မလွန်ဆန်နိုင်သောသဘာဝအမှန်တရား ရန်ပုံငွေဂီတကုသိုလ်ပွဲတော် နိုဝင်ဘာ ၃ရက်နေ့မှာ ကျင်းပမယ်

October 23, 2018
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles


မလွန်ဆန်နိုင်သောသဘာဝအမှန်တရား ရန်ပုံငွေဂီတကုသိုလ်ပွဲတော် နိုဝင်ဘာ ၃ရက်နေ့မှာ ကျင်းပမယ်
K (မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၈

My Music Entertainment မှ ဦးစီးကျင်းပတဲ့ မလွန်ဆန်နိုင်သောသဘာဝအမှန်တရားအမည်ရှိ တတိယအကြိမ်မြောက် ရန်ပုံငွေဂီတကုသိုလ်ပွဲတော်ကို ရန်ကုန်မြို့ပြည်လမ်းရှိ အမျိုးသားဇာတ်ရုံမှာ နိုဝင်ဘာ ၃ရက် (စနေနေ့) ညနေ ၆:၃၀မှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါရန်ပုံငွေဂီတဖျော်ဖြေပွဲမှာ နာမည်ကြီးနိုင်ငံကျော်အဆိုတော် အယောက်(၃၀)ကျော်က မေတ္တာဖြင့်ပါဝင်ဖျော်ဖြေပေးသွားမှာဖြစ်ပြီး လက်မှတ်ရောင်းချပြီး ရရှိလာတဲ့ ငွေများ အားလုံးကိုတော့ သန်လျင်မြို့၊ သဘာဝတရားရိပ်သာသို့ သွားရောက်လှူဒါန်းမှာဖြစ်တယ်လို့သိရပါတယ်။

သီဆိုဖျော်ဖြေပေးကြမယ့်အနုပညာရှင်များကတော့ ဇော်ဝင်းရှိန်၊ ဂျေမောင်မောင်၊ ချစ်ကောင်း၊ တူးတူး၊းအောင်၊ ဂရေဟမ်၊ ရင်ဂို၊ မာရဇ္ဇ၊ ဘိုဖြူ၊ R ဇာနည်၊ ဇော်ပိုင်၊ ဖြိုးပြည့်စုံ၊ အောင်ထက်၊ ဖိုးပြည့်၊ ဂျောစီ၊ တိုးခိုင်၊ မေခလာ၊ ကော်နီ၊ ချောစုခင်၊ အိုင်းရင်းဇင်မာမြင့်၊ စန္ဒီမြင့်လွင်၊ စိုးပြည့်သဇင်၊ ထိုက်ထိုက်၊ နန့်ချစ်နဒီဇော်၊ ဝိုင်းလေး၊ ပန်းရောင်ခြယ်၊ Jewel၊ ယွန်း၊ နော်ဂျက်၊ ကြာညိုသွယ်၊ ယုဝေဖြိုးတို့ဖြစ်ပါတယ်။ မေတ္တာဖြင့် ပါဝင်ကူညီတီးခတ်ပေးသွားမယ့် အတီးပညာရှင်တွေကတော့ Lucky Hand Band, My Music ဂီတညီအကို မောင်နှမများ၊ Future Music Band, Creator Music Band (မြင်းခြံဂတုံးညီအစ်ကို)၊ Angery Birds Music Band (အမြင်အာရုံချို့တဲ့ဂီတပညာရှင်လေးများအဖွဲ့) တို့ပဲဖြစ်ကြပါ တယ်။

အဆိုပါ ရန်ပုံငွေဂီတကုသိုလ်ပွဲတော်နဲ့ပတ်သက်ပြီး ပွဲစီစဉ်သူ My Music Entertainment စာမျက်နှာမှလည်း “မလွန်ဆန်နိုင်သောသဘာဝအမှန်တရား”ရန်ပုံငွေဂီတဖျော် ဖြေ ပွဲကြီးကိုနှစ်စဉ်နှစ်တိုင်းကျင်းပလာရာမှာ ယခုဆိုရင် ၃ နှစ်ဆက်တိုက်ရှိခဲ့ပါပြီ.. ယခုတတိယအကြိမ်မြောက် ဖျော်ဖြေပွဲကြီးကို ၃.၁၁.၂၀၁၈ (စနေနေ့) ရန်ကုန်မြို့ အမျိုးသားက ဇာတ်ရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲမှာ နာမည်ကြီးနိုင်ငံကျော်အဆိုတော် အယောက်(၃၀)ကျော်က မေတ္တာဖြင့်ပါဝင်ဖျော်ဖြေပေးသွားမှာဖြစ်ပြီး လက်မှတ်ရောင်းချပြီး ရရှိ လာတဲ့ငွေများအားလုံးကိုတော့ သန်လျင်မြို့၊ သဘာဝတရားရိပ်သာသို့ သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။ လက်မှတ်များကို ရန်ကုန်မြို့ မန်းသီရိတေးသံသွင်း၊ အနော်ရထာလမ်း 01392931,My Garden Unplugged Restaurant အလုံလမ်း 01372822 တို့တွင် အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်း တွေက အောက်ထပ်၂၀၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ် ဖြစ်ပြီးအပေါ်ထပ် ၅၀၀၀ ကျပ် တို့ပဲဖြစ်ပါတယ်။ ပွဲကိုလာရောက်ကြည့်ရှုမည့်သူများ မိမိတို့ကြိုက်နှစ်သက်ရာ ပစ္စည်း၊ အဝတ် အစားအသစ်၊ အဟောင်း၊ အသုံးအဆောင်၊ ဆန်၊ ဆီ၊ ဆေး အစရှိတာတွေကို ၃.၁၁.၂၀၁၈ အမျိုးသားကဇာတ်ရုံတွင် ညနေ၃နာရီမှစ၍ အလှူခံကောင်တာထားရှိပေးသွားမှာ ဖြစ် ပါတယ်။ ပွဲကို လာရောက်မကြည့်ရှုနိုင်သောသူများ ကြိုတင်လှူဒါန်းနိုင်ရန်အတွက် My Garden စားသောက်ဆိုင်တွင် ၁၅.၁၀.၂၀၁၈ ရက်နေ့မှစ၍ အလှူခံကောင်တာ ထားရှိ ပေးထားမှာဖြစ်ပါတယ်။ အားငယ်နေသူတွေကိုအားပေးရင်း ချို့တဲ့နေသူတွေကို ဖြည့်ဆည်းပေးဖို့ မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင်များဆီကို နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။ အသေး စိတ်သိရှိလိုပါက Hot line ဖုန်း 09421178747 ကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်…. ” လို့ ပြောဆိုထားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:K ငြိမ်းချမ်း, သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments