီမိုကရေစီများကျဆုံးရာတွင် အရေးအခင်းများ၏ အခန်းကဏ္ဍ

October 19, 2018

Photo – Myanmar NOW

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဒီမိုကရေစီများကျဆုံးရာတွင် အရေးအခင်းများ၏ အခန်းကဏ္ဍ

ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၁၁

(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၁၈

Steven Levitsky နှင့် Daniel Ziblatt တို့ ရေးသားသော HOW DEMOCRACIES DIE
စာအုပ်မှ Subverting Democracy  အခန်းကို ဆက်လက်၍ ဘာသာပြန်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ အရေးအခင်းကြောင့် ဒီမိုကရေစီကို မည်ကဲ့သို့ရရှိသည်ဟူသည်နှင့် ပတ်သက်၍ ပြောစရာများစွာရှိပါသည်။ သို့သော် စာရေးသူ ဘာသာပြန်နေသောစာအုပ်တွင် ဒီမိုကရေစီကိုပျက်စီးအောင်ပြုလုပ်သူများ၊ အာဏာရှင်စနစ်ကို ထူထောင်လိုသူများသည် အရေးအခင်းများကို အခွင့်အကောင်းယူ၍ သူတို့လိုရာကိုမည်ကဲ့သို့ ဆွဲယူနိုင်သည်ဟူသည်ကို ရေးသားထားပါသည်။ ဤဆောင်းပါးကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ပညာပေးသည့်အနေဖြင့် ဖတ်ကြည့်နိုင်ပါသည်။

အရင်ဆောင်းပါးတွင် ဒိုင်လူကြီးများကို သူတို့ဘက်ပါအောင်လုပ်ခြင်း၊ အတိုက်အခံများကို အားနည်းအောင်လုပ်ခြင်းနှင့် စည်းမျဉ်းစည်းကမ်းများကို ပြင်ရေးခြင်းတို့ကို သုံး၍ ဒီမိုကရေစီကို ပျက်စီးအောင်လုပ်ခြင်းအကြောင်းကို ပြောခဲ့သည်။ ယခုဆောင်းပါးတွင် ဤအလုပ်များကိုလုပ်ရာတွင် အရေးအခင်းများက မည်က့သို့ အထောက်အကူဖြစ်ပုံကို ဖော်ပြပါမည်။

ဒီမိုကရေစီများကျဆုံးခြင်းနှင့်ပတ်သက်သော ဝိရောဓိဖြစ်စဉ်တစ်ခုမှာ ဒီမိုကရေစီကျဆုံးရသောအ ကြောင်းတစ်ခုမှာ ဒီမိုကရေစီကိုကာကွယ်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။ ဒီမိုကရေစီကို ကျဆုံးခြင်း၏ အကြောင်းဟုဆိုသည်။ အာဏာရှင်ဖြစ်လာသောသူများက ဤစကားကို ဆိုခြင်းဖြစ်သည်။ အာဏာရှင် ဖြစ်လာမည့်သူများသည် စီးပွားရေးအကျပ်အတည်းများ၊ ကပ်ဆိုက်မှုများ၊ လုံခြုံရေးခြိမ်းခြောက်မှုများ၊ စစ်များ၊ အကြမ်းဖက်မှုများ၊ အရေးအခင်းများကို အကြောင်းပြ၍ ဒီမိုကရေစီဆန့်ကျင်သောလုပ်ငန်းများကို တရားဝင်ပြုလုပ်ခြင်းဖြစ်သည်။

အရေးအခင်းများသည် မည်ကဲ့သို့အဆုံးသတ်မည်ကို ကြိုတင်၍ ဟောကိန်းထုတ်ဖို့ တော်တော်ခက် ပါသည်။ သို့သော် ၄င်းတို့၏နိုင်ငံရေးဆိုင်ရာ အကျိုးဆက်များကို အလွယ်တကူ ဟောဟိန်းထုတ်နိုင်ပါသည်။ ၄င်းတို့သည် အာဏာရှင်များ၏ အကြိုက်ဖြစ်သည်။ အရေးအခင်းများကို အကြောင်းပြ၍ အာဏာအလွဲသုံးစား လုပ်နိုင်သည်။ အရေးအခင်းများနှင့် အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုများသည် လက်ရှိအစိုးရကို ပြည်သူလူထုက ထောက်ခံလာစေသည်။ အရေးအခင်းကာလများတွင် ပြည်သူလူထုသည် အစိုးရ၏ ဒီမိုကရေစီဆန့်ကျင်သော လုပ်ရပ်များကို ပိုမို၍ သည်းခံသည်။ သည်းခံရုံသာမက အားပေးထောက်ခံခြင်းတို့ကိုပင် လုပ်နိုင်သည်။ ထိုကဲ့သို့ ထောက်ခံအားပေးခြင်းသည် ပြည်သူလူထု၏ သူတို့၏လုံခြုံမှုအတွက် ကြောက်ရွံ့ခြင်းကြောင့် ဖြစ်လာခြင်းဖြစ်သည်။

အခြေခံဥပေဒတော်တော်များများသည် အရေးအခင်းကာလများအတွင်းတွင် အစိုးရ၏ လုပ်ပိုင်ခွင့် အာဏာကို ပိုမို၍ ပေးထားသည်။ သာမန်အချိန်တွင် လုပ်ပိုင်ခွင့်မရှိသော အလုပ်များကို အရေးအခင်းကာလတွင် လုပ်ပိုင်ခွင့်ရှိသည်။ ၄င်း၏အကျိုးဆက်တစ်ခုမှာ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက် ထားသော အစိုးရများသည်ပင်လျှင် အရေးအခင်းကာလတွင် တရားဝင်အာဏာရှင်များကဲ့သို့  ပြုကျင့်နိုင်သည်။ အစိုးရကိုယ်တိုင်သည် ဒီမိုကရေစီကို ယုံကြည်သောသူဖြစ်လျှင် နိုင်ငံအနေဖြင့် သက်သာမည်။ အစိုးရကိုယ်ကပင် ဒီမိုကရေစီကို ဖျက်စီးလိုသောသူဖြစ်လျှင် နိုင်ငံအတွက် အလွန်အန္တရယ်များသည်။ အရေးအခင်းကာလသည် ဒီမိုကရေစီကိုပျက်စီးစေလိုသော အစိုးရအတွက် ဝေဖန်မှုများကို နှိမ်နင်းရန် အခွင့်ကောင်း၊ ဒီမိုကရေစီအဖွ့အစည်းများကို ဖျက်စီးရန် အခွင့်ကောင်း၊ အတိုက်အခံများကို အားလျော့ရန် လုံးဝအားမရှိတော့သည့်အဖြစ်ရောက်အောင် အခွင့်ကောင်းဖြစ်သည်။ အရေးအခင်းများကြောင့် ဒီမိုကရေစီ ပျက်စီးစေသော အလုပ်များကို လွတ်လွတ်လပ်လပ်အလျင်အမြန်၊ “တရားဝင်” လုပ်နိုင်သွားသည်။

ထို့ကြောင့် အာဏာရှင်ဖြစ်ချင်သောသူနှင့် အရေးအခင်းနှစ်ခုပေါင်းသည် ဒီမိုကရေစီအတွက် အလွန်အန္တရယ်များသော အတွဲဖြစ်သည်။ အချို့သောနိုင်ငံ့ခေါင်းဆောင်များသည် အရေးအခင်းအတွင်း တွင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤကဲ့သို့သော ဥပမာများ – နိုင်ငံတကာတွင်ရှိသည်။

သို့သော် အချို့သောနိုင်ငံ့ခေါင်းဆောင်များသည် အရေးအခင်း၏အသုံးဝင်ပုံကို သိသောကြောင့် အရေးအခင်းများကို တမင်ဖန်တီးကြသည်။ ဥပမာ တစ်ခုပြရလျှင် ဖိလစ်ပိုင်နိုင်ငံမှ သမ္မတ မားကိုး (Marcos) ၏ ၁၉၇၂ က စစ်အုပ်ချုပ်ရေးကြေငြာခြင်း၏ နောက်ကွယ်ရှိ “အရေးအခင်း” သည် တမင်ဖန်တီးခြင်းဖြစ်သည်။ ထိုအချိန်က ဖိလစ်ပိုင်နိုင်ငံ၏ အခြေခံဥပဒေအရ ရှိခဲ့သော သမ္မတသက်တမ်း၏ နှစ်ကြိမ်ဟူသော အကန့်အသတ်ချက်ကို ပြင်ဆင်ရန် သူ၏အကြံအစည်ကို တရားမျှတစေရန် “ကွန်မြူနစ်” ခြိမ်းခြောက်မှုတစ်ခုကိုနှင့် အရေးအခင်းတစ်ခုကို ဖန်တီးခဲ့သည်။

နိုင်ငံတကာတွင် ဖြစ်ခဲ့သော အဖြစ်အပျက်များကို ကြည့်မည်ဆိုလျှင် နိုင်ငံတော်၏ အာဏာကို ရယူလိုသောသူများသည် သူတို့၏ အာဏာရယူခြင်းကို တရားဝင်ဖြစ်စေရန် အရေးအခင်းများကို ကောင်းစွာ အသုံးပြုကြသည်ကို တွေ့ရသည်။ ၄င်းနှင့်ပတ်သက်သော အလွန်ထင်ရှားသည့် ဥပမာတစ်ခုမှာ ၁၉၃၃ ခုနှစ် က ဟစ်တလာ (Hitler) အာဏာရယူခ့သောအဖြစ်ဖြစ်သည်။ ၁၉၃၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ က ရိုက်(ချ)စတက်အဆောက်အဦးတွင် ဖြစ်ခ့သော မီးလောင်မှုဖြစ်ပြီး တစ်လအကြာတွင် ဟစ်တလာသည် မြို့တော်ဝန် ရာထူးကို ရရှိခဲ့သည်။ ဤကိစ္စတွင် ကွန်မြူနစ်များက ဘာလင်၏ ပါလီမန်အဆောက်အဦကို မီးရှို့ခဲ့သလော၊ သို့မဟုတ် နာဇီခေါင်းဆောင်များကိုယ်တိုင် မီးရှို့ခဲ့သလော ဟူသော မေးခွန်းသည် သမိုင်းပညာရှင်များ ကြားတွင် ယခုတိုင်အငြင်းပွားနေရဆဖြစ်သည်။ ဘာတွေဖြစ်စေကာမူ၊ မီးလောင်နေသော ပါလီမန်အဆောက်အဦဆီသို့ ဟစ်တလာ၊ ဂိုရင်းနှင့် ဂိုဘယ်(လ) (Hitler, Goring, Gobbels တို့ ချက်ရောက်လာပြီး ထိုအဖြစ်ကိုသုံး၍ လူများ၏လွတ်လပ်မှုတို့ကို ထိန်းချုပ်သော အရေးပေါ်ဥပဒေများကို ပြဌာန်းခဲ့သည်ဟူသည်မှာကား အငြင်း ပွားစရာမလိုသော အဖြစ်အပျက်ဖြစ်သည်။ ထိုအရေးအပေါ်ဥပဒေများ ပြဌာန်းပြီး၊ နောက်တစ်လအကြာတွင် အတိုက်အခံများကို နလံမထူအောင် ဖျက်စီးလိုက်ပြီး နာဇီပါတီ၏အာဏာကို ဒုတိယကမ္ဘာစစ်ပြီးသည်အထိ တည်မြဲစေခဲ့လေသည်။

လုံခြုံရေးဆိုင်ရာ အကျပ်အတည်းအရေးအခင်းများသည် ရုရှားနိုင်ငံ၏ အာဏာရှင်ပူတင် Putin ကို အာဏာတည်ရန် ကူညီပံ့ပိုးခဲ့သည်။

၁၉၉၉ တွင် မော်စကိုနှင့် အခြားမြို့များတွင် အကြမ်းဖက်သမားများနှင့် သူပုန်များ၏ လက်ချက်ဟု အမည်တွင်သော ဗုံးပေါက်ကွဲမှုများစွာ ဖြစ်ခဲ့သည်။ ယင်းဗုံးပေါက်ကွဲမှုများသည် ၁၉၃၉ ခုနှစ်က နာဇီဂျာမဏီတွင် ဖြစ်ခဲ့သော မီးလောင်မှုကဲ့သို့ပင်  သမိုင်းပညာရှင်များကြားတွင် သဘောထားအမျိုးမျိုးရှိခဲ့သည်။ ၁၉၉၉ ဖြစ်ရပ်များ တွင်လည်း အကြမ်းဖက်သမားသူပုန်များလော၊ ရုရှားနိုင်ငံ၏ ထောက်လှမ်းရေးများလော ဟူသည့် အငြင်းပွားစရာဖြစ်ခဲ့သည်။ ရှင်းနေသောအချက်တစ်ခုမှာ ဤအကြမ်းဖက်မှုများအပြီးတွင် ရုရှအာဏာရှင်ပူတင်ကို ထောက်ခံသူများစွာတိုးလာသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ အရေးအခင်းကိုယ်တိုင်သည် အာဏာရှင်အစိုးရလက်ချက်မဟုတ်သော်လည်း နောက်ပိုင်း (မင်းမဲ့စရိုက်) လုပ်ရပ်များသည် ဒီမိုကရေစီဘက်တော်သားများက ဘယ်တော့မှ လုပ်မည့်အရာများ မဟုတ်ကြပါ။ ဒီမိုကရေဘက်တော်သားများ ဘယ်တော့မှမလုပ်မည့်အရာများကို ဘယ်သူလုပ်သနည်း? ဤသည်ကား နောင်သမိုင်းပညာရှင်များ ကြိုးစား၍ ဖြေရမည်ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဘာသာပြန်ကဏ္ဍ, အခန်းဆက်များ, ဒေါက်တာခင်မောင်ဝင်း (သချာင်္)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments