fbpx

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) – သာမန်စကားလုံးများကို နိုင်ငံရေးဝေါဟာရအဖြစ်ပြောင်းခြင်း

November 22, 2018

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) – သာမန်စကားလုံးများကို နိုင်ငံရေးဝေါဟာရအဖြစ်ပြောင်းခြင်း
ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၁၅
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၈

Steven Levitsky နှင့် Danicl Ziblatt တို့ရေးသားသော HOW DEMOCRACIES DIE မှ The Guardrails of Democracy ကိုဆက်လက်၍ ဘာသာပြန်ခြင်းဖြစ်သည်။

ယခင်ဆောင်းပါးတွင် သာမန်စကားလုံးနှစ်လုံးကို နိုင်ငံရေးဝေါဟာရများအဖြစ် အဓိပ္ပါယ်ဖေါ်၍ သုံးခဲ့သည်။ ထိုဝေါဟာရနှစ်လုံးမှာ -နှစ်ဦးနှစ်ဖက် သည်းခံခြင်း(TOLERANCE)နှင့် အများနှင့် ဆိုင်သော အဖွဲ့အစည်းအပေါ် စိတ်ရှည်နိုင်ခြင်း (FORBEARANCE) တို့ဖြစ်ကြသည်။ အတိုကောက်အားဖြင့် သည်းခံခြင်း နှင့် စိတ်ရှည်နိုင်ခြင်း ဟုမှတ်နိုင်သည်။ သို့သော် မပြည့်စုံပါ၊ ထိုဝေါဟာရနှစ်ခုကို သာမန်စကားလုံးအဓိပ္ပါယ်ဖြင့် သုံးခြင်းမဟုတ်ပဲ နိုင်ငံရေးဝေါဟာရများ အဖြစ်သုံးခြင်းဖြစ်သည်ကိုလည်း သိထားဖို့လိုအပ်ပါသည်။

ထိုစကာလုံးများကို နိုင်ငံရေးဝေါဟာရအဖြစ် အဓိပ္ပါယ်သတ်မှတ်ပုံမှာကား ဤသို့ဖြစ်သည်။ နှစ်ဦးနှစ်ဖက် သည်းခံခြင်း ဟူသည်မှာ နိုင်ငံရေးပြိုင်ဘက်များကို ပြိုင်ဘက်ဟု သဘောထားသော်လည်း ရန်သူဟုသဘောမထားခြင်းကို ဆိုလိုသည်။ သူတို့ကိုအခြေခံဥပဒေအရ ရှိသင့်ရှိထိုက်သူများ ဒီမိုကရေ စီစနစ်ကို အကောင်အထည်ဖေါ်နေသူများ ဟု အသိအမှတ်ပြုခြင်းဖြစ်သည်။

အများနှင့်ဆိုင်သောအဖွဲ့အစည်းအပေါ်တွင် စိတ်ရှည်နိုင်ခြင်းတွင် ၊ အများနှင့်ဆိုင်သောအဖွဲ့အစည်းသည် နှစ်မျိုးရှိသည်။ တစ်မျိုးမှာ နိုင်ငံရေးပါတီများနှင့် အသင်းအဖွဲ့များကဲ့သို့် တမင်ဖွဲ့ထားသော အဖွဲ့များ နှင့် ပြည်သူလူထုကဲ့သို့ အလိုအလျောက်ရှိနေသောအဖွဲ့များဟူ၍ ဖြစ်ကြသည်။ သည်းခံခြင်း ဟူသည်မှာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်ခြင်းကိုဆိုလိုသည်။ ပို၍ တိတိကျကျပြောရလျှင် တရားဥပဒေအရ လုပ်ပိုင်ခွင့်ရှိ သော်လည်း ထိုလုပ်ပိုင်ခွင့်ကို အပြည့်အဝမသုံးဘဲနေနိုင်ခြင်းကိုဆိုလိုသည်။ ရေးသားထားသောဥပဒေအနှစ် သာရကိုပါ မချိုးဖောက်ပဲ နေနိုင်ခြင်း၊ ကိုယ့်လိပ်ပြာမသန့်နိုင်သော အရာမျိုးကိုပါ မလုပ်ပဲ နေနိုင်ခြင်းပါ ဝင်သည်။

