fbpx

အိမ့်​ကြည်​ဖြူ – ဟယ်​လို…နိုဝင်​ဘာ

November 16, 2018

ဟယ်​လို…နိုဝင်​ဘာ
အိမ့်​ကြည်​ဖြူ 
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၈

         အိမ်​ကိုပြန်​ချင်​သည်​။ ကျွန်​မ အိမ်​မပြန်​ဖြစ်​တာ အ​တော်​ကြာပါပြီ။
မနှစ်​ကလည်း အိမ်​မပြန်​ဖြစ်​။ 
မနှစ်တနှစ်​ကလည်း အိမ်​မပြန်​ဖြစ်​။
တတိယနှစ်​​ကျောင်းသူဘဝကတည်းက အိမ်​မပြန်​ဖြစ်​​တော့ပါ။ မနှစ်​တုန်းက​ယခုလိုအချိန်​တွင်​ ကျွန်​မဘွဲ့ယူ​နေသည်​။
ယခုနှစ်​တွင်​ သင်​တန်းတစ်​ခုတက်​​နေရပြန်​သည်​။
ကျန်​အချိန်​များတွင်​အိမ်​ကို လွမ်းလွမ်း​ဆွေး​ဆွေးကြီးမဖြစ်​​။ နှင်း​တွေအနည်းငယ်​ထူပိန်းလာသည့်​ နိုဝင်​ဘာတွင်​​တော့ ကျွန်​မ၏လွမ်းဆွတ်​မှုလည်း ထူပိန်းလာသည်​။ အိမ်​ကိုပြန်​ချင်​သည်​။ ကျွန်​မအိမ်​ကိုပြန်​ချင်​သည်​။
ဇာတိမြို့​လေးကိုလွမ်းလာသည်​။ ကောင်းကင်​တွင်​ ကြယ်​တာရာများစုံလင်​စွာလင်းလက်​​နေသည်​။ 
လပြည့်​ဝန်းက ရွှန်းရွှန်း​​တောက်​​တောက်​။ ယခုလိုညမျိုးတွင်​ အ​မေ့အိမ်​တံခါးကိုသာ တ​ဒေါက်​​ဒေါက်​​ခေါက်​လိုက်​ချင်​မိသည်​။
           ကျုံး​ရေပြင်​ထဲမှလမင်းကို စတီးလက်​ရမ်း များ​နောက်​မှ​ ငေး​နေမိသည်​။ ကျွန်​မသည်​ ထိုလမင်းကြီးကို ဧရာဝတီမြစ်​ကြီးထဲသို့နေရာ​ရွှေ့လိုက်​ချင်​သည်​။ သို့ဆိုလျှင်​ ကျွန်​မသည်​လည်း ဧရာဝတီမြစ်​ကြီးထဲမှ သဲ​သောင်​ခုံ​လေးအ​ပေါ်သို့ ​ရောက်​သွား​လေမည်​လား။
ဆူညံလှ​သောဆိုင်​ကယ်​အိတ်​​ဇောသံများက လမင်းကို နှုတ်​ခမ်းတွန့်​သွား​စေသည်။ ၂၆ ဘီလမ်းသည်​  တဖြည်းဖြည်းရှုပ်​​ထွေး လာ​နေပြီ။ ဆိုင်​ကယ်​သံများတိုးသွားချိန်​တွင်​ လမင်းက ဝိုင်းစက်​လာပြန်​သည်​။
တငြိမ့်​ငြိမ့်​တသိမ့်​သိမ့်​ မြစ်​ဧရာထဲကလမင်းသည်​ ပို၍လှသည်​ဟု ကျွန်​မထင်​ပါသည်​။
ယခုလိုညမျိုးတွင်​ ကျွန်​မတို့သူငယ်​ချင်းတစ်​စုသည်​ မြို့​လေး၏အထက်​ဖက်​အရပ်​၌ရှိ​သော သဲ​သောင်​ခုံ​ ရေလယ်​ကျွန်းသို့သွားကြသည်​။
ငှက်​​ပျောတုံး​လေးများ​ပေါ်ဆီမီးထွန်း၍ ဆီမီးတစ်​​ထောင်​​ မျှောကြသည်​။ မီး​မျှောပွဲမှပြန်​လာပြီး​နောက်​ ကာတွန်းဆရာညိုကိုနိုင်​၏ကာတွန်းပြပွဲသို့သွားကြသည်​။ မီးပုံးများတွင်​​ရေးဆွဲထား​သောဟာသကာတွန်းများကို သီတင်း ကျွတ်​ပွဲ​တော်​နှင့်​ယခုလိုတန်​​ဆောင်​တိုင်​ပွဲ​တော်​တွင်​ ကြည့်​ခွင့်​ရပါသည်​။
ကာတွန်းအများစုသည်​ ​ခေတ်​ကာလ၏ပုံရိပ်​ကို​ဖော်​ပြထားကြသည်​။ 
ဆူညံစွာ​အော်​ဟစ်​သွားကြ​သော လူငယ်​တစု၏အသံများကို ကြားရပြန်​သည်​။ ကာတွန်းညိုကိုနိုင်​၏ဇာတ်​လိုက်​​ကျော်​ကိုရင်​သာ​ဂေါင်​၏ပါးစပ်​ကြီးသည်​ ပို၍ကျယ်​သွားပါသည်​။ လမင်းဝိုင်းစက်​စက်​သည်
ဘဲဥပုံဖြစ်​သွားသည်​။ ဆူညံသံများသည်​ ၇၇ လမ်းထဲသို့ချိုးဝင်​သွားကြသည်​။
           
ကျွန်​မပြန်​အလာကို ​ဖေ​ဖေနှင့်​​မေ​မေက အိမ်​လမ်းချိုးက​လေးက ​စောင့်​​နေကြသည်​။
“မီး​မျှောပွဲက ခါတိုင်းနှစ်​​တွေလိုစည်​သေးရဲ့လားသမီး၊ ကာတွန်း​တွေက​ရော ​ကောင်းရဲ့လား”ဟု ​မေ​မေက​ဆီးမေးသည်​။ ဖေ​ဖေက အ​မေကြီးတို့အိမ်​​လေးကို မြန်​မြန်​သွားချင်​​နေပုံရသည်​။ ကျွန်​မသည်​ အိမ်​သို့မပြန်​ဖြစ်​​သေးပဲ ဖေဖေနှင့်​​မေ​မေ၏​နောက်​သို့ လိုက်​ခဲ့ရပြန်​သည်​။
တကယ်​​တော့ ကျွန်​မသည်​လည်း အိမ်​သို့မပြန်​ချင်​​သေးပါ။
အ​မေကြီးတို့အိမ်​​လေးမှာ လူစုံရှိသည်​။ ​မေ​​မေ့အစ်​မများ၏ မိသားစုရှိကြသည်​။ေ​မ့​မေ့အစ်​မကြီးကြီးသက်​၏ယောက်ျားဖြစ်​​သော ဘဘမြင့်​က ဂစ်​တာတီးတတ်​သည်​။ အ​မေကြီးတို့အိမ်​ခြံဝ​ရောက်​လျှင်​ ကြက်​သွန်​ဆီသတ်​​နေသည့်​ရနံ့များနှင့်​အတူ​ မြေပဲဆံ​ထောင်း​နေသည့်​အသံကိုပါကြားရပါသည်​။ 
အ​မေကြီးက မယ်​ဇလီဖူး​လေးများကို ပြုတ်​ကာ​ရေညှစ်​​ပြီး​ထောင်းနေသည်​။ 
ေ​ဖ​ဖေက ယခုညအတွက်​ ဘီယာနည်းနည်း​သောက်​ခွင့်​ကို ​မေ​မေ့ထံမှ ခွင့်​ပြုချက်​ယူထားပြီးဖြစ်​သည်​။
ဖေ​ဖေတို့မယားညီအစ်​ကိုငါး​ယောက်​ ဂစ်​တာတီးသီချင်းဆို၍ ​ဆေး​ပေါင်းခတဲ့ညဟုအော်​ဟစ်​​နေချိန်​တွင်​ အ​မေကြီးကပြုံးပြုံးပြုံးပြုံးနှင့်​ မယ်​ဇလီဖူးသုပ်​​နေသည်​။ ကြီးကြီးသက်​က ဘဘမြင့်​ကို မျက်စောင်းတ​ချက်​လှမ်းထိုးသည်​။ ​”ဆေး​ပေါင်းခတဲ့ည” ဟု အုပ်​စုလိုက်​မူးယစ်​​နေ​သူ များက ​အော်​ဟစ်​သွားချိန်​တွင်​ ကျူံး​ရေသည်​ လှိုင်းဂယက်​များထသွားခဲ့သည်​။ လမင်းသည်​ ရှုံ့တွသွားသည်​။ ကြယ်​တာရာများ တစ်ပွင့် နှင့်တစ်​ပွင့်​ လွန်​စွာ​ဝေးသွား ကြပြန်​သည်​။
           ကျွန်​မသည်​လည်း ဇာတိမြို့​လေး နှင့်​​ဝေး​နေရသည်​မှာ မည်​သူ့​ကြောင့်​နည်းဟု ​မေးချင်​လှပါသည်။
ဇာတိမြို့​လေးတွင်​ ကျွန်​မဆက်​လက်​သင်​ယူလို​သောပညာရပ်​များမရနိုင်​ပါ။ မြို့နှင့်​​တောသည်​ ပညာ​ရေးနှင့်​ပတ်​သက်​၍ ကွာဟချက်​များစွာ ရှိ​နေ​သေးသည်​။
ပညာဆက်​လက်​ဆည်းပူးလိုသူတို့သည်​မြို့ပြသို့လာ​ နေ ကြရဆဲ။ သို့ဖြင့်​ နိုဝင်​ဘာတိုင်းတွင်​ ဇာတိမြို့​လေးနှင့်အဝေးမှာ ကျွန်​မ​ရောက်​​နေခဲ့ရသည်​။ ဇာတိမြို့​လေး၏​ဘေးမှဖြတ်​၍စီးဆင်းသွား​သော မြစ်​ဧရာ​ရေအလျဉ်​တွင်​ ဆီးမီးတစ်​​ထောင်​ပူ​ဇော်​ထား​သော ငှက်​​ပျောတုံး​ဖောင်​​လေးများ ​မျှော​နေကြ​ရော့မည်​။
ရွှေဂူကြီး​စေတီ၊ မြ​စေတီ နှင့်​မဟာ​လေးထပ်​​ကျောင်းများ ရှိရာကမ်းနဖူးတွင်​ မီး​မျှောပွဲကိုလာ​ရောက်​ဖူး​မျှော်​ကြည့်​ရှုကြသူများဖြင့်​ စည်​ကား​နေ​ရော့မည်​။ တရုတ်ပြည်​မှလာ​သော မီးရှုးမီးပန်း​ဖောက်​သံများ ဆူညံသွားပြန်သည်​။ ယခု​နေရာသည်​ ကျွန်​မ၏ ဇာတိမြေမဟုတ်​။
နန်းမြို့ရိုးသည်​ မီးရှုးမီးပန်းများနှင့်​အတူဆူညံစွာထွက်​လာ​သော တ​ဖောင်း​ဖောင်းအသံများ​ကြောင့်​ တုန်​လှုပ်​သွားပုံရသည်​။ ရေပြင်​တွင်​အရိပ်​ထင်​​နေ​သောပစ္စင်​သည်​ သိမ့်​ခနဲလူးလွန့်​သွားသလိုထင်​ရသည်​။
             ကျွန်​မသည်​ ရတနာ ပုံ​နေပြည်​​တော်​​ခေတ်​က မင်းတရားကြီးတို့၏တန်​​ဆောင်​တိုင်​ပွဲကို စိတ်​ကူးကြည့်​မိသည်​။ ထိုအ​ကြောင်းအရာများကို ကျွန်​မမ​လေ့လာဖြစ်​​ သေးပါ။ သို့ဖြစ်​၍ ​ရေး​ရေးသာ မှန်းဆနိုင်​ပါသည်​။ ရွှေနန်း​တော်​ကြီးအတွင်းတွင်​ မသိုးသင်္ကန်းများလည်း ရက်​လုပ်​​နေ​လောက်​ပါသည်​။ ရေ​မြေ့သခင်​၏အနီးအပါး၌ခစား​နေကြ​သော နန်းတွင်းသူနန်းတွင်းသားများသည်​ ဝတ်​​ကောင်းစားလှများဖြင့်​ ဖြစ်​​နေကြလိမ့်​မည်​။
တရား​ဒေဿနာ​တော်​များကို ဆရာ​တော်​ကြီးများက
ရွတ်​ဖတ်​သရဇ္ဈာယ်​နေကြလိမ့်​မည်​။ ကျွန်​မယခုရပ်​​နေ​သော​နေရာလေးသည်​ မြို့ပြင်​တ​နေရာဖြစ်​လိမ့်​မည်​။ နန်းမြို့ရိုးကြီးသည်​ နှင်းဆီ​ရောင်​သမ်း​နေ​ပေလိမ့်​မည်​။ ပြဿဒ်​က​လေး​တွေ၊ ပြအိုးက​လေး​တွေက​တော့ ယခုလိုပင်​ အကွာအ​ဝေးညီညီဖြင့်​ အစီအရီဖြစ်​နေကြလိမ့်​မည်​။
ထိုအချိန်က ကျုံး​ရေပြင်​ထဲတွင်​ ကြာဖြူပွင့်​ ကြာနီပွင့်​များရှိခဲ့​လေသလားကျွန်​မမသိနိုင်​​တော့ပြီ။
ယခု​နေရာ​လေးတွင်​​တော့ နန်းမြို့ရိုးကြီးအတွင်း မဝင်​ဆန့် နိုင်​သည့်​ တိုင်းသူပြည်​သားဇနပုဒ်​သားတို့ သွားလာနေကြ​ပေလိမ့်​မည်​။ သူတို့အထဲမှ တချို့​သောသူများသည်​ ​ရွှေနန်း​တော်​ကြီးအတွင်းသို့
ရောက်​ဖူးချင်​ကြလိမ့်​မည်​။ ရွှေနန်း​တော်​ကြီးအတွင်းမှ ဘုရင်​နှင့်​နီးစပ်​သူများ မိဖုရားနှင့်​ပတ်​သက်​သူများလို အဝတ်​​ကောင်းဝတ်​၍ အစား ကောင်း စားလိုကြလိမ့်​မည်​။
ထိုသူများထဲတွင်​ လိုအင်​မပြည့်​ဝကြ၍ ခိုးသားဓားပြဖြစ်​သွားကြသူများလည်း ရှိနိုင်​ပါသည်​။
ထိုသို့​တွေးမိသည့်​အခိုက်​အတန့်​တွင်​ ပလက်​​ဖောင်း​ဘေးတွင်​ရပ်​ထား​ သော ကျွန်​မ၏စကူဖီဆိုင်​ကယ်​​လေးကို စိတ်​မချစွာလှည့်​ကြည့်​မိပါ သည်​။ ဆိုင်​ကယ်​​လေးသည်​ ငြိမ်​သက်​စွာဖြင့်​ကျွန်​မကို​စောင့်​​နေရှာပါသည်​။
စကူဖီဆိုင်​ကယ်​​လေးက​တော့ ရှိ​နေ​သေးသည်​။ ရတနာပုံ​နေပြည်​​တော်​၏သီ​ပေါမင်းတရားက​တော့ လွန်​ခဲ့​ပေပြီ။
            
ယခုလိုအခါသမယတွင်​ သီ​ပေါမင်းတရားကြီး​ရော ပံ့သကူပစ်​တတ်​ပါသလားဟု ကျွန်​မ​တွေးမိပြန်သည်​။
သီ​ပေါမင်းတရားကြီး ပံ့သကူပစ်​ခဲ့ဖူးလျှင်​လည်း အနီးအပါးတွင်​ ခစား​နေကြသူများနှင့်​ ​ရွှေနန်း​တော်​အတွင်း​နေထိုင်​ခွင့်​ရကြသည့်​ ပြင်​သစ်​လူမျိုး၊ အ​မေရိကန်​လူမျိုး၊ ဂရိလူမျိုး၊ အာ​မေးနီးယန်းလူမျိုးများနှင့်​အင်္ဂလိပ်​လူမျိုးတချို့တို့သာရကြမည့်​အ​ကြောင်း ​တွေးမိပြန်​သည်​။ သီ​ပေါမင်းတရားကြီးစိတ်​​ကောင်းရှိ၍ ယခုနေရာ​လေးအထိ ပံ့သကူလာပစ်​လျှင်​​တော့ သူဆင်းရဲဇနပုဒ်​သားများလည်း ပံသကူထုပ်​ကို ကောက်​ရနိုင်​ပါသည်​။
ပံ့သကူထုပ်​​ကောက်​ရသည့်​ သူဆင်းရဲသည်​ သာဓု​ခေါ်ဆို​ပေလိမ့်​မည်​။
ကျွန်​မ​ဇာတိမြို့​လေးတွင်​​​တော့ ပံ့သကူပစ်​ခဲ့ကြဖူးသည်​။ အ​မေကြီးကလည်း သူတတ်​နိုင်​သ​လောက်​​လေးပံ့သကူပစ်​တတ်​သည်​။ ဖေ​ဖေ မေ​မေနှင့်​ကျွန်​မတို့အိမ်​ပြန်​ကြပြီး မနက်​အ​စောကြီးတွင်
အ​မေကြီးကသူပိုင်​ပင်​စင်​​လစာ​လေးများထဲမှ တချို့ကို စာအိတ်​က​လေးနဲ့ထည့်​ပြီး ပစ်​တတ်​သည်​။

ဖေ​ဖေက “အ​မေ​နော်​ ကျ​နော်​မအိပ်​ပဲ ချောင်း​နေမှာဗျ” ဟု ပြန်​ကာနီးမှာ​ နောက်​တတ်​သည်​။ 
ငွေ​ကြေး တတ်​နိုင်​သူများ က​တော့ လှူချင်​သည့်​ပစ္စည်းများ၊ ​ငွေ​ကြေးများကို အိတ်​တလုံးဖြင့်​ထည့်​ပြီး လမ်းမတ​နေရာရာမှာ တိတ်​တိတ်​​ လေးသွားချထားခဲ့ကြသည်​။ ပံ့သကူအလှူဆိုသည်​မှာ ​ရေထဲသို့​ကျောက်​ခဲပစ်​ချလိုက်​သလို မည်​သူမျှမရလိုက်​ပဲ နစ်​မြုပ်​ဆုံးရှုံးသွားတာ မျိုးမဖြစ်​​စေရဟုကျွန်​မကြားဖူးခဲ့ပါသည်​။ ပံ့သကူပစ္စည်းလိုက်​ရှာ​နေကြသူများကို မနက်​ခင်း​ဝေလီ​ဝေလင်းနှင်း​တွေကြားမှာ မြင်​ခဲ့ရဖူးသည်​။
              “မီး​မျှောပွဲက စည်​​သေးရဲ့လားသမီး၊ ကာတွန်း​တွေ​ရော ​ကောင်းရဲ့လား” ဟူသည့်​ ​မေ​မေ့အသံကို နီးကပ်​စွာကြားလိုက်​မိသလိုခံစားရသည်​။ မီး​မျှောပွဲကို ကျွန်​မမကြုံကြိုက်​​တော့တာကြာပါပြီ​ကော။
ကာတွန်းများကအရင်​ကထက်​ပို၍​ကောင်း​နေကြမည်​ဟုခန့်​မှန်း​နေမိပြန်​သည်​။ ကာတွန်းဆရာညိုကိုနိုင်​တယောက်​ ကာတွန်းမှဆွဲပါ​သေးရဲ့လား။ အ​မေကြီးကျန်းမာသည်​ဟု သတင်းကြားရပါသည်​။
အ​မေကြီး က​တော့ သူ၏​ချွေးနှဲစာပင်​စင်​လစာမှ တတ်​နိုင်​သ​လောက်​​လေးကို ပံ့သကူပစ်​​နေ​ပေလိမ့်​မည်​။
ခေတ်​သည်​ လျင်​မြန်​စွာ တိုးတက်​​နေပါသည်​။ ပံ့သကူ ပစ္စည်းများလည်း အရင်​ကထက်​တိုးတက်​လာပါကမည်​မျှ​ကောင်း​လေမည်​နည်း။ အိုးမဲ့အိမ်​မဲ့များအတွက်​ အိမ်​ခြံ​မြေစာချုပ်​စာတမ်းများ ပံ့သကူ။ ပညာ​ရေးပံ့သကူ။ နာတာရှည်​လူမမာများအတွက်​ ရာသက်​ပန်​​ဆေးဝါးကုသမှုပံ့သကူ။ စစ်​မက်​​ရေးရာထူ​ ပြောရာ​ဒေသမှလူများ အတွက်​ ငြိမ်းချမ်း​ရေးပံ့သကူ။
လက်​မ​ထောင်​မပြ ရင်​ဘတ်​မ​ကော့ပြ မဏ္ဌပ်​တိုင်​တက်​မပြသည့်​ ပံ့သကူများ။
အ​ထောက်​အပံ့ဖြစ်​​စေ​ သောပံ့သကူများကို စိတ်​ကူးယဉ်​မိရင်း တန်​​ဆောင်​မုန်းလပြည့်​ဝန်းတွင်​ မထင်​မရှားမြင်​​နေရသည့်​ ရှမ်းရိုးမကို ငေးမိပြန်​သည်​။ ရှမ်းရိုးမသည်​ မလင်းတလင်း ဖြစ်​နေရှာသည်​။
           အချိန်​များသည်​ တ​ရွေ့​ရွေ့ဖြင့်​ကုန်​ဆုံး​နေပါသည်​။ ပဟိုရ်​စည်​မှတီးခတ်​လိုက်​မည့်​နာရီ​မောင်းသံ ကို ကျွန်​မမ​မျှော်​လင့်​ပါ။
မဖြစ်​နိုင်​သည်​များကို ကျွန်​မမ​မျှော်​လင့်​သင့်​ပါ။
သို့​သော်​ ကျွန်​မငယ်​စဉ်​ဘဝက နိုဝင်​ဘာကို​တော့ ပြန်​ရချင်​​နေမိပြန်​သည်​။ ဧရာဝတီမြစ်​ကြီးသည်​ တရံ​ရောအခါက ငလျင်​လှုပ်​ခတ်​မှုကြောင့် နောက်​ပြန်​စီးခဲ့ဖူးသည်​ဟု  ​ဖေ​ဖေက​ပြောပြဖူးပါသည်​။
ဟယ်​လို…နိုဝင်​ဘာ၊
အချိန်​တည်းဟူ​သောယာဉ်​ရထားသည်​ ကျွန်​မထံသို့ ​​ပျော်​ရွှင်​မြူးတူးစွာဆိုက်​ကပ်​ခဲ့ပါ​တော့။
ကျွန်​မ၏ ငယ်​စဉ်​​တောင်​​ ကျေးက​လေးဘဝများကို တဆိတ်​စာက​လေး​တော့ ယူ​ဆောင်​​ပေးခဲ့ပါ။  ကျေးဇူးပြု၍ နိုဝင်​ဘာ။
အိမ့်​ကြည်​ဖြူ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာပဒေသာ, မြန်မာပြည်တွင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)