ဘုရင်များ၏လက်ထက်တွင် ပြည်သူလူထုဟူသော အဖွဲ့အစည်းအပေါ်တွင် စိတ်ရှည်နိုင်ခြင်း အကြောင်းပြောခဲ့ပြီးဖြစ်သည်။ ယခုဆက်လက်၍ ဒီမိုကရေစီစနစ်အောက်တွင် အများနှင့်ဆိုင်သော အဖွဲ့အစည်းအပေါ်တွင် စိတ်ရှည်နိုင်ခြင်းအကြောင်းကို ပြောပါမည်။

ဥပမာ-ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်ရွေးချယ်ခြင်းကို ကြည့်ပါ၊ ဘုရင်သို့မဟုတ် ဘုရင်မသည် မည်သူ့ကိုမဆို ဝန်ကြီးချုပ်ရွေးချယ်၍ အစိုးရဖွဲ့နိုင်သည်။ ဝန်ကြီးချုပ်ကိုရွေးကောက်ပွဲအရလည်း ရွေးနိုင်သည်။ ဝန်ကြီးချုပ်သည် ပါလီမန်တွင် အမတ်များအများဆုံး ထောက်ခံမှုဖြင့် တက်လာသောသူလည်း ဖြစ်နိုင်သည်။ ဗြိတိန်နိုင်ငံ၏ ဖွဲ့စည်းပုံဥပဒေသည် ယခုအထိရေးသားထားခြင်းမရှိသေးပါ။

နောက်ဥပမာ- အမေရိကန်နိုင်ငံ၏သမ္မတ ကိစ္စကိုကြည့်ပါ၊ သမ္မတသက်တမ်းနှစ်ကြိမ်ဟူသည်နှင့် ပတ်သက်၍ အခြေခံဥပဒေတွင် ရေးသားထားခြင်းမရှိပါ၊ အမေရိကန်၏ပထမဆုံးသမ္မတ ဂျော့ဝါရှင်တန် (George Washington )သည် နှစ်ကြိမ်ဖြင့်အနားယူခဲ့သော ဓလေ့ထုံးစံရှိခဲ့သည်။ ထိုဓလေ့ကို ဆက်လက်၍ ကျင့်သုံးခဲ့သော သမ္မတသောမတ်ဂျက်ဖါဆင်( Thomas Jefferson) ဤသို့ဆိုခဲ့သည်။ အကယ်၍ သမ္မတ၏ လုပ်သက်လေးနှစ်နှင့် နှစ်ကြိမ်သက်တမ်းကို အခြေခံဥပဒေက သတ်မှတ်မပေးလျှင် ၄င်းသည် တစ်သက်လုံး ဖြစ်သွားနိုင်သည်။ လုပ်သက်လေးနှစ်နှင့် နှစ်ကြိမ်သက်တမ်းဟူသော ဓလေ့ကို ပထမဦးဆုံးချိုးဖောက်သော သမ္မတ ကျွန်တော်မဖြစ်ချင်ပါ။

ဤသို့ဖြင့် သမ္မတ၏ နှစ်ကြိမ်သက်တမ်းရသော၊ ရေးသားမထားသည့် ဥပဒေသည် တော်တော်ခိုင်မြဲ သွားသည် အင်ဒရူးဂျ၈်ဆန်(Andrew Jacksom)နှင့် ယူလစ်စစ်ဂရင့်( Ulysses Grant) ကဲ့သို့ ရည်မှန်းချက်ကြီး မား၊ အာဏာမက်သော သမ္မတများသည်ပင်လျှင် ထို(ရေးသားမထားသော) စည်းကမ်းကိုလိုက်နာကြသည်။ သမ္မတဂရင့်၏ မိတ်ဆွေများသည် သမ္မတဂရင့်ကို တတိယသက်တမ်းအတွက် ဆက်လက်အရွေးခံရန် တိုက်တွန်းကြသောအခါ၊ ပါလီမန်က အောက်ပါအတိုင်းကြေငြာခဲ့သည်။ “သမ္မတဝါရှင်တန်နှင့် အခြားသမ္မတ များသည် သက်တမ်းနှစ်ကြိမ်ပြီးလျှင် အနားယူခြင်းသည် အမေရိကန်နိုင်ငံ၏ ရေးမထားသော ဓလေ့ထုံးစံဖြစ် နေသည်။ ဤကဲ့သို့သော ရေးသားမထားသည့် ဓလေ့အတိုင်း မလုပ်ပဲ သွေဖီခြင်းသည် အသိဥာဏ်ကင်းမဲ့ခြင်း၊ နိုင်ငံအပေါ် သစ္စာမရှိခြင်းနှင့် လွတ်လပ်မှုကိုပင် ခြိမ်းခြောက်ခြင်းတို့ဖြစ်နိုင်သည်”။

ထိုနည်းတူစွာပင် ၁၈၉၂ ခုနှစ် ဒီမိုကရက်တစ်ပါတီသည် သူတို့၏ သမ္မတ ဂရိုဘာကလိလင်( Grover Cleveland ) ကို တတိယအကြိမ်သက်တမ်းအတွက် အရွေးခံခြင်းကို ပယ်ချခဲ့သည်။ သူတို့က ဆိုသည်မှာ ဤအလုပ်သည် ရေးသားမထားသော စည်းမျဉ်းကို ဖောက်ဖျက်ရာကျလိမ့်မည် ဟူ၍ ဆိုခဲ့သည်။

နှစ်ဦးနှစ်ဖက် သည်းခံခြင်းနှင့် အများနှင့်ဆိုင်သောအဖွဲ့အစည်းအပေါ် စိတ်ရှည်နိုင်ခြင်း ဟူသော စံနှုန်းများသည် တစ်ခုအပေါ်တစ်ခု မှီနေကြသည်။ တစ်ခါတစ်ရံတွင် ထိုစံနှုန်းနှစ်ခုသည် တစ်ခုကိုတစ်ခု အားဖြည့်ပေးနိုင်သည်။ နိုင်ငံရေးပြိုင်ဘက်များသည် အဖွဲ့အစည်းအပေါ် စိတ်ရှည်နိုင်ခြင်းရှိစေရန်၊ သူတို့သည် နှစ်ဦးနှစ်ဖက် သည်းခံခြင်းရှိရမည်။ သူတို့သည် ပြိုင်ဘက်များကို ရန်သူများဟု သဘောမထားတော့မှသာလျှင် ပြိုင်ဘက်များကို အနိုင်ရစေရန် စံနှုန်းများကို မချိုးဖောက်ပဲ နေနိုင်မည်ဖြစ်သည်။ နိုင်ငံရေးပြိုင်ဘက်များကို ရန်သူများဟု သဘောထားလျှင် သည်းခံခြင်းမဖြစ်နိုင်တော့ပါ၊ ထိုအခါ အနိုင်ရရန် ဘယ်နည်းကိုပဲ ဖြစ်ဖြစ်သုံး တော့မည်ဖြစ်သည်။

အများနှင့်ဆိုင်သော အဖွဲ့အစည်းအပေါ်တွင် စိတ်ရှည်နိုင်ခြင်းကြောင့် ဥပမာအားဖြင့် ရီပတ်ဘလစ်ကန် ထိန်းချုပ်သော ဆီးနိတ်အဖွဲ့သည် တရားရုံးကရွေးချယ်သော ဒီမိုကရက် သမ္မတကို လက်ခံနိုင်သည်။ ထိုအခါ ပါတီနှစ်ခုစလုံးသည် အခြားပါတီ၏ ယုံကြည်ချက်ကို အားဖြည့်ပေးနိုင်လိမ့်မည်။ ဤသည်ကား အဖွဲ့အစည်း အပေါ် စိတ်ရှည်နိုင်ခြင်းကြောင့် နှစ်ဦးနှစ်ဖက် သည်းခံခြင်းကို ဖြစ်စေခြင်းဖြစ်သည်။

အကယ်၍ နှစ်ဦးနှစ်ဖက် သည်းခံခြင်းမရှိခဲ့လျှင် အကျိုးဆက်အားဖြင့် အဆိုးဖြစ်နိုင်သည်။ အဖွဲ့အစည်း ကို စိတ်ရှည်နိုင်ခြင်းကို ထိခိုက်နိုင်သည်။ နှစ်ဦးနှစ်ဖက်သည်းခံခြင်းမရှိလျှင် နိုင်ငံရေးသမားများသည် သူတို့၏ လုပ်ပိုင်ခွင့်များအပြည့်အဝသုံး၍ အခြားတစ်ဖက်ကို တိုက်ခိုက်နိုင်သည်။ တစ်ခါတစ်ရံတွင် လုပ်ပိုင်ခွင့်ထက်တွင် ပို၍ သုံးချင်သုံးနိုင်သည်။ ပါတီများသည် တစ်ခုကိုတစ်ခု ရန်သူအဖွဲ့အစည်းများဟု သတ်မှတ်လိုက်သောအခါ တွင် နိုင်ငံရေးအရပြိုင်ဆိုင်ခြင်းသည် ပိုမို၍ ပြင်းထန်လာနိုင်သည်။ နိုင်ငံရေးပြိုင်ပွဲတွင် ရှုံးနိမ့်ခြင်းအဖြစ်သည် သာမန်ဖြစ်စဉ်မျိုးမဟုတ်တော့ချေ။ ၄င်းသည် အလွန် ဒုက္ခရောက်နိုင်သောအဖြစ် ဆိုးကြိးဖြစ်လာမည်။ ထိုအခါ နိုင်ငံရေးသမားများသည် အဖွဲ့အစည်းအပေါ် သည်းခံသောစိတ် မရှိချေ၊ နိုင်ငံရေးပြိုင်ဘက်များသည် သာမန် ပြိုင်ဘက်များမဟုတ်တော့ပဲ အန္တာရယ်ပေးနိုင်သော ရန်သူများအဖြစ် ပြောင်းသွားမည်။

ဤသည်ကား အထိန်းအချုပ်ကင်းမဲ့သော နိုင်ငံရေးဖြစ်စဉ်များဖြစ်လာခြင်းဖြစ်သည်။ သမိုင်းတွင် ပြည်ကြည့် လိုက်လျှင် ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းသည် ပြောခဲ့သောစံနှုန်းနှစ်ခု (သည်းခံခြင်းနှင့် စိတ်ရှည်ခြင်း) တို့ကို ချိုးဖောက်ခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။

နိဂုံးအားဖြင့်ဆိုရသော်-

TOLERANCE (သည်းခံခြင်း) နှင့် FORBEARANCE (စိတ်ရှည်နိုင်ခြင်း) ဟူသော သာမန်ဝေါဟာရများကို နိုင်ငံရေးဝေါဟာရများအဖြစ် ပြောင်းလဲသတ်မှတ်ထားခြင်းဖြစ်ပါသည်။ သတ်မှတ်ပုံသတ်မှတ်နည်းကို သေချာလေ့လာထားပါ၊

နောက်ဆောင်းပါးတွင် နောက်ထပ်ဝေါဟာရအသစ်တစ်ခုကိုပြောပါမည်။

(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဘာသာပြန်ကဏ္ဍ, အခန်းဆက်များ, ဒေါက်တာခင်မောင်ဝင်း (သချာင်္)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